September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Migrants

သတင်း

တရားမဝင် မြန်မာ ၁၉ ဦး ပါသည့် ပစ်ကပ်ကားကို မြစ်ထဲထိုးကျစဉ် ထိုင်းရဲဖမ်းမိ

ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ်ရှိ အဝေးပြေးလမ်းမတွင် ပစ်ကပ်ကားတစ်စီးကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က လိုက်လံဖမ်းစီးစဉ် ကွေး (Kwai Yai) မြစ်အတွင်းထိုးကျပြီး တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦး ကိုဖမ်းမိခဲ့သည်။ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့တွင် ထိုင်းရဲများသည် တရားမဝင် ဝင်ရောက်လာသူများ တင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးကို မုန်းခရိုင်၊ လပ်ယားမြို့နယ်ခွဲ၊ ဘန်လပ်ယာလမ်းဆုံမှစ၍ ကွေးမြစ်ကိုဖြတ်ပြီး နောင်ဘွားတံတားအထိ စိတ်လှုပ်ရှားဖွယ် လိုက်လံဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းကဖော်ပြသည်။ ပစ်ကပ်ကား ယာဉ်မောင်းသည် မြစ်ကမ်းပါးတွင် ရေဆေးနေသည့် ကားတစ်စီးကို ဝင်တိုက်မိကာ သူ၏ကားလည်း မြစ်ထဲသို့ ထိုးကျခဲ့ကြောင်း သိရသည်။ ယာဉ်မောင်းသည် ကားပေါ်မှခုန်ချ၍ မြစ်ကိုကူးကာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ပစ်ကပ်ကား ပေါ်ရှိ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအပါအဝင် မြန်မာနိုင်ငံသား ၁၉ ဦးအား

Read More
သတင်း

မလေးရှားတွင် မြန်မာအပါ နိုင်ငံခြားသား ၅ဝဝ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ မေဒန်အင်ဘီရှိ စီးပွားရေးဧရိယာတစ်ခုတွင် စစ်ဆေးရေးပြုလုပ်ပြီးနောက် မြန်မာအပါအဝင် နိုင်ငံခြားသား ၅ဝ၆ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM)မှထုတ်ပြန်သည်။ ဧပြီလ ၁၇ ရက်နေ့ညတွင် စစ်ဆေးရေးပြုလုပ်ကာ ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၄၆ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၅ ဦး၊ နီပေါနိုင်ငံသား ၁၄၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁ဝ၉ ဦး၊ အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၉ ဦးတို့ ပါဝင်သည်။ စစ်ဆေးရေးအတွင်း လူပေါင်း ၈၉၅ ဦးကို စစ်ဆေးခဲ့ပြီး ယင်းတို့အနက် နိုင်ငံခြားသား ၇၄၉ ဦးနှင့် ပြည်တွင်းနေထိုင်သူ ၁၄၆ ဦး ပါဝင်ကြောင်း ဖော်ပြသည်။ စစ်ဆေးခဲ့သူများအနက်မှ နိုင်ငံခြားသား ၅ဝ၆

Read More