နိုဝင်ဘာ 11, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၂၆ ဦးစေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၂၆ ဦးစေလွှတ် ဖေဖော်ဝါရီ ၂၁ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၂၆ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ စေလွှတ်တဲ့ကုန်ထုတ်လုပ်သားသစ် (၂၇) ဦး၊ CBT ကုန်ထုတ်လုပ်သား (၂) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၇၀) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၇) ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ( ဖေဖော်ဝါရီလ ၂၁ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy, Seoul)

Read More
အလုပ်သမား သတင်း

တရားမဝင်မြန်မာလုပ်သား ၈ ဦးနဲ့ မြန်မာပွဲစားတစ်ဦး ထိုင်းမှာ ဖမ်းဆီးခံရ

တရားမဝင်မြန်မာလုပ်သား ၈ ဦးနဲ့ မြန်မာပွဲစားတစ်ဦး ထိုင်းမှာ ဖမ်းဆီးခံရ ဖေဖော်ဝါရီ ၂၀ ရက်၊ Migrant Times ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၈ ဦးနဲ့ မြန်မာပွဲစားတစ်ဦးကို ရနောင်းခရိုင်ဒေသ ထိုင်းစစ်သားတွေက လုံခြုံရေးလှည့်ကင်းလုပ်ဆောင်​​နေစဥ် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၄ နာရီလောက်ကထိုင်းနိုင်ငံ၊ ရနောင်းခရိုင်အခြေစိုက် လုံခြုံပူးပေါင်းတပ်ဖွဲ့တွေက ကရာ့ဘူရီမြို့နယ်၊ သမုကျေးရွာ၊ အုပ်စု-၄မှာရှိတဲ့ ဆီအုန်းခြံတစ်ခြံမှာ ပူးပေါင်းတပ်တွေနဲ့ ကင်းလှည့်နေတုန်း လှေနဲ့ ရေလမ်းကြောင်းကနေ ဝင်လာတဲ့ မြန်မာလုပ်သား အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးမိခဲ့တာပါ။ ထိုင်းစစ်သားတွေ လှည့်ကင်းပြုလုပ်တဲ့ ဆီအုန်းခြံဟာမြစ်ကမ်းဘေးမှာ​တည်ရှိပြီး မြန်မာနိုင်ငံဘက်ကနေ ထိုင်းဘက်ကို ချဉ်းကပ်လာတဲ့ သံသယရှိလှေကို အဲဒီဆီအုန်းခြံကနေ

Read More
အလုပ်သမား သတင်း

GTIG စက်ရုံပိတ်သိမ်းမှုမှာ အလုပ်သမားနစ်နာကြေးအပြည့်ပေး၊ မပေး စောင့်ကြည့်မယ်လို့ဆို

GTIG စက်ရုံပိတ်သိမ်းမှုမှာ အလုပ်သမားနစ်နာကြေးအပြည့်ပေး၊ မပေး စောင့်ကြည့်မယ်လို့ဆို ဖေဖော်ဝါရီ ၁၉ ရက်၊ Migrant Times ရွှေပြည်သာမြို့နယ်က GTIG အထည်ချုပ်စက်ရုံပိတ်သိမ်းမှုမှာ အလုပ်သမားတွေ ရသင့်တဲ့ နစ်နာကြေးအမှန်ပေး၊ မပေး စောင့်ကြည့်မယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။လုပ်ငန်းခွင်အငြင်းပွားမှုတွေရှိနေတဲ့ GTIG အထည်ချုပ်စက်ရုံကို ဖေဖော်ဝါရီလ ၂၈ ရက်ကစပြီး ပိတ်သိမ်းမယ်လို့ စက်ရုံဘက်ကအသိပေးထားပြီး အလုပ်သမားနစ်နာကြေးတွေ ဘယ်လိုထုတ်ပေးမယ်ဆိုတာတော့အတိအကျမသိရသေးဘူးလို့ သူတို့က ဆိုပါတယ်။ ” စက်ရုံကတော့ ဥပဒေပါ နစ်နာကြေးအတိုင်း ပေးမယ်လို့တော့ ပြောထားတာပဲ။ အပြောနဲ့ညီ၊ မညီကတော့ စောင့်ကြည့်ရမယ် ” လို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။GTIG စက်ရုံအနေနဲ့ ရုတ်တရက်ပိတ်သိမ်းဖို့ဖြစ်လာတာကြောင့် နို့တစ်ကြေး တစ်လစာပေးရမယ့် တာဝန်ရှိနေသလို လုပ်သက်နစ်နာကြေးတွေပါ ထုတ်ပေးဖို့ ရှိနေတာဖြစ်ပါတယ်။ အဲဒီစက်ရုံကို

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာ

တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာ တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာသင်္ဘောသားတစ်ဦး သေဆုံး ဖေဖော်ဝါရီ ၁၉ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာရှိတဲ့ နမ်ဝဲ ပင်လယ်ကမ်းခြေမှာ ဖေဖော်ဝါရီလ ၁၈ ရက် မနက်က ကမ်းဆိုက်ထားတဲ့ သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသားသင်္ဘောသားတစ်ဦး ဂဟေဆော်နေစဥ် အောက်ဆီဂျင်အိုးပေါက်ကွဲပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။အဲဒီသင်္ဘောဟာ တောင်ကိုရီးယားပိုင် ရေနံတင် သင်္ဘောဖြစ်ပြီး စုစုပေါင်း အလုပ်သမား ၁၃ ဦး လုပ်ကိုင်နေတာဖြစ်ပါတယ်။ အသက် ၄၀ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်သူဟာ ပေါက်ကွဲမှုကြောင့် သံမှိုစ ထိမှန်မူးလဲပြီး ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တာဖြစ်ပြီး ဘာကြောင့်သေဆုံးရတယ် ဆိုတာကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ “ ကိုရီးယားနိုင်ငံက သင်္ဘောကျင်းတွေမှာ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဥ်တွေ

Read More
အလုပ်သမား သတင်း

ဘဏ်အကောင့်တွေကို လွယ်လွယ်မပေးကြဖို့

ဘဏ်အကောင့်တွေကို လွယ်လွယ်မပေးကြဖို့ | ဆောင်းပါး | ဖေဖော်ဝါရီ ၁၆ ရက်၊ Migrant Times “ ကျွန်မအမျိုးသားကို ငွေတွေအများကြီးလွှဲပြောင်းတယ်ဆိုပြီး ဖမ်းထားတာ ”လို့ မစိုးစံက သူ့ရဲ့အမျိုးသားဖြစ်သူထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့အကြောင်းကို ပြောပြနေတာပါ။MoU အလုပ်သမားအဖြစ် အမျိုးသားနဲ့ အတူတူထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေထိုင်ခဲ့တာ ၆ နှစ်ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့တာကတော့ အသက် ၁၀ နှစ်ရှိပြီဖြစ်တဲ့ သမီးလေးရဲ့ တစ်သက်ရှိနေပါပြီ။MoU စာချုပ်နဲ့ အလုပ်လုပ်နေတဲ့ စက်ရုံမှာ ၆ နှစ်ဆက်တိုက် အလုပ်လုပ်ကိုင်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံသား မိတ်ဆွေတစ်ဉီးက အမျိုးသားဖြစ်သူရဲ့ ဘဏ်ကဒ်ကိုရောင်းပေးဖို့ အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဘဏ်အကောင့်တစ်ခုကို ထိုင်းဘတ်ငွေ ၁၅၀၀ ပေးပြီးဝယ်တာရယ်၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေဖြစ်နေတာကြောင့်ရော အလွယ်တကူပဲ ဘဏ်အကောင့်ဖွင့်ပြီးရောင်းပေးခဲ့တယ်လို့ မစိုးစံက ရှင်းပြပါတယ်။

Read More
အလုပ်သမား သတင်း

အထည်အော်ဒါပါးလို့ဆိုပြီး ရွှေပြည်သာက စက်ရုံပိတ်ဖို့ပြင်

အထည်အော်ဒါပါးလို့ဆိုပြီး ရွှေပြည်သာက စက်ရုံပိတ်ဖို့ပြင် ဖေဖော်ဝါရီ ၁၈ ရက်၊ Migrant Times ရွှေပြည်သာမြို့နယ်က GTIG အထည်ချုပ်စက်ရုံဟာ အော်ဒါနည်းလာတာကြောင့်လို့ဆိုပြီး ဒီလကုန်ပိုင်းမှာ ပိတ်ဖို့ပြင်ဆင်နေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။အဲဒီစက်ရုံဟာ အလုပ်သမား ၁၃၀၀ လောက်နဲ့ လည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အငြင်းပွားမှုမကြာခဏဖြစ်ပေါ်နေတယ်တဲ့ စက်ရုံဖြစ်တယ်လို့လည်း ဆိုပါတယ်။” မနေ့ကမှ အလုပ်သမားတွေကို စက်ရုံပိတ်မယ့်အကြောင်း အသိပေးတာ။ ဥပဒေပါနစ်နာကြေးတွေပေးမယ်လို့ပြောတယ် “ လို့ STUMဒါရိုက်တာဒေါ်မျိုးမျိုးအေးက ပြောပါတယ်။ အဲဒီစက်ရုံမှာ ဖြစ်ပေါ်နေတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအပေါ် တိုင်ကြားမှုတွေရှိခဲ့ပြီး Brand ကုမ္ပဏီကလာရောက်စစ်ဆေးပြီးတဲ့နောက် ပိတ်သိမ်းမယ်ဆိုတဲ့ကြေညာချက်ထွက်လာတာလို့လည်း သူက ဆိုပါတယ်။စက်ရုံကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပိတ်မယ်လို့ ကြေညာထားပြီး အလုပ်သမားတွေကိုနို့တစ်ကြေးတစ်လစာနဲ့လုပ်သက်နစ်နာကြေးတွေပေးမယ်လို့အသိပေးထားတယ်လို့လည်းသိရပါတယ်။အဲဒီGTIGစက်ရုံဟာ ဆယ်စုနှစ်ကြာဖွင့်လှစ်လည်ပတ်ခဲ့တဲ့စက်ရုံဖြစ်ပြီး ရုံခွဲ ၄ခုရှိတယ်လို့ဆိုပါတယ်။             

Read More
အလုပ်သမား သတင်း

ထိုင်းမှာ မြန်မာအမျိုးသားအသတ်ခံရမှု ကျူးလွန်သူလို့ ယူဆရသူတွေကို ဖမ်းမိ

ထိုင်းမှာ မြန်မာအမျိုးသားအသတ်ခံရမှု ကျူးလွန်သူလို့ ယူဆရသူတွေကို ဖမ်းမိ ဖေဖော်ဝါရီ ၁၆ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၊ ဘန်ပူမြို့နယ်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ဘိုမိုးဟိန်းကိုသတ်ပြီး ဆွဲကြိုးနဲ့လက်စွပ်တွေယူဆောင်သွားသူလို့ ယူဆရသူလေးဦးကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရသူ ၄ ဉီးလုံးက မြန်မာနိုင်ငံသားတွေဖြစ်ပြီး အလုပ်ရှာပေးဖို့ပေးထားတဲ့ ဘတ်ငွေ ၁၀,၀၀၀ ကို ဘိုမိုးဟိန်းက လိမ်လည်သွားတာကြောင့် ဖြေရှင်းရင်း ကျူးလွန်မိခဲ့တာဖြစ်တယ်လို့ ထွက်ဆိုကြောင်းသိရပါတယ်။ “ ပွဲစားဆိုတော့ အစကတည်းကတော့ ဒီလိုမျိုးဖြစ်နိုင်တယ်တော့ ထင်တယ်။ ဒါပေမဲ့ ပွဲစားကလည်း ခက်ခဲနေတဲ့သူတွေရဲ့ ငွေတွေကို ကိုယ်ကောင်းစားဖို့ မလုပ်သင့်သလို အလုပ်သမားတွေကလည်း လူသတ်တာအထိတော့ ဖြစ်သင့်ဘူး ” လို့ ဒီအမှုမှာ ပါဝင်ကူညီနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူ တစ်ဦးက

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ ဖေဖော်ဝါရီ ၁၅ ရက်၊ Migrant Times သဘာဝလမ်းကြောင်းတွေကို အသုံးပြုပြီး ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရပြီး နယ်စပ်လမ်းကြောင်းတစ်လျှောက် စစ်ဆေးရေးတွေ တင်းကြပ်နေတယ်လို့ သိရပါတယ်။ဖေဖော်ဝါရီလ ၁၄ ရက်မှာ တာ့ခ်ခရိုင်နဲ့ ရနောင်းခရိုင်တွေမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်သူ ၂၇ ဉီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ဒီလိုမျိုးဖမ်းဆီးခံရမှုတွေမှာ အများစုက သတင်းပေးတိုင်ကြားမှုကြောင့်ဖြစ်ပြီး သယ်ယူပို့ဆောင်ပေးသူ ထိုင်းနိုင်ငံသားတွေကိုလည်း လူကုန်ကူးမှုနဲ့ အရေးယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကစတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်တစ်လျှောက် စစ်ဆေးရေးတွေကို တင်းကြပ်ထားခဲ့ပြီး လက်ရှိအချိန်မှာတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ကျူးလွန်တယ်လို့ သံသယရှိတဲ့ ထိုင်းနိုင်ငံသားမိသားစု တစ်ခုလုံး အသတ်ခံရမှုကြောင့်

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် မနှစ်က စာမေးပွဲအောင်ထားသူ ထက်ဝက်ကျော် အခုထိ မသွားရသေး

တောင်ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် မနှစ်က စာမေးပွဲအောင်ထားသူ ထက်ဝက်ကျော် အခုထိ မသွားရသေး ဖေဖော်ဝါရီ ၁၅ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံက သင်္ဘောကျင်းလုပ်ငန်းအတွက်သွား​ရောက်လုပ်ကိုင်ဖို့ မနှစ်က စာမေးပွဲအောင်မြင်ထားသူတစ်ဝက်ကျော်ဟာ အခုထိ သွားခွင့်မရသေးဘူးလို့ အဲဒီနိုင်ငံရှိ မြန်မာအလုပ်သမားအရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။မနှစ်က သင်္ဘောကျင်းလုပ်ငန်းအတွက် E-7ဗီဇာနဲ့လုပ်ကိုင်ရမယ့် မြန်မာလုပ်သား ဦးရေ ၁၁၀ ခွဲတမ်းရရှိခဲ့ပေမယ့် ဦးရေ ၇၀ ဟာ သွားရောက်ခွင့်မရခဲ့ကြဘူးလို့ဆိုပါတယ်။” ကြားတာကတော့ မြန်မာဘက်က သွားရောက်ခွင့်ပိတ်ထားလို့ မထွက်ရတာလို့ သိရတယ် “ လို့ မြန်မာအလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ သင်္ဘောကျင်းလုပ်ငန်းအတွက် ခေါ်ယူတဲ့အလုပ်သမားဟာ ဝရိန်ကျွမ်းကျင်လုပ်သားတွေဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံကို ပုဂ္ဂလိကအေဂျင်စီတွေ စေလွှတ်ခွင့်ရတဲ့လုပ်ငန်းအမျိုးအစားလည်းဖြစ်ပါတယ်။ဒီနှစ်မှာတော့ အဲဒီလုပ်ငန်းအတွက် မြန်မာနိုင်ငံကစေလွှတ်ခွင့်ရတဲ့ လုပ်သားဦးရေ ၅၀၀ ခွဲတမ်းရရှိထားပြီး ပုဂ္ဂလိကအေဂျင်စီ ၄ ခုက စေလွှတ်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံတောင်ပိုင်း ဒူးရင်းခြံထဲမှာ မြန်မာလုပ်သား နှစ်ဦး အသတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဒူးရင်းခြံထဲမှာ မြန်မာလုပ်သား နှစ်ဦး အသတ်ခံရ ဖေဖော်ဝါရီ ၁၅ရက်၊Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ထဲက ဒူးရင်းစိုက်ပျိုးရေးခြံ မှာ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးမနေ့က သတ်ဖြတ်ခံလိုက်ရတယ်လို့ ထိုင်းသတင်းတွေဖော်ပြပါတယ်။ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်း ၈ နာရီလောက်မှာ လူသတ်မှုဖြစ်ပွားခဲ့တာပါ။ထိုင်းရဲက သွားရောက်စစ်ဆေးရာမှာ စိုက်ပျိုးရေးခြံထဲက တဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဟာ ဓားဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲကျသေဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။မြန်မာနှစ်ဦးဟာ အသက် ၄၈ နှစ်အရွယ်နဲ့ အသက် ၅၈ နှစ်အရွယ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း ထိုင်းနိုင်ငံ၊ စမွတ်ပကန်ခရိုင် ထဲမှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားဟာ နေထိုင်ရာ အခန်းထဲမှာ သတ်ဖြတ်ခံခဲ့ရပါသေးတယ်။                   

Read More