နိုဝင်ဘာ 9, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ရွှေပလ္လင် လက်ဘက်ရည်ဆိုင်မှာ အလုပ်သမားတွေကိုဖိနှိပ်စေခိုင်းတာတွေ ရှိနေတယ်လို့ဆို

ရွှေပလ္လင် လက်ဘက်ရည်ဆိုင်မှာ အလုပ်သမားတွေကိုဖိနှိပ်စေခိုင်းတာတွေ ရှိနေတယ်လို့ဆို ဒီဇင်ဘာ ၁၈ ရက်၊ Migrant Times ဆိုင်ခွဲများစွာဖွင့်လှစ်ထားတဲ့ ရွှေပလ္လင်လက်ဘက်ရည်ဆိုင်မှာ အလုပ်သမားတွေကို ဖိနှိပ်စေခိုင်းတာမျိုးတွေရှိနေတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)က ထုတ်ပြန်ပါတယ်။ အဲဒီလက်ဘက်ရည်ဆိုင်မှာ အလုပ်ရရင် ယူနီဖောင်းကြေးကျပ် ၂၀၀၀၀ ပေးသွင်းရပြီး အလုပ်ထွက်တဲ့အခါယူနီဖောင်းကို ပြန်အပ်ရပေမယ့် ပေးသွင်းထားတဲ့ယူနီဖောင်းကြေးပြန်မထုတ်ပေးတာ၊ ဝန်ထမ်းတွေ ွအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံပြီး ဆဲဆိုတာ၊ အလုပ်သမားတစ်ယောက်ကို အမြင် မကြည်တော့ရင် ရုံးချုပ်ကို မဟုတ်မမှန် တိုင်ပြီး အလုပ်ထုတ်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အတိုင်ခံရတဲ့ အလုပ်သမားက ရုံးချုပ်ကို သွားရောက် ဖြေရှင်းတဲ့အခါ အလုပ်သမားဘက်က ဖြေရှင်းခွင့်မပေးဘဲ အလုပ်ကနေ ထွက်သွားဆိုပြီး မောင်းထုတ်တာမျိုးတွေရှိနေတယ်လို့ FGWM က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ Junction Square မှာ ဖွင့်ထားတဲ့

Read More
အလုပ်သမား သတင်း

ထိုင်းမှာ မိုးသည်ထန်စွာရွာသွန်းခဲ့မှုကြောင့် မြန်မာ‌ရွှေ့ပြောင်း အမျိုးသား တစ်ဦး ရေထဲမျောပါ ပျောက်ဆုံးနေ

ဒီဇင်ဘာ ၁၇၊ ‌မောင်နေ့သစ်၊ Migrant Time ထိုင်းမှာ မိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့် ဒီဇင်ဘာ ၁၆ ရက်နေ့က မြန်မာရွှေ့ပြောင်း အမျိုးသား တစ်ဦး ရေထဲ မျောပါ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ရေထဲမျောပါပျောက်ဆုံးနေသူဟာ လောင်းလုံမြို့နယ်၊ တောင်မန်းဘွန်းရွာက အသက် ၄၂ နှစ်အရွယ် ကိုစည်သူဝင်း ဆိုသူဖြစ်ပြီး စူရက်ဌာနီ ထချန်း (KPT) သစ်စက်မှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။ “မိုးရွာဆိုတော့ လမ်းတွေအကုန်မြုတ်နေတာလေ မိုးကလည်းရွာ တစ်ပတ်ကျော်နေပြီ နေရော ညရောပဲ အလုပ်ကို မလုပ်ရဘူး။ ရေထဲမျောပါ ပျောက်ဆုံးနေတဲ့ ကိုစည်သူဝင်းက သဘောကောင်းတဲ့သူ တစ်ဦး”လို့ ၎င်းရဲ့ အသိမိတ်ဆွေ တစ်ဦးက ပြောပါတယ်။ ကိုစည်သူဝင်းဟာ KPT သစ်စက် ထချန်းဆီခြံလမ်းမှာ ရေထဲမျောပါသွားတာလို့ ဆိုပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းတောင်ပိုင်းကနေ တဆင့် မလေးရှားကို ဝင်ရောက်မယ့် မြန်မာ (၇၀) ဦး နီးပါး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၁၇၊ Migrant Time ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ ရနောင်းခရိုင်ထဲကနေ တဆင့် မလေးရှားနိုင်ငံကို ဝင်ရောက်မယ့် မြန်မာ (၆၈) ဦးကို ဒေသ အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ သူတို့တွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ရနောင်းနဲ့ ချွန်းဖွန်းခရိုင် အကြား လအွန်မြို့နယ်၊ နိုင်းဝုန်းနေ အုပ်စု၊ ဘန့်နိုင်းဝုန်းရွာအပိုင်း တစ်နေရာ ဖြတ်မောင်းလာတဲ့ ၆ ဘီးယာဉ်ပေါ်ကနေ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ အဲ့ဒီလမ်းမှာ ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာလေ့မရှိတာကြောင့် ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့ အမှတ် ၂၅ နဲ့ ထိပ်ဆသရီး စစ်ကြောင်းတို့က မသင်္ကာလို့ ရပ်တန့်စစ်ဆေးခဲ့ရာမှာ တရားမဝင် မြန်မာလူမျိုးတွေကို ဖမ်းဆီး ရမိခဲ့တာလို့ ဆိုပါတယ်။ ယာဉ်မောင်းရဲ့ ထွက်ဆိုချက်မှာ

Read More
အလုပ်သမား သတင်း

ထိုင်းရေလုပ်သား (၄)အပါအ၀င် (၃၁)ဦး ထောင်ဒဏ်နဲ့အတူ ငွေဒဏ်များ ချမှတ်ခံရ

ဒီဇင်ဘာ ၁၇၊ Migrant Time၊ မောင်နေ့သစ် ထိုင်းနိုင်ငံသားတွေ ဖြစ်တဲ့ ရေလုပ်သား (၄)ဦးအပါအ၀င် (၃၁)ဦးကို ဒီဇင်ဘာ ၁၆ ရက်နေ့က ထောင်ဒဏ်နဲ့ အတူ ငွေဒဏ်‌တွေ ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကော့သောင်းမြို့ တရားရုံးကနေ သိရပါတယ်။ ထိုင်း ရေလုပ်သား (၄)ဦးထဲက (၃)ဦးကို ထောင်ဒဏ် (၄)နှစ်စီနဲ့ ငွေဒဏ် ကျပ် (၂)သောင်း စီ ချမှတ်ခဲ့ပြီး (ခေါင်းဆောင်) တစ်ဦးကိုတော့ ထောင်ဒဏ် (၆)နှစ်နဲ့ ငွေဒဏ် ကျပ် (၂)သိန်းချမှတ်ခဲ့တာလို့ သိရပါတယ်။ သူတို့တွေကို နိုဝင်ဘာ (၃၀)ရက်နေ့တုန်းက တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းအောက်ဘက်၊ သံကျွန်းနားမှာရှိတဲ့ မြန်မာရေပိုင်နက်ထဲမှာ ထိုင်းငါးဖမ်းစက်လှေ တစ်စီးပေါ်မှာ မြန်မာရေတပ်က ဖမ်းဆီးခဲ့တာ လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့

Read More
အလုပ်သမား သတင်း

မြန်မာရွှေ့ပြောင်းတစ်ဦးပါဝင်တဲ့ ငွေတောင်းရမ်းနေတဲ့ အဖွဲ့ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ဒီဇင်ဘာ ၁၆ ရက်၊ မောင်နေ့သစ်၊ Migrant Times ဘန်ကောက်မြို့က ဆုခွန်ဝစ်နယ်မြေမှာ ငွေတောင်းရမ်းစားသောက်နေတဲ့ အဖွဲ့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ တောင်းရမ်းစားသောက်သူတွေထဲမှာ မြန်မာရွှေ့ပြောင်း ၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦး၊ လာအိုနိုင်ငံသား ၁ ဦးအပြင် ထိုင်းနိုင်ငံသား ၈ ဦး ပါဝင်ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူတွေကို စစ်ဆေးရာမှာ ဘတ် ၁သန်း ၃သိန်းကျော်အထိ ရခဲ့တယ်လို့လည်း သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲက ထိုင်းအမျိုးသမီးတစ်ဦးက အဲဒီငွေတွေဟာ တောင်းစားရာက ရတာမဟုတ်ဘဲ ငှက်ပျောသီးကြော် ရောင်းချပြီး စုဆောင်းထားတာလို့ ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ သံသယရှိသူတွေကို ဘန်ကောက်နယ်မြေ၊ လုမ္ဗိနီမြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။ #migranttimes #BreakingNews

Read More
အလုပ်သမား သတင်း

EPS-TOPIK နဲ့ Skills Test အောင်မြင်ထားသူတွေ လပိုင်းအတွင်းအလုပ်လျှောက်လွှာခေါ်ယူတော့မယ်လို့ POEA ပြော

ဒီဇင်ဘာ ၁၅ရက်၊ Migrant Time ၂၀၂၄ခုနှစ် ကိုရီးယားဘာသာအရည်ချင်းစစ်မေးပွဲ (EPS- TOPIK)နဲ့ Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်းအုပ်စု – ၁) အောင်မြင်ထားသူတွေကို လပိုင်းအတွင်း အလုပ်လျှောက်လွှာ ခေါ်ယူတော့မယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA- EPS)က အသိပေးပြောဆိုလာပါတယ်။ အလုပ်လျှောက်လွှာတွေကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာနောက်ဆုံးရက် သတ္တပတ်အတွင်း ခေါ်ယူဖို့ လုပ်ဆောင်နေပြီး အဲ့ဒီအချိန်အတွင်း မခေါ်ယူဖြစ်ပါက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းမှာ ခေါ်ယူနိုင်အောင် ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စာမေးပွဲအောင်မြင်ထားသူတွေကိုလည်း ကျန်းမာရေး ဂရုပြုကြဖို့နဲ့ နိုင်ငံကူး လက်မှတ် သက်တမ်းအနည်းဆုံး (၁)နှစ်အထက်ရှိကြဖို့အတွက်ကိုလည်း POEA- EPS တိုက်တွန်း အသိပေးပြောဆိုထားပါသေးတယ်။ ကုန်ထုတ်လုပ်ငန်း ပထမအသုတ်မှာ လူဦးရေ (၅၃၀၀)ကျော်

Read More
အလုပ်သမား သတင်း

Samui ကျွန်းက ဆောက်လုပ်ဆဲအဆောက်အအုံ မြေပြိုမှု မြန်မာလုပ်သား နှစ်ဦး ပျောက်ဆုံးနေ

ဒီဇင်ဘာ ၁၅ ရက်၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း၊ Samui ကျွန်းက ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုမှာ ဒီကနေ့ မနက်ပိုင်းက မြေပြိုမှု ဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား နှစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဒီနေ့ မနက် ၆ နာရီလောက်မှာ အဲဒီ ဆောက်လုပ်နေဆဲ အဆောက်အအုံ ဧရိယာမှာ မြေပြိုကျမှု ဖြစ်ပွားခဲ့တာပါ။ မြေပြိုကျမှုမှာ အသက် ၂၇ နှစ်အရွယ်နဲ့ အသက် ၃၇ နှစ်အရွယ် မြန်မာအလုပ်သမား အမျိုးသား နှစ်ဦး ပျောက်ဆုံးနေတာဖြစ်ပြီး သူတို့ကို ရှာဖွေနေတယ်လို့ သိရပါတယ်။ ကိုးကား၊ ဓာတ်ပုံ- Khaosod News

Read More
အလုပ်သမား သတင်း

ထိုင်းမှာ လူထုကျန်းမာရေးလုပ်သားတွေက ကင်ဆာရောဂါအကြောင်း ဆင့်ပွားသင်တန်းပြုလုပ် (ရုပ်/သံ)

ဒီဇင်ဘာ ၁၄ ရက် မောင်နေ့သစ်၊ Migrant Times မြန်မာရွှေ့ပြောင်းလူထုအကြား ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာနဲ့ အန်ဖမ်းခေါ် ကျန်းမာရေးအာမခံကတ်ပြုလုပ်ပုံတွေကို လူထုကျန်းမာရေးလုပ်သားတွေက ပြန်လည်ဝေငှပို့ချပေးခဲ့ပါတယ်။ အဲဒီလူထုကျန်းမာရေးလုပ်သားတွေကို FED ကျန်းမာရေးဌာနက သင်တန်းပေးပြီး အလှမ်းဝေးတဲ့ နယ်မြေဒေသတွေမှာ လူထုအတွက် အထောက်အကူရရှိစေဖို့ မွေးထုတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ သင်တန်းတတ်ရောက်သူတွေကလည်း သင်တန်းမှာပို့ချပေးတဲ့ အကြောင်းအရာမကို မြန်မာလူထုအကြားပြန်လည်ဝေမျှပြောဆိုကြမယ်လို့ ဆိုပါတယ်။ #migranttimes #BreakingNews #migrants #Myanmar #news #myanmarworker #health #knowledge #sharing #ကင်ဆာ

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယား​ရောက်မြန်မာလုပ်သားတစ်ဦးအဆုံးစီရင်

ဒီဇင်ဘာ ၁၃ရက်၊အရုဏ်ဦး တောင်ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးဟာ ဒီဇင်ဘာ ၁၂ရက်ညက ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ အဲဒီနိုင်ငံက မြန်မာလူမှုအဖွဲ့တွေဆီက သိရပါတယ်။ ​သေဆုံးသူဟာ အသက်(အသက်၂၀)အရွယ် ကိုညီညီဇော်ဆိုသူဖြစ်ပြီး ကိုရီးယားနိုင်ငံ ချွန်နမ် ပြည်နယ်၊ အာဆန်မြို့ရှိစက်ရုံမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ဆိုပါတယ်။ ကိုညီညီဇော်ဟာ ည ၉နာရီအချိန်အထိ အချိန်ပို ဆင်းပြီးနောက် မိမိအခန်းကို မပြန်လာလို့ အခန်းအတူနေ မြန်မာသူငယ်ချင်းက လိုက်လံစုံစမ်း ရှာဖွေရာ သူအလုပ်လုပ်ကိုင်နေတဲ့ နေရာမှာ မိမိကိုယ်ကို အဆုံးစီရင်ထားတာကို တွေ့ရှိခဲ့ရတာလို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က သူ့ရဲ့ဖေ့ဘွက်လူမူကွန်ရက်မှာ ရေးသားထားပါတယ်။ “ မြန်မာလုပ်သားများက စက်ရုံတာဝန်ရှိသူများထံ ဖုန်းဆက်အကြောင်းကြားပြီးနောက် စက်ရုံကို ရောက်လာပါတယ်။ ရဲစခန်းကို ဖုန်းဆက် တိုင်ကြားလိုက်ရာ ရဲဝန်ထမ်းများ ရောက်လာပြီး အလောင်းကို စစ်ဆေးပြီး အအေးခန်းကို ပို့လိုက်ပါတယ်” လို့ ကိုဇော်မိုးအောင်က

Read More