နိုဝင်ဘာ 9, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ဇန်နဝါရီ ၁ရက်ကစပြီး ထိုင်းနိုင်ငံမှာ အခြေခံလုပ်အားခ တိုးမယ်

ဒီဇင်ဘာ ၂၄ ရက်၊ Migrant Times လာမယ့် ဇန်နဝါရီလ ၁ ရက်ကစပြီး ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ အခြေခံလုပ်အားခ တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ တစ်ဝန်းမှာ အခြေခံလုပ်အားခကို တစ်နေ့ ဘတ် ၄၀၀ နှုန်းအထိ တိုးမြှင့်ပေးဖို့ လုပ်အားခညှိနှိုင်းရေးကော်မတီက မနေ့က ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက်မှာ ခရိုင်အလိုက် လုပ်အားခ နှုနး်ထားတွေ တိုးမြှင့်ဖို့ ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရအဖွဲ့က သဘောတူအတည်ပြုလိုက်တာဖြစ်ပါတယ်။ အခြေခံလုပ်အားခ တိုးပေးတာမှာ ခရိုင်အလိုက် တိုးမြှင့်တဲ့နှုန်းကို သတ်မှတ်တာဖြစ်ပြီး တစ်နိုင်ငံလုံး တပြေးညီ တိုးမြှင့်ပေးတာမျိုး မဟုတ်ပါဘူး။ ဖူးခက်၊ ရယောင်း၊ ချွန်ဘူရီ၊ ချချိန်ဆောင်ခရိုင်နဲ့ ဆူရတ်ဌာနီခရိုင်ရဲ့ Koh Samui ဒေသက အလုပ်သမားတွေအနေနဲ့ တစ်ရက်လုပ်အားခ ၄၀၀ ဘတ်နှုန်းရရှိမှာဖြစ်ပါတယ်။ ချင်းမိုင်နဲ့ ဟတ်ရိုင်မှာတော့ တစ်ရက်

Read More
အလုပ်သမား သတင်း

ကိုရီးယားကို အမျိုးသမီးတွေသွားရောက်လုပ်ကိုင်ခွင့်ရမယ့် အလုပ်ခေါ်လျှောက်လွှာဇန်နဝါရီလဆန်းမှာ စလက်ခံမယ်

ဒီဇင်ဘာ ၂၃၊ဒရက်၊ အရုဏ်ဦး တောင်ကိုရီးယားနိုင်ငံကို အမျိုးသမီးတွေပါသွားရောက်လုပ်ကိုင်နိုင်မယ့် ဝန်ဆောင်မှုလုပ်ငန်းအတွက်အလုပ်လျှောက်လွှာကို ဇန်နဝါရီလဆန်းမှာစတင်လက်ခံသွားမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းအုပ်စု(၁)အတွက်အလုပ်လျှောက်လွှာကို ဇန်နဝါရီ ၂ရက်မှာထုတ်ပေးသွားမှာဖြစ်ပြီး ဇန်နဝါရီ၈ရက်မှာ အလုပ်လျှောက်လွှာလက်ခံပေးသွားမယ်လို့ ဆိုပါတယ်။ ဝန်ဆောင်မူလုပ်ငန်းနဲ့အတူ ကုန်ထုတ်လုပ်ငန်း(ပထမအသုတ်)အတွက် အလုပ်လျှောက်လွှာတွေကိုလည်း ဇန်နဝါရီ ၃ရက်၊၆ရက်နဲ့၇ရက်တို့မှာထုတ်ပေးမှာဖြစ်ပြီး ဇန်နဝါရီ၉ရက်၊၁၀ရက် နဲ့ ၁၃ရက်မှာ လက်ခံပေးသွားမယ်လ်ု့လည်း ကြေညာထားပါတယ်။ ဝန်ဆောင်မူလုပ်ငန်းအမျိုးအစားကို ဒီနှစ်လယ်ပိုင်းကပြုလုပ်တဲ့ EPS-Topik(၁၆)ကြိမ်မြောက်စာမေးပွဲမှာပထမဆုံးထည့်သွင်းတာဖြစ်ပြီး အမျိုးသမီးတွေကိုလည်း ဝင်ရောက်ဖြေဆိုခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းအတွက်အမျိုးသမီး ၃၀၀၀နီးပါးစာမေးပွဲအောင်မြင်ထားပြီး အလုပ်သမားဦးရေဘယ်လောက်ထွက်ခွာခွင့်ရမယ်ဆိုတာအတိအကျမသိရသေးပါဘူး။ “ မြန်မာအမျိုးသမီးတွေကပထမဆုံးသွားလုပ်ခွင့်ရမှာဆိုတော့ အစပိုင်းမှာစမ်းခေါ်မယ့်အနေအထားရှိမယ်။အရည်အချင်းကောင်းရင်ကောင်းသလောက်နောက်လူတွေအတွက်အခွင့်အလမ်းပိုများနိူင်တယ်” လို့ ကိုရီးယားဘာသာသင်တန်းနည်းပြတစ်ဦးက ပြောပါတယ်။ အလုပ်လျှောက်လွှာတင်ချိန်မှာ PJဖြစ်စေ၊PVဖြစ်စေ နိုင်ငံကူးလက်မှတ်သက်တမ်း တစ်နှစ်ကျန်ရှိရမှာဖြစ်ပြီးအလုပ်ခေါ်စာကျချိန်မှာ PJနိူင်ငံကူးလက်မှတ်ဖြစ်နေရမယ်လို့လည်း POEAက အသိပေးထားပါတယ်။ အလုပ်လျှောက်လွှာတင်သူတိုင်း တောင်ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ရမယ်လို့ အာမမခံကြောင်းလည်းဆိုပါတယ်။ လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၇၀၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေတယ်လို့လည်းမှတ်တမ်းတွေအရ

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ရင်သွေးငယ်တွေ မှီခိုဘတ်ပြုလုပ်နိုင်

ဒီဇင်ဘာ ၂၃ ရက်၊ မောင်နေ့သစ်၊ Migrant Times ထိုင်းအစိုးရကျောင်းတွေမှာ တက်ရောက်နေတဲ့ ရှှေ့ပွောငျး ကျောင်းသား၊ ကျောင်းသူတွေကို မှီခိုဘတ်ပြုလုပ်ပေးမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ အထောက်အထားမရှိတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ ၊ ဗီယက်နမ် ရွှေ့ပြောင်းကလေးငယ်တွေကို မှီခိုဘတ်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ မိဘအုပ်ထိန်းသူတွေ၊ အလုပ်ရှင်တွေကိုယ်တိုင် မိမိနေထိုင်တဲ့ ခရိုင်ရှိ ကျဟာန်ဌာနမှာ စာရင်းတင်ရမှာဖြစ်ပါတယ်။ အုပ်ထိန်းသူမိဘတွေရဲ့ အချက်အလက်နဲ့အတူ နေရပ်လိပ်စာ၊ အသက်၊ နိုင်ငံသား၊ ကျား/မ၊ တယ်လီဖုန်းနံပတ် အလုပ်အကိုင်၊ သူဌေးအမည် စတာတွေကို ဖြည့်စွက် လျှောက်ထားရမှာဖြစ်ပါတယ်။ #migranttimes #myanmarworker #BreakingNews #migrants #news #Myanmar

Read More
အလုပ်သမား သတင်း

မြန်မာအလုပ်သမားများ စွန့်ခွာတဲ့ မြန်မာ့ပြည်တွင်း စီးပွားရေး အကျပ်အတည်း (သတင်းဆောင်းပါး)

ခွန်သောမတ်စ် မြန်မာ့စီးပွားရေး (GDP) ဟာ လာမယ့် ၂၀၂၅ ခုနှစ် မတ်လကုန် ဘဏ္ဍာနှစ်မှာ ၁ ရာခိုင်နှုန်း ထပ်မံကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလကစတင်ပြီး ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၁ ဒသမ ၅ သန်းရှိလာမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံဟာ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစပြီး ပဋိပက္ခ​ေတွ၊ သဘာဝဘေး အန္တရာယ်တွေ ကြောင့် ဖြစ်ပေါ်လာတဲ့ အလုံးစုံသော အကျပ်အတည်းတွေနဲ့ ကျပ်ငွေတန်ဖိုး ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းကာ ပြင်းထန်တဲ့ ပဋိပက္ခအကျပ်အတည်းနဲ့ ရင်ဆိုင်နေခဲ့ရပြီး လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေပြီး အထူးသဖြင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေ ကိစ္စလည်း ကြီးမားသော စိန်ခေါ်မှု ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

Read More
အလုပ်သမား သတင်း

ဂျပန်မှာ အင်ဂျင်နီယာပညာရပ် သင်ယူနေသူတွေနဲ့ သုတေသီတွေ The Kubota Fund ပညာသင်ဆု လျှောက်ထားနိုင်

ဒီဇင်ဘာ ၁၈ ရက်၊ Migrant Times ဂျပန်နိုင်ငံမှာ အင်ဂျင်နီယာပညာရပ်တွေ သင်ယူနေသူတွေနဲ့ သုတေသီတွေ The Kubota Fund ပညာသင်ဆု လျှောက်ထားနိုင်တယ်လို့ တိုကျိုမြို့ က မြန်မာသံရုံးက ကြေညာထားပါတယ်။ ဂျပန်နိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ၊ သုတေသန လုပ်ငန်းတွေနဲ့ တက္ကသိုလ်တွေမှာ အလုပ်လုပ်ကိုင်၊ ပညာသင်ကြားနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အင်ဂျင်နီယာပိုင်းဆိုင်ရာ သုတေသီတွေ၊အလုပ်သင် သင်တန်းသားတွေနေနဲ့ ကျောင်းသားတွေကို The Kubota Fund ပညာသင်ဆု ပေးအပ်မယ်လို့ သိရပါတယ်။ ပညာသင်ဆုလျှောက်ထားမယ့်သူဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက နိုင်ငံသား ဒါမှမဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံမှာ မွေးဖွားကြီးပြင်းသူဖြစ်ရမှာပါ။ ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုခုမှ ငှားရမ်းထားသူ ဒါမှမဟုတ် သုတေသန၊ ပညာရေး၊ သင်တန်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုခုမှာ တရားဝင် စာရင်းသွင်းထားသူဖြစ်ရမယ်လို့ ဆိုပါတယ်။

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယား​ရောက် မြန်မာလုပ်သား တစ်ဦး ရုတ်တရက် ထပ်မံသေဆုံး

ဒီဇင်ဘာ ၁၈ရက်၊အရုဏ်ဦး တောင်ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးရုတ်တရက်သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ အဲဒီနိုင်ငံရောက် မြန်မာအသိုင်းဝိုင်းဆီက သိရပါတယ်။ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကနေ သွားရောက်လုပ်ကိုင်တဲ့အသက် ၂၁နှစ်အရွယ်ကိုရဲထက်ကျော်ဟာ ဘူဆန်မြို့၊ ဆာဟာဂုရှိနေအိမ်မှာ ဒီဇင်ဘာ ၁၆ ရက် နံနက် ၁နာရီလောက်က ရုတ်တရက် ကွယ်လွန်သွားခဲ့တာလို့ဆိုပါတယ်။ ကိုရဲထက်ကျော်ရဲ့သေဆုံးရတဲ့အခြေအနေကို အသေးစိတ် မသိရသေးဘဲ စက်ရုံကအလုပ်ထွက်ပြီးနောက် ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့တာ သေဆုံးသည့် အချိန်အထိဖြစ်တယ်လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က သူ့ရဲ့လူမူကွန်ရက်မှာအသိပေးထားပါတယ်။ “ လက်ရှိ ကိုရဲထက်ကျော်ရဲ့ ရုပ်အလောင်းဟာ အအေးတိုက်မှာထားရှိပြီး ရဲစခန်းရဲ့ ခွင့်ပြုချက် ရရှိမှ အလောင်းကို သင်္ဂြိုလ်ခွင့် ရရှိမှာဖြစ်ပါတယ်” လို့ ကိုဇော်မိုးအောင်က ပြောပါတယ်။ တောင်ကိုရီးယားမှာ ဒီဇင်ဘာ၁၂ရက်ညကလည်း မြန်မာလုပ်သားတစ်ဦးမှာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပြီး အခုသေဆုံးမူထပ်မံဖြစ်တာဖြစ်ပါတယ်။ အဲဒီ အဆုံးစီရင်သွားသူမှာ​ အသက်(အသက်၂၀) အရွယ်

Read More