မြန်မာ အလုပ်သမား ၂၈ ဦးလိုက်ပါလာသော ကားလမ်းဘေး ထိုးကျပြီးဖမ်းဆီးခံရ
စက်တင်ဘာ ၂၉ ၊ Migrant Times ။ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၈ ဦးလိုက်ပါလာသည့်ကားသည် စစ်ဆေးရေးဂိတ်ကို အရှိန်ပြင်းစွာဖြတ်သန်းပြီးနောက် လမ်းဘေးမြောင်းထဲ ထိုးကျကာ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် မြန်မာအလုပ်သမား ၂၈ ဦးပြည့်ကြပ်စွာလိုက်ပါလာသည့်ကားအား ကန်ချနဘူရီပြည်နယ်၊ထောင်းဖာဖုမ်မြို့နယ် လမ်းဆုံ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရပ်တန့်ခိုင်းသော်လည်း မောင်ပြေးခဲ့ကြောင်း သတင်းကဖော်ပြသည်။ ထို့နောက်ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးခဲ့ရာ ၎င်းကားသည် ကားတစ်စီးနှင့်တိုက်မိပြီး လမ်းဘေး ရေနုတ်မြောင်းထဲသို့ ထိုးကျသွားခဲ့ကာ ယာဉ်မောင်းထွက်ပြေးသွားခဲ့ကြောင်း ၊ ကားအတွင်တွင် အထောက်အထားစာရွက်စာတမ်းမပါရှိသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၈
