Rum Yang စက်ရုံ လုပ်သားများ လုပ်ခလစာ တိုးမြှင့်ပေးဖို့ မိုးထဲရေထဲ တောင်းဆို
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ မဟာမြိုင်လမ်းရှိ Rum Yang(Myanmar) အထည်ချုပ်စက်ရုံ အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးဖို့ ယနေ့(ဇွန်လ ၁၁)ရက်နေ့တွင် စတုတ္ထမြောက်နေ့ အဖြစ် မိုးရွာသွန်းနေချိန်တွင် တောင်းဆိုနေကြကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM မှသိရသည်။ Rum Yang အထည်ချုပ် စက်ရုံတွင် TEERANOVA ၊ AMISU အမှတ် တံဆိပ်များ ချုပ်လုပ်ခြင်းဖြစ်ပြီးစက်ရုံအလုပ်သမားများက ဇွန်လ ၆ ရက်နေ့မှ စတင်ကာ အနည်းဆုံး တစ်ရက်လုပ်အားခ ၁၃,ဝဝဝ ကျပ် တိုးမြှင့်ပေးဖို့ တောင်းဆိုနေခြင်းဖြစ်သည်။ Rum Yang အထည်ချုပ်စက်ရုံမှ Day ကြေး ၁၃,ဝဝဝ ကျပ်တိုးပေးရန် ၊ OT ကြေး ၂၅ဝဝ ကျပ်တိုးပေးရန်နှင့် ရက်မှန်ကြေး ၆ဝ,ဝဝဝ