ပန်းရောင်ကတ်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေက ဘာတွေလဲ” – အပိုင်း (၁)
ပန်းရောင်ကတ်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေက ဘာတွေလဲ” – အပိုင်း (၁)
ပန်းရောင်ကတ်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေက ဘာတွေလဲ” – အပိုင်း (၁)
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်း သဘောတူညီချက်ရ ဧပြီ ၂၁ ရက်၊ Migrant Times ထိုင်းအစိုးရနဲ့ ကမ္ဘောဒီးယား အစိုးရတို့ကြား ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာနားလည်မှု သဘောတူ စာချွန်လွှာကို ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်၊ Angkor Paradise Hotel မှာ အခုသီတင်းပတ်အတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ထိုင်းအစိုးရနဲ့ ကမ္ဘောဒီးယားအစိုးရတို့ကြား အလုပ်သမား အလုပ်အကိုင်ရှာဖွေရေးဆိုင်ရာ သဘောတူညီချက်ကို ပြင်ဆင်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ကမ္ဘောဒီးယားကနေ ထိုင်းကို အလုပ်သမား စေလွှတ်လက်ခံရေး လုပ်ငန်းစဉ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ တင်သွင်းရာမှာ အွန်လိုင်း ပလက်ဖောင်းကို အသုံးပြုဖို့လည်း ထိုင်းဘက်က မူအားဖြင့် သဘောတူခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေး ရိတ်သိမ်းရာသီမှာ ကမ္ဘောဒီးယား
ILOရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်တွင်းအလုပ်သမားအဖွဲ့တချို့နဲ့တွေ့ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများရယူ ဧပြီ ၂၁ ရက်၊ Migrant Times မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ရဲ့အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်တွင်းအလုပ်သမားအဖွဲ့တချို့နဲ့တွေ့ဆုံပြီး လိုအပ်တဲ့သက်သေအချက်အလက်တွေရယူသွားတယ်လို့ အလုပ်သမားအဖွဲ့ချုပ်တာဝန်ရှိသူတချို့ထံက သိရပါတယ်။မြန်မာနိုင်ငံတွင် အဓမ္မစေခိုင်းမှု၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ချိုးဖောက်မူတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ILOက စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ပြီးခဲ့တဲ့နှစ်ကဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့ကလိုအပ်တဲ့စစ်ဆေးမူတွေလုပ်နေတာဖြစ်ပါတယ်။ “ သူတို့(စုံစမ်းစစ်ဆေးရေးကော်မရှင်)ဘက်က သိချင်တာတွေမေးတယ်။ကျွန်တော်တို့သိထားတာတွေပြောဖြစ်တယ်” လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် MICS-TUsFနဲ့သာမကဘဲ တခြားအလုပ်သမားအဖွဲ့တွေနဲ့ပါတွေ့ဆုံခဲ့ပြီး ဘယ်တုန်းက တွေ့ဖြစ်တယ်နဲ့ ဘာတွေ မေးမြန်းသွားတယ်ဆိုတဲ့အသေးစိတ်ကိုတော့ မသိရသေးပေ။အဲဒီကော်မရှင်ဟာ မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊ အဓမ္မစေခိုင်းမှုနဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ချိုးဖောက်မှုတွေအပေါ်တွေ့ရှိချက်အစီရင်ခံစာကို လာမယ့်မေလမှာပြုလုပ်မယ့် ILOညီလာခံမှာ တင်သွင်းရမှာဖြစ်ပါတယ်။ အစီရင်ခံစာပါအချက်တွေပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ်အပြစ်ပေးအရေးယူမှုတွေရှိလာမှာဖြစ်ပြီး အဲဒီအခြေအနေကို စောင့်ကြည့်သွားရမယ်လို့ အလုပ်သမားခေါင်းဆောင်တွေကဆိုပါတယ်။” သိပ်အများကြီးတော့မမျှော်လင့်ထားဘူး။ကျွန်တော်တို့အမြင်အရတော့ILOက စစ်တပ်နဲ့ အရင်ကတည်းက ပတ်သက်ဆက်စပ်မှုတွေရှိခဲ့တဲ့သာဓကတွေရှိခဲ့တာကြောင့်ပါ” လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။မြန်မာနိုင်ငံမှာ
အနည်းဆုံးလုပ်ခတိုးမြှင့်ဖို့ အလုပ်သမားအဖွဲ့အစည်းတွေ တောင်းဆိုမယ် ဧပြီ ၂၀ ရက်၊ Migrant Times ပြည်တွင်းမှာ အနည်းဆုံးလုပ်ခလစာတိုးမြှင့်သတ်မှတ်ပေးဖို့ ဆက်လက်တောင်းဆိုမယ်လို့ အလုပ်သမားအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။မြန်မာနိုင်ငံရဲ့အနည်းဆုံးလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်သတ်မှတ်ခဲ့တာဟာ လာမယ့်မေလမှာ ၅နှစ်ပြည့်မှာဖြစ်ပြီး အခုအချိန်ထိ နှုန်းထားအသစ် မပြင်ဆင်ပေးတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ဒါကြောင့် အနည်းဆုံးလုပ်ခသတ်မှတ်မှု ၅နှစ်ပြည့်ရက်မရောက်ခင် လုပ်ခပြင်ဆင်သတ်မှတ်ရေးတောင်းဆိုမယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။ ” အလုပ်သမားတွေရဲ့ ဥပဒေပါ ခံစားခွင့် ပျက်ကွက်နေတဲ့အပေါ် ဆက်ပြီး ငြိမ်ခံနေလို့ မဖြစ်ဘူး။ ကျွန်တော်တို့တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမယ်” လို့ သူက ပြောပါတယ်။အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို ၂နှစ်မှာ တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမယ်လို့ပြဌာန်းထားပေမယ့် ပြင်ဆင်သတ်မှတ်ရမယ့် သက်တမ်းနှစ်ကြိမ်ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။အခုအချိန်အထိ အလုပ်သမားတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်ကသတ်မှတ်ထားတဲ့ လုပ်ခနှုန်းထားအတိုင်းသာ ရရှိနေပြီး လက်ရှိကုန်စျေးနှုန်းက သိသာစွာမြင့်တက်နေခဲ့တယ်လို့ဆိုပါတယ်။
ထိုင်းအလုပ်သမားများ နယ်စပ်ဖြတ်ကျော် Raya ဂုဏ်ပြုပွဲအတွက် အိမ်ပြန် ဧပြီ ၂၀ ရက်၊ Migrant Times မလေးရှားနိုင်ငံ၊ Kelantan ပြည်နယ် Rantu Panyang နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ Narathiwat ခရိုင် Su-ngai Kolok ခရိုင် နယ်စပ်ဂိတ်မှာ Raya ဂုဏ်ပြုပွဲအတွက် ထိုင်းအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ပြီး အိမ်ပြန်လာကြသူ အများအပြားရှိကြောင်းတွေ့ရပါတယ်။ထိုင်း လူဝင်မှုကြီးကြပ်ရေးမှ ရဲများက Raya ဂုဏ်ပြုပွဲအတွက် ပြန်လာသည့် ထိုင်းအလုပ်သမားများကို သောက်ရေနဲ့ အစားအစာများ ပေးဝေပါတယ်။ယာလာ၊ ပတ္တနီနှင့် နရသီဝပ် စသည့်နယ်စပ် ၃ ခုတွင် အခြေချနေထိုင်ကြသည့် ထိုင်းမွတ်စလင်အများစုမှာ နယ်စပ်ဖြတ်ကျော်ကာ မိမိတို့၏ မြို့အသီးသီးသို့ ပြန်လာနေပြီး Eid al-Fitr ပွဲတော်ကို ဂုဏ်ပြုရန် နယ်စပ်ဂိတ်မှာ ပတ်စပို့
ထိုင်းရဲ့အလုပ်သမားပြတ်လပ်မှု ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မှီခိုနေရ ဧပြီ ၂၀ရက်၊ Migrant Times ထိုင်းနိုင်ငံရဲ့ ပြန်လည်ဦးမော့လာတဲ့ ခရီးသွားနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ ကာလရှည်ကြာလူအင်အားပြတ်လပ်မှုကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအများအပြားဖြည့်ဆည်းလုပ်ကိုင်နေရတယ်လို့ ထိုင်းလုပ်ငန်းရှင်များအဖွဲ့(ECOT)မှ ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။ဒါဟာ အလုပ်သမားပြတ်လပ်မှုနဲ့ ဆုတ်ယုတ်သွားတဲ့နိုင်ငံ့စီးပွားရေးကြားမှာ ဖြစ်ပေါ်နေတာလို့ ECOT ဒုတိယဥက္ကဋ္ဌ Tanit Sorat က ဘန်ကောက်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ထိုင်းဘွဲ့ရပြီးစသူအများစုက အလွတ်တန်းအလုပ်တွေကို ရွေးချယ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။ တစ်ချိန်တည်းမှာ အဲဒီလိုရွေးချယ်ခြင်းက အချို့ကဏ္ဍတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ရရှိမှု ဘယ်လောက်အထိ မြင့်တက်လာတယ်ဆိုတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ “ထိုင်းဘွဲ့ရပြီးခါစသူအများစုက အချိန်ပြည့်အလုပ်တွေအပေါ် ရွေးချယ်တဲ့ပုံစံသိပ်မရှိတော့ပါဘူး။ အချို့အလုပ်တွေမှာ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေအပေါ် ပိုမိုမှီခိုနေရတယ်” လို့ Tanit က ပြောပါတယ်။အခုလိုအခြေအနေမှာ ထိုင်းနိုင်ငံဟာ ကျွမ်းကျင်လုပ်သားနဲ့ ကျွမ်းကျင်ဖို့မလိုတဲ့လုပ်သား ၅၀၀,၀၀၀
ထိုင်းက ကျွမ်းကျင်လုပ်သားတွေ ဟောင်ကောင် လိုအပ်နေတယ်လို့ဆို ဧပြီ ၁၉ ရက်၊ Migrant Times ဧပြီလ ၁၉ ရက်က ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Suchart Chomklin ကို ဟောင်ကောင် အလုပ်ရှင်များအဖွဲ့ ကောင်စီဥက္ကဋ္ဌ Mr. Alkin-Sheng Wai Gong နဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်စဥ် ဂါရဝပြု တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဟောင်ကောင် အလုပ်ရှင်များအဖွဲ့ ကောင်စီဥက္ကဋ္ဌ Mr. Alkin-Sheng Wai Gong နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းကျွမ်းကျင်လုပ်သားဈေးကွက် ဟောင်ကောင်မှာ တိုးချဲ့မှုအစီအစဉ် နည်းလမ်းများကို ထိုင်း အလုပ်သမားရေးရာ၀န်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ အခုနှစ် ဖေဖော်ဝါရီလအစက ဟောင်ကောင်မှာ ထိုင်းအလုပ်သမားဈေးကွက် တိုးချဲ့ရန် ဆွေးနွေးခဲ့ပြီး ထိုင်းနှင့်
ထိုင်းမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်လာတဲ့ကားနှစ်စီး ဖမ်းဆီးခံရ ဧပြီ ၁၉ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်လာတဲ့ ကားနှစ်စီး ဒီနေ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့၊ ချင်ရာ့နွဲကျေးရွာ ဘန်ကောက်မြို့အဝင် လမ်းမကြီးပေါ်မှာယာဉ်ထိန်းရဲအဖွဲ့တွေကမော်တော်ယာဉ်တွေကို စစ်ဆေးခဲ့ရင်း ဖမ်းဆီးမိခဲ့တာလို့ထိုင်းသတင်းဌာန Thi 8က ဖော်ပြပါတယ်။ကားတစ်စီးမှာ အသက် ၃၁ နှစ်အရွယ် ကားမောင်းသမားနဲ့ အလုပ်သမား ၁၁ ဦး၊နောက်တစ်စီးမှာ အသက် ၄၁ နှစ်အရွယ် ကားမောင်းသမားနဲ့ အလုပ်သမား ၁၂ ဦး၊ စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးမိခဲ့တာပါ။အဲဒီအလုပ်သမားေတွကို တာခ်ခရိုင်ကေနတင်ဆောင်လာပြီး ဘန်ကောက်မြို့အနီး ပထုမ်ဌာနီခရိုင်ကို ပို့ဆောင်ရမှာဖြစ်ပြီး ပို့ဆောင်ခအနေနဲ့ အလုပ်သမားတစ်ဦးကို ဘတ်၁,၀၀၀ ရတယ်လို့ ကားသမားက ထွက်ဆိုထားပါတယ်။
ထိုင်း အလုပ်သမားကာကွယ်ရေးဥပဒေသစ် ထုတ်ပြန်၊Work from Homeဝန်ထမ်းတွေ အလုပ်ချိန်အတွင်းပဲ အလုပ်လုပ်ဖို့ တိုက်တွန်း ဧပြီ ၁၉ ရက်၊ Migrant Times ထိုင်းနိုင်ငံရဲ့အလုပ်သမားအကာအကွယ်ပေးရေး အက်ဥပဒေ အမှတ် (၈) ဘီအီး ၂၅၆၆ ကို ဒီနေ့အတည်ပြု ပြဋ္ဌာန်းလိုက်ကြောင်း Royal Gazette မှာ ကြေညာခဲ့ပါတယ်။ဥပဒေသစ်အရ အလုပ်ရှင်နှင့် အလုပ်သမားသည် လုပ်ငန်းခွင်ပြင်ပ သို့မဟုတ် အလုပ်ရှင်၏ရုံးခန်းပြင်ပတွင် အလုပ်လုပ်နိုင်သည့် သဘောတူညီမှု၊ဝန်ထမ်း၏နေအိမ် သို့မဟုတ် နေအိမ်တွင် အလုပ်လုပ်ရန် သို့မဟုတ် မည်သည့်နေရာတွင်မဆို သတင်းအချက်အလက်နည်းပညာကို အသုံးပြုခြင်းဖြင့် ဝန်ထမ်းများအား အလုပ်လုပ်ခွင့်ပြုရန် သဘောတူထားပါတယ်။အလုပ်သမားနှင့် အလုပ်ရှင်သည် သဘောတူညီချက်၏ အစနှင့် အဆုံး၊ ရက်များ၊ ပုံမှန်အလုပ်ချိန်၊ အားလပ်ချိန်နှင့် အချိန်ပို၊ ခွင့်ရက်၊ ဝန်ထမ်း၏ တာဝန် နယ်ပယ်စသည့်
နိုင်ငံခြားသားအလုပ်သမားများ တိုးမြှင့်ရေး တောင်ကိုရီးယားအစိုးရ အလေးပေး |ဆောင်းပါး| ဧပြီ ၁၈ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးနှုန်းနဲ့ ကျဆင်းနေပါတယ်။ပျမ်းမျှအနေနဲ့ တောင်ကိုရီးယားအမျိုးသမီးတွေ ကလေးရရှိနှုန်းဟာ ၂၀၂၂ ခုနှစ်မှာ သုည ဒသမ ၇၈ ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး ကမ္ဘာ့ဘဏ် မှတ်တမ်းအရ နိုင်ငံပေါင်း ၂၆၀ ကျော်အနက် အနိမ့်ဆုံးဖြစ်တယ်လို့ တောင်ကိုရီးယားအမျိုးသားစာရင်းအင်းဗျူရိုရဲ့အချက်အလက်တွေအရ သိရပါတယ်။အဲဒီလိုလူဦးရေကျဆင်းမှု အခက်အခဲကို ဖြေရှင်းဖို့ တောင်ကိုရီးယား အစိုးရဟာ နိုင်ငံခြားသား အလုပ်သမား အရေအတွက်ကို တိုးမြှင့်ဖို့ အထူးလုပ်ဆောင်နေပါတယ်။ အင်ဒိုနီးရှားနဲ့ နိုင်ဂျီးရီးယားရဲ့တဖြေးဖြေးတိုးလာနေသော လူဦးရေဟာ ၂၀၅၀ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံကို ကျော်ပြီး စီးပွားရေးလည်း တိုးတက်လာမှာဖြစ်တာကြောင့် တောင်ကိုရီးယားဟာ ကမ္ဘာ့ထိပ်တန်းစီးပွားရေး ၁၅ နိုင်ငံထဲကနေတွန်းထုတ်ခံရဖွယ်ရှိနေပါတယ်။ဘတ် ၇