ငလျင်ကြောင့် သေဆုံးသူ ၃၅ဝဝ နီးပါးရှိလာ
စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့တွင် အဆိုးရွားဆုံး ထိခိုက်ပျက်စီးကာ လူသေဆုံးမှုများခဲ့သည်။ ယနေ့ ဧပြီလ ၆ ရက်နေ့ ၊ ငလျင်လှုပ်ခတ်ပြီး ၉ ရက်မြောက်ရှိချိန်တွင် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ထိခိုက်ပျက်စီးမှုများ အပြီးသတ် ရှင်းလင်းနိုင်ခြင်းမရှိသေးပဲ အပျက်အစီးများ အောက်တွင် လူသေဆုံးမှုများ ဆက်ရှိနေသည်။ ဧပြီလ ၅ ရက်နေ့ ညမှစတင်ကာ ငလျင်ဒဏ်ထိခိုက်မှုများခဲ့သည့် စစ်ကိုင်း၊ မန္တလေးမြို့နယ်များတွင် ယနေ့ နံနက်အထိ မိုးသည်းထန်နေသည့်အတွက် လမ်းပေါ်ထွက်နေထိုင်နေကြရသည့် ငလျင်းဒုက္ခသည်များ အခက်အခဲကြုံနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ နှေင့်နှေးနေသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်နေ့တွင် အင်အားအလွန်ပြင်းထန်သော