ရန်ကုန်မြို့က စက်ရုံ၊အလုပ်ရုံတွေမှာ လျှပ်စစ်တစ်ယူနစ် ၄၀၀-၅၀၀ကျပ်​​ပေး​ဆောင်​ပြီးအချိန်ပြည့်မီးရရှိရေးတင်ပြထား

ရန်ကုန်မြို့က စက်ရုံ၊အလုပ်ရုံတွေမှာ လျှပ်စစ်တစ်ယူနစ် ၄၀၀-၅၀၀ကျပ်​​ပေး​ဆောင်​ပြီးအချိန်ပြည့်မီးရရှိရေးတင်ပြထား

ဇွန် ၈ ရက်
အရုဏ်ဦး၊ Migrant Times
  • ရန်ကုန်မြို့က စက်ရုံ၊အလုပ်ရုံတွေအနေနဲ့ လျှပ်စစ်မီးအချိန်ပြည့်ရမယ်ဆိုရင် တစ်ယူနစ်ကို ၄၀၀-၅၀၀ ကျပ်ပေးဆောင်မယ်ဆိုပြီး သက်ဆိုင်ရာဌာနဆီစုပေါင်းအဆိုပြုထားတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းထံကသိရပါတယ်။ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ တစ်ရက်ကို လျှပ်စစ်မီးနာရီပိုင်းလောက်သာရရှိနေပြီး မီးပျက်ချိန်မှာမီးစက်နဲ့လုပ်ငန်းလည်ပတ်နေရတာကြောင့် ကုန်ကျစရိတ်ပိုများနေတဲ့အတွက် လျှပ်စစ်သုံးစွဲခပိုပေးပြီးမီးမှန်မှန်ရရှိရေးကြိုးစားနေတာဖြစ်ပါတယ်။” ပြီးခဲ့တဲ့ရက်ပိုင်းကမှ စက်မှုဇုန်ကော်မတီကတစ်ဆင့် အဆိုပြုချက်တွေတင်လိုက်တာ။ရလဒ်ကတော့ဘယ်လိုဖြစ်လာမယ်မပြောတတ်သေးဘူး” လို့ ရွှေပြည်သာမြို့နယ်ကအထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
  • လက်ရှိမှာ စက်ရုံ၊အလုပ်ရုံတွေအနေနဲ့ လုပ်ငန်းသုံးအဖြစ် လျှပ်စစ်တစ်ယူနစ်ကို အမြင့်ဆုံး ၁၇၅ကျပ်ပေးဆောင်နေရတာကနေ အဆိုပြုချက်အောင်မြင်မယ်ဆိုရင် နောက်ထပ် ၃၀၀ ကျပ်ကျော်ထပ်တိုးပေးဆောင်ကြရမှာဖြစ်ပါတယ်။ဒီလိုအဆိုပြုတင်ပြဖို့အတွက်ကို မေလအတွင်းလုပ်ငန်းရှင်တွေစုပေါင်းဆွေးနွေးခဲ့ကြပြီး အခုမှအဆိုပြုလိုက်ကြတာလို့ ဆိုပါတယ်။အဲဒီလို လျှပ်စစ်ဓါတ်အားတိုး​မြှင့်ပေးဆောင်လိုက်လို့ စက်ရုံလုပ်ငန်းတွေမီးအချိန်ပြည့်ရမယ်ဆိုရင်လုပ်ငန်းတွေပိုပြီးလည်ပတ်လို့ကောင်းလာမယ်ဆိုပြီးတော့လည်း လုပ်ငန်းရှင်တွေကသုံးသပ်ထားပါတယ်။ဒါပေမဲ့ အခြေခံစားသောက်ကုန်ထုတ်လုပ်ငန်းတွေအနေနဲ့ ပိုပြီးကုန်ကျလာမယ့်လျှပ်စစ်သုံးစွဲခကုန်ကျငွေကို ထုတ်ကုန်တွေဆီထည့်လိုက်မယ်ဆိုရင် ကုန်စျေးနှုန်းတွေထပ်ပြီးမြင့်တက်လာနိုင်တယ်ဆိုပြီးစားသုံးသူတွေက ပြောပါတယ်။

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်