September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ထိုင်းမှာ တရားမဝင် မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ကား တိမ်းမှောက်ပြီး နှစ်ဦး သေဆုံး

ထိုင်းမှာ တရားမဝင် မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ကား တိမ်းမှောက်ပြီး နှစ်ဦး သေဆုံး မတ် ၄ ရက်၊ Migrants Times ပြီးခဲ့တဲ့ မတ်လ ၂ ရက်က ထိုင်းနိုင်ငံ၊ Muang စီရင်စု လမ်းမပေါ်မှာ အရှိန်နဲ့မောင်းလာတဲ့ SUV ယာဥ် တာရာကွဲပြီး တိမ်းမှောက်ခဲဲ့ရာ တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သား နှစ်ဦး သေဆုံးပြီး တခြား ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဆိုင်ရော့-ကန်ချနဘူရီ ၃၂၃ အဝေးပြေးလမ်းပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး SUV  ယာဥ်ရဲ့ ရှေ့ဘီးတစ်ဘီး၊ နောက်ဘီးတစ်ဘီးတို့ ပြုတ်ထွက်ကာ ကားရှေ့မှန်ဟာလည်း အစိတ်စိတ်အမွှာမွှာကွဲကြေနေတယ်လို့ သိရပါတယ်။ ယာဥ်အပျက်အစီးတွေကြားမှာပဲ အမျိုးသမီးတစ်ဦးကို သေဆုံးရက်သား တွေ့ရှိိရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၆ ဦး၊

Read More
အလုပ်သမား သတင်း

နှစ်လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅ ခု လိုင်စင်ပိတ်သိမ်းခံရ

နှစ်လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅ ခု လိုင်စင်ပိတ်သိမ်းခံရ မတ် ၄ ရက်၊ Migrant Times နှစ်လအတွင်း လိုင်စင်ပိတ်သိမ်းအရေးယူခံရတဲ့ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅ခုရှိတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။အဲဒီထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃ခုနဲ့ ဖေဖော်ဝါရီလအတွင်း အေဂျင်စီ ၂ခုတို့ ပိတ်သိမ်းခံထားရတာလို့ သိရပါတယ်။ဇန်နဝါရီလက Royal ABSကုမ္ပဏီ၊ Top Choice Manpower ကုမ္ပဏီတို့က လိုင်စင် ၁ နှစ်စီနဲ့ Myint Myat Tan Khon ကုမ္ပဏီတို့က လိုင်စင်ခြောက်လပိတ်သိမ်းခံရတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာတော့ PhyunSin May General Servicesကုမ္ပဏီက လိုင်စင် ၁နှစ်နဲ့ Poe Poe & Phyo Thandar Tun ကုမ္ပဏီကလိုင်စင်ခြောက်လပိတ်သိမ်းခံရတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီ အေဂျင်စီတွေအနေနဲ့ ဘာကြောင့်

Read More
အလုပ်သမား သတင်း

အလုပ်သမားက တရားစွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ရုံးချိန်း သုံးကြိမ်လုံး ပျက်ကွက်

အလုပ်သမားက တရားစွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ရုံးချိန်း သုံးကြိမ်လုံး ပျက်ကွက် မတ် ၃ ရက်၊ Migrant Times အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုအတွက် အလုပ်သမားက တရားစွဲထားတဲ့ YFAစက်ရုံပိုင်ရှင်ဟာ တရားရုံးက ဆင့်ခေါ်တဲ့ ရုံးချိန်း သုံးချိန်းလုံးပျက်ကွက်ခဲ့တယ်လို့ အလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။YFAစက်ရုံအလုပ်သမားဖြစ်တဲ့ မအိပိုပိုလှိုင်က တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်ကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ ဇန်နဝါရီလ ၃၁ ရက်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။အဲဒီလိုတရားစွဲဆိုမှုနဲ့ပတ်သက်လို့ မတ်လ ၁ရက်အထိ ရုံးချိန်းသုံးချိန်းခေါ်ယူခဲ့ပေမယ့် အလုပ်ရှင်ဘက်က လာရောက်ရင်ဆိုင်မှုမရှိခဲ့ဘူးလို့ STUMမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ “ရရှိထားတဲ့သတင်းအရ စက်ရုံပိုင်ရှင်က ဂျပန်ရောက်နေတယ်။ စက်ရုံတာဝန်ရှိသူတွေက တရားရုံးရဲ့ဆင့်ခေါ်စာကိုလက်မခံဘူး။ ဒါကတော့တရားရေးကိစ္စဖြစ်တယ်။ဘယ်လိုအဆုံးအဖြတ်ပေးမယ်ဆိုတာစောင့်ကြည့်ရမှာပဲ”လို့ သူက ပြောပါတယ်။အဲဒီလို တရားရုံးချိန်းပျက်ကွက်ရင် မျက်ကွယ်စီရင်ချက်ချနိုင်သလို ဝရန်းထုတ်ခွင့်ရှိတယ်လို့လည်း တရားရေးအသိုင်းအဝိုင်းက ဆိုပါတယ်။YFAစက်ရုံဟာ အလုပ်သမားတွေကိုအ​ကြောင်းမဲ့အလုပ်ထုတ်ပယ်မှုအတွက်လည်း အငြင်းပွားမှုတွေရှိနေတဲ့စက်ရုံဖြစ်ပါတယ်။

Read More
အလုပ်သမား သတင်း

လုပ်ခလစာမပေးဘဲ သေနတ်နဲ့ ခြိမ်းခြောက်ပြီး စေခိုင်းခံရတဲ့ မြန်မာအလုပ်သမားများကို ကယ်ထုတ်

လုပ်ခလစာမပေးဘဲ သေနတ်နဲ့ ခြိမ်းခြောက်ပြီး စေခိုင်းခံရတဲ့ မြန်မာအလုပ်သမားများကို ကယ်ထုတ် မတ် ၃ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းက ကြံစိုက်ခင်းတစ်ခုမှာ လစာမပေးတဲ့အပြင် သေနတ်နဲ့ ခြိမ်းခြောက်တာ၊ ကိုယ်ထိလက်‌ရောက် နှိပ်စက်ညှင်းပန်းတာခံနေရတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁၄ ဉီးကို လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး မတ်လ ၁ ရက်က ဝင်ရောက် ကယ်ထုတ်ခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းဆည်းထားပြီး အတင်းအဓမ္မစေခိုင်းမှုတွေ၊ စိတ်ရောကိုယ်ပါ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေတယ်ဆိုပြီး တိုင်ကြားလာတာကြောင့် ဝင်‌ရောက်ရှာဖွေ ကယ်ထုတ်ခဲ့တာဖြစ်ပြီး အလုပ်ရှင်ကို ဖမ်းဆီးရမိဖို့ကြိုးစားခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ HRDF ကနေ သိရပါတယ်။လက်ရှိမှာတော့ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ကို

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၃၈ ဦးကို ပြန်ပို့

ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၃၈ ဦးကို ပြန်ပို့ မတ် ၂ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသား ၁၃၈ ဥ​ီးကို မြန်မာတာဝန်ရှိသူတွေဆီ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ပြန်လွှဲပေးခဲ့ပါတယ်။မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဉီးတင်ရွှေ၊ မြဝတီမြို့ လဝကရုံး လ/ထ ညွှန်ကြားရေးမှူး ဉီးဝေမျိုးသက် ဉီးဆောင်တဲ့ အဖွဲ့ဆီကို အဲဒီမြန်မာနိုင်ငံသား ၁၃၈ ဦးကို နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှာ လွှဲပြောင်းခဲ့တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ (ဓာတ်ပုံ-မြန်မာသံရုံး၊ ဘန်ကောက်)

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားမှာ ဗီဇာမဲ့ နိုင်ငံခြားသားတွေ ဖမ်းမယ်

တောင်ကိုရီးယားမှာ ဗီဇာမဲ့ နိုင်ငံခြားသားတွေ ဖမ်းမယ် မတ် ၁ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာပြီး ဗီဇာသက်တမ်းကျော်လွန်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို မတ်လ ၂ ရက်ကနေ လာမယ့် ဧပြီလ ၃၀ ရက်အထိ စီမံချက်ကာလ သတ်မှတ်ပြီး ဖမ်းဆီးအရေးယူမယ်လို့ သိရပါတယ်။ဗီဇာမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ စီမံချက်ဟာ တစ်နှစ်ကို လေးကြိမ်ခန့်ရှိပြီး အခုနှစ်အတွက် ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဗီဇာသက်တမ်းတိုးနိုင်ဖို့အတွက် တောင်ကိုရီးယား အာဏာပိုင်တွေက ဖြေလျှော့မှုတချို့ ပြုလုပ်ပေးထားတာကြောင့် ဒီစီမံချက်မှာ အထောက်အထားမခိုင်လုံလို့ ဖမ်းမိတာမျိုးရှိရင် မြန်မာနိုင်ငံကို ပြန်ပို့ခံရနိုင်ချေရှိတယ်လို့ တောင်ကိုရီးယားရောက် မြန်မာလူမှုရေး အသင်းတွေက သတိပေးထားပါတယ်။ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားဝန်ကြီးဌာန၊ ရဲဝန်ထမ်းတွေ၊ ပင်လယ်ကမ်းခြေစောင့် ရဲဝန်ထမ်း၊ အိုးအိမ်နဲ့

Read More
အလုပ်သမား သတင်း

ရွှေပြည်သာမှာ အထည်ချုပ်စက်ရုံ နှစ်ရုံ ပိတ်သိမ်း

ရွှေပြည်သာမှာ အထည်ချုပ်စက်ရုံ နှစ်ရုံ ပိတ်သိမ်း မတ် ၁ ရက်၊ Migrant Times ရွှေပြည်သာမြို့နယ်မှာ မနေ့က အထည်ချုပ်စက်ရုံ နှစ်ရုံ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ထောင်နဲ့ချီအလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံမှ သိရပါတယ်။GTIG အထည်ချုပ်စက်ရုံနဲ့ GY Sen အထည်ချုပ်စက်ရုံတို့ဟာ အော်ဒါနည်းလာတာကြောင့်ဆိုပြီး ရုတ်တရက်ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ “နှစ်ရုံပေါင်းရင်အလုပ်သမား နှစ်ထောင်လောက်ရှိမယ်။နောက်အလုပ်တစ်ခုက ပြန်ရှာဖို့ မလွယ်ဘူး”လို့ STUMမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။စက်ရုံပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမားတွေကို နို့တစ်ကြေးနဲ့ လျော်ကြေးပေးပေမယ့် အလုပ်လက်မဲ့ဖြစ်ရတဲ့အတွက် အဆင်မပြေမှုတွေရှိနေကြတယ်လို့လည်းဆိုပါတယ်။GY Sen အထည်ချုပ်စက်ရုံကတော့ စက်ရုံပြန်ဖွင့်ဖြစ်ရင် ဒီအလုပ်သမားတွေကို ဦးစားပေးပြန်ခန့်မယ်ဆိုပြီး သဘောတူစာချုပ်ချုပ်ထားတယ်လို့ သိရပါတယ်။အဲဒီစက်ရုံနှစ်ရုံဟာ ဒီနှစ်ထဲမှာ ပထမဆုံးပိတ်သိမ်းတဲ့စက်ရုံတွေ ဖြစ်ပါတယ်။

Read More
အလုပ်သမား သတင်း

ပိတ်ထားတဲ့ ပတ်စ်ပို့ရုံးတချို့ ပြန်ဖွင့်

ပိတ်ထားတဲ့ ပတ်စ်ပို့ရုံးတချို့ ပြန်ဖွင့် မတ် ၁ ရက်၊ Migrant Times စက်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်တွေကို အဆင့်မြှင့်တင်ဖို့ဆိုပြီး ပိတ်ထားခဲ့တဲ့ ပတ်စ်ပို့ရုံးတွေ ပြန်ဖွင့်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်က ရန်ကုန်မှာရှိတဲ့ ပတ်စ်ပို့ရုံးကို ပြန်ဖွင့်ခဲ့ရာ အွန်လိုင်းကနေ ကြိုတင်ဘိုကင်တင်ရမှာဖြစ်ပြီး ဝက်ဘ်ဆိုက်ကို ဝင်‌ရောက်သူများပြားတာကြောင့် ချို့ယွင်းချက်တချို့ရှိခဲ့ပေမယ့် ဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်။ထိုင်း – မြန်မာ နယ်စပ်က မြဝတီ ပတ်စ်ပို့ရုံးဟာလည်း ဖေဖော်ဝါရီလ ၂၇ ရက်က ပြန်ဖွင့်ခဲ့ပြီး မလေးရှားနိုင်ငံက မြန်မာသံရုံးမှာတော့ မတ်လ ၁ ရက်ကစပြီး ပတ်စ်ပို့သက်တမ်းတိုးတာတွေ လုပ်ဆောင်နိုင်တော့မယ်လို့ ကြေညာထားပါတယ်။ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာတော့ ပတ်စ်ပို့သက်တမ်းတိုး ကိစ္စတွေကို ဆက်တိုက်ပြုလုပ်ပေးနေပြီး တချို့သော စက်ရုံ၊ အလုပ်ရုံတွေကို Mobile Team နဲ့ သွားရောက်လုပ်ကိုင်ပေးလျက်ရှိပါတယ်။

Read More
အလုပ်သမား သတင်း

YFAစက်ရုံပိုင်ရှင်ကို အလုပ်သမားက တရားစွဲဆိုထားမှုအတွက် မတ်လ ၁ရက်မှာ ဒုတိယရုံးချိန်းခေါ်ထား

YFAစက်ရုံပိုင်ရှင်ကို အလုပ်သမားက တရားစွဲဆိုထားမှုအတွက် မတ်လ ၁ရက်မှာ ဒုတိယရုံးချိန်းခေါ်ထား ဖေဖော်ဝါရီ ၂၇ ရက်၊ Migrant Times YFAစက်ရုံပိုင်ရှင်ကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုအတွက် အလုပ်သမားက တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ ရွှေပြည်သာမြို့နယ်တရားရုံးက မတ်လ ၁ ရက်မှာ ဒုတိယရုံးချိန်းခေါ်ထားတယ်လို့ အဲဒီအလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။အဲဒီစက်ရုံပိုင်ရှင်ကို အလုပ်သမားဖြစ်တဲ့ မအိပိုပိုလှိုင်က တရားစွဲဆိုထားတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ရက်မှာ ပထမရုံးချိန်းခေါ်ယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီပထမရုံးချိန်းမှာ အလုပ်ရှင်က တရားရုံးထံလာရောက်ခြင်းမရှိသလို တရားရုံးက ဆင့်ခေါ်တဲ့သမ္မာန်စာကိုလည်း လက်မခံခဲ့ဘူးလို့ STUM တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ” အခုဒုတိယရုံးချိန်းလည်း စက်ရုံပိုင်ရှင် လာရင်ဆိုင်ဖို့ ရှိ၊ မရှိမသေချာသေးဘူး။ ဒါကတော့တရားရုံးရဲ့အပိုင်းဖြစ်သွားပြီ ” လို့ သူက ပြောပါတယ်။စက်ရုံအနေနဲ့ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်တာကြောင့် စည်းကြပ်ရတဲ့ မြို့နယ်အလုပ်သမားရုံးက တရားစွဲဆိုပေးရမှာဖြစ်ပေမယ့် အလုပ်သမားရုံးက မစွဲဘဲ

Read More
အလုပ်သမား သတင်း

ပတ်စ်ပို့ သက်တမ်းတိုးမယ့် ထိုင်း‌ရောက်မြန်မာတွေအတွက် စာအုပ်ကြေးတိုးမြှင့်

ပတ်စ်ပို့ သက်တမ်းတိုးမယ့် ထိုင်း‌ရောက်မြန်မာတွေအတွက် စာအုပ်ကြေးတိုးမြှင့် ဖေဖော်ဝါရီ ၂၇ ရက်၊ Migrant Times နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းကုန်ဆုံးပြီး အသစ်ပြန်လည်ပြုလုပ်ဖို့လိုအပ်နေတဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လာမယ့် မတ်လ ၁ ရက်ကစပြီး ပတ်စ်ပို့စာအုပ်ကြေး တိုးမြှင့်ပေးဆောင်ရမှာဖြစ်တယ်လို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ယခင်က ပတ်စ်ပို့စာအုပ်ကြေး ဘတ် ၈၀၀ သတ်မှတ်ထားရာကနေ ၁၂၅၀ ဘတ်ကို တိုးမြှင့်ကောက်ခံလိုက်တာဖြစ်ပါတယ်။ဒါကြောင့် ပတ်စ်ပို့စာအုပ်အသစ် ပြုလုပ်မယ့်သူတွေအနေနဲ့ စာအုပ်ကြေး ၁၂၅၀ ဘတ်နဲ့OWIC ကဒ် ၂၅၀ ဘတ် စုစုပေါင်း ၁၅၀၀ ဘတ်နှုန်း သက်ဆိုင်ရာဘဏ်စာရင်းသို့ ပေးသွင်းဖို့ လိုမှာဖြစ်တယ်လို့ သိရပါတယ်။ဒီကနေ့ထုတ်ပြန်ချက်အရ Mobile Team နဲ့ အချက်အလက်ကောက်ယူထားခဲတဲ့ စက်ရုံတွေအနေနဲ့လည်း တစ်ဉီးကို ၁၅၀၀ ဘတ်ပေးသွင်းပြီး

Read More