September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Myanmar

သတင်း

ခမာလုပ်သားများနေရာတွင် မြန်မာလုပ်သားများ အစားထိုးရန် ထိုင်းပြင်ဆင်

ဩဂုတ် ၁ ၊ Migrant Times ထိုင်းနိုင်ငံတွင် ခမာ(ကမ္ဘောဒီးယား )အလုပ်သမားများနေရာတွင် မြန်မာအလုပ်သမားများအား အစားထိုးခန့်ရန် စက်ရုံအချို့က ပြင်ဆင်နေကြသည်။ထိုင်းနိုင်ငံ ၊ ဆမွတ်ဆာခွန်ရှိ အလုပ်သမားရေးရာအရာရှိများသည် ယမန်နေ့ ဇူလိူင်လ ၃၁ ရက်နေ့တွင် စက်မှုဇုန် အလုပ်ရှင်များနှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယား သို့ပြန်သွားကြသည့် အလုပ်သမားများနေရာတွင် မြန်မာလုပ်သားများ အစားထိုးခန့်ရန် ဆွေးနွေးခဲ့ကြကြောင်း ထိုင်း naewnaသတင်းတွင်ဖော်ပြသည်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများကြောင့် အလုပ်သမားဝန်ကြီးဌာနသည် ဆမွတ်ဆာခွန်မြို့နယ်၊ တာဆိုင်းရပ်ကွက်ရှိ စက်မှုဇုန်တွင် အလုပ်လုပ်နေသော ကမ္ဘောဒီးယားနိုင်ငံသားများ၏ အလုပ်ရှင်များနှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ အလုပ်ရှင်များက ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားအချို့သည် ၎င်းတို့၏ နိုင်ငံသို့ ပြန်သွားကြပြီးကျန်ရှိသူအချို့မှာ အလုပ်ဆက်လုပ်ရန်နှင့် ပြန်ရန် ဆုံးဖြတ်နေကြသည့်အတွက် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဆွေနွေးပွဲတွင်ပြောကြားသည်။ အလုပ်ရှင်များက လုပ်ငန်းများ

Read More
သတင်း

ကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၃၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးအား ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကန်ချနဘူရီသတင်းဌာနတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇူလိူင်လ ၂၉ ရက်နေ့တွင် ကန်ချနဘူရီ၊ထောင်းဖဖုမ်းမြို့နယ်၊ ဘန့်အူလောင်းရှိ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်၏ ဘေးတွင် ရပ်နားထားသည့် ကားတစ်စီးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့များက စစ်ဆေးခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းအရသိရသည်။ ထိုကားပေါ်တွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို တွေ့ရှိခဲ့ပြီး ဆမွတ်စာခွန်ခရိုင်နှင့် မလေးရှားနယ်စပ်သို့ ဆက်လက်ပို့ဆောင်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကပြောကြားသည်။ မြန်မာနိုင်ငံသား ၃၃ ဦးကို ဥပဒေအရ အရေးယူရန် ထောင်းဖဖုမ်းသို့ပို့ဆောင်ခဲ့ကြောင်း သတင်းကဖော်ပြသည်။ ဇူလိုင်လ ၂၉ ရက်နေ့ တစ်ရက်ထဲတွင် ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်အတွင်းရှိ အာရှအဝေးပြေးလမ်းမပေါ်တွင် ကုန်တင်ကား‌ပေါ်၌ ကြပ်ညပ်စွာလိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား

Read More
သတင်း

ချင်းမိုင်မြို့တွင် မြန်မာများပါဝင်သည့် တရုတ်ငွေလိမ်ဂိုဏ်းကိုဖမ်းမိ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဘတ်သန်း ၄ဝ တန် အိမ်ကြီးတစ်အိမ်တွင် နိုင်ငံဖြတ်ကျော် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် ဂိုဏ်းကို ယနေ့ ဇူလိူင်လ ၃ဝ ရက်နေ့တွင်ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ချင်းမိုင်မြို့ မယ်ရင်းမြို့နယ်ခွဲ ဟွေ့ဆိုင်းရှိ အိမ်ကြီးတစ်အိမ်တွင် တရုတ်နိုင်ငံသား ၁၂ ဦးနှင့် မြန်မာနိုင်ငံသား ၆ ဦးပါသည့် ငွေလိမ်ဂိုဏ်းကို တရားရုံး၏ ရှာဖွေ ဖမ်းဝရမ်းဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းအရသိရသည်။ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်တွင် တရားခံအားလုံး ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြပြီး အချို့မှာ ၈ မီတာ (၂၆ ပေ) ကျော်မြင့်သည့် အိမ်၏ ဒုတိယထပ်မှ ခုန်ချခဲ့ရာ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ခြေထောက်ကျိုးသွားခဲ့ကြောင်းသိရသည်။ ရှာဖွေမှုများအရ ကွန်ပျူတာ ၂ဝ ကျော်၊

Read More
သတင်း

မဲဆောက်တွင် ထိုင်း-မြန်မာ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ ကျင်းပမည်

ဇူလိူင် ၃ဝ ၊ Migrant Timesထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊မဲဆောက်မြို့တွင်ထိုင်း-မြန်မာ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကိုဩဂုတ်လ ၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စီစဉ်သူများကပြောသည်။ ယဉ်ကျေးမှုဖလှယ်ပွဲကို မဲဆောက်မြို့ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)နှင့် ထိုင်းအစိုးရယဉ်ကျေးမှုဌာနတို့က ပူးပေါင်းကျင်းပမည်ဖြစ်သည်။ “ထိုင်းရိုးရာအကတွေအပြင် နယ်စပ်ဒေသ လူမျိုးစုတစ်ခုဖြစ်တဲ့ မုံးလူမျိုးတွေလဲပါဝင်မယ်။ မဲဆောက်ရောက် ရွှေ့ပြောင်းမြန်မာတွေလည်း ရိုးရာအဝတ်အစားတွေနဲ့အတူ လာရောက်ပါဝင်နိုင်ပါတယ်”ဟုယဉ်ကျေးမှုဖလှယ်ပွဲစီစဉ်သူ မဲဆောက် FED ရုံးတာဝန်ခံ နော်ရို့စ်မေရီစဲ ကပြောသည်။ ဘုရင့်မယ်တော်မွေးလကို ဂုဏ်ပြုသည့် အနေဖြင့်ကျင်းပခြင်းဖြစ်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံသားများ အကြား ယဉ်ကျေးမှုကိုအခြေခံကာ လူမှုသဟဇာတ အခြေအနေများ တိုးတက်စေရန် ရည်ရွယ်ကြောင်း သူမကဆက်ပြောသည်။ ယဉ်ကျေးမှုဖလှယ်ပွဲကို သြဂုတ်လ ၂ ရက်နေ့တွင် မဲဆောက်မြို့၊ ကညနလိုင်စင်ရုံးလမ်း (ပါရမီရွှေ့ပြောင်းသင်ကြားရေးစင်တာမျက်စောင်းထိုး)ရှိ မဲဆောက်နည်းပညာကောလိပ်၌ နံနက် ၈ နာရီမှ

Read More
သတင်း

အယုဒ္ဓယ အဝေးပြေးလမ်းမတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၃ဝ ဦး ဖမ်းဆီးခံရ

ဇူလိူင် ၂၉ ၊ Migrant Times ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်အတွင်းရှိ အာရှအဝေးပြေးလမ်းမကြီးပေါ်တွင် ကုန်တင်ကား‌ပေါ်၌ ကြပ်ညပ်စွာလိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃ဝ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် အယုဒ္ဓယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အယုဒ္ဓယရဲတပ်ဖွဲ့အဆိုအရ အဝေးပြေးလမ်းတွင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အများဆုံးအသုံးပြုသော အဖြူရောင်ပစ်ကပ်ကားတစ်စီးအား မသင်္ကာဖွယ် တွေ့ရှိပြီးစစ်ဆေးခဲ့သည်။ အဆိုပါပစ်ကပ်ကားသည် အန္တရာယ်ဖြစ်စေနိုင်လောက်အောင် ကွေ့ဝိုက်မောင်းနှင်နေပြီး အရာရှိများက လိုက်လံဖမ်းဆီးခဲ့ရာ ရဲကားတစ်စီးနှင့် တိုက်မိပြီး ရပ်တန့်သွားခဲ့ကြောင်း သတင်းကဖော်ပြသည်။ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ကုန်တင်ကား၏နောက်ဖက်တွင် မိုးကာများနှင့် ကာရံထားသော လျှို့ဝှက်နှစ်ထပ်အခန်းကို တွေ့ရှိခဲ့သည်။ ကားနောက်အတွင်း၌ မြန်မာနိုင်ငံသား အမျိုးသား ၂ဝ ဦးနှင့် အမျိုးသမီး ၁ဝဦး ကို ကြပ်ညပ်စွာ ထည့်သွင်းထားသည်ကို တွေ့ရပြီး

Read More
သတင်း

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင်ရေကြီး

ဇူလိူင် ၂၈ ၊ Migrant Times ။ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေတက်ကာ ရေကြီးနေသည်။ မယ်ဆိုင်မြို့ရပ်ကွက်အများစုရေကြီးနေပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁)အောက် ၌ ရေစီးဆင်းမှု ပိတ်ဆို့နေသော သစ်လုံးများနှင့် အမှိုက်စသည့် အတားအဆီးများ ရှင်းလင်းရန် အရေးပေါ် ဆောင်ရွက်နေကြသည်။ မယ်ဆိုင်ချောင်းရေတက်မှုကြောင့် တာချီလိတ်မြို့တွင်လည်း တာလော့ဈေးနှင့် ပုံထွန်ကျေးရွာတို့တွင် ရေဝင်ရောက်နေကြောင်းသိရသည်။ မယ်ဆိုင်ချောင်းရေသည် ယနေ့ ဇူလိူင်လ ၂၈ ရက်နေ့ နံနက်တွင် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာတွင် စိုးရိမ်ရေမှတ်ထက် ၅ ပေခွဲကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၂ ပေခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။ Photo – CM 108ဇူလိူင်လ ၂၈ ရက်နေ့၊

Read More
သတင်း

ဖူးခက်တွင် မြန်မာလုပ်သား ၄ဝ ကျော်ကို ၃ လစာမပေးပဲ အလုပ်ထုတ်

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ငန်းရှင်က မြန်မာအလုပ်သမား ၄၁ ဦးအား လုပ်ခ ၃ လစာမပေးသည့်အပြင် အလုပ်မှထုတ်ခဲ့ကြောင်း ကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။ မြန်မာအလုပ်သမားများသည် လတ်တလောတွင် စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရပြီး ၎င်းတို့၏လုပ်အားခများပြန်လည်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးမည်ဟု WAG အဖွဲ့တာဝန်ခံကိုမုန်တိုင်းကပြောကြားသည်။ “သူတို့ရဲ့ လုပ်ခလစာရဖို့ နယ်မြေခံ စဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန) ကိုတိုင်ကြားရမှာပေါ့။ စဝါဒီကန်နဲ့ချိတ်ပြီးအလုပ်လုပ်ရမယ်၊ ရုံးပိတ်ထားတော့လုပ်မရသေးဘူး”ဟု ၎င်းက Migrant Times ကိုပြောသည်။ မြန်မာအလုပ်သမားများ၏ အကူအညီတောင်းခံချက်အရ ဖူးခက်မြို့တွင် အလုပ်သမားများနှင့်ယနေ့တွေ့ဆုံမည်ဟု သူကဆက်ပြောသည်။ ထိုင်းနိုင်ငံရှိ စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် စက်ရုံသူဌေးက ပွဲစားများနှင့်ပူးပေါင်းကာ အကြောင်းမဲ့ အလုပ်ထုတ်ခံရခြင်း ၊ လုပ်ခလစာ မရခြင်း

Read More
သတင်း

ရန်ကုန် Wan He Shou အထည်ချုပ် စက်ရုံလုပ်သားများ အလုပ်သမားအခွင့်အရေးတောင်းဆို

ဇူလိူင် ၂၆ ၊ Migrant Times ။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ၊ ရွှေပြည်သာစက်မှုဇုန် (၃)တွင် ဖွင့်လှစ်ထားသည့် Wan He Shou Fashion အထည်ချုပ် စက်ရုံ အလုပ်သမားများမှ အလုပ်သမားအခွင့်အရေးများကို ယမန်နေ့(ဇူလိူင် ၂၅)တွင် စက်ရုံ၌တောင်းဆိုခဲ့သည်။ အလုပ်သမားများက မန်နေဂျာ အား အလုပ်ထုတ်ပေးရန်၊ အောလင်း၊အောနိုက် အချိန်ပိုများ မတရား မခေါ်ရန်၊ အချိန်ပို ဆင်းရလျှင် ထမင်း၊အစားအသောက်စီစဉ်ပေးရန်၊အိမ်သာများ ပြန်လည်ပြုပြင်ပေးရန်နှင့် လစာထုတ်ရက်များတွင် ညနေ ၄ နာရီ ၃ဝ မိနစ်တွင် ပြန်လွှတ်ပေးရန်စသည့် အချက် (၅) ချက်များတောင်းဆိုကြကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် Solidarity of Trade Union Myanmar – STUM မှထုတ်ပြန်သည်။ “OT

Read More
သတင်း

ထိုင်းရောက် မြန်မာများ လုံခြုံရေးသတိပြုရန် ဗန်ကောက် မြန်မာသံရုံးသတိပေး

ဇူလိူင် ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသသို့ ခရီးသွားလာခြင်း ရှောင်ရှားရန်နှင့် လုံခြုံရေး သတိပြုရန် ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကယနေ့(ဇူလိူင် ၂၅)တွင်သတိပေး ထုတ်ပြန်သည်။ နယ်စပ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများအား အန္တရာယ်ကင်းရာသို့ ရွေ့ပြောင်းရန် သတိပေးထားကြောင်း၊ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား မလိုလားအပ်သည့် ဖြစ်ရပ်များဖြစ်ပေါ်ခြင်း မရှိစေရန် ထိုင်းရောက် မြန်မာများ သတိပြုရန်လိုကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား တို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကပြောသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတွင်

Read More
သတင်း

ချင်းမိုင်တွင် ဒူးရင်းသီးရောင်းချသည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

ဇူလိူင် ၂၅ ၊ Migrant Times ထိုင်းနိုင်ငံမြောက်ပိုင်း၊ချင်းမိုင်မြို့တွင် လမ်းဘေး၌ ဒူးရင်းသီးလှည့်လည်ရောင်းသည့် မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖန်မြို့နယ်ခွဲ၊ ဝိယန့်ဒေသရှိ နေရာများကို စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၁ ဦးသည့် ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချနေသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ မြန်မာနိုင်ငံသားသည် ချင်းမိုင်မြို့၊ ဖန်နှင့် မဲ့အိုင်းမြို့နယ်များတွင် ဘေးတွဲဆိုင်ကယ်ဖြင့် ဒူးရင်းသီးများကို လှည့်လည်ရောင်းချခဲ့ပြီး ဘေးတွဲသုံးဘီးဆိုင်ကယ်မောင်းနှင်ခြင်း (ကုန်ပစ္စည်းလှည့်လည်ရောင်းချခြင်း) သည် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ထားရှိသော အလုပ်အကိုင်ဖြစ်သည့်အတွက် ဖမ်းဆီးခဲ့ကာ ဥပဒေအရ အရေးယူရန် ဖန်ရဲစခန်းထံ လွှဲပြောင်းခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ Migrant Times ၏သတင်းစုစည်းမှုအရ ပြီးခဲ့သည့် ဇူလိုင်လ ၇

Read More