September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

သင်္ကြန်ပိတ်ရက်အတွင်း အပိုဝင်ငွေရဖို့ အလုပ်ရှာသူတွေ များ

သင်္ကြန်ပိတ်ရက်အတွင်း အပိုဝင်ငွေရဖို့ အလုပ်ရှာသူတွေ များ မတ် ၂၉ ရက်၊ Migrant Times သင်္ကြန်ရက်ရှည်ပိတ်ရက်မှာ အပိုဝင်ငွေရဖို့ အဲဒီရက်အတွင်းနေ့စားနဲ့လုပ်နိုင်မယ့်အလုပ်ရှာသူတွေများနေတယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။ပိတ်ရက်မှာ ခရီးသွားဖို့မရှိသူတွေ၊ အပျော်ပါးအလည်ပတ်မလုပ်ချင်သူတွေထဲက အလုပ်သမားတချို့ဟာ အနားလည်းမယူဘဲ တခြားအလုပ်တစ်ခုလုပ်ချင်နေကြတာလို့ဆိုပါတယ်။”ဒီအတိုင်းကြီးနေနေရမှာထက် အဲဒီပိတ်ရက်မှာအပိုဝင်ငွေရအောင်ဆိုပြီးရှာနေကြတာ။သင်္ကြန်က အရင်လိုရေကစားတာတွေမရှိ​နိုင်ဘူးလေ” လို့ ကိုယ်တိုင်အလုပ်ရှာနေသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ တစ်ပိုင်တစ်နိုင် အိမ်တွင်းအထည်ချုပ်ရုံတွေက ပိတ်ရက်အတွင်း အလုပ်လုပ်ချင်သူတွေကို နေ့စားနဲ့ အလုပ်ပေးတာမျိုးတွေ ရှိနေတယ်လို့လည်း သူတို့က ပြောပါတယ်။”နေ့စား ရှစ်ထောင်၊ တစ်သောင်းပေးမယ်ဆိုတာမျိုးတွေ ရှိတယ်။ တချို့ကျတော့အထည်အရေအတွက်ပေါ်မူတည်ပြီးပေးမယ်ဆိုတာရော၊ ဒါပေမဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေဆိုတော့အများကြီးခေါ်မခိုင်းနိုင်ဘူး”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ဒီနှစ်သင်္ကြန်ပိတ်ရက်ဟာ ဧပြီလ ၈ ရက်ကနေ ၁၇ ရက်အထိ ဆယ်ရက်ကြာမှာဖြစ်ပြီး နယ်ဝေးကအလုပ်သမားအများစုက ဒေသတွင်းအခြေအနေတွေကြောင့် နေရပ်ပြန်ဖို့မရှိဘူးလို့သိရပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ ဖက်အိစံမှာ သေဆုံးခဲ့တဲ့ လင်မယားနှစ်ဉီးအမှု တရားရုံးမတင်နိုင်သေး

ထိုင်းနိုင်ငံ ဖက်အိစံမှာ သေဆုံးခဲ့တဲ့ လင်မယားနှစ်ဉီးအမှု တရားရုံးမတင်နိုင်သေး မတ် ၂၉ ရက်၊ Migrant Times ထိုင်းနိုင်ငံ ဥဘွန် ဖက်အိစံ ဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံသား လင်မယား သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရတယ်လို့ ဒီအမှုကို ကူညီပေးနေတဲ့ AAC (မဟာမိတ်) အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုနေလင်းသူက ပြောပါတယ်။“ ကျွန်တော်တို့ကို မိသားစုက အကူညီတောင်းလာလို့ လိုက်ကူညီဖြစ်တာပေါ့နော်။ သူတို့က သေမှုသေခင်းနဲ့ဖွင့်ထားတယ် ကျွန်တော်တို့က အသတ်ခံရတယ်ဆိုတာကို သက်သေတွေရှာပြီး အမှုပြန်ဖွင့်တာပေါ့နော်။ အခုထိတော့ တရားရုံးတင်နိုင်ဖို့အတွက် ကြိုးစားနေရတုန်းပါပဲ” လို့ ကိုနေလင်းသူက ရှင်းပြပါတယ်။ သေဆုံးခဲ့သူ လင်မယားနှစ်ဉီးဟာ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ကနေ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ ဝင်ရောက်လုပ်ကိုင်နေကြသူတွေ

Read More
ပြည်တွင်း

မြန်မာရွှေ့ပြောင်းလူငယ်တွေအတွက် ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပမယ်

မြန်မာရွှေ့ပြောင်းလူငယ်တွေအတွက် ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပမယ် မတ် ၂၉ ရက်၊ Migrant Times ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလူငယ်တွေအတွက်ပထမအကြိမ် ထိုင်းရိုးရာလက်ဝှေ့ ပြိုင်ပွဲ ( Thai Mauy Thai)ကို လာမယ့် ဧပြီလ ၁၃ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။ပြိုင်ပွဲဝင်လိုတဲ့ မြန်မာလူငယ်​ေတွအနေနဲ့ အမည်၊ အသက်၊ ကိုယ်အလေးချိန်နဲ့ မိမိတို့ ထိုးသတ်ခဲ့ဖူးတဲ့ လက်ဝှေ့ပွဲအရေအတွက်နဲ့ ဓာတ်ပုံ တစ်ပုံကို ဧပြီလ ၁၀ရက် နောက်ဆုံးထားပေးပို့ရမှာဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းလက်ဝှေ့အားကစားကို စနစ်တကျလေ့လာနိုင်စေဖို့၊ မြန်မာ​ရွှေ့ပြောင်းလူငယ်​‌တွေကြား ကြေးစား ( Professional) လက်ဝှေ့သမားတွေ ပေါ်ထွန်းလာစေဖို့၊ မြန်မာရွှေ့ပြောင်းလူငယ်​ေတွအနေနဲ့ အားကစားကို စိတ်ဝင်စားပြီး တရားမဝင်မူးယစ်ဆေးသုံးစွဲမှုတွေ လျော့နည်းပပျောက်စေဖို့ ရည်ရွယ်ပြီး အခုပြိုင်ပွဲကို ကျင်းပပေးတာလို့ ပြိုင်ပွဲကို ဦးဆောင်ကျင်းပပေးတဲ့ ပညာရေးနှင့်ဖွံ ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း

Read More
အလုပ်သမား သတင်း

စက်ရုံတချို့မှာ အလုပ်ရှင်ဘက်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်(အီးစီ)ကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေတယ်လို့ဆို

စက်ရုံတချို့မှာ အလုပ်ရှင်ဘက်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်(အီးစီ)ကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေတယ်လို့ဆို မတ် ၂၈ ရက်၊ Migrant Times ပြည်တွင်းစက်ရုံတချို့မှာ အလုပ်ရှင်တွေဘက်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်(အီးစီ)ကို တစ်ဖက်သတ်ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ အလုပ်သမားတွေနဲ့အလုပ်သမားအရေးလှုပ်ရှားသူတွေထံက သိရပါတယ်။အလုပ်ရှင်နဲ့အလုပ်သမားအကြား ရပိုင်ခွင့်နဲ့ လုပ်ငန်း တာဝန်တွေကို ထည့်သွင်းထားတဲ့ အီးစီစာချုပ်ကို အလုပ်ရှင်နဲ့စက်ရုံတာဝန်ရှိသူတွေက တစ်ဖက်သတ်ချိုးဖောက်မှုတွေ ရှိ​ေနတာလို့ သူတို့က ဆိုပါတယ်။”စာချုပ်ပါ အခွင့်အရေးတွေ မပေးတော့တာမျိုး၊ ပြစ်ချက်မရှိဘဲ အလုပ်ထုတ်တာမျိုးတွေ အလုပ်သမားတွေကြားမှာ ပိုကြုံလာရတယ်” လို့ ရွှေပြည်သာမြို့နယ်မှအထည်ချုပ်စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။ ဒါ့အပြင်တချို့စက်ရုံတွေမှာ အခုနောက်ပိုင်းခန့်တဲ့အလုပ်သမားတွေနဲ့ အီးစီစာချုပ်ချုပ်ဆိုဖို့ ပျက်ကွက်မှုတွေရှိလာနေတယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။အဲဒီလို အီးစီစာချုပ် ချိုးဖောက်တာ၊ စာချုပ်ချုပ်ဆိုဖို့ပျက်ကွက်တာတွေရှိရင် သက်ဆိုင်ရာမြို့နယ်အလုပ်သမားဦးစီးမှူးက တရားစွဲဆိုရမှာဖြစ်ပေမယ့် သူတို့ကိုယ်တိုင်က နှုတ်ပိတ်နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ “အလုပ်သမားဦးစီးတွေက အလုပ်ရှင်ကို မလွန်ဆန်ရဲတဲ့အခြေအနေ ဖြစ်နေတာ။ အရေးယူမှုမရှိတော့

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၃၀ ကျော် စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၃၀ ကျော် စေလွှတ် မတ် ၂၈ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၃၈ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံ မှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် (၅၃) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၄၂) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၃၈) ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၁၃၈) ဦးစေလွှတ်ခဲ့တယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ (မတ်လ ၂၈ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy, Seoul)

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်ပတ်ဝန်းကျင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ထိုင်းလဝက စစ်ဆေးမှုများလာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်ပတ်ဝန်းကျင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ထိုင်းလဝက စစ်ဆေးမှုများလာ မတ် ၂၆ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပတ်ဝန်းကျင်က ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက အခုရက်ပိုင်း ဝင်ရောက်စစ်ဆေးမှုတွေ များနေတယ်လို့ သိရပါတယ်။”ရိုးရိုးရဲ ပုလိပ်ဝင်ရင် သိပ်ကြောက်စရာမလိုဘူး။ဒီလို လဝက ဝတ္စုံ ဝတ်ပြီး ဝင်လာရင်တော့ဘတ်ရှိဘာညာ စိတ်မဝင်စားဘူး။ အကုန်စစ် ဖမ်းတာပဲ”လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။အလုပ်လုပ်ကိုင်ခွင့်ပြုစာအုပ်ထဲက အလုပ်ရှင်အမည်နဲ့လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်က အလုပ်ရှင်အမည်မတူဘူးဆိုရင်လည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

Read More
စီးပွားရေး

တိုက်ပွဲကြောင့် ထိုင်း – မြန်မာ အမှတ်(၁) တံတား ယာယီပိတ်ခဲ့သော်လည်း အခု ပြန်ဖွင့်

တိုက်ပွဲကြောင့် ထိုင်း – မြန်မာ အမှတ်(၁) တံတား ယာယီပိတ်ခဲ့သော်လည်း အခု ပြန်ဖွင့် မတ်လ ၂၅ ရက်၊ Migrant Times မြဝတီ ကုန်သွယ်ရေးဇုန် တိုက်ပွဲကြောင့် မြဝတီ – မဲဆောက် အမှတ် (၁) တံတားကို မြန်မာဘက်အခြမ်းက ယာယီပိတ်ထားခဲ့ပြီး ယခုအခါပြန်လည်ဖွင့်လှစ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ဒီကနေ့ မတ်လ ၂၅ ရက် နံနက်ပိုင်းက KNU/KNLA ပူးပေါင်းတပ်တွေက ကုန်သွယ်ရေးဇုန်မှာရှိနေတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြင်းထန်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြထားကြပါတယ်။ “ တိုက်ပွဲကြောင့် မနက်က တံတားကို ပိတ်လိုက်သေးတယ်။ ပိတ်တယ်ဆိုတာက ပြည်သူတွေကို မကပ်ခိုင်းတာပေါ့ ဂိတ်တွေချပြီး ပိတ်တာမျိုးတော့ မဟုတ်ဘူး။ အခုတော့ (မွန်းလွဲ

Read More
အလုပ်သမား သတင်း

စက်ရုံတွေမှာ နေ့စားအလုပ်သမားခန့်တာတွေပိုများလာ

စက်ရုံတွေမှာ နေ့စားအလုပ်သမားခန့်တာတွေပိုများလာ မတ် ၂၄ ရက်၊ Migrant Times စက်ရုံလုပ်ငန်းတွေမှာ လခစားထက် နေ့စားဝန်ထမ်းခန့်ထားမှုတွေပိုများလာတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။စက်ရုံတွေအနေနဲ့ လုပ်ခလစာ ပေးရတာသက်သာဖို့နဲ့ ဥပဒေပါအတိုင်း​ပေးရမယ့်အလုပ်သမားအခွင့်အရေးတွေကို ရှောင်လွှဲနိုင်ဖို့အတွက် နေ့စားအလုပ်သမားတွေကိုသာ ပိုပြီးအသုံးပြုလာကြတာလို့ သူတို့က ဆိုပါတယ်။”လခစားအမြဲတမ်းဝန်ထမ်းဆိုရင် ရုံးပိတ်ရက်တွေအတွက် လုပ်အားခခံစားခွင့်ရှိတယ်။နေ့စားတွေကျတော့အဲဒီလို    အခွင့်အရေးမရှိဘူး။နောက်ဆုံးအလုပ်ထုတ်ရင်တောင် ဥပဒေပါရပိုင်ခွင့်တွေမရနိုင်တာမျိုးတွေရှိတယ်”လို့ အထည်ချုပ်စက်ရုံအလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ အဲဒါကြောင့် စက်ရုံတချို့ဟာ လခစားဝန်ထမ်းတွေကိုအကြောင်းအမျိုးမျိုးနဲ့အလုပ်ထုတ်ပြီး နေ့စားဝန်ထမ်းတွေနဲ့အစားထိုးတာမျိုးတွေလုပ်လာတာရှိတယ်လို့လည်း လုပ်သားတွေကဆိုပါတယ်။”အလုပ်သမားခေါ်ရင် နေ့စားလုပ်နိုင်မယ့်သူတွေက အလုပ်ရဖို့အခွင့်အရေးပိုများတယ်။စက်ရုံတော်တော်များများမှာနေ့စားသမားတွေကတစ်ဝက်လောက်ရှိတယ်”လို့ ရွှေပြည်သာစက်မှုဇုန်မှအလုပ်သမားတစ်ဦးကပြောပါတယ်။နေ့စားအလုပ်သမားတွေဟာများသောအားဖြင့်တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ထက်မပိုတဲ့လုပ်အားခသာရရှိနေကြပြီး လုံလောက်မှုမရှိပေမယ့်အလုပ်အကိုင်ရှားပါးတာကြောင့် စိတ်မပါဘဲလုပ်နေကြရတာလို့ဆိုပါတယ်။လက်ရှိမှာ စက်ရုံတချို့ပိတ်သိမ်းတာ၊ လုပ်သားလျှော့ချတာတွေကြောင့် အလုပ်လက်မဲ့ဦးရေတိုးပွားနေပြီး အလုပ်ပြန်ရဖို့ခက်ခဲမူတွေရှိနေတယ်လို့လည်းသူတို့ကဆိုပါတယ်။

Read More
စီးပွားရေး

ထိုင်းနိုင်ငံက နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေထဲမှာ မြန်မာ အများဆုံးဖြစ်

ထိုင်းနိုင်ငံက နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေထဲမှာ မြန်မာ အများဆုံးဖြစ် မတ် ၂၃ ရက်၊ Migrant Times ထိုင်းနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်တာကြောင့်ဈေးကွက်မှာ လုပ်သားတွေ ပိုလိုအပ်လာပါတယ်။ထိုင်းအလုပ်သမားတွေအပြင် တခြားနိုင်ငံတွေက အလုပ်သမားတွေပါ လိုအပ်နေတာပါ။လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာနိုင်ငံသားတွေဟာ ထိုင်းမှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် လာအလုပ်လုပ်နေကြပါတယ်။ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ တရားဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၂,၆၄၂,၀၆၉ ဦး ရှိပါတယ်။အဲဒီအလုပ်သမားတွေထဲမှာ မြန်မာနိုင်ငံသားက အမ်ားဆုံးပါဝင်ပါတယ်။မြန်မာလုပ်သား ၁၉၁,၆၈၇၉ ဦး၊ ကမ္ဘောဒီးယားလုပ်သား ၄၉၈,၅၁၂ ဦး၊ လာအိုလုပ်သား ၂၂၅,၄၁၄ ဦးနဲ့ ဗီယက်နမ် လုပ်သား ၁,၂၆၄ ဦး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေပါတယ်။

Read More
အလုပ်သမား သတင်း

မဲဆောက်တွင် မြန်မာများနေထိုင်သော အဆောက်အဦးများ ထိုင်းစစ်တပ် စီးနင်း၊ မြန်မာ ၈၀ကျော် ဖမ်းဆီးခံရ

မဲဆောက်တွင် မြန်မာများနေထိုင်သော အဆောက်အဦးများ ထိုင်းစစ်တပ် စီးနင်း၊ မြန်မာ ၈၀ကျော် ဖမ်းဆီးခံရ မတ်လ ၂၃ရက်၊ Migrant Times ထိုင်းအာဏာပိုင်တွေဟာ မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၈၃ဦးကို ဖမ်းဆီးခဲ့ပြီး မဲဆောက်ရှိ အဆောက်အဦများကို ဝင်ရောက်စီးနင်းစဥ် စစ်ဘက်ဆိုင်ရာ ပစ္စည်းများနဲ့ ဆေးဝါးပစ္စည်းများကို သိမ်းဆည်းရမိတယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။မနေ့ နေ့ခင်းပိုင်းက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြိို့ မယ်ပရှိ လေးခန်းတွဲအဆောက်အဦး အခန်း ၄၀ နီးပါးကို ထိုင်းစစ်သား၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ ဒေသဆိုင်ရာအရာရှိများပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။ ထိုင်းထောက်လှမ်းရေးအစီရင်ခံစာများအရ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များရဲ့ တပ်ဖွဲ့ဝင်များ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(PDF)က မြောက်ပိုင်းနယ်စပ်ကို ဖြတ်ကျော်လာပြီး နေထိုင်ခိုလှုံနေတယ်လို့ တင်ပြမှုများရှိလို့ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။စီးနင်းမှုအတွင်း ကလေးငယ်များအပါအဝင်

Read More