September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Workers

သတင်း

ချင်းမိုင်တွင် အထောက်အထားမရှိသည့် မြန်မာ ၅ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ Chang Phueak ရပ်ကွက်ရှိတွင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၅ ဦးကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့တွင် Hassadhisewee လမ်းတစ်ဝိုက်ရှိနေရာများကို စစ်ဆေးခဲ့ပြီး တရားမဝင် ဝင်ရောက်နေထိုင်သည့် မြန်မာ ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာ ၅ ဦးသည် ပြီးခဲ့သည့် ၅ ရက်ခန့်က နယ်စပ်လမ်းကြောင်းမှတစ်ဆင့် လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြောင်း ဝန်ခံခဲ့သည်ဟုလူဝန်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ မြန်မာ ၅ ဦးအား ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးရှိ ပိတ်ပင်-ပြန်ပို့ဌာနသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ဇူလိူင်လတွင်းကလည်း မြန်မာစားသောက်ဆိုင်ဝန်းတွင်းရှိ မြန်မာဆိုင်ရှင် ၃ ဦးနှင့် ရွှေ့ပြောင်းလုပ်သား ၃

Read More
သတင်း

ထိုင်းတွင် CI စာအုပ်ဖျက်သိမ်းပြီး ‘ပန်းရောင်ကတ်’ တစ်ခုတည်းသာ အသုံးပြုရန် တောင်းဆို

မြန်မာလုပ်သားများက ထိုင်းအထက်လွှတ်တော်သို့ ‘အစိမ်းရောင်စာအုပ် CI’ ကို ဖျက်သိမ်းပြီး ထိုင်းနိုင်ငံက ထုတ်ပေးသည့် ‘ပန်းရောင်ကတ်'(ဘတ်) တစ်ခုတည်းကိုသာ အသုံးပြုရန် တောင်းဆိုလိုက်ကြောင်း ထိုင်း matichon သတင်းကဖော်ပြသည်။ ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့တွင် Bright Future အဖွဲ့မှ မြန်မာလုပ်သားကိုယ်စားလှယ်များသည် ထိုင်းအစိုးရအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity (CI) “အစိမ်းရောင်စာအုပ်” ကို အသုံးပြုခြင်းကို ရပ်ဆိုင်းပေးရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးသော “ပန်းရောင်ကတ်” ကို မြန်မာလုပ်သားများအတွက် အဓိကစာရွက်စာတမ်းတစ်ခုတည်းအဖြစ် အသိအမှတ်ပြုရန် ထိုင်းအထက်လွှတ်တော်သို့ တောင်းဆိုချက်ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခုတောင်းဆိုချက်သည် ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအတွက် ရှုပ်ထွေးမှုနှင့် ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်ရည်ရွယ်ကြောင်း Bright Future အဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မစ္စတာ

Read More
အသိပညာပေး

အလုပ်ရှင်နှင့် အလုပ်သမားစာချူပ် အကြောင်း သိကောင်းစရာ

အလုပ်ဌားစာချူပ်သည် အလုပ်အကိုင်အညွှန်းနှင့် တစ်ထပ်တည်းအရေးကြီးသောကြောင့် နားလည်သဘောပေါက်ပြီး ကျင့်သုံးနိုင်ရန် အောက်ပါအချက်အလက်များကို လိုက်နာပေးရမည်။ ၁။ အလုပ်ခန့်စာချုပ်တွင် ရာထူးနှင့် လစာ အတိအကျဖော်ပြထားရန် (အစိုးရသတ်မှတ်ထားသော အခြေခံလစာထက် မနည်းရန်) နှင့် လစာပေးချေသောရက်မှာ အနည်းဆုံး တစ်လတစ်ကြိမ်ရှိနေရမည်။ ၂။ တိကျသောအလုပ်ခန့် ကာလ ဉပမာ၁နှစ် (သို့) ၂နှစ် နှင့်တိကျသော လုပ်ငန်းတည်‌နေရာကိုဖော်ပြပေးရမည်။ ၃။ ပုံမှန်တစ်နေ့လုပ်ငန်းချိန်မှာ ၈နာရီ၊ အန္တရာယ်ရှိနိုင်သော အလုပ်တွင် ၇နာရီ၊ ထက်ပိုမရှိရန်နှင့် အချိန်ပိုရှိပါက အချိန်ပိုလုပ်အားခရရန်နှင့် တစ်ပတ်တွင် အများဆုံး ၆ရက်သာ အလုပ်ချိန်သတ်မှတ်ရမည်၊ ၄။ လုပ်ငန်းရှင်မှာ ဝန်ထမ်းများကို တစ်ပတ်အတွင်း ပိတ်ရက်စီစဉ်ပေးရန်နှင့် ၎င်းပိတ်ရက်အစား လုပ်ခ တစ်ရက်စာပေးရန်၊ ထိုင်းရိုးရန်ပိတ်ရက်အတွက် တစ်နှစ်တွင် ပိတ်ရက် ၁၃ရက်၊ တစ်နှစ်သက်တမ်းပြည့်ပြီးသော ဝန်ထမ်းကိုရက်ရှည်ပိတ်ရက် စီစဉ်ပေးသင့်ပြီး

Read More
သတင်း

ကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၃၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးအား ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကန်ချနဘူရီသတင်းဌာနတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇူလိူင်လ ၂၉ ရက်နေ့တွင် ကန်ချနဘူရီ၊ထောင်းဖဖုမ်းမြို့နယ်၊ ဘန့်အူလောင်းရှိ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်၏ ဘေးတွင် ရပ်နားထားသည့် ကားတစ်စီးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့များက စစ်ဆေးခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းအရသိရသည်။ ထိုကားပေါ်တွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို တွေ့ရှိခဲ့ပြီး ဆမွတ်စာခွန်ခရိုင်နှင့် မလေးရှားနယ်စပ်သို့ ဆက်လက်ပို့ဆောင်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကပြောကြားသည်။ မြန်မာနိုင်ငံသား ၃၃ ဦးကို ဥပဒေအရ အရေးယူရန် ထောင်းဖဖုမ်းသို့ပို့ဆောင်ခဲ့ကြောင်း သတင်းကဖော်ပြသည်။ ဇူလိုင်လ ၂၉ ရက်နေ့ တစ်ရက်ထဲတွင် ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်အတွင်းရှိ အာရှအဝေးပြေးလမ်းမပေါ်တွင် ကုန်တင်ကား‌ပေါ်၌ ကြပ်ညပ်စွာလိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား

Read More
သတင်း

အယုဒ္ဓယ အဝေးပြေးလမ်းမတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၃ဝ ဦး ဖမ်းဆီးခံရ

ဇူလိူင် ၂၉ ၊ Migrant Times ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်အတွင်းရှိ အာရှအဝေးပြေးလမ်းမကြီးပေါ်တွင် ကုန်တင်ကား‌ပေါ်၌ ကြပ်ညပ်စွာလိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃ဝ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် အယုဒ္ဓယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အယုဒ္ဓယရဲတပ်ဖွဲ့အဆိုအရ အဝေးပြေးလမ်းတွင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အများဆုံးအသုံးပြုသော အဖြူရောင်ပစ်ကပ်ကားတစ်စီးအား မသင်္ကာဖွယ် တွေ့ရှိပြီးစစ်ဆေးခဲ့သည်။ အဆိုပါပစ်ကပ်ကားသည် အန္တရာယ်ဖြစ်စေနိုင်လောက်အောင် ကွေ့ဝိုက်မောင်းနှင်နေပြီး အရာရှိများက လိုက်လံဖမ်းဆီးခဲ့ရာ ရဲကားတစ်စီးနှင့် တိုက်မိပြီး ရပ်တန့်သွားခဲ့ကြောင်း သတင်းကဖော်ပြသည်။ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ကုန်တင်ကား၏နောက်ဖက်တွင် မိုးကာများနှင့် ကာရံထားသော လျှို့ဝှက်နှစ်ထပ်အခန်းကို တွေ့ရှိခဲ့သည်။ ကားနောက်အတွင်း၌ မြန်မာနိုင်ငံသား အမျိုးသား ၂ဝ ဦးနှင့် အမျိုးသမီး ၁ဝဦး ကို ကြပ်ညပ်စွာ ထည့်သွင်းထားသည်ကို တွေ့ရပြီး

Read More
သတင်း

ဖူးခက်တွင် မြန်မာလုပ်သား ၄ဝ ကျော်ကို ၃ လစာမပေးပဲ အလုပ်ထုတ်

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ငန်းရှင်က မြန်မာအလုပ်သမား ၄၁ ဦးအား လုပ်ခ ၃ လစာမပေးသည့်အပြင် အလုပ်မှထုတ်ခဲ့ကြောင်း ကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။ မြန်မာအလုပ်သမားများသည် လတ်တလောတွင် စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရပြီး ၎င်းတို့၏လုပ်အားခများပြန်လည်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးမည်ဟု WAG အဖွဲ့တာဝန်ခံကိုမုန်တိုင်းကပြောကြားသည်။ “သူတို့ရဲ့ လုပ်ခလစာရဖို့ နယ်မြေခံ စဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန) ကိုတိုင်ကြားရမှာပေါ့။ စဝါဒီကန်နဲ့ချိတ်ပြီးအလုပ်လုပ်ရမယ်၊ ရုံးပိတ်ထားတော့လုပ်မရသေးဘူး”ဟု ၎င်းက Migrant Times ကိုပြောသည်။ မြန်မာအလုပ်သမားများ၏ အကူအညီတောင်းခံချက်အရ ဖူးခက်မြို့တွင် အလုပ်သမားများနှင့်ယနေ့တွေ့ဆုံမည်ဟု သူကဆက်ပြောသည်။ ထိုင်းနိုင်ငံရှိ စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် စက်ရုံသူဌေးက ပွဲစားများနှင့်ပူးပေါင်းကာ အကြောင်းမဲ့ အလုပ်ထုတ်ခံရခြင်း ၊ လုပ်ခလစာ မရခြင်း

Read More
သတင်း

နယ်စပ်တိုက်ပွဲများကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ၂ သိန်းကျော် ထိုင်းကထွက်ခွာ

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပဋိပက္ခများ တင်းမာနေသည့်အတွက် ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၂ဝဝ,ဝဝဝကျော် ပြန်လည်ဝင်ရောက်ခဲ့သည်ဟု ကမ္ဘောဒီးယားအလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း CamNess သတင်းက ဖော်ပြသည်။ ဇူလိုင် ၂၃ ရက်နေ့ တစ်ရက်တည်းတွင် ထိုင်း ဘတ်တမ်ဘန်ပြည်နယ်ရှိ နယ်စပ်ဂိတ်မှ အလုပ်သမား ၅၄,ဝဝဝ ကျော် ကမ္ဘောဒီးယားသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ၆၅,ဝဝဝ နီးပါးနှင့်ဇူလိုင် ၂၇ ရက်တွင် စုစုပေါင်း အလုပ်သမား ၁၂ဝ,၄၃၈ ဦး သည် အဆိုပါဂိတ်မှတစ်ဆင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး

Read More
သတင်း

ရန်ကုန် Wan He Shou အထည်ချုပ် စက်ရုံလုပ်သားများ အလုပ်သမားအခွင့်အရေးတောင်းဆို

ဇူလိူင် ၂၆ ၊ Migrant Times ။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ၊ ရွှေပြည်သာစက်မှုဇုန် (၃)တွင် ဖွင့်လှစ်ထားသည့် Wan He Shou Fashion အထည်ချုပ် စက်ရုံ အလုပ်သမားများမှ အလုပ်သမားအခွင့်အရေးများကို ယမန်နေ့(ဇူလိူင် ၂၅)တွင် စက်ရုံ၌တောင်းဆိုခဲ့သည်။ အလုပ်သမားများက မန်နေဂျာ အား အလုပ်ထုတ်ပေးရန်၊ အောလင်း၊အောနိုက် အချိန်ပိုများ မတရား မခေါ်ရန်၊ အချိန်ပို ဆင်းရလျှင် ထမင်း၊အစားအသောက်စီစဉ်ပေးရန်၊အိမ်သာများ ပြန်လည်ပြုပြင်ပေးရန်နှင့် လစာထုတ်ရက်များတွင် ညနေ ၄ နာရီ ၃ဝ မိနစ်တွင် ပြန်လွှတ်ပေးရန်စသည့် အချက် (၅) ချက်များတောင်းဆိုကြကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် Solidarity of Trade Union Myanmar – STUM မှထုတ်ပြန်သည်။ “OT

Read More
သတင်း

ထိုင်းရောက် မြန်မာများ လုံခြုံရေးသတိပြုရန် ဗန်ကောက် မြန်မာသံရုံးသတိပေး

ဇူလိူင် ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသသို့ ခရီးသွားလာခြင်း ရှောင်ရှားရန်နှင့် လုံခြုံရေး သတိပြုရန် ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကယနေ့(ဇူလိူင် ၂၅)တွင်သတိပေး ထုတ်ပြန်သည်။ နယ်စပ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများအား အန္တရာယ်ကင်းရာသို့ ရွေ့ပြောင်းရန် သတိပေးထားကြောင်း၊ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား မလိုလားအပ်သည့် ဖြစ်ရပ်များဖြစ်ပေါ်ခြင်း မရှိစေရန် ထိုင်းရောက် မြန်မာများ သတိပြုရန်လိုကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား တို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကပြောသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတွင်

Read More