September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာ

တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာ တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာသင်္ဘောသားတစ်ဦး သေဆုံး ဖေဖော်ဝါရီ ၁၉ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာရှိတဲ့ နမ်ဝဲ ပင်လယ်ကမ်းခြေမှာ ဖေဖော်ဝါရီလ ၁၈ ရက် မနက်က ကမ်းဆိုက်ထားတဲ့ သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသားသင်္ဘောသားတစ်ဦး ဂဟေဆော်နေစဥ် အောက်ဆီဂျင်အိုးပေါက်ကွဲပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။အဲဒီသင်္ဘောဟာ တောင်ကိုရီးယားပိုင် ရေနံတင် သင်္ဘောဖြစ်ပြီး စုစုပေါင်း အလုပ်သမား ၁၃ ဦး လုပ်ကိုင်နေတာဖြစ်ပါတယ်။ အသက် ၄၀ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်သူဟာ ပေါက်ကွဲမှုကြောင့် သံမှိုစ ထိမှန်မူးလဲပြီး ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တာဖြစ်ပြီး ဘာကြောင့်သေဆုံးရတယ် ဆိုတာကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ “ ကိုရီးယားနိုင်ငံက သင်္ဘောကျင်းတွေမှာ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဥ်တွေ

Read More
အလုပ်သမား သတင်း

ဘဏ်အကောင့်တွေကို လွယ်လွယ်မပေးကြဖို့

ဘဏ်အကောင့်တွေကို လွယ်လွယ်မပေးကြဖို့ | ဆောင်းပါး | ဖေဖော်ဝါရီ ၁၆ ရက်၊ Migrant Times “ ကျွန်မအမျိုးသားကို ငွေတွေအများကြီးလွှဲပြောင်းတယ်ဆိုပြီး ဖမ်းထားတာ ”လို့ မစိုးစံက သူ့ရဲ့အမျိုးသားဖြစ်သူထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့အကြောင်းကို ပြောပြနေတာပါ။MoU အလုပ်သမားအဖြစ် အမျိုးသားနဲ့ အတူတူထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေထိုင်ခဲ့တာ ၆ နှစ်ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့တာကတော့ အသက် ၁၀ နှစ်ရှိပြီဖြစ်တဲ့ သမီးလေးရဲ့ တစ်သက်ရှိနေပါပြီ။MoU စာချုပ်နဲ့ အလုပ်လုပ်နေတဲ့ စက်ရုံမှာ ၆ နှစ်ဆက်တိုက် အလုပ်လုပ်ကိုင်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံသား မိတ်ဆွေတစ်ဉီးက အမျိုးသားဖြစ်သူရဲ့ ဘဏ်ကဒ်ကိုရောင်းပေးဖို့ အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဘဏ်အကောင့်တစ်ခုကို ထိုင်းဘတ်ငွေ ၁၅၀၀ ပေးပြီးဝယ်တာရယ်၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေဖြစ်နေတာကြောင့်ရော အလွယ်တကူပဲ ဘဏ်အကောင့်ဖွင့်ပြီးရောင်းပေးခဲ့တယ်လို့ မစိုးစံက ရှင်းပြပါတယ်။

Read More
အလုပ်သမား သတင်း

အထည်အော်ဒါပါးလို့ဆိုပြီး ရွှေပြည်သာက စက်ရုံပိတ်ဖို့ပြင်

အထည်အော်ဒါပါးလို့ဆိုပြီး ရွှေပြည်သာက စက်ရုံပိတ်ဖို့ပြင် ဖေဖော်ဝါရီ ၁၈ ရက်၊ Migrant Times ရွှေပြည်သာမြို့နယ်က GTIG အထည်ချုပ်စက်ရုံဟာ အော်ဒါနည်းလာတာကြောင့်လို့ဆိုပြီး ဒီလကုန်ပိုင်းမှာ ပိတ်ဖို့ပြင်ဆင်နေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။အဲဒီစက်ရုံဟာ အလုပ်သမား ၁၃၀၀ လောက်နဲ့ လည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အငြင်းပွားမှုမကြာခဏဖြစ်ပေါ်နေတယ်တဲ့ စက်ရုံဖြစ်တယ်လို့လည်း ဆိုပါတယ်။” မနေ့ကမှ အလုပ်သမားတွေကို စက်ရုံပိတ်မယ့်အကြောင်း အသိပေးတာ။ ဥပဒေပါနစ်နာကြေးတွေပေးမယ်လို့ပြောတယ် “လို့ STUMဒါရိုက်တာဒေါ်မျိုးမျိုးအေးက ပြောပါတယ်။ အဲဒီစက်ရုံမှာ ဖြစ်ပေါ်နေတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအပေါ် တိုင်ကြားမှုတွေရှိခဲ့ပြီး Brand ကုမ္ပဏီကလာရောက်စစ်ဆေးပြီးတဲ့နောက် ပိတ်သိမ်းမယ်ဆိုတဲ့ကြေညာချက်ထွက်လာတာလို့လည်း သူက ဆိုပါတယ်။စက်ရုံကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပိတ်မယ်လို့ ကြေညာထားပြီး အလုပ်သမားတွေကိုနို့တစ်ကြေးတစ်လစာနဲ့လုပ်သက်နစ်နာကြေးတွေပေးမယ်လို့အသိပေးထားတယ်လို့လည်းသိရပါတယ်။အဲဒီGTIGစက်ရုံဟာ ဆယ်စုနှစ်ကြာဖွင့်လှစ်လည်ပတ်ခဲ့တဲ့စက်ရုံဖြစ်ပြီး ရုံခွဲ ၄ခုရှိတယ်လို့ဆိုပါတယ်။               

Read More
အလုပ်သမား သတင်း

ထိုင်းမှာ မြန်မာအမျိုးသားအသတ်ခံရမှု ကျူးလွန်သူလို့ ယူဆရသူတွေကို ဖမ်းမိ

ထိုင်းမှာ မြန်မာအမျိုးသားအသတ်ခံရမှု ကျူးလွန်သူလို့ ယူဆရသူတွေကို ဖမ်းမိ ဖေဖော်ဝါရီ ၁၆ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၊ ဘန်ပူမြို့နယ်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ဘိုမိုးဟိန်းကိုသတ်ပြီး ဆွဲကြိုးနဲ့လက်စွပ်တွေယူဆောင်သွားသူလို့ ယူဆရသူလေးဦးကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရသူ ၄ ဉီးလုံးက မြန်မာနိုင်ငံသားတွေဖြစ်ပြီး အလုပ်ရှာပေးဖို့ပေးထားတဲ့ ဘတ်ငွေ ၁၀,၀၀၀ ကို ဘိုမိုးဟိန်းက လိမ်လည်သွားတာကြောင့် ဖြေရှင်းရင်း ကျူးလွန်မိခဲ့တာဖြစ်တယ်လို့ ထွက်ဆိုကြောင်းသိရပါတယ်။ “ ပွဲစားဆိုတော့ အစကတည်းကတော့ ဒီလိုမျိုးဖြစ်နိုင်တယ်တော့ ထင်တယ်။ ဒါပေမဲ့ ပွဲစားကလည်း ခက်ခဲနေတဲ့သူတွေရဲ့ ငွေတွေကို ကိုယ်ကောင်းစားဖို့ မလုပ်သင့်သလို အလုပ်သမားတွေကလည်း လူသတ်တာအထိတော့ ဖြစ်သင့်ဘူး ” လို့ ဒီအမှုမှာ ပါဝင်ကူညီနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူ တစ်ဦးက

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ ဖေဖော်ဝါရီ ၁၅ ရက်၊ Migrant Times သဘာဝလမ်းကြောင်းတွေကို အသုံးပြုပြီး ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရပြီး နယ်စပ်လမ်းကြောင်းတစ်လျှောက် စစ်ဆေးရေးတွေ တင်းကြပ်နေတယ်လို့ သိရပါတယ်။ဖေဖော်ဝါရီလ ၁၄ ရက်မှာ တာ့ခ်ခရိုင်နဲ့ ရနောင်းခရိုင်တွေမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်သူ ၂၇ ဉီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ဒီလိုမျိုးဖမ်းဆီးခံရမှုတွေမှာ အများစုက သတင်းပေးတိုင်ကြားမှုကြောင့်ဖြစ်ပြီး သယ်ယူပို့ဆောင်ပေးသူ ထိုင်းနိုင်ငံသားတွေကိုလည်း လူကုန်ကူးမှုနဲ့ အရေးယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကစတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်တစ်လျှောက် စစ်ဆေးရေးတွေကို တင်းကြပ်ထားခဲ့ပြီး လက်ရှိအချိန်မှာတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ကျူးလွန်တယ်လို့ သံသယရှိတဲ့ ထိုင်းနိုင်ငံသားမိသားစု တစ်ခုလုံး အသတ်ခံရမှုကြောင့်

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် မနှစ်က စာမေးပွဲအောင်ထားသူ ထက်ဝက်ကျော် အခုထိ မသွားရသေး

တောင်ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် မနှစ်က စာမေးပွဲအောင်ထားသူ ထက်ဝက်ကျော် အခုထိ မသွားရသေး ဖေဖော်ဝါရီ ၁၅ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံက သင်္ဘောကျင်းလုပ်ငန်းအတွက်သွား​ရောက်လုပ်ကိုင်ဖို့ မနှစ်က စာမေးပွဲအောင်မြင်ထားသူတစ်ဝက်ကျော်ဟာ အခုထိ သွားခွင့်မရသေးဘူးလို့ အဲဒီနိုင်ငံရှိ မြန်မာအလုပ်သမားအရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။မနှစ်က သင်္ဘောကျင်းလုပ်ငန်းအတွက် E-7ဗီဇာနဲ့လုပ်ကိုင်ရမယ့် မြန်မာလုပ်သား ဦးရေ ၁၁၀ ခွဲတမ်းရရှိခဲ့ပေမယ့် ဦးရေ ၇၀ ဟာ သွားရောက်ခွင့်မရခဲ့ကြဘူးလို့ဆိုပါတယ်။” ကြားတာကတော့ မြန်မာဘက်က သွားရောက်ခွင့်ပိတ်ထားလို့ မထွက်ရတာလို့ သိရတယ် “လို့ မြန်မာအလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ သင်္ဘောကျင်းလုပ်ငန်းအတွက် ခေါ်ယူတဲ့အလုပ်သမားဟာ ဝရိန်ကျွမ်းကျင်လုပ်သားတွေဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံကို ပုဂ္ဂလိကအေဂျင်စီတွေ စေလွှတ်ခွင့်ရတဲ့လုပ်ငန်းအမျိုးအစားလည်းဖြစ်ပါတယ်။ဒီနှစ်မှာတော့ အဲဒီလုပ်ငန်းအတွက် မြန်မာနိုင်ငံကစေလွှတ်ခွင့်ရတဲ့ လုပ်သားဦးရေ ၅၀၀ ခွဲတမ်းရရှိထားပြီး ပုဂ္ဂလိကအေဂျင်စီ ၄ ခုက စေလွှတ်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ G

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံတောင်ပိုင်း ဒူးရင်းခြံထဲမှာ မြန်မာလုပ်သား နှစ်ဦး အသတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဒူးရင်းခြံထဲမှာ မြန်မာလုပ်သား နှစ်ဦး အသတ်ခံရ ဖေဖော်ဝါရီ ၁၅ရက်၊Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ထဲက ဒူးရင်းစိုက်ပျိုးရေးခြံ မှာ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးမနေ့က သတ်ဖြတ်ခံလိုက်ရတယ်လို့ ထိုင်းသတင်းတွေဖော်ပြပါတယ်။ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်း ၈ နာရီလောက်မှာ လူသတ်မှုဖြစ်ပွားခဲ့တာပါ။ထိုင်းရဲက သွားရောက်စစ်ဆေးရာမှာ စိုက်ပျိုးရေးခြံထဲက တဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဟာ ဓားဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲကျသေဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။မြန်မာနှစ်ဦးဟာ အသက် ၄၈ နှစ်အရွယ်နဲ့ အသက် ၅၈ နှစ်အရွယ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း ထိုင်းနိုင်ငံ၊ စမွတ်ပကန်ခရိုင် ထဲမှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားဟာ နေထိုင်ရာ အခန်းထဲမှာ သတ်ဖြတ်ခံခဲ့ရပါသေးတယ်။                   

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ ဘန်ပူမှာ ပွဲစားဆိုသူ မြန်မာတစ်ဦး အသတ်ခံရ

ထိုင်းနိုင်ငံ၊ ဘန်ပူမှာ ပွဲစားဆိုသူ မြန်မာတစ်ဦး အသတ်ခံရ ဖေဖော်ဝါရီ ၁၅ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ဘန်ပူမြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးဟာ သူ့ရဲ့နေအိမ်ခန်းအတွင်းမှာ ဓားနဲ့ထိုးသတ်ခံထားရပြီး ရွှေဆွဲကြိုးနဲ့ လက်စွပ်ကို လုယက်ယူဆောင်သွားခံရတယ်လို့ ထိုင်းအာဏာပိုင်တွေက သံသယရှိနေပါတယ်။ဘိုမိုးဟိန်းလို့ အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် သေဆုံးသူအမျိုးသားဟာ မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အလုပ်အကိုင်ရှာဖွေပေးတဲ့ ပွဲစားအလုပ်ကို လုပ်ကိုင်သူဖြစ်တယ်လို့ သိရပါတယ်။နေအိမ်တိုက်ခန်းအတွင်းမှာ ရင်ဘတ်နဲ့ နောက်ကျောကို ဓားနဲ့ထိုးခဲ့တာကြောင့် ရန်ငြိုးရှိသူဖြစ်နိုင်ပြီး သေဆုံးသူနဲ့ အသိမိတ်ဆွေဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ယူဆနေကြပါတယ်။လက်ရှိမှာ တရားခံကို ဖမ်းဆီးနိုင်ရေးအတွက် အခင်းဖြစ်ပွားရာနေရာတစ်ဝိုက်က CCTV မှတ်တမ်းတွေအပါအဝင် စစ်ဆေးမှုတချို့ပြုလုပ်နေတယ်လို့ သိရပါတယ်။             

Read More
အလုပ်သမား သတင်း

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၇ ခု လိုင်စင်ယာယီပိတ်သိမ်းခံရ

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၇ ခု လိုင်စင်ယာယီပိတ်သိမ်းခံရ ဖေဖော်ဝါရီ ၁၄ ရက်၊ Migrant Times ပြည်ပအကိုင်ရှာဖွေရေးအေဂျင်စီ ၇ ခု လိုင်စင်ယာယီပိတ်သိမ်းအရေးယူခံထားရတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ကြေညာပါတယ်။အဲဒီဌာနက အေဂျင်စီတွေအပေါ် နောက်ဆုံးအရေးယူထားမှုစာရင်းထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ ဒီနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ အေဂျင်စီ ၇ ခုဟာ ခြောက်လကနေ တစ်နှစ်အထိ လိုင်စင်ပိတ်သိမ်းခံထားရတာလို့သိရပါတယ်။၂၀၂၂ ခုနှစ် ဇူလိုင်လမှာ Moe Moe Family General ကုမ္ပဏီက လိုင်စင်ခြောက်လပိတ်သိမ်းခံရပြီး ဒီနှစ် ဇန်နဝါရီလမှာတော့ အရေးယူခံရတဲ့ကာလပြည့်မြောက်ခဲ့ပါတယ်။ ယခင်နှစ် စက်တင်ဘာလမှာ Labour King ကုမ္ပဏီက လိုင်စင် တစ်နှစ်၊ နိုဝင်ဘာလမှာ Shwe Phyo Thar ကုမ္ပဏီက လိုင်စင် တစ်နှစ်နဲ့

Read More
အလုပ်သမား သတင်း

ထိုင်းရောက် မြန်မာတွေအတွက် ထိုင်းအစိုးရက Work Permit သုံးလ သက်တမ်းတိုးပေး

ထိုင်းရောက် မြန်မာတွေအတွက် ထိုင်းအစိုးရက Work Permit သုံးလ သက်တမ်းတိုးပေး ဖေဖော်ဝါရီ ၁၄ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေပြီး အခု ဖေဖော်ဝါရီလ ၁၃ ရက်က အလုပ်လုပ်ခွင့်(Work Permit)သက်တမ်းကုန်သွားတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းအစိုးရက Work Permit သုံးလ ထပ်မံသက်တမ်းတိုးပေးလိုက်ပါတယ်။PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ဖေဖော်ဝါရီလ ၁၃ ရက်က Work Permit သက်တမ်းကုန်သူတွေကို မေလ ၁၅ ရက်အထိ ဆက်လက်နေထိုင်ခွင့်ပြုလိုက်တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ဒီနေ့ ကြေညာချက် ထုတ်ပြန်ထားတာပါ။အလုပ်လုပ်ကိုင်ခွင့်အသစ်ရရှိဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ ဖေဖော်ဝါရီလ ၁၃ ရက်ကနေ မေလ ၁၅ ရက်အထိ လျှောက်ထားနိုင်ပြီး သတ်မှတ်ချက်ပြည့်စုံသူတွေအတွက် အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်ကို ၂၀၂၄ ခုနှစ်

Read More