နေ့စားအလုပ်သမားများအား အပိုထောက်ပံ့ကြေး ကျပ် ၁,ဝဝဝ တိုး
အောက်တိုဘာ ၁၅ ၊ Migrant Times ။ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ အပိုထောက်ပံ့ကြေးငွေကို ကျပ် ၁,ဝဝဝ ထပ်မံတိုးမြှင့်လိုက်ကြောင်း စစ်ကောင်စီ(စစ်ကော်မရှင်) လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။ အလုပ်ချိန်တစ်ရက် ၈ နာရီစာ အတွက်သတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈ဝဝ အပေါ်တွင် ကျပ် ၁,ဝဝဝ ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ “နေရေးထိုင်ရေး ကုန်စျေးနူန်းကလည်း အဆမတန်မြှင့်နေတဲ့ အချိန်တိုးတော့ ကောင်းတယ်။ နည်းနည်း အသက်ရှုချောင်တာပေါ့”ဟု အထည်ချုပ်စက်ရုံအလုပ်သမားတစ်ဦးက Migrant Times ကိုပြောသည်။ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများအား အပိုထောက်ပံ့ကြေးအဖြစ်၂ဝ၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင် ၁,ဝဝဝ ၊၂ဝ၂၄ ခုနှစ် ဩဂုတ်လတွင် ကျင် ၁,ဝဝဝ အသီးသီး
