September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

မလေးရှားမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေထံက မသမာတဲ့နည်းနဲ့ငွေကြေးတောင်းခံတာတွေရှိနေတယ်လို့ မြန်မာသံရုံးထုတ်ပြန်

မလေးရှားမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေထံက မသမာတဲ့နည်းနဲ့ငွေကြေးတောင်းခံတာတွေရှိနေတယ်လို့ မြန်မာသံရုံးထုတ်ပြန် မတ် ၂၃ ရ​က်၊ Migrant Times မလေးရှားနိုင်ငံမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေထံကနေ မသမာတဲ့နည်းနဲ့ငွေကြေးတောင်းခံတာတွေရှိနေတယ်လို့ ကွာလာလမ်ပူမြို့ရှိမြန်မာသံရုံးကထုတ်ပြန်ပါတယ်။နိုင်ငံကူးလက်မှတ်ပြုလုပ်တဲ့လုပ်ငန်းစဥ်​တွေအပေါ်မသိနားမလည်သူတွေကိုလိမ်လည်အမြတ်ထုတ်သူတွေက ငွေတောင်းခံတာတွေရှိနေတာလို့ ဆိုပါတယ်။သံရုံးအနေနဲ့မလေးရှားနိူင်ငံမှာနေထိုင်ခွင့်ကုန်ဆုံးသူတွေနဲ့နိူင်ငံကူးလက်မှတ်ထုတ်ယူဖို့ရက်ချိန်းကျော်သွားသူတွေကို လူသားချင်းစာနာမူနဲ့ နိူင်ငံသားတွေအဆင်ပြေစေဖို့ ဆောင်ရွက်ပေးခဲ့တဲ့ လုပ်ဆောင်ချက်တွေကိုအခွင့်ကောင်းယူပြီးလိမ်လည်အမြတ်ထုတ်မူတွေရှိနေတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါကြောင့် သတ်မှတ်ရက်ချိန်းအတိုင်းထုတ်ယူသူတွေကိုသာဦးစားပေးဆောင်ရွက်ပေးတော့မှာဖြစ်ပြီးသတ်မှတ်ရက်ချိန်းအတိုင်းအတိအကျဆောင်ရွက်ကြဖို့နဲ့ ရက်ချိန်းကျော်သွားသူတွေကိုပြန်လည်စီစစ်ဆောင်ရွက်ပေးမယ်လို့အသိပေးထားပါတယ်။ဒါ့အပြင် နိူင်ငံကူးလက်မှတ်ပြုလုပ်မူနဲ့ပတ်သက်လို့ သတင်းအမှားဖြန့်ဝေနေသူတွေကိုလည်းဖော်ထုတ်အရေးယူဆောင်ရွက်မယ်ဆိုပြီး လည်းဖော်ပြထားပါတယ်။အဲဒီလို နိူင်ငံကူးလက်မှတ်ပြုလုပ်သူများထံမှငွေကြေးတောင်းခံသူများထဲတွင် သံရုံးဝန်ထမ်းများလည်းပါဝင်ပတ်သက်နေပြီးအဲဒါကိုတော့ ထုတ်ပြန်ချက်မှာထိန်ချန်ထားတယ်လို့ မလေးရှားရောက်မြန်မာနိူင်ငံသားတချို့ကဆိုပါတယ်။ “သူဝန်ထမ်းတွေကပဲ ရစ်တာ၊ငွေရှာနေတာကျနှုတ်ပိတ်နေတယ်။သံရုံးမှာပတ်စ်ပို့ကိစ္စလုပ်ဖို့ဘယ်လောက်ဒုက္ခများလဲဆိုတာကြုံဖူးသူတွေသိတယ်”လို့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကပြောပါတယ်။လက်ရှိမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ရက်ချိန်းယူရင် လပေါင်းများစွာခွာပေးတာ၊ အမြန်လိုချင်သူတွေငွေပိုပေးရတာတွေရှိနေတယ်ဆိုပြီးလည်း မလေးရှားရောက်မြန်မာအသိုင်းအဝိုင်းအကြားပြောဆိုမှုတွေရှိနေပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းမှာ တိုက်ပေါ်က ရေလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရင်း မြန်မာလုပ်သား ဓာတ်လိုက် သေဆုံး

ထိုင်းမှာ တိုက်ပေါ်က ရေလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရင်း မြန်မာလုပ်သား ဓာတ်လိုက် သေဆုံး မတ် ၂၂ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ချဒါမှာ တိုက်အပေါ်ဆုံးထပ်က ရေလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရင်း မြန်မာလုပ်သား တစ်ဦးနဲ့ ထိုင်းအလုပ်သမား တစ်ဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ သိရပါတယ်။ဓာတ်လိုက်သတိလစ်နေတာကို တခြား လုပ်ဖော်ကိုင်ဖက်တွေက တွေ့ပြီး အ​ရေးပေါ်ကယ်ဆယ်ရေးလုပ်ပေးပေမယ့် သေဆုံးသွားတာလို့ ဆိုပါတယ်။သေဆုံးသူ ၂ ဦးဟာ ရေလှောင်ကန်သန့်ရှင်းရေး ပုံမှန်လုပ်နေကျသူတွေဖြစ်ပြီး အရင်က အခုလိုမျိုး မကြုံဖူးကြောင်း အလုပ်သမားတွေက ဆိုပါတယ်။ ရေစုပ်စက်နဲ့ ရေပိုက်ထဲဲမှာ လျှပ်စစ်မီးယိုစိမ့်မှုဖြစ်နိုင်တယ်လို့ အလုပ်သမား​တွေက သုံးသပ်ပေမယ့် တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်ကို စောင့်ကြည့်ရမှာလို့ ဆိုပါတယ်။အခုလိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်စေဖို့ ရေ၊မီးလျှပ်စစ် လုပ်ငန်းလုပ်ရာမှာ အနည်းဆုံး ၂ ဦးအထက် ထားပေးရင်

Read More
အလုပ်သမား သတင်း

မြန်မာဂဟေဆက်ကျွမ်းကျင်လုပ်သား ၃၆ ဦးကိုရီးယားကိုထပ်မံရောက်ရှိ

မြန်မာဂဟေဆက်ကျွမ်းကျင်လုပ်သား ၃၆ ဦးကိုရီးယားကိုထပ်မံရောက်ရှိ မတ် ၂၂ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံရှိသင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်မယ့် မြန်မာဂဟေဆက်ကျွမ်းကျင်လုပ်သား ၃၆ဦး ဟာမနေ့ကထပ်မံရောက်ရှိခဲ့တယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကျွမ်းကျင်လုပ်သားE-7-3 ဗီဇာနဲ့ ရောက်ရှိလာတဲ့အဲဒီအလုပ်သမား ၃၆ဦးဟာ Hyundai MIPO Dockyard သင်္ဘောကျင်းမှာဝင်ရောက်လုပ်ကိုင်ကြမှာလို့သိရပါတယ်။အဲဒီအလုပ်သမားတွေဟာ ဒီနှစ်ထဲတတိယအသုတ်အနေနဲ့ရောက်ရှိလာတာဖြစ်ပြီးမတ်လ၁၇ရက်က ၃၃ဦးနဲ့ မတ်လ၁၂ရက်က ၁၇ဦးရောက်ရှိခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ၁၀ရက်အတွင်း ဂဟေဆက်ကျွမ်းကျင်လုပ်သား ၈၆ဦးကို တောင်ကိုရီးယားနိူင်ငံဆီစေလွှတ်နိူင်ခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားနိူင်ငံက ဒီနှစ်မှာ သင်္ဘောကျင်းလုပ်ငန်းအတွက် မြန်မာလုပ်သား ၅၀၀ ကိုခေါ်ယူဖို့သတ်မှတ်ထားပြီး ပုဂ္ဂလိကအေဂျင်စီ ၆ခုနဲ့သဘောတူညီမူရရှိထားတာဖြစ်ပါတယ်။”ဆက်တိုက်ထပ်လွှတ်ဖို့ရှိတယ်၊တချို့တွေကသင်တန်းမပြီးသေးဘူး”လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သင်္ဘောကျင်းအတွက်ကျွမ်းကျင်လုပ်သားကို မနှစ်ကမြန်မာနိူင်ငံကနေ ဦးရေ ၁၀၀ ကျော်ခေါ်ယူဖို့ကိုရီးယားနိူင်ငံက ကမ်းလှမ်းခဲ့ပြီး ဒီနှစ်မှာ ဦးရေ ၅၀၀ အထိတိုးမြှင့်သွားတာဖြစ်ပါတယ်။အဲဒီလုပ်ငန်းအတွက်ကို ပုဂ္ဂလိကအေဂျင်စီတွေနဲ့ချိတ်ဆက်ခေါ်ယူတာဖြစ်ပြီး EPSစနစ်နဲ့အလုပ်သမားတွေကိုတော့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကသာစေလွှတ်တာဖြစ်ပါတယ်။လက်ရှိအဲဒီနိူင်ငံမှာ မြန်မာလုပ်သားဦးရေ ၅၀၀၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေကြတယ်လို့လည်း အလုပ်သမားရေးရာမှတ်တမ်းတွေအရသိရပါတယ်။

Read More
အလုပ်သမား သတင်း

စက်ရုံလုပ်သားအများစု သင်္ကြန်ပိတ်ရက်မှာ နေရပ်ပြန်ဖို့ဝေခွဲမရသေးလို့ဆို

စက်ရုံလုပ်သားအများစု သင်္ကြန်ပိတ်ရက်မှာ နေရပ်ပြန်ဖို့ဝေခွဲမရသေးလို့ဆို မတ် ၂၁ ရက်၊ Migrant Time ရန်ကုန်က စက်ရုံလုပ်သားအများစုဟာ သင်္ကြန်ပိတ်ရက်မှာနေရပ်ပြန်ဖို့ဝေခွဲမရသေးဘူးလို့ပြောပါတယ်။အလုပ်သမားတွေအနေနဲ့ ပိတ်ရက်အတိအကျကိုစက်ရုံဘက်ကမထုတ်ပြန်သေးတာ၊ ယာဥ်စီးခမြင့်တက်တာ၊ နယ်မြေမတည်ငြိမ်တာမျိုးတွေရှိနေတာကြောင့် ခရီးသွားဖို့အတွက် အကြပ်ရိုက်နေတယ်လို့ဆိုပါတယ်။”တစ်နှစ်တစ်ခါတော့ကိုယ့်ဒေသကိုယ်ပြန်ချင်တာပေါ့၊အခြေအနေတွေကဘာမှန်းမသိတော့ မဆုံးဖြတ်ရသေးဘူး။နယ်တူအသိတွေလည်း အဲဒီအတိုင်းပဲ”လို့ စစ်ကိုင်းတိုင်းကနေလာရောက်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။ ဒါ့အပြင် မှတ်ပုံတင်ရှိသူတွေကိုသာ အဝေးပြေးလိုင်းတွေက လက်မှတ်ရောင်းပေးပြီး လမ်းမှာလည်း စစ်ဆေးတာများတဲ့အတွက် မှတ်ပုံတင်မရှိတဲ့အလုပ်သမားတွေ အခက်တွေ့နေတယ်လို့လည်း ဆိုပါတယ်။မှတ်ပုံတင်မူရင်းပြနိုင်တဲ့သူကိုပဲ လက်မှတ်ရောင်းပေးဖို့ကို ပြီးခဲ့တဲ့သင်္ကြန်ရုံးပိတ်ရက်ကတည်းက ကျင့်သုံးခဲ့တာကြောင့် အဲဒီတုန်းကလည်း နေရပ်မပြန်လိုက်ရသူတွေရှိခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။”မှတ်ပုံတင်မရှိလို့ မနှစ်ကလည်းမပြန်ဖြစ်ဘူး။ဒီနှစ်လည်းပြန်ဖြစ်မယ်မထင်ဘူး”လို့ ရွှေပြည်သာစက်မှုဇုန်မှစက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။ လက်ရှိမှာသင်္ကြန်ရုံးပိတ်ရက်အတွက် အဝေးပြေးကားလက်မှတ်တွေကို ကြိုတင်ရောင်းပေးနေပေမယ့် ဝယ်ယူသူနည်းနေသေးတယ်လို့လည်း အဝေးပြေးယာဥ်လိုင်းတွေထံကစုံစမ်းသိရပါတယ်။အဝေးပြေးလိုင်းတွေအနေနဲ့ ကိုဗစ်ကပ်ရောဂါစတင်ချိန်ကစပြီး သင်္ကြန်ပိတ်ရက်ခရီးသွားကျဆင်းမှုနဲ့ကြုံခဲ့ကြရတာဖြစ်ပြီး ဒီနှစ်လည်းအများကြီးမျှော်လင့်မထားဘူးလို့ဆိုပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းမှာ တရားမဝင်မြန်မာလုပ်သား တင်ဆောင်လာတဲ့ကား ဖမ်းဆီးခံရ

ထိုင်းမှာ တရားမဝင်မြန်မာလုပ်သား တင်ဆောင်လာတဲ့ကား ဖမ်းဆီးခံရ မတ် ၂၁ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ မင်မြို့၊ ဝမ်ဒို့ကျေးရွာ စမ်ဖရန်မှာ မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ပစ်ကပ်ကားတစ်စီး မနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။အဲဒီကားဟာ စစ်ဆေးရေးဂိတ်ကနေ မောင်းပြေးပေမယ့်ဝမ်ဖာရဖီမြို့အနီးမှာ ဖမ်းဆီးခံခဲ့ရတာပါ။ကားပေါ်မှာ မြန်မာလုပ်သား ၁၂ ဦး၊ ကျား ၄ ဦး၊ မ ၇ ဦး၊ ကလေးငယ်တစ်ဦးကို လိုက်ပါလာတယ်လို့ သိရပါတယ်။စံခလဘူရီးမြို့၊ ပရန်ဖဲကျေးရွာကနေ ကန်ကျနဘူရီမြို့ကို သွားရောက်ပို့ဆောင်မှာဖြစ်ပြီး ပို့ဆောင်ခ ဘတ် ၇၀၀၀ ကနေ ၈၀၀၀ထိရရှိပြီး ၄ ကြိမ်ခန့် ပို့ဆောင်ဖူးတယ်လို့ ကားသမားက ထွက်ဆိုခဲ့ပါတယ်။ဖမ်းဆီးမိသူအားလုံးကို ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ ကန်ကျနဘူရီ ရဲစခန်းကို ပို့ဆောင်မှာဖြစ်တယ်လို့ ကျိုချိုသတင်းဌာနမှာ ဖော်ပြထားပါတယ်။

Read More
အလုပ်သမား သတင်း

ရွှေ့ပြောင်းလုပ်သားတွေ ထပ်ခေါ်ဖို့ ထိုင်းအစိုးရ စီစဥ်

ရွှေ့ပြောင်းလုပ်သားတွေ ထပ်ခေါ်ဖို့ ထိုင်းအစိုးရ စီစဥ် မတ် ၂၀ ရက်၊ Migrant Times လာအို ၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ရွေ့ပြောင်းအလုပ်သမားသစ်တွေ ထပ်မံခေါ်ယူဖို့ ထိုင်းအစိုးရက စီစဥ်နေပါတယ်။အိမ်နီးချင်း လေးနိုင်ငံကနေ အလုပ်သမားသစ်ခေါ်ယူဖို့ စာရင်း ထပ်မံလက်ခံမယ်လို့ ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ ဒီကနေ့ ကျင်းပတဲ့ အစည်းအ‌​ဝေးမှာ အတည်ပြုခဲ့တာပါ။ထိုင်းနိုင်ငံရဲ့ အောက်ခြေသိမ်းအလုပ်သမား လိုအပ်ချက်အရ ​ပြည်ပကနေ အလုပ်သမားထပ်မံ​ခေါ်ယူဖို့ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးမှာ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းရောက်ရွှေ့ပြောင်း​မြန်မာလုပ်သားတစ်ဦး တခြားသူ ကျွေးတဲ့မုန့်စားပြီး ပစ္စည်းတွေ အခိုးခံရ

ထိုင်းရောက်ရွှေ့ပြောင်း​မြန်မာလုပ်သားတစ်ဦး တခြားသူ ကျွေးတဲ့မုန့်စားပြီး ပစ္စည်းတွေ အခိုးခံရ မတ်၂၀ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ဆာမွန်ပါရာကန်ပြည်နယ်၊ ဘန်ကောက်အနီး ဘန်နာမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးလိုင်းကားစောင့်နေတုန်း အမည်မသိ လူတစ်ဦးဆီကနွားနို့နဲ့ မုန့် စားသုံးမိပြီး သတိချို့ယွင်းခဲ့တယ်လို့ သိရပါတယ်။သူ့ကိုယ်မှာ ပါလာတဲ့ တန်ဖိုးရှိပစ္စည်း၊ ငွေ၊ ပတ်စပိုစ့်တွေပျောက်ဆုံးသွားတယ်လို့လည်း သိရပါတယ်။အခန်းပြန်ရောက်တဲ့အခါ သတိမရှိ​တော့လို့ ဆေးရုံပို့ခဲ့ရတယ်လို့ သူရဲ့ ဆွေမျိုးဖြစ်သူက ဆိုပါတယ်။

Read More
အလုပ်သမား သတင်း

ဟတ်ရိုင်မှာတွေ့တဲ့ အလောင်း သုံးလောင်းနဲ့ ပတ်သက်ပြီး သံသယရှိသူတွေ ဖမ်းမိ

ဟတ်ရိုင်မှာတွေ့တဲ့ အလောင်း သုံးလောင်းနဲ့ ပတ်သက်ပြီး သံသယရှိသူတွေ ဖမ်းမိ မတ် ၂၀ ရက်၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာခရိုင်၊ ဟတ်ရိုင်မြို့မှာ မြန်မာနိုင်ငံသားတွေလို့ ယူဆရတဲ့ အလောင်း သုံးလောင်း တွေ့ရှိခဲ့ပြီး ကျူးလွန်သူလို့ ယူဆရသူ ထိုင်းနိုင်ငံသား ၅ ဉီးကို ဒီကနေ့ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်က လည်ပင်းကို ဓားနဲလှီးဖြတ်ပြီး အသတ်ခံထားရတဲ့ အလောင်းသုံးလောင်းကို ဒေသခံတစ်ဉီးက အမှိုက်ကောက်ရင်း တွေ့ရှိခဲ့တာပါ။သုံးဉီးအနက် တစ်ဉီးဟာ အသက် ၁၄ နှစ်သာရှိသေးတယ်လို့ ထိုင်းမှုခင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အလောင်းတွေကို တွေ့ရှိချိန်မှာ သေဆုံးပြီး သုံးရက်ကြာမြင့်နေပြီဖြစ်တာကြောင့် အသေးစိတ်စစ်ဆေးဖို့ မလွယ်ကူပေမယ့် သေဆုံးသူတွေရဲ့လက်မှာ ပတ်ထားတဲ့ လူကုန်ကူးပွဲစားတွေရဲ့ အမှတ်သကေင်္ တကိုအခြေခံပြီး ကျူးလွန်သူတွေကို

Read More
အလုပ်သမား သတင်း

အခုရက်ပိုင်း ထိုင်းမှာ ဖမ်းဆီးခံနေရတဲ့ မြန်မာလုပ်သားတွေ နေရပ်ပြန်ပို့ခံရနိုင်ဖွယ်ရှိ

အခုရက်ပိုင်း ထိုင်းမှာ ဖမ်းဆီးခံနေရတဲ့ မြန်မာလုပ်သားတွေ နေရပ်ပြန်ပို့ခံရနိုင်ဖွယ်ရှိ မတ် ၂၀ ရက်၊ Migrant Times ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရပြီး မြန်မာနိုင်ငံပြန်ပို့ခံရနိုင်ဖွယ်ရှိတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ယူဆနေပါတယ်။“ အခုက တစ်ခါဖမ်းမိရင် ဆယ်ဂဏန်းလောက်ရှိနေတော့ သူတို့လည်း ထိန်းသိမ်းရတာ အခက်အခဲရှိတာမျိုး ရှိတယ်ထင်တယ်။ ကျွန်တော်တို့ ကြားထားတာတော့ ရာဂဏန်းလောက်ရှိလာရင် ရနောင်းကနေ ပြန်ပို့မယ်ပေါ့ ” လို့ AAC (မဟာမိတ်) အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနေလင်းသူက ဆိုပါတယ်။ အခုနှစ်ဆန်းပိုင်းကစလို့ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ ရာနဲ့ချီရှိနေနိုင်ပြီး ဒါဟာ နိုင်ငံကူးလက်မှတ်တွေ အလွယ်တကူလုပ်လို့မရနိုင်တာနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက သုံးသပ်နေကြပါတယ်။ထိုင်းနိုင်ငံ ပရကျွပ်ခီရီခန်ခရိုင်နဲ့ ကချနဘူရီခရိုင်အတွင်း မတ်လ

Read More
အလုပ်သမား သတင်း

ထိုင်းရာဘာခြံထဲမှာ အစာရေစာပြတ်နေတဲ့ မြန်မာတွေကို ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်

ထိုင်းရာဘာခြံထဲမှာ အစာရေစာပြတ်နေတဲ့ မြန်မာတွေကို ထိုင်းအာဏာပိုင်တွေ ကယ်ဆယ် မတ် ၂၀ ရက်၊ Migrant Times ထိုင်းနိုင်ငံ နခွန်ရာ့ချ်စီမာခရိုင်မှာရှိတဲ့ ရာဘာခြံတစ်ခုမှာ လူတစ်စု ပုန်းခိုနေတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ထိုင်းအာဏာပိုင်တွေက သွားရောက်ရှာဖွေခဲ့ရာကနေ အစာရေစာပြတ်နေတဲ့ မြန်မာနိုင်ငံသား ၃၉ ဉီးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ထိုင်းအာဏာပိုင်တွေက တိုင်ကြားချက်ကို လက်ခံရရှိပြီး မတ်လ ၁၇ ရက်မှာ သွားရောက်ရှာဖွေခဲ့တာ ဖြစ်ကြောင်းနဲ့ အာဟာရ ပြတ်လပ်မှုကြောင့် လမ်းလျှောက်ဖို့တောင် အခက်အခဲရှိနေသူတွေ ရှိနေတယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့ သိသလောက်တော့ ကယ်တင်တယ်ဆိုတာထက် သွားဖမ်းတာပေါ့နော်။ အဲဒီမှာ လူတွေက အခြေအနေဆိုးနေတယ်။ ပွဲစားက ဒီဘက်ကို ခေါ်လာပြီးကတည်းက အဲ့ဒီရာဘာခြံထဲမှာ ပစ်ထားခဲ့တာလို့ ပြောတယ်။ ဘာဆက်လုပ်မယ်တော့ မသိရသေးဘူး ”

Read More