ထိုင်းတောင်ပိုင်းတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးနှင့်ကူညီသည့် မြန်မာ ၂ ဦးဖမ်းဆီးခံရ
ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ် ၊ဘန်ဖရူရပ်ကွက်ရှိ အပန်းဖြေစခန်းတစ်ခုတွင် တရားမဝင်ဝင်ရောက်နေထိုင်သည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးနှင့်ကူညီသည့် မြန်မာ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေဗျုရို(CIB)က ယနေ့(ဩဂုတ် ၁၈) နံနက်တွင်ထုတ်ပြန်သည်။ CIB အောက်ရှိ ဆုန်ခလာ အဝေးပြေးလမ်းမရဲတပ်ဖွဲ့အဆိုအရ နိုင်ငံခြားသားများကို တင်ဆောင်လာသည်ဟု ယူဆရသော မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးသည် ဟတ်ယိုင်မြို့နယ်၊ ဘန်ဖရူရပ်ကွက်ရှိ အပန်းဖြေစခန်းတစ်ခုသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများ၏ တိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါ အပန်းဖြေစခန်းအနီးတွင် တရားမဝင် နိုင်ငံခြားသားများအား ကားပြောင်းရန်နှင့် မလေးရှားနိုင်ငံသို့ ဆက်လက်မပို့ဆောင်မီ တောင်ပိုင်းနယ်စပ် ၃ ခရိုင်သို့ ပို့ဆောင်ရန်အတွက် ခဏတာစောင့်ဆိုင်းရန် လူကုန်ကူးဂိုဏ်းများက မကြာခဏ အသုံးပြုလေ့ရှိသည်ဟူသော ဒေသတွင်းသတင်းများနှင့် ကိုက်ညီနေခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ဆုန်ခလာ အဝေးပြေးလမ်းမရဲတပ်ဖွဲ့သည်