နိုဝင်ဘာ 9, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

သတင်း အလုပ်သမား သတင်း

မဟာချိုင်တွင် မြန်မာလုပ်သား ၆ဝ နီးပါးထံမှ ဘတ်ငွေ ၃ သိန်းခန့်ကို ပွဲစားက လိမ်လည်သွား

စက်တင်ဘာ ၈ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် ၊ မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမား ၆ဝ နီးပါးထံမှ စုစုပေါင်း ဘတ်ငွေ ၃ သိန်းခန့်ကို ပွဲစားမငယ်နှင့် သူမ၏‌အမျိုးသားဆိုသူက လိမ်လည်သွားကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။ ၂ဝ၂၅ ခုနစ် ၊ မေလ အစပိုင်းတွင် မဟာချိုင်ဒေသ၊ ဝေလ(ဝပ်ထောင်)လမ်းတွင်နေသည့် ပွဲစား မငယ်နှင့် သူမ၏‌အမျိုးသား(လူကြိုပေးသူ)တို့သည် Tiktok အကောင့်မှတဆင့် တစ်ခါသုံး ပလပ်စတစ်ခွက်ထုတ်လုပ်သော လုပ်ငန်းတွင်အလုပ်သမားလိုကြောင်း ဖော်ပြခဲ့သည်။ အလုပ်လာရောက်လျှောက်ထားကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အယောက် ၆ဝ နီးပါးထံမှ လူတစ်ဦးလျှင် ကျန်းခေါက်ခ(သူဌေးပြောင်းခ) နှင့်စမတ်ခ(ဝန်ဆောင်ခ) ဘတ် ၅ဝဝဝ စီတောင်းခဲ့သည်။ အလုပ်သမားများအား ပွဲစားလင်မယားမှ မေလ ၁၅ ရက်နေ့ နှင့်

Read More
သတင်း အလုပ်သမား သတင်း

မလေးရှားရှိ KTV ဆိုင်တွင် မြန်မာအမျိုးသမီး ၂၁ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၈ ၊ Migrant Times ။ မလေးရှားနိုင်ငံ ၊ နီဂရီ ဆမ်ဘီလန်ပြည်နယ်၊ နီလိုင်းရှိ တော်ဝင်နန်းအမည်ရ မြန်မာကာရာအိုကေ (KTV) လုပ်ငန်းတစ်ခုကို စက်တင်ဘာလ ၆ ရက်နေ့ ညသန်းခေါင်ယံအချိန်၌ ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ဆောင်မှုပေးနေသည့်မြန်မာအမျိုးသမီး ၂၁ ဦးအားဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန (JIM)ကထုတ်ပြန်သည်။ JIM ထုတ်ပြန်ချက်အရ နှစ်ပတ်ကြာ ထောက်လှမ်းထားသည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ KTV လုပ်ငန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး လုပ်ငန်းကို စီမံခန့်ခွဲသူဟု သံသယရှိသော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် ဝန်ဆောင်မှု ပေးသူဟု သံသယရှိသော မြန်မာနိုင်ငံသား အမျိုးသမီး ၂ဝ ဦးလည်း ဖမ်းဆီးခံခဲ့ပြီး စုစုပေါင်း ၂၁ ဦးအား ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုများအရ

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် ရဲတစ်ဦးက ကြက်ဥရောင်းသည့် လင်မယားကိုပစ်သတ်ပြီး အဆုံးစီရင်

စက်တင်ဘာ ၆ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ပက်ချဘူရီပြည်နယ်ရှိ ဈေးတစ်ခုတွင် ယနေ့နံနက်၌ ကြက်ဥရောင်းချသည့် လင်မယားကို ရဲအရာရှိတစ်ဦး ပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ကြက်ဥဈေးနူန်း အငြင်းပွားရာမှ ရဲအရာရှိတစ်ဦးက ကြက်ဥရောင်းချသည့် လင်မယားကိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းကဖော်ပြသည်။ ပစ်ခတ်မှုသည် ပက်ချဘူရီ ၊ 18-metre ဈေးအတွင်းရှိ ဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ်တွင် ဆိုင်အတွင်း၌ သေဆုံးနေသည့် အသက် ၃ဝ ကျော်အရွယ် လင်မယားကိုတွေ့ရှိခဲ့သည်။ နှစ်ဦးစလုံးသည် 9mm SIG Sauer P320 သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခံရသည့် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ကြက်ဥဆိုင်နှင့် ပေ ၂၀ လောက်အကွာရှိ ရုပ်ရှင်ရုံ

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည် ၇ သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ် (ရုပ်/သံ)

Migrant Times ရဲ့ အပတ်စဉ် ရွှေပြောင်းရေးရာသတင်း အစီအစဉ်ကနေကြိုဆိုပါတယ်။ ပြည်တွင်း ပြည်ပ ရွှေပြောင်းအလုပ်သမားနဲ့ပတ်သက်တဲ့ သတင်းတွေကိုပြောပြပေးမှာပါ။

Read More
သတင်း အလုပ်သမား သတင်း

ဖူးခက်တွင် ဖွင့်ထားသည့် မြန်မာစားသောက်ဆိုင်ကို ရဲဝင်ဖမ်း

စက်တင်ဘာ ၆ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာစားသောက်ဆိုင်ကို ဒေသခံများ၏ တိုင်ကြားမှုများကြောင့် ရဲတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့၌ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ၎င်းဆိုင်သည် မြန်မာနိုင်ငံသားတစ်ဦးက တရားမဝင်ဖွင့်လှစ်ပြီး မြန်မာအလုပ်သမားများသာ ဝန်ထမ်းအဖြစ်ထားရှိကြောင်း သိရသည်။ ဘန်ကောက်ပို့စ် သတင်း၏ ဖော်ပြချက်အရ သူငယ်ချင်းဆိုင် အမည်ရှိ အဆိုပါ စားသောက်ဆိုင်သည် ဖူးခက်မြို့ ဘန်ကောက်လမ်းရှိ ဈေး(၁) နောက်တွင် တည်ရှိသည်။ ဆိုင်၏ဆိုင်းဘုတ်များ၊ မီနူးများ၊ မှာယူမှုစာရွက်များနှင့် ဘောင်ချာများအားလုံးကို မြန်မာဘာသာဖြင့် ရေးထားပြီး ဖောက်သည်အများစုမှာလည်း မြန်မာအသိုင်းအဝိုင်းမှ ဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် ဆိုင်၏ တာဝန်ခံဖြစ်သော အသက် ၃၇ နှစ်အရွယ် ကိုဇော်မင်းလတ်ကို ဖမ်းဆီးခဲ့ပြီး

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃၆ ဦး အလုပ်ပြန်ရ

စက်တင်ဘာ ၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊စီလချာမြို့ရှိ ကားအဲယားပစ္စည်းစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃၆ ဦး အလုပ်ပြန်ရခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ ထုတ်ပြန်သည်။ CI နှင့် PJ စာအုပ်များ ကိုင်ဆောင်သည့် မြန်မာအလုပ်သမား ၃၆ ဦးသည် ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် သက်တမ်းမှာ ၂ လမှ ၈ လအထိအသီးသီးရှိကြပြီး အလုပ်သမား ရပိုင်ခွင့်များကို စက်ရုံတာဝန်ရှိသူများထံ တောင်းဆိုပြီးနောက် အလုပ်ထုတ်ခံလိုက်ရကြောင်း ထုတ်ပြန်သည်။ ၎င်းတို့ထဲမှအချို့သည် စာအုပ်သက်တမ်းတိုးရန် ပိုက်ဆံသွင်းထားပြီး လုပ်အားခ တစ်လစာရရန်ကျန်ရှိနေကြောင်း WAG အဖွဲ့ မှသိရသည်။ မြန်မာအလုပ်သမားများက အကူအညီတောင်းသည့်အတွက် ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် သွားရောက်ဖြေရှင်းပေးခဲ့ကြောင်း WAG

Read More
သတင်း အလုပ်သမား သတင်း

ချင်းမိုင်မြို့ ကတ်လုံဈေးတွင် မြန်မာလုပ်သား ၆ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၄ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်ရှိ ဝရောရော့ဈေး(ကတ်လုံ)ဈေးတွင် တရားမဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမား ၆ ဦးအား စက်တင်ဘာလ ၃ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ မြန်မာနိုင်ငံသား ၆ ဦးသည် အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်ခြင်း ၊ ၎င်းတို့၏အလုပ်ရှင်နှင့်လုပ်ငန်းခွင်ကို မှတ်ပုံတင်အရာရှိထံ အသိပေးခြင်းမရှိခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ မြန်မာနိုင်ငံသား ၆ ဦးအား ဥပဒေအရ အရေးယူရန် ချင်းမိုင်မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း ချင်းမိုင်မြို့၊ မယ့်ရင်ရပ်ကွက်ရှိ စျေးတစ်ခုတွင် တရားမဝင်စျေးရောင်းခြင်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃

Read More
သတင်း အလုပ်သမား သတင်း

ဘန်ကောက်တွင် ကားပေါ်မှ ပြုတ်ကျပြီး မြန်မာအလုပ်သမားတစ်ဦး သေဆုံး

ဩဂုတ် ၃၁ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ Vibhavadi Rangsit လမ်းမပေါ်တွင် ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့၌ အသက် ၃ဝ အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ငါးတင် ပစ်ကပ်ကားတစ်စီးပေါ်မှ ပြုတ်ကျခဲ့ပြီး ယင်းနေရာတွင် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ Vibhavadi ရဲစခန်း၏ ကနဦးစစ်ဆေးမှုအရ ပစ်ကပ်ကားသည် အမြန်လမ်းမှ ထွက်သည့်လမ်းပေါ်တွင် အရှိန်လွန်ကာ လမ်းဘေးအတားအဆီးကို ဝင်တိုက်ခဲ့ပြီး ကားပေါ်မှ မြန်မာအလုပ်သမားသည် လမ်းမပေါ်သို့ လွင့်စင်ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ကပ်ကားယာဉ်မောင်းနှင့် အခြားအလုပ်သမား လေးဦးမှာလည်း မတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကာ ရဲတပ်ဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းတွင်ဖော်ပြသည်။ Photo – Khaosod #Migranttimes

Read More
သတင်း အလုပ်သမား သတင်း

ထိုင်း ကြက်သားဆော့စက်ရုံတွင် ရေနွေးအိုးပေါက်ပြီး မြန်မာအလုပ်သမားသေဆုံး

သြဂုတ် ၂၉ ၊ Migrant Times ။ ထိုင်းနိုင်ငံ ဆာလာပူလီမြို့ရှိ ကြက်သားဆော့ စက်ရုံတွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက်၌ ကြက်သားအိုးကျိုသည့် ရေနွေးအိုး ပွင့်ပေါက်ကာ ထိမှန်မှုကြောင့် မြန်မာ အလုပ်သမားတစ်ဦး မေ့လဲသွားခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။ အသက် ၂၂ အရွယ် မြန်မာအလုပ်သမား ကိုအောင်ဇော်လင်းသည် သြဂုတ်လ ၂၅ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဆာလာပူလီဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ပြီး သြဂုတ်လ ၂၇ရက်နေ့ နံနက် ၈ နာရီအချိန်တွင် သေဆုံးခဲ့ကြောင်းသိရသည်။ သြဂုတ် ၂၇ ရက်နေ့တွင် သေဆုံးသူ၏ဆွေမျိုးများမှ အကူညီတောင်းခံခြင်းကြောင့် ကူညီမှုများပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက ပြောကြားသည်။ “သူရဲ့ မိဘတွေ တက်လာဖို့စီစဉ်နေတယ် ကောင်လေးက

Read More
သတင်း အလုပ်သမား သတင်း

မြန်မာစျေးသည်တွေရန်ဖြစ်အပြီး မဲဆောက်စျေးကိုရဲဝင်ဖမ်း

ဩဂုတ် ၂၅ – Migrant Times ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်၊ မဲဆောက်စျေး(Phacharoen)အတွင်းရှိ မြန်မာဈေးသည်များအား ယနေ့နံနက် (၆) နာရီဝန်းကျင်အချိန်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ ယမန်နေ့(ဩဂုတ်လ ၂၄)ရက်နေ့တွင် မဲဆောက်စျေးအတွင်း မြန်မာစျေးသည်များ အချင်းချင်း အောဟစ်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည့် ရုပ်သံဖိုင်သည် လူမှုကွန်ရက်တွင် ပျံနှံခဲ့ပြီး ထိုင်းလူမျိးများက ဝေဖန်မှုများပြုလုပ်ခဲ့သည်။ ထို့နောက် ယနေ့နံနက်တွင် ထိုင်းအာဏာပိုင်များက ဈေးလုံခြုံရေးအတွက်ဆိုကာ ဝင်ရောက်စစ်ဆေးခဲ့ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြသည့် မြန်မာဈေးသည်များကို ဖမ်းဆီးကာဒဏ်ရိုက်ခဲ့ကြောင်း ထိုင်းသတင်းအချို့တွင်ဖော်ပြသည်။ ယနေ့ နံနက်ပိုင်း၌ ထိုင်းအာဏာပိုင်အဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ် ဈေးပတ်ဝန်းကျင်ရှိ အထောက်ထားမဲ့စျေးရောင်းသူများလည်း ဖမ်းဆီးခံရကာ စျေးဗန်းပစ္စည်းများလည်း သိမ်းဆည်းခဲ့ကြောင်း၊ အဖမ်းအဆီးများကြောင့် မဲဆောက်ဈေးတွင် လူရှင်းနေကြောင်း မဲဆောက်ဒေသခံ မြန်မာတစ်ဦးက ပြောကြားသည်။

Read More