နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

သတင်း အလုပ်သမား သတင်း

ထိုင်းတောင်ပိုင်းမှာ မြန်မာအမျိုးသမီး ၂ ဦးထံက ဘတ် ၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

အောက်တိုဘာ ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင် ၊ တကွာပါမြို့နယ်တွင် မက်သဖက်တမင်း မူးယစ်ဆေးဝါးများအား ဝှက်၍သယ်ဆောင်လာသည့် မြန်မာအမျိုးသမီး ၂ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ဖမ်းဆီးရမိသည့် သက်သေခံပစ္စည်းများသည် အလေးချိန်မှာ စုစုပေါင်း ၁,၃၉၅.၁၇ ဂရမ် ရှိပြီး တန်ဖိုးအားဖြင့် ဘတ် ၂ သန်းကျော်ရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ယမန်နေ့၊ အောက်တိုဘာလ ၂၂ ရက်၊ ညနေ ၄ နာရီတွင် ရဲအရာရှိများသည် တကွာပါခရိုင် ဘတ်စ်ကားဂိတ်၌သတင်းအရ စောင့်ခဲ့ကြပြီး ချွန်ဖွန်-ဖူးခက် ခရီးသည်တင်ဘတ်စ်ကားဖြင့် ရောက်ရှိလာသော အသက် ၄ဝ အရွယ် မြန်မာအမျိုးသမီး ၂ ဦးကို တွေ့ရှိပြီးရှာဖွေခဲ့ကြောင်း သတင်းကဖော်ပြသည်။ ရှာဖွေခဲ့ရာတွင် ၎င်းတို့၏ ဘရာစီယာများအတွင်း

Read More
သတင်း အလုပ်သမား သတင်း

မြန်မာအမျိုးသမီး ၁ ဦး စက်ညှပ်မိပြီး လက်ဖြတ်လိုက်ရသော်လည်း လျော်ကြေးမရ

အောက်တိုဘာ ၂၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ခိုလမြို့ရှိ အိုင်ဖစ်ရေသန့်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား မဝင်းဝင်းအေးသည် လုပ်ငန်းခွင်တွင် စက်ညှပ်မိပြီး ညာဘက်လက် တံတောင်ဆစ်အပေါ်မှ ဖြတ်လိုက်ရသော်လည်း လျော်ကြေးမရသည့်အတွက် ကူညီမှုပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှထုတ်ပြန်သည်။ မဝင်းဝင်းအေးသည်ပြီးခဲ့သည့်  ဇွန်လ ၂ ရက်နေ့တွင်လုပ်ငန်းခွင်အတွင်း ရေသန့်ကိုင်သည့် စက်လည်ပြီး ညာဘက်လက်နှင့်ဆံပင်များညှပ်ပါသွားခဲ့ရာမှ ခိုလမြို့ရှိ မဟာလဆေးရုံတွင် ဆေးကုသမှုခံနေပြီး ညဘက်လက် တံတောင်ဆစ်အပေါ်မှဖြတ်ခဲ့ရခြင်းဖြစ်သည်။ သူမသည် ထိုစက်ရုံတွင် အလုပ်နေသည်မှာ ၁ နှစ်ကျော်ရှိပြီ ဖြစ်ပြီး ညာဘက်လက်ဆုံးရှုံးသွားသည့်အတွက် နစ်နာ‌ကြေးရရှိရန် အောက်တိုဘာ ၂၁ ရက်နေ့တွင် WAG အဖွဲ့ထံ အကူညီ‌တောင်းခဲ့ကြောင်း သိရသည်။ “လက်ရှိကတော့ သူကိုတော့ သူဌေးက ပကန်(လူမှုဖူလုံရေးအာမခံ)တင်ထားတယ်ပေါ့ အလုပ်သမားက ဒီလိုပဲသိတယ်။ကျွန်တော်တို့

Read More
သတင်း အလုပ်သမား သတင်း

ကနေဒါနှင့် သြစတြေးလျတွင် လုပ်ကိုင်ရမည်ဆိုကာ ထိုင်းတွင် လူ၁၇ဝ နီးပါး ဘတ် ၁၂ သန်းကျော် လိမ်လည်ခံရ

အောက်တိုဘာ ၂၂ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ကနေဒါနှင့် သြစတြေးလျနိုင်ငံများရှိ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရမည်ဟုဆိုသည့် ကုမ္ပဏီနှင့်ကိုယ်စားလှယ်များကို ဘတ် ၁၂ သန်းကျော်ခန့်ငွေးပေးချေခဲ့ပြီး လိမ်လည်ခံခဲ့ရကြောင်း အလုပ်ရှာဖွေခဲ့သူ ၁၆၉ ဦးကပြောကြားသည်။ ၎င်းတို့သည် လိမ်လည်ခံခဲ့ရသည့်အတွက် အလုပ်အကိုင်ရှာဖွေရေးဌာန (DOE)ကိုတိုင်ကြားခဲ့ပြီး DOE ညွှန်ကြားရေးမှူးချုပ် ဖီချက်ထောင်ဖန်ဒ်က အောက်တိုဘာလ ၂၁ ရက်နေ့တွင် တိုင်ကြားမှုများ လက်ခံရန် ပူးပေါင်းဆောင်ရွက်ညှိနှိုင်းခဲ့ကြောင်း DOE ကယနေ့ထုတ်ပြန်သည်။ အလုပ်ရှာဖွေခဲ့သူ စုစုပေါင်း ၁၆၉ ဦးသည် ဗီဇာလျှောက်ထားသည့် ကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်များဟု အယောင်ဆောင်သူများက ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကနေဒါနှင့် သြစတြေးလျတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စေလွှတ်ပေးနိုင်ကြောင်း ကြော်ငြာကာ လိမ်လည်လှည့်ဖြားခဲ့ခြင်းကို ခံခဲ့ရကြောင်း DOE ကထုတ်ပြန်သည်။ ၎င်းတို့က စိုက်ပျိုးရေးလုပ်ငန်းများတွင်

Read More
သတင်း အလုပ်သမား သတင်း

ဓာတ်တိုင် ဝင်တိုက်သည့်ကားအတွင်းက မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၂၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင် ၊ ထောင်းဖာဖုမ်မြို့နယ် ၊ ဘန့်ဖူးပရာဒူကျေးရွာအုပ်စုအတွင်းတွင် ယမန်နေ့အောက်တိုဘာလ ၂၁ ရက် ညနေပိုင်း၌ ကားတစီးသည် အရှိန်လွန်ရာမှ ဓာတ်တိုင်ကို ဝင်တိုက်တိမ်းမှောက်ခဲ့ပြီး ကားအတွင်းတွင် နယ်စပ်မှ တရားမဝင်လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးဖမ်းဆီးခံခဲ့ရသည်။ ၎င်းကားသည် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဝှက်၍ တင်ဆောင်လာသော အနက်ရောင် ဖော်ကျူနာ (Fortuner) ကားဖြစ်ပြီး အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှ လမ်းကွေ့၌ ချော်ထွက်ကာ ဓာတ်တိုင်ကို ဝင်တိုက်မိခြင်းဖြစ်ကာ ယာဉ်မောင်းမှာ တောထဲသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ကားတိုက်မှုကြေင့် ဓာတ်တိုင်ကျိုးသွားသော်လည်း ဓာတ်ကြိုးများဖြင့် ဆိုင်းထားသောကြောင့် လမ်းပေါ်သို့ ပြုတ်ကျခြင်းမရှိခဲ့ဘဲ မည်သူမျှ မထိခိုက်ခဲ့ကြောင်း သိရသည်။ ကားပေါ်

Read More
သတင်း အလုပ်သမား သတင်း

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို တရားရုံးပြန်လည်ဆင့်ခေါ်

အောက်တိုဘာ ၂၁ ၊ Migrant Times ။ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအား ယမန်နေ့အောက်တိုဘာလ ၂ဝ ရက်နေ့ညနေတွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်ပေးပြီးနောက် ယနေ့တွင်ရွှေပြည်သာမြို့နယ် တရားသူကြီးက မြို့နယ်စခန်းမှူးမှတဆင့် ပြန်လည်ဆင့်ခေါ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးက Migrant Times ကိုပြောကြားသည်။ ဒေါ်မျိုးမျိုးအေးအား ယနေ့ ညနေ ၃ နာရီတွင် တရားရုံသို့ချိန်းဆိုခဲ့ပြီး အမိန့်ချမှတ်ခြင်းမရှိခဲ့ကြောင်းသိရသည်။ “ ညနေ ၅ လောက် မှာ ဒီနေ့ အမိန့်မချဖြစ်တော့ဘူး။ ဒေါ်မျိုးမျိုးအေးကို ဆွဲဆိုထားတဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး ၂၃ ရက်နေ့ အမိန့်ချမှတ်မယ်ဆိုပြီး ရုံးချိန်း ချိန်းဆိုလိုက်တယ်” ဟု၎င်းကပြောသည်။ ဒေါ်မျိုးမျိုးအေး နှင့်အတူ အခြား အလုပ်သမားအရေးလှုပ်ရှားသူများဖြစ်သည့် ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေတို့အား အင်းစိန်အကျဉ်းထောင်ထဲ၌

Read More
သတင်း အလုပ်သမား သတင်း

အယုဒ္ဓယတွင် မြန်မာအလုပ်သမား ၁၈ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ

အောက်တိုဘာ ၂၁၊ Migrant Times။ ထိုင်းနိုင်ငံ ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုတွင် ​အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၁၈ ဦးအား မေလ ၂ဝ ရက်နေ့၌ စက်ရုံဘက်မှ အကြောင်းမဲ့ အလုပ်ထုတ်ခဲ့သည့်အတွက် အကူအညီပေးနေကြောင်း MHAC မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။ မြန်မာအလုပ်သမားများ၏အကူအညီတောင်းမှုအရ မေလ ၂၆ ရက်နေ့မှစကာ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌ ကူညီမှုများပေးခဲ့ကြောင်း သိရသည်။ ” ဒီလထဲမှာ ရက်ချိန်းတစ်ခုစီစဉ်ထားတယ်။ ဒီရက်ချိန်းကျရင်တော့ ဒီအလုပ်မားတွေအတွက် တစ်ဦးစီ ရမယ့် နစ်နာကြေး တိတိကျကျသိရမယ်။ပြီးတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အမှုပြီးဆုံးတဲ့အထိ ကျွန်တော်တို့ဘက်က ကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု MHAC အဖွဲ့ ၊အမှုနှင့် ပြန်ကြားရေးတာဝန်ခံ ဇင် က Migrant Times ကိုပြောသည်။ မြန်မာအလုပ်သမားများအား ယနေ့(အောက်တိုဘာ

Read More
သတင်း အလုပ်သမား သတင်း

ဖူးခက်ကမ်းလွန် ငါးဖမ်းလှေတွင် မြန်မာလုပ်သား ၁ ဦး မတော်တဆဖြစ်ပြီး သေဆုံး

အောက်တိုဘာ ၂၁ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်ကမ်းလွန် Koh Racha Yai အနီးရှိ ငါးဖမ်းလှေပေါ်တွင် အသက် ၃၆ နှစ်အရွယ် မြန်မာအလုပ်သမား ၁ ဦးသည် အလုပ်လုပ်ကိုင်နေစဉ် မတော်တဆဖြစ်ပြီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တင်မောင်ထွေးဟုအမည်ရသည့် မြန်မာအလုပ်သမားသည် Kiang Chai 3 ငါးဖမ်းလှေပေါ်တွင် စက်ပြင်နေစဉ် လှိုင်းထန်မှုကြောင့် ချော်လဲကာ သင်္ဘောကျောက်ဆူးရစ်သည့် စက်နှင့် ဦးခေါင်းကို ရိုက်မိခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဖူးခက် ဆိပ်ကမ်းမှ ကယ်ဆယ်ရေးလှေသည် Kiang Chai 3 လှေသို့ ရောက်ရှိခဲ့သော်လည်း ကိုတင်မောင်ထွေးသည် ဒဏ်ရာများဖြင့် သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

Read More
သတင်း အလုပ်သမား သတင်း

အယုဒ္ဓယတွင် လူဝင်မှုကြီးကြပ်ရေး တံဆိပ်တုံး အတုရောင်းချသည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

🟥တံဆိပ်တုံးတခု ဘတ် ၁၂,ဝဝဝ ဖြင့် စာအုပ်ပေါင်း ၁ဝဝ ကျော်ရောင်းချခဲ့ဟုဆို အောက်တိုဘာ ၂၁ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် လူဝင်မှုကြီးကြပ်ရေးရုံး၏ တံဆိပ်တုံး အတုအားကွန်ပျူတာဖြင့် ပြုလုပ်ကာရောင်းချနေသည့် မြန်မာနိုင်ငံသား ၁ ဦးကို သက်သေခံ စာရွက်စာတမ်း (Bor Tor 50) နှင့်အတူ စစ်ဆေးတွေ့ရှိသည့်အတွက် ယမန်နေ့ အောက်တိုလာလ ၂ဝ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုမစ် (အမည်လွဲ)ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံသား ပါတ်စ်ပို့များအတွက် ကွန်ပျူတာဖြင့် ပြုလုပ်ထားသည့် တံဆိပ်တုံး အတုအား လူတစ်ဦး လျှင် ဘတ်ငွေ ၁၂,၀၀၀ ဖြင့်

Read More
သတင်း အလုပ်သမား သတင်း

ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူများ ပြန်လည်လွတ်မြောက်

အောက်တိုဘာ ၂ဝ ၊ Migrant Times ။ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူများသည် ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ပြန်လည်လွတ်မြောက်လာကြောင်း STUM တာဝန်ရှိသူက Migrant Times ကိုပြောကြားသည်။ အင်းစိန်အကျဉ်းထောင်ထဲ၌ ဒုသမ္မတ အမိန့်ဖြင့် လက်ရှိ စွဲဆိုထားသော အမှုများအားလုံးကို ရုတ်သိမ်းကြောင်း ဖတ်ပြ ကြေငြာပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း STUM ကထုတ်ပြန်ထားသည်။ “ ဟုတ်ကဲ့၊သတင်းကတော့ တင်ထားပါတယ် ၊ ကျန်းမာရေးကောင်းပါတယ်” ဟု STUM တာဝန်ရှိသူကပြောသည်။ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့်အတူ အခြား အလုပ်သမားအရေးလှုပ်ရှားသူများဖြစ်သည့် ကိုသက်နှင်းအောင် နှင့်

Read More
သတင်း အလုပ်သမား သတင်း

ချွန်ပူလီတွင် မြန်မာလုပ်သား ၁၆ဝ ကျော်အလုပ်ထုတ်ခံရ

🔲လယောင်ခရိုင်က မြန်မာ လုပ်သား ၁၄ ဦးလုပ်ခပြန်ရ အောက်တိုဘာ ၂ဝ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ချွန်ပူလီခရိုင်၊စီလချာမြို့ရှိ ရေပူရေအေးခွက်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား စုစုပေါင်း ၁၅‌ဝ ဦးသည် အောက်တိုဘာလ ၁၆ ရက်နေ့၌ အလုပ်ထုတ်ခံခဲ့ရသည်။ ၎င်းတို့သည် ထိုစက်ရုံတွင် စမတ်ခ(အလုပ်ဝင်ခ) ၈ဝဝဝ ဘတ်နှင့် ကျန့်ခေါက်ခ (သူဌေး သစ်ပြောင်းခ)၄၅ဝဝ ဘတ်ပေးပြီး အလုပ်ဝင်လုပ်ခဲ့သည်။ အလုပ်ထုတ်ခံခဲ့ရသော်လည်း၂ဝ၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့အထိ လုပ်ခမထုတ်ပေးသည့်အတွက် အကူအညီတောင်းခဲ့ကြောင်း၊ အလုပ်သမားများ၏ လုပ်အားခများ ပြန်လည်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးနေကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ အလားတူ ထိုင်းနိုင်ငံ လယောင်ခရိုင် ၊ဘန်းခိုက်မြို့ရှိ

Read More