September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

နယ်စပ်ဖြတ်ကျော် နိုင်ငံသားများ ခေါင်းစဉ်နဲ့ တတိယအကြိမ်မြောက် ပြည်သူ့ဖိုရမ်ကို ဘန်ကောက်မှာ ကျင်းပ

နယ်စပ်ဖြတ်ကျော် နိုင်ငံသားများ ခေါင်းစဉ်နဲ့ တတိယအကြိမ်မြောက် ပြည်သူ့ဖိုရမ်ကို ဘန်ကောက်မှာ ကျင်းပ မတ် ၃ ရက်၊ Migrant Times အာရှဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေ သနဌာနက “နယ်စပ်ဖြတ်ကျော် နိုင်ငံသားများ” ခေါင်းစဉ်နဲ့တတိယအကြိမ် ပြည်သူ့ဖိုရမ်ကို မနေ့က ကျင်းပခဲ့‌ပါတယ်။Mahidol University အာရှဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသနဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ Morakot Meyerက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ဒီအခမ်းအနားဟာ “Some One-ASEAN Buddy: Let’s be Friends” လှုပ်ရှားမှုဖြစ်တဲ့ ထိုင်း-အာဆီယံ ယဉ်ကျေးမှုပေါင်းစုံ လူ့အဖွဲ့အစည်းအတွင်း အတူယှဉ်တွဲနေထိုင်ရေး မြှင့်တင်တဲ့လှုပ်ရှားမှုဖြစ်ပါတယ်။ အလုပ်သမားအခွင့်အရေးမြှင့်တင်ရေးကွန်ရက်ဖောင်ဒေးရှင်း (LPN)ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး မြှင့်တင်ခြင်းကို ဆွေးနွေးခဲ့ပါတယ်။ထိုင်းနိုင်ငံပြင်ပ အခြားနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ကြသော ထိုင်းလူမျိုးများနှင့် ထိုင်းနိုင်ငံတွင် ပြောင်းရွှေ့နေထိုင်ကြသော အခြားနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများအကြောင်းကိုလည်း

Read More
အလုပ်သမား သတင်း

ထိုင်းရွှေ့ပြောင်းအလုပ်သမားတွေ နိင်ငံသို့ ဘတ် ၂၉၉ ဘီလီယံပြန်ပို့ပေး

ထိုင်းရွှေ့ပြောင်းအလုပ်သမားတွေ နိင်ငံသို့ ဘတ် ၂၉၉ ဘီလီယံပြန်ပို့ပေး ဧပြီ ၃ရက်၊ Migrant Times ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြည်ပကို စေလွှတ်လိိုက်တဲ့ အလုပ်သမား တစ်သိန်းကျော်ဟာ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အစောပိုင်းမှာ နိုင်ငံ့စီးပွားရေးထဲကို နိုင်ငံခြားငွေအဖြစ် ထိုင်းဘတ် ၂၉၉ ဘီလီိယံ ပြန်လည်ပေးပို့တယ်လို့ အလုပ်သမားဦးစီးဌာနထံမှ သိရပါတယ်။ထိုင်ဝမ်၊ တောင်ကိုရီးယား၊ အစ္စရေး၊ ဂျပန်နဲ့ မလေးရှားအပါအဝင် ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းအလုပ်သမားတွေဆီက ဖြစ်တယ်လို့ အထက်ပါဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် Pairoj Chotikasathien က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားကိုစေလွှတ်ထားတဲ့ အလုပ်သမား ၈၈,၁၆၄ ဦးအသုတ်ဟာ မကြာသေးမီက ထိုင်းနိုင်ငံကို ပြန်လာပြီး ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း ဒီနှစ်အစောပိုင်းက စေလွှတ်ခဲ့တဲ့ အလုပ်သမား ၂၅,၀၂၂ ဦးအသုတ် ပြန်လည်ရောက်ရှိလာတယ်လိို့ သူက ဆိုပါတယ်။အဲဒီအလုပ်သမားတွေအနက်အများစုဟာ

Read More
စီးပွားရေး

ထိုင်းတွေကို အလုပ်လက်မဲ့ဖြစ်စေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားစွဲခံရ

ထိုင်းတွေကို အလုပ်လက်မဲ့ဖြစ်စေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားစွဲခံရ ဧပြီ ၃ရက်၊ Migrant Times ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ အမှုပေါင်း ၂၀၀,၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာ တရားစွဲဆိုခံရသူ ၁၅၅၀ ကိုတွေ့ရှိခဲ့ပြီးအဲဒီထဲက ၈၈၃ ဦးဟာ ထိုင်းအသက်မွေးဝမ်းကြောင်းအလုပ်နေရာတွေကို လုယူသူတွေဖြစ်တယ်လို့ သိရပါတယ်။အလုပ်သမားဝန်ကြီးဌာနက ကြိုတင်အကြောင်းကြားမှုမရှိဘဲ နိုင်ငံတဝန်း ကျပန်းသွားရောက်အရေးယူလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှောင်တခင်စစ်ဆေးမှု ၁၈,၉၆၆ အနက် ၆၈၅ မှုကို တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား ၂၄၀,၉၁၈ ကို စစ်ဆေးခဲ့ရာ ၁၅၅၀ ကို တရားစွဲဆိုခဲ့ပြီး ၈၈၃ ဦးဟာ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်တွေကို လုယူသူတွေဖြစ်တယ်လိို့ သိရပါတယ်။ ထိုင်းလုပ်ငန်းရှင်တွေရဲ့ ၀င်ငွေ ထိခိုက်စေတဲ့ ထင်ရှားသော ခရီးသွား အချက်အချာကျ နေရာများနဲ့ စီးပွားရေးနေရာများမှာ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေတဲ့

Read More
အလုပ်သမား သတင်း

ထိုင်းမှာ MoU နဲ့လာတဲ့မြန်မာလုပ်သားတွေ အလုပ်ထုတ်ခံရမှု ဆက်တိုက်ဖြစ်နေ၊ လေးရက်အတွင်း တစ်ထောင်ကျော် အလုပ်ထုတ်ခံရ

ထိုင်းမှာ MoU နဲ့လာတဲ့မြန်မာလုပ်သားတွေ အလုပ်ထုတ်ခံရမှု ဆက်တိုက်ဖြစ်နေ၊ လေးရက်အတွင်း တစ်ထောင်ကျော် အလုပ်ထုတ်ခံရ ဧပြီ ၃ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ်(MoU)နဲ့ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ထုတ်ခံရမှု အခုရက်ပိုင်းမှာဆက်တိုက်ဖြစ်ပေါ်နေပြီး အချို့စက်ရုံတွေမှာ ထောင်နဲ့ချီအလုပ်ထုတ်ပယ်တာတွေ ပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က မဟာချိုင်မှာရှိတဲ့ Cal-Comp Electronics စက်ရုံကနေ မြန်မာရွှေ့ပြောင်း MoU လုပ်သား ၁,၀၆၀ ဦးကို လုပ်ငန်းခွင်လိုအပ်ချက်ကြောင့် လူလျှော့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကထုတ်ပယ်ခဲ့ပါတယ်။“ MoU နဲ့လာရင်တောင် လူကုန်ကူးခံနေရပါတယ်ဆိုမှ အခုကကျ အလုပ်ပါအထုတ်ခံနေရပြီ။ စာချုပ်မှာက အဲ့လိုမျိုးလုပ်လို့မရဘူး သတ်မှတ်ထားပြီးသား။ အလုပ်ရှင်က နစ်နာကြေးပေးတယ် ဆိုရင်တောင် အလုပ်သမားတွေလိုအပ်တာက လုပ်ငန်းခွင်တည်မြဲရေးပဲ ”လို့ မြန်မာရွှေ့ပြောင်းလုပ်စားတွေအရေးကူညီပေးနေတဲ့ မဟာချိုင်အခြေစိုက် AAC

Read More
အလုပ်သမား သတင်း

YFAစက်ရုံပိုင်ရှင် ရုံးချိန်းမလာလို့ လက်ရှိစက်ရုံတာဝန်ယူထားတဲ့ဒါရိုက်တာတစ်ဦးကို ပြောင်းလဲတရားစွဲ

YFAစက်ရုံပိုင်ရှင် ရုံးချိန်းမလာလို့ လက်ရှိစက်ရုံတာဝန်ယူထားတဲ့ဒါရိုက်တာတစ်ဦးကို ပြောင်းလဲတရားစွဲ ဧပြီ ၂ ရက်၊ Migrant Times အလုပ်သမားဖြစ်သူက တရားစွဲဆိုထားတဲ့ YFAစက်ရုံပိုင်ရှင်ဖြစ်သူဟာ ရုံးချိန်းတိုင်းတက်ရောက်ရင်ဆိုင်ဖို့ပျက်ကွက်နေတဲ့အတွက် လက်ရှိအဲဒီစက်ရုံကိုတာဝန်ယူထားတဲ့ဒါရိုက်တာတစ်ဦးဖြစ်သူတရုတ်နိူင်ငံသား Arkio Wada ဆိုသူကိုပြောင်းလဲတရားစွဲဆိုထားတယ်လို့ အဲဒီအလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ဆီကသိရပါတယ်။အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ကိုချိုးဖောက်အလုပ်ထုတ်လို့ဆိုပြီး အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်က YFAစက်ရုံပိုင်ရှင်ကို ရွှေပြည်သာမြို့နယ်တရားရုံးမှာတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တရားစွဲဆိုခံရပြီးတဲ့နောက် စက်ရုံပိုင်ရှင်ဟာ တရုတ်နိူင်ငံကိုထွက်သွားခဲ့ပြီး မတ်လ ၃၁ရက်ကခေါ်ယူတဲ့ရုံးချိန်းအပါအဝင် လေးကြိမ်လုံးပျက်ကွက်ခဲ့တာလို့ STUMတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။”စက်ရုံပိုင်ရှင်ကပျက်ကွက်နေတဲ့အတွက် စက်ရုံနာမည်နဲ့ပြောင်းတရားစွဲဖို့လုပ်တယ်။တရားသူကြီးကစက်ရုံတာဝန်ရှိသူတစ်ဦးဦးရဲ့အမည်တရားစွဲဖို့လမ်းညွန်လို့ လက်ရှိတာဝန်ယူနေသူကိုပြီးခဲ့တဲ့ရုံးချိန်းမှာပြောင်းတရားစွဲလိုက်တာ”လို့သူကပြောပါတယ်။ အဲဒီအလုပ်သမားရဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်လို့ နောက်ရုံးချိန်းကို ဧပြီ ၂၅ရက်မှာခေါ်ယူထားပြီး ပြောင်းလဲတရားစွဲခံရသူ တက်ရောက်ရင်ဆိုင်၊မဆိုင်ကို​ အဲဒီနေ့မှ သိရမှာဖြစ်ပါတယ်။အခုလိုတရားစွဲဆိုမှုဟာ အထည်ချုပ်စက်ရုံ လောကမှာ အလုပ်သမားဖြစ်သူက နစ်နာမှုအတွက် စက်ရုံဘက်ကို တရားရုံးမှာ ပထမဆုံးတရားစွဲဆိုမှုလည်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကုန်ပိုင်းက YFAစက်ရုံလုပ်သားများသူတို့ရပိုင်ခွင့်အတွက်စက်ရုံရှေ့စောင့်ဆိုင်းနေကြစဥ်

Read More
အလုပ်သမား သတင်း

ခြောက်လအတွင်း ထိုင်းနိုင်ငံက အာရှနိုင်ငံခြားသား အလုပ်သမားတွေကို အရေးယူမှုပိုများလာ

ခြောက်လအတွင်း ထိုင်းနိုင်ငံက အာရှနိုင်ငံခြားသား အလုပ်သမားတွေကို အရေးယူမှုပိုများလာ ဧပြီ ၂ ရက်၊ Migrant Times ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ အာရှနိုင်ငံခြားသား အလုပ်သမားတွေကို တရားစွဲဆိုမှု မြင့်တက်လာခဲ့တယ်လို့ အလုပ်အကိုင်ဌာန (DoE) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကနေ အခုနှစ် မတ်လအထိ တရားစွဲဆိုမှုမြင့်တက်လာတာလို့ ဆိုပါတယ်။အလုပ်အကိုင်နေရာပေါင်း ၆၈၅ ခုကို တရားစွဲဆိုခဲ့ပြီး လူပေါင်း ၁၅၅၀ ဦးကို တရားစွဲဆိုထားကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရားစွဲခံရသူ အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုလူမျိုး ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်ပြီး ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံသား အများအပြားကိုလည်း တရားစွဲဆိုထားတယ်လို့ Pattaya Mail က ဖော်ပြပါတယ်။ပြီးခဲ့တဲ့ခြောက်လအတွင်း ဖမ်းဆီးခံရတဲ့ ဥရောပသား၊

Read More
အလုပ်သမား သတင်း

ထိုင်းတောင်ပိုင်းမှာ မြန်မာလုပ်သား ၂၀ကျော် ဖမ်းဆီးခံရ

ထိုင်းတောင်ပိုင်းမှာ မြန်မာလုပ်သား ၂၀ကျော် ဖမ်းဆီးခံရ ဧပြီ ၂ရက်၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ကျော်လိုက်ပါလာတဲ့တွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။နောက်ခန်းမှာ ရွှေ့ပြောင်းလုပ်သားတွေ လဲလျောင်းလိုက်ပါလာတဲ့ အဲဒီယာဉ်တွေကို ချူဖွန်ခရိုင်ထဲက အဝေးပြေးလမ်းမ စစ်ဆေးရေးဂိတ်တစ်ခုမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Read More
အလုပ်သမား သတင်း

စင်္ကာပူက မြန်မာသံရုံးမှာ ပတ်စ်ပို့စာအုပ်ကြေး တိုးမြှင့်သတ်မှတ်

စင်္ကာပူက မြန်မာသံရုံးမှာ ပတ်စ်ပို့စာအုပ်ကြေး တိုးမြှင့်သတ်မှတ် ဧပြီ ၁ ရက်၊ Migrant Times စင်္ကာပူနိုင်ငံမှာ ပတ်စ်ပို့စာအုပ်ကြေး တိုးမြှင့်ကောက်ယူမယ်လို့ အဲဒီနိုင်ငံက မြန်မာသံရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ပတ်စ်ပို့စာအုပ်ကြေးကို လက်ရှိမှာ စင်္ကာပူဒေါ်လာ ၄၅ ဒေါ်လာ ကောက်ခံနေရာကနေ ဧပြီလ ၃ရက်ကစပြီး ဒေါ်လာ ၆၀ ကောက်ခံမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုလိုစာအုပ်ကြေးတိုးမြှင့်လိုက်ပေမယ့် သက်တမ်းလွန်ဒဏ်ကြေး၊ နှစ်ကျော်ဒဏ်ကြေးနဲ့ စာအုပ်ပျောက်ဆုံးမှုဒဏ်ကြေးတွေကိုတော့ ပြောင်းလဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ပတ်စ်ပို့စာအုပ်ကြေးတိုးမြှင့်လိုက်တဲ့အတွက် စင်္ကာပူရောက် မြန်မာတွေအတွက် ငွေကြေးကုန်ကျမှုပိုများလာစေမှာဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။” ပတ်စ်ပို့ သက်တမ်းတိုးတာကိုတော့ အဆင်ပြေအောင်လုပ်မပေးဘူး။ စာအုပ်ကြေးကျတော့ တိုးလိုက်တယ် ” လို့ စင်္ကာပူရောက် မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။လက်ရှိစင်္ကာပူနိုင်ငံမှာ သံရုံးက ပတ်စ်ပို့သက်တမ်းတိုးချင်တဲ့သူတွေကို ရက်ချိန်းပေးရာမှာ အချိန်ကြန့်ကြာတာတွေဖြစ်နေတယ်ဆိုပြီး ဝေဖန်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။ အဲဒီလို ပတ်စ်ပို့စာအုပ်ကြေးကို ပြီးခဲ့တဲ့လကလည်း

Read More
စီးပွားရေး အလုပ်သမား သတင်း

ဂျပန်က မြန်မာလုပ်သား ၉၀၀ နီးပါးထပ်ခေါ်မယ်

ဂျပန်က မြန်မာလုပ်သား ၉၀၀ နီးပါးထပ်ခေါ်မယ် မတ် ၃၁ ရက်၊ Migrant Times ဂျပန်နိုင်ငံက မြန်မာလုပ်သား ၉၀၀ နီးပါးကို ထပ်ပြီးခေါ်ယူဖို့ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။မြန်မာအလုပ်သမားတွေခေါ်ယူဖို့ ဂျပန်နိုင်ငံရှိ စက်ရုံ၊ ကုမ္ပဏီတွေက ကမ်းလှမ်းလာတဲ့အလုပ်ခေါ်စာ ၂၈၄ခုကို မတ်လ ၁၆ကနေ ၃၁ရက်အထိစိစစ်ပြီးတဲ့နောက် စာရင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အဲဒီလို စီစစ်ပြီး အလုပ်ခေါ်စာအရ ခေါ်ယူလိုတဲ့ မြန်မာလုပ်သားဦးရေ ၈၅၅ဦးရှိတယ်လို့လည်း ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။ ခေါ်ယူမူအများ​ဆုံးအလုပ်တွေက စားသောက်ကုန်ဝန်ဆောင်မူ၊ စိုက်ပျိုးရေးနဲ့ သက်ကြီးရွယ်အိုစောင့် ရှောက်ရေးဂေဟာ လုပ်သားတွေဖြစ်တယ်လို့ ဂျပန်ကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတချို့ထံက သိရပါတယ်။”ခေါ်တာတော့စုံတယ်။ သင်တန်းသားလုပ်သားတွေရော၊ ကျွမ်းကျင်တွေရောပဲ။ကျွမ်းကျင်လုပ်သားခေါ်တာတွေတော့ပိုများလာတယ်”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဂျပန်နိုင်ငံက ကိုဗစ်အလွန် ပြီးခဲ့တဲ့နှစ်မတ်လလောက်ကစပြီး မြန်မာလုပ်သားတွေကိုဆက်တိုက်ခေါ်ယူလာတာ ဖြစ်ပါတယ်။အဲဒီလို မြန်မာလုပ်သားပြန်လည်ခေါ်ယူတဲ့ ၁နှစ်အတွင်း ဂျပန်နိုင်ငံကိုသွားရောက်လုပ်ကိုင်တဲ့မြန်မာလုပ်သားဦးရေ ၁၅,၀၀၀

Read More
စီးပွားရေး

Uniqlo ထုတ်လုပ်တဲ့ဂျပန်ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်

Uniqlo ထုတ်လုပ်တဲ့ဂျပန်ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ် မတ် ၃၀ရက်၊ Migrant Times ဂျပန်နိုင်ငံရဲ့ Fast Retailing နဲ့ ယူကေရဲ့နာမည်ကြီး Marks & Spencer ကဲ့သို့သော နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ စိုးရိမ်ပူပန်မှုတွေအပြင် ထုတ်လုပ်မှုအခက်အခဲတွေကြောင့် မြန်မာနိုင်ငံရှိ သူတိို့ရဲ့ အပ်ထည်အထည်ချုပ်လုပ်ငန်းတွေကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။၂၀၂၁ ဖေဖော်ဝါရီမှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် နိိုင်ငံခြားကုမ္ပဏီတွေ အစုလိိုက်အပြုံလိုက် ထွက်ခွာမှုဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ပြည်တွင်းမိတ်ဖက်လုပ်ငန်းတွေမှာ လက်တွဲဖြုတ် စွန့်ခွာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေကို ဖြိိုခွင်းပြီး စစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်စွပ်စွဲခံနေရပါတယ်။ အဝတ်အထည်အမှတ်တံဆိပ်တွေဟာ ခြွင်းချက်တစ်ခုအဖြစ်ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ စက်ရုံငယ် တွေဆီမှာ အပ်ထည်ထုတ်လုပ်မှုနဲ့ ဝင်ငွေနည်းအလုပ်အကိုင်ပေးမှုဟာ ဆက်လက် ရှိနေခဲ့ပါတယ်။ ဒါပေမယ့်

Read More