တိုက်ပွဲကြောင့် ထိုင်း – မြန်မာ အမှတ်(၁) တံတား ယာယီပိတ်ခဲ့သော်လည်း အခု ပြန်ဖွင့်
တိုက်ပွဲကြောင့် ထိုင်း – မြန်မာ အမှတ်(၁) တံတား ယာယီပိတ်ခဲ့သော်လည်း အခု ပြန်ဖွင့် မတ်လ ၂၅ ရက်၊ Migrant Times မြဝတီ ကုန်သွယ်ရေးဇုန် တိုက်ပွဲကြောင့် မြဝတီ – မဲဆောက် အမှတ် (၁) တံတားကို မြန်မာဘက်အခြမ်းက ယာယီပိတ်ထားခဲ့ပြီး ယခုအခါပြန်လည်ဖွင့်လှစ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ဒီကနေ့ မတ်လ ၂၅ ရက် နံနက်ပိုင်းက KNU/KNLA ပူးပေါင်းတပ်တွေက ကုန်သွယ်ရေးဇုန်မှာရှိနေတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြင်းထန်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြထားကြပါတယ်။ “ တိုက်ပွဲကြောင့် မနက်က တံတားကို ပိတ်လိုက်သေးတယ်။ ပိတ်တယ်ဆိုတာက ပြည်သူတွေကို မကပ်ခိုင်းတာပေါ့ ဂိတ်တွေချပြီး ပိတ်တာမျိုးတော့ မဟုတ်ဘူး။ အခုတော့ (မွန်းလွဲ