ထိုင်းရောက် မြန်မာများ လုံခြုံရေးသတိပြုရန် ဗန်ကောက် မြန်မာသံရုံးသတိပေး
ဇူလိူင် ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသသို့ ခရီးသွားလာခြင်း ရှောင်ရှားရန်နှင့် လုံခြုံရေး သတိပြုရန် ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကယနေ့(ဇူလိူင် ၂၅)တွင်သတိပေး ထုတ်ပြန်သည်။ နယ်စပ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများအား အန္တရာယ်ကင်းရာသို့ ရွေ့ပြောင်းရန် သတိပေးထားကြောင်း၊ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား မလိုလားအပ်သည့် ဖြစ်ရပ်များဖြစ်ပေါ်ခြင်း မရှိစေရန် ထိုင်းရောက် မြန်မာများ သတိပြုရန်လိုကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား တို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကပြောသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတွင်
