နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

သတင်း အလုပ်သမား သတင်း

မဟာချိုင်မှာ ဝက်သားတုတ်ထိုး ရောင်းသည့် မြန်မာ ၂ ဦးဖမ်းဆီခံရ

အောက်တိုဘာ ၂၉ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ် ၊ မဟာချိုင်မြို့နယ် တာ့ဆိုင်းရပ်ကွက်တွင် ဝက်သားတုတ်ထိုး ရောင်းသည့် မြန်မာနိုင်ငံသား ၂ ဦးကို အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ ရောင်းချသည့်အတွက် ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်း ၂ ဦးအား ဝက်သားတုတ်ထိုး ရောင်းချရန်အတွက် ပြင်ဆင်နေစဉ်ဖမ်းမိခဲ့ပြီး စစ်ဆေးရာတွင် အလုပ်လုပ်ခွင့် စာရွက်စာတမ်းများ မှန်ကန်စွာ ပြသနိုင်ခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကပြောကြားသည်။ အလားတူ မဟာချိုင်ရှိ သစ်သီးဖျော်ရည်ရောင်းသည့် ဆိုင်တခုတွင် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးသည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ရောင်းချနေသည်ကို တွေ့ရှိခဲ့သည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ Photo – Dek Samut Sakhon #Migranttimes #မဟာချိုင် #မြန်မာ #ထိုင်း #Thailand YouTube

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာအလုပ်သမား ၆၂ ဦး လုပ်အားခ မရသည့်အပြင် အလုပ်ထုတ်ခံရ

အောက်တိုဘာ ၂၈ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီလချာမြို့အတွင်းရှိ ရေပူရေအေးခွက်စက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၆၂ ဦးကို စက်ရုံမှ လုပ်အားခ ၁ လစာမပေးသည့်အပြင် အလုပ်မှထုတ်ခဲ့ကြောင်း ကူညီပေးနေသည့် WAG အဖွဲ့က ထုတ်ပြန်သည်။ မြန်မာအလုပ်သမားများသည် ၄င်းစက်ရုံတွင် ၃ လမှ ၆ လကျော်ခန့် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီးအလုပ်ဝင်ရန် ချွန်ပူလီဘောဝင်းတွင်းရှိ ဘတ်ငါးသန်း အေဂျင်စီအား အလုပ်ဝင်ခ စမတ်ကြေး ဘတ် ၈,၀၀၀ နှင့် ကျန့်ခေါက်ခ(သူဌေးပြောင်းခ) ဘတ် ၄,၅၀၀ ပေးခဲ့ရသူများဖြစ်ကြောင်း သိရသည်။ “ဒီအလုပ်သမားတွေကို စက်ရုံကတော့ ဖြုတ်လိုက်တယ်။ ငါးသန်းလက်အောက်က တစ်ဆင့်ခံ သွားထားတာ ငါးသန်းက ဒီအလုပ်သမားတွေကို စာချုပ်ချုပ်ထားတာဆိုတော့ ငါးသန်းက အလုပ်မဖြုတ်သေးတော့ လျော်ကြေးအပိုင်းကိုတော့

Read More
သတင်း အလုပ်သမား သတင်း

STUM ရုံးအဖွဲ့ဝင် ၉ ဦး၏ အာမခံလျှောက်လဲချက် ပလပ်ခံရ

အောက်တိုဘာ ၂၈ ၊ Migrant Times ။ အလုပ်သမားအရေးလှုပ်ရှားသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM)ဝင် ၉ ဦးအား စစ်ကောင်စီက ဆက်လက်ထိန်းသိမ်းထားပြီး စွဲဆိုထားသည့် အမှုအပေါ် ယမန်နေ့(အောက်တိုဘာလ ၂၇)က အာမခံလျှောက်လဲချက်တင်သွင်းခဲ့သော်လည်း ပလပ်သည့်အမိန့်တစ်ရပ် ချမှတ်ခဲ့ကြောင်းSTUM ကထုတ်ပြန်သည်။ STUM သမဂ္ဂခေါင်းဆောင် သင်းထက်စံ အပါအဝင် ရုံးအဖွဲ့ဝင် ၉ ဦးတို့အား စွဲဆိုထားသည့် အမှုအပေါ် စွပ်စွဲခံရသူများအား အာမခံလျှောက်လဲချက်တင်သွင်းထားသည်ကို တရားရုံးက ပလပ်သည့်အမိန့်တစ်ရပ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ ၅ (၁) (စ)(ဆ) အမှုမှ စွပ်စွဲခံသူများ ၇ ဦးအား တရားရုံးတွင် အဓိကထွက်ဆိုချက်ပေးခဲ့ပြီး နောက်ရုံးချိန်းကို နိုဝင်ဘာလ ၇ ရက်နေ့သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။ စစ်ကောင်စီက

Read More
သတင်း အလုပ်သမား သတင်း

မဲဆောက်တွင် မြန်မာအမျိုးသမီးအား ဓားဖြင့်တိုက်ခိုက်ပြီး ထွက်ပြေးသူကိုဖမ်းမိ

အောက်တိုဘာ ၂၈ ၊ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ခရိုင်ရုံးခန်းမဘေးရှိ အိမ်သာအဟောင်းတစ်ခုတွင် ယမန်နေ့၊နံနက် ၁၁ နာရီခန့်၌ မြန်မာအမျိုးသမီးတစ်ဦးကို လည်လှီးခဲ့ပြီး ထွက်ပြေးနေသည့် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ မဲဆောက်ရဲတပ်ဖွဲ့က ယမန်နေ့ညသန်းခေါင်ယံအချိန်တွင် တာ့ခ်ဘုရားကြီး (King Tak) မြင်းစီးရုပ်တု အဝိုင်းကြီးအနီးရှိ စက်သုံးဆီဆိုင်တစ်ခုရှိ ATM စက်အနီး၌ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မည်သည့်နိုင်ငံသားဖြစ်ကြောင်း ဖော်ပြသေးခြင်းမရှိပါ။ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသည် မဲဆောက်ခရိုင်ရုံးခန်းမဘေးရှိ အစည်းအဝေးများရှိမှသာ ဖွင့်လှစ်သော အိမ်သာအဟောင်းတစ်ခုဖြစ်ပြီး အိမ်သာအတွင်း ကြမ်းပြင်ပေါ်တွင် သွေးစွန်းထင်းမှုများစွာ တွေ့ရှိခဲ့ကြောင်း ၊ တိုက်ခိုက်ခံရသူသည်မြန်မာနိုင်ငံသူ အသက် ၂၁ နှစ်အရွယ် ဖြစ်ပြီး လည်ပင်းတွင် ပြင်းထန်သော

Read More
သတင်း အလုပ်သမား သတင်း

မဲဆောက်တွင် လယ်ယာသုံးယာဉ်ဖြင့် လိုက်ပါလာသည့် မြန်မာ ၆ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၂၇ ၊ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဘန်ဝမ်တခယန်တိုက် ရွာတစ်ဝိုက်တွင် လယ်ယာသုံးယာဉ်ဖြင့် လိုက်ပါလာသည့် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၆ ဦးနှင့် မြန်မာယာဉ်မောင်း ၁ ဦးအား ယနေ့ နံနက်တွင်ဖမ်းဆီးခဲ့ကြောင်း နရဲဆွမ်တပ်မတော်၊ ရာဇာမနူ အထူးတပ်ဖွဲ့ကထုတ်ပြန်သည်။ ၎င်းဒေသတွင် ကင်းလှည့်စစ်ဆေးနေစဉ်အတွင်း နောက်တွဲပါ စိုက်ပျိုးရေးသုံးယာဉ်တစ်စီးကိုတွေ့ရှိပြီး စစ်ဆေးခဲ့ကြောင်းထုတ်ပြန်သည်။ စစ်ဆေးရာတွင် ယာဉ်မောင်းသူ (အသက် ၃၅ နှစ်၊ မြန်မာနိုင်ငံသား၊ ပတ်စ်ပို့မရှိသူ) နှင့် ခရီးသည် ၆ ဦး (အမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဦး) ကို တွေ့ရှိခဲ့ပြီး သက်သေခံစာရွက်စာတမ်းများမရှိကြကြောင်း ဖော်ပြသည်။ ယာဉ်မောင်းအဆိုအရ ၎င်းလုပ်သား ၆

Read More
သတင်း အလုပ်သမား သတင်း

တာ့ခ်ခရိုင် မယ်ရမက်မြို့နယ်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၆၄ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၂၇ ၊ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် မယ်ရမက်မြို့နယ်တွင် နယ်စပ်မှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆၄ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း naresuan task force ကထုတ်ပြန်သည်။ ယနေ့ နံနက်တွင် မယ်ရမက်မြို့နယ်၊ နမ်ဒစ်ဘွန်ဝမ်ရွာအနီး၌ တပ်ရင်း (၃၅) အထူးတပ်ဖွဲ့မှ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်နေစဉ် မြန်မာအမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၆၄ ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ မြန်မာနိုင်ငံသားများနှင့်အတူ ခိုးဝင်ရန်အကူအညီပေးသူ ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။ သက်သေခံပစ္စည်းများအဖြစ် ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းခဲ့ပြီး မြန်မာနိုင်ငံသားများနှင့် အကူအညီပေးသူ

Read More
ပြည်တွင်း

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို ခံဝန်ဖြင့် ၆ လနေထိုင်ရန် အမိန့်ချ

အောက်တိုဘာ ၂၅ ၊ Migrant Times ။ အလုပ်သမားအရေးလှုပ်ရှားသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအား စွဲဆိုထားသောအမှုများအနက်မှ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ အရစွဲဆိုသော အမှုအတွက် ခံဝန်ဖြင့် (၆)လနေထိုင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း STUM အဖွဲ့ကထုတ်ပြန်သည်။ ဒေါ်မျိုးမျိုးအေးအား ယမန်နေ့ရုံးချိန်းတွင် ရွှေပြည်သာမြို့နယ် တရားရုံးက ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ၅(၁)(စ)(ဆ) အရ သိန်း(၃၀)တန် ခံဝန်သူနှစ်ဦးဖြင့် (၆)လအတွင်းကောင်းမွန်စွာ ကျင့်ကြံနေထိုင်စေရန် ခံဝန်ချုပ်ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။ STUM ဝန်ထမ်း

Read More
သတင်း အလုပ်သမား သတင်း

ကိုယ်လက်အင်္ဂါ ထိခိုက်ခဲ့သည့် မြန်မာအလုပ်သမားအချို့ လျော်ကြေးရရန် ခက်ခဲရှိ

အောက်တိုဘာ ၂၄ ၊ Migrant Times။ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအချို့သည် လုပ်ငန်းခွင်အတွင်း ကိုယ်လက်အင်္ဂါထိခိုက်ပြီး ဆုံးရှုံးမှုများ ဖြစ်ပွားနေသည်။ ယင်းအလုပ်သမားများ၏ အကူအညီတောင်းချက်အရ နစ်နာကြေးရရှိရန်ဆောင်ရွက်ပေးနေပြီး မြန်မာအလုပ်သမားအချို့သည် သူဌေးပြောင်းအထောက်အထား လုပ်နေသည့်အချိန်ဖြစ်သည့်အတွက် လျော်ကြေးငွေရရန် အခက်အခဲရှိကြောင်း ​မြန်မာအလုပ်သမားရေး ကူညီပေးနေသူ ၁ ဦးက ပြောကြားသည်။ “ တကယ်လို့ လုပ်ငန်းခွင်မှာ ကိုယ်လက်အင်္ဂါဆုံးရှုံးရင် သူဌေးတွေက သူ့အလုပ်သမားမဟုတ်​ကြောင်း ငြင်းဆိုကြတယ်။ အလုပ်သမားရဲ့ ပေါ့ဆမှုကြောင့်လို့ ဒါမျိုး​တွေကို သူဌေးတွေ တော်တော်များများကပြောကြတယ်” ဟု WAG အဖွဲ့တာ၀န်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။ WAG အဖွဲ့သည် လုပ်ငန်းခွင်အတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သော မြန်မာအလုပ်သမား ၁ဝ ဦးအားကူညီ ဆောင်ရွက်ပေးနေပြီး ယခုလအတွင်း အမှု ၂ မှုမှ

Read More
သတင်း အလုပ်သမား သတင်း

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ယနေ့တွင် တရားရုံးက ထပ်မံအမိန့်ချမည်

အောက်တိုဘာ ၂၄ ၊ Migrant Times ။ အလုပ်သမားအရေးလှုပ်ရှားသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအား ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် တရားရုံးက ခံဝန်အမှုအပေါ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း STUM တာဝန်ရှိသူက Migrant Times ကိုပြောသည်။ ဒေါ်မျိုးမျိုးအေးအား အောင်တိုဘာလ ၂ဝ ရက်နေ့တွင် နိုင်ငံတော် အမိန့်ဟုဆိုကာ စွဲဆိုထားသော အမှုများအား ရုတ်သိမ်းလိုက်ပြီး အင်းစိန်ထောင်မှ ပြန်လည်လွတ်ပေးခဲ့သည်။ သူမသည် နေအိမ်တွင် ပြန်လည်နေထိုင်ခွင့်ရသော်လည်း အောက်တိုဘာလ၂၃ ရက်နေ့၌ ရွှေပြည်သာ မြို့နယ်တရားရုံးသို့ ရုံးချိန်း သွားရောက်ခဲ့ကြောင်း STUM အဖွဲ့ကထုတ်ပြန်သည်။ တရားရုံးတွင် သင်းဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ ၊၄၁ အမှုမှ တရားလို၏ ရုတ်သိမ်းလွှာအား

Read More
သတင်း အလုပ်သမား သတင်း

ချင်းမိုင်မြို့တွင် လက်သည်းပြုပြင်သည့် မြန်မာ အမျိုးသမီး ၁ ဦးနှင့် အလုပ်ရှင်ကိုဖမ်းဆီး

အောက်တိုဘာ ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် လက်သည်းပြုပြင်ရေးဝန်ထမ်းပြုလုပ်နေသည့် မြန်မာအမျိုးသမီး ၁ ဦးအားလုပ်ပိုင်ခွင့်မရှိဟုဆိုကာ ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနက ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ချင်းမိုင်ခရိုင် မယ်ဟီမြို့နယ်ရှိ ဆိုင်တခုတွင် လက်သည်းပြုပြင်ရေးဝန်ထမ်းပြုလုပ်နေသည့် မြန်မာအမျိုးသမီး ၁ ဦးအားနိုင်ငံခြားသားအနေဖြင့် လုပ်ပိုင်ခွင့်မရှိသည့် အလုပ်လုပ်ကိုင်ခြင်း၊ အလုပ်ရှင်အား နိုင်ငံခြားသားအား အလုပ်စေထိုင်ခြင်း ဖြင့် ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။ မြန်မာ အမျိုးသမီးသည် ထိုင်းအလုပ်ရှင်တစ်ဦးနှင့်အတူ အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်ရှိသော်လည်း အလုပ်ဟောင်းမှ နုတ်ထွက်ပြီး ယခုဆိုင်တွင် လက်သည်းပြုပြင်သူအဖြစ် ၂ လခန့် လာရောက်လုပ်ကိုင်နေကြောင်း၊ လစဉ်လုပ်ခ ၁၄,၀၀၀ ဘတ်ရကြောင်း ဝန်ခံခဲ့သည်။ အလုပ်ရှင်ဖြစ်သူ ကလည်း နိုင်ငံခြားသားအား အလုပ်ရှင်ပြောင်းလဲခြင်းကို အကြောင်းကြားခြင်းမရှိဘဲ

Read More