ထိုင်း ဖော့ဖရာတွင် မြန်မာ ၁၆ ဦး တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖော့ဖရာတွင် မြန်မာနိုင်ငံသား ၁၆ ဦး အား တရားမဝင်ဝင်ရောက်မှုဖြင့် ယနေ့ ဇူလိူင် ၁၉ ရက်နေ့ နံနက်တွင် ဖမ်းဆီးခဲ့ကြောင်း ရာဇမနူအထူးတပ်ဖွဲ့မှသိရသည်။ ယနေ့ နံနက် ၅ နာရီခန့်တွင် တာ့ခ်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ရာဇမနူအထူးတပ်ဖွဲ့ တို့သည် ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ကင်းလှည့်စဉ်အတွင်း ဖော့ဖရာ၊ ခွန်ဟွေး – ချောင်းကပ် လမ်းမပေါ်တွင် ကားတစ်စီးကိုတွေ့ရှိခဲ့ပြီး စာရွက်စာတမ်းမပါရှိသော မြန်မာနိုင်ငံသား ၅ ဦးနှင့်ယာဉ်မောင်းတို့ကိုဖမ်းဆီးခဲ့သည်။ ထို့အပြင် ယနေ့နံနက်တွင် ဖော့ဖရာ၊ ခွန်ဟွေး ချောင်းကပ်လမ်းရှိ အမှိုက်ပုံအနီးတွင် စာရွက်စာတမ်းမပါရှိသော မြန်မာနိုင်ငံသား ၁၁ ဦးကို ထပ်မံတွေ့ရှိခဲ့ကာ ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံသား ၁၆ ဦး အား ခွင့်ပြုချက်မရှိဘဲထိုင်း နိုင်ငံတွင်ဝင်ရောက်နေထိုင်ခြင့်ဖြင့် စွဲချက်တင်ပြီး ဥပဒေအရ အရေးယူရန်