အယုဒ္ဓယတွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၁ ဦးဖမ်းဆီးခံရ
ဇူလိူင် ၁၄ ၊ Migrant Times ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ အဝေးပြေးလမ်းမတစ်နေရာတွင် ကားတစ်စီးပေါ်၌ ပြွတ်သိပ်ကာ လိုက်ပါလာသော တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား ဖမ်းဆီးခဲ့ကြောင်းအယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့မှသိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့သည် ခရီးရှည်ပိတ်ရက်အပြီး ပြန်လာသည့် ကားများအား စောင့်ကြည့်ခဲ့ပြီး အနက်ရောင် Toyota Wish ကားတစ်စီးသည် ရုတ်တရက် လမ်းကြောပြောင်းလဲ မောင်းနှင်ခဲ့သည့်အတွက် ရပ်တန့်ခိုင်းခဲ့သည်။ ထိုကားအားရပ်တန့်ခိုင်းပြီး စစ်ဆေးရာ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား ဇင်လင်းအောင်အားယာဉ်မောင်းအဖြစ်တွေ့ရှိခဲ့ပြီး ကားအတွင်းတွင် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦးသည် ပြွတ်သိပ်ထိုင်နေသည်ကို တွေ့ရှိခဲ့သည်။ အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့က
