နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

သီတင်းကျွတ်ရုံးပိတ်ရက်အတွက် အဝေးပြေးကားတချို့ကြိုတင်လက်မှတ်စရောင်းနေပေမယ့် စုံစမ်းဝယ်ယူတဲ့လုပ်သားနည်းနေ

သီတင်းကျွတ်ရုံးပိတ်ရက်အတွက် အဝေးပြေးကားတချို့ကြိုတင်လက်မှတ်စရောင်းနေပေမယ့် စုံစမ်းဝယ်ယူတဲ့လုပ်သားနည်းနေ အောက်တိုဘာ ၃ ရက် အရုဏ်ဦး၊ Migrant Times သီတင်းကျွတ်ရုံးပိတ်ရက်အတွက် နယ်ပြန်မယ့်သူတွေကို အဝေးပြေးယာဥ်လိုင်းတချို့က ကြိုတင်လက်မှတ်စရောင်းပေးနေပေမယ့် ဝယ်ယူသူနည်းနေသေးတယ်လို့ယာဥ်လိုင်းတချို့ထံက သိရပါတယ်။အရင်ကသီတင်းကျွတ်ပိတ်ရက်အတွက် စက်ရုံလုပ်သားတွေကြိုတင်လက်မှတ်တွေ ဝယ်ယူတာ၊စုံစမ်းတာတွေတစ်လအကြိုလောက်ကတည်းကရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ မရှိသလောက်အေးနေတယ်လို့ဆိုပါတယ်။” ဝယ်မယ်ဆိုရင်တော့ရက်ချိန်းပေးရောင်းမလို့ပြင်ဆင်ထားတာ။အခုထိလာမေးတဲ့သူမရှိသေးဘူး။ထပ်စောင့်ကြည့်ရမှာပေါ့” လို့ရန်ကုန်မှ မကွေးကိုပြေးဆွဲနေတဲ့ ​ယာဥ်လိုင်း ပိုင်ရှင်တစ်ဦးကပြောပါတယ်။ ဒီနှစ်သီတင်းကျွတ်ရုံးပိတ်ရက်က သုံးရက်ပဲ ရှိပြီးရက်တိုတာကြောင့် ခရီးသွားလာဖို့အချိန်မလောက်တဲ့အတွက် ခရီးသွားနည်းသွားနိုင်တယ်လို့ ယာဥ်လိုင်းတချို့က ခန့်မှန်းပါတယ်။ရွှေပြည်သာစက်ရုံမှအလုပ်သမားတစ်ဦးက အထွေထွေကုန်ကျစရိတ်များပြီး ငွေအပိုမရှိတာကြောင့် မိသားစုဆီပြန်ဖို့မတတ်နိုင်သူတွေများတယ်လို့ ဆိုပါတယ်။” ကိုယ်တိုင်လည်းမပြန်တော့ဘူး။လမ်းစရိတ်ကုန်မယ့်ပိုက်ဆံပဲ အိမ်ပို့လိုက်တော့မယ်” လို့ ပြောပါတယ်။အဝေးပြေးယာဥ်လိုင်းတွေက     ကိုဗစ်ကပ်ရောဂါစတင်ချိန်ကစလို့ ရက်ကြီးခါကြီးပိတ်ရက်ခရီးသွားကျဆင်းမှုဒဏ်​ကြုံနေရတာဖြစ်ပြီး တစ်နှစ်ပြီးတစ်နှစ် ခရီးသွားနည်းလာနေတယ်လို့အဲဒီလုပ်ငန်းအသိုင်းအဝိုင်းထံက သိရပါတယ်။

Read More
အလုပ်သမား သတင်း

Sunday​ကော်ဖီမစ်ထုတ်တဲ့စက်ရုံမှာ အလုပ်ရှင်ပေးဆောင်ရမယ့် လူမှုဖူလုံရေးထည့်ဝင်ကြေးကို အလုပ်သမားလစာထဲက ဖြတ်တောက်နေတယ်လို့ဆို

Sunday​ကော်ဖီမစ်ထုတ်တဲ့စက်ရုံမှာ အလုပ်ရှင်ပေးဆောင်ရမယ့် လူမှုဖူလုံရေးထည့်ဝင်ကြေးကို အလုပ်သမားလစာထဲက ဖြတ်တောက်နေတယ်လို့ဆို အောက်တိုဘာ ၂ရက် အရုဏ်ဦး၊ Migrant Times လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ EVER SUNNY INDUSTRIALစက်မှု လုပ်ငန်းဆိုင်ရာ ရုံခွဲ Guiding Star Groupကုမ္ပဏီရဲ့စားသောက်ကုန် စက်ရုံမှာ အလုပ်ရှင်ဘက်ကပေးဆောင်ရမယ့် လူမှုဖူလုံကြေးတွေကို အလုပ်သမားရဲ့လစာထဲက ဖြတ်တောက်ခံနေရတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)က ထုတ်ပြန်ပါတယ်။ဖူလုံရေးကြေးဖြတ်ရာမှာ အလုပ်သမားပေးရမယ့် ပိုက်ဆံရော အလုပ်ရှင်က ပေးရမယ့် ပိုက်ဆံကိုပါ အလုပ်သမားတွေက သွင်းပေးနေရလို့ အလုပ်သမားတွေက ဆက်သွယ်အကူအညီတောင်းလာတာလို့ FGWMက ဆိုပါတယ်။” လစာထဲမှ အလုပ်သမား ၂ ရာခိုင်နှုန်း ၂၈၈၀ ကျပ်နဲ့ အလုပ်ရှင် ၃ ရာခိုင်နှုန်း ၄၃၂၀ ကျပ် ကျွန်မတို့ အဖြတ်ခံနေရပါတယ်” လို့ အလုပ်သမားတစ်ဦးက

Read More
အလုပ်သမား သတင်း

ဂျပန်က မြန်မာလုပ်သား ၁,၀၀၀ နီးပါးထပ်ခေါ်ဖို့ကမ်းလှမ်း

ဂျပန်က မြန်မာလုပ်သား ၁,၀၀၀ နီးပါးထပ်ခေါ်ဖို့ကမ်းလှမ်း အောက်တိုဘာ၂ရက် အရုဏ်ဦး၊ Migrant Times ဂျပန်နိုင်ငံက မြန်မာလုပ်သား ၁,၀၀၀ နီးပါးကို ထပ်ပြီးခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံးကသတင်းထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံရှိ ကုမ္ပဏီ၊ စက်ရုံနဲ့ အလုပ်ဌာနတွေက မြန်မာလုပ်သားခေါ်ယူဖို့ အလုပ်ကမ်းလှမ်းစာ ၃၁၄ စောင်ပေးပို့လာတဲ့အပေါ် သံရုံးက စက်တင်ဘာလ ၁၆ ရက်ကနေ အောက်တိုဘာလ ၂ရက်အထိ စိစစ်မှုပြုလုပ်ခဲ့တာလို့ဆို​ပါတယ်။ခေါ်ယူလိုတဲ့အလုပ်သမားဦးရေက ၉၈၆ ဦးဖြစ်ပြီး သံရုံးဘက်ကလိုအပ်တဲ့ စိစစ်မှုပြုလုပ်ပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ “ ခေါ်ယူတဲ့လုပ်သားအမျိုးအစားကတော့ နဂိုအတိုင်းပါပဲ။သိပ်ပြီးပြောင်းလဲတာမရှိဘူး” လို့ ဂျပန်နိုင်ငံကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ဂျပန်နိုင်ငံက ပုံမှန် အလုပ်သင်လုပ်သားတွေအပြင် အခုနောက်ပိုင်း ကျွမ်းကျင်လုပ်သားတွေကိုပါ တိုးမြှင့်ခေါ်ယူလာတာဖြစ်တယ်လို့ အေဂျင်စီတွေကဆိုပါတယ်။တိုကျိုမြို့ရှိသံရုံးက အလုပ်ကမ်းလှမ်းစာတွေကို တစ်လကို နှစ်ကြိမ်ခွဲစိစစ်ပေးနေတာဖြစ်ပြီး ထုတ်ပြန်ချက်တွေအရ တစ်လကို ကမ်းလှမ်းတဲ့လုပ်သားဦးရေ ၂,၀၀၀

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံခြားအလုပ်သမားတွေ ပြန်လာတာကြောင့် စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ ရာခိုင်နှုန်း တိုးလာ

ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံခြားအလုပ်သမားတွေ ပြန်လာတာကြောင့် စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ ရာခိုင်နှုန်း တိုးလာ အောက်တိုဘာ ၂ ရက် ခွန်သောမတ်၊ Migrant Times ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံရပ်ခြားကနေ အလုပ်သမားတွေပြန်လာတာကြောင့် စင်ကာပူနိုင်ငံ လူဦးရေဟာ တစ်နှစ်အတွင်း ၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ သိရပါတယ်။အခုနှစ် ဇွန်လမှာ စင်္ကာပူနိုင်ငံမှာ လူဦးရေ ၅ ဒသမ ၉ သန်းရှိပြီး ယမန်နှစ် ဇွန်လက ၅ ဒသမ ၆ သန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။စင်ကာပူနိုင်ငံ လူဦး‌ရေရဲ့ ၆၁ ရာခိုင်နှုန်းဟာ စင်ကာပူနိုင်ငံသား​ေတွဖြစ်ပြီး ၉ ရာခိုင်နှုန်းက အမြဲတမ်းနေထိုင်သူ​ေတွဖြစ်ကာ ၃၀ ရာခိုင်နှုန်းကတော့ နိုင်ငံခြားသားတွေဖြစ်ပြီး အလုပ်လာလုပ်သူ ဒါမှမဟုတ် ပညာသင်ကြားနေကြသူတွေဖြစ်ပါတယ်။အခု တိုးလာတဲ့လူဦးရေ အများစုဟာ နိုင်ငံခြားသား

Read More
အလုပ်သမား သတင်း

အစိုးရဝန်ထမ်းတွေ အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ နဲ့နေ့စားဝန်ထမ်းတွေ တစ်ရက် ၁,၀၀၀ ကျပ် တိုး

အစိုးရဝန်ထမ်းတွေ အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ နဲ့နေ့စားဝန်ထမ်းတွေ တစ်ရက် ၁,၀၀၀ ကျပ် တိုး စက်တင်ဘာ ၃၀ ရက် အရုဏ်ဦး၊ Migrant Times နိုင်ငံ့ဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေး တစ်လ ကျပ် ၃၀,၀၀၀ နဲ့ ဌာနဆိုင်ရာ နေ့စားဝန်ထမ်းတွေကို တစ်ရက် ကျပ် ၁,၀၀၀ တိုးပေးမယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။နိုင်ငံအတွင်း တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေဖို့အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်လကို ကျပ် ၃၀,၀၀၀နှုန်းနဲ့ လစဉ်ခံစားခွင့်ပြုမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်တာ​ဖြစ်ပါတယ်။အလားတူ အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေက နေ့စားလုပ်သားတွေရဲ့ လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈နာရီ အတွက် လက်ရှိသတ်မှတ်ထားတဲ့

Read More
အလုပ်သမား သတင်း

ကိုရီးယားဘာသာ အထူးသီးသန့်စာမေးပွဲမှာ မသမာတဲ့နည်းနဲ့​ဖြေရင် ဖြေဆိုခွင့် ၄ နှစ်ပိတ်ခံရမယ်လို့ဆို

ကိုရီးယားဘာသာ အထူးသီးသန့်စာမေးပွဲမှာ မသမာတဲ့နည်းနဲ့​ဖြေရင် ဖြေဆိုခွင့် ၄ နှစ်ပိတ်ခံရမယ်လို့ဆို စက်တင်ဘာ ၃၀ ရက် အရုဏ်ဦး၊ Migrant Times တောင်ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS- TOPIK)မှာ မသမာတဲ့နည်းနဲ့ဝင်ရောက်ဖြေဆိုမယ်ဆိုရင် ဖြေဆိုခွင့် ၄ နှစ်ပိတ်ပင်ခံရမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကကြေညာထားပါတယ်။Special EPS-TOPIKစာမေးပွဲမှာ မမှန်မကန်နည်းလမ်းတွေအသုံးပြုနိုင်တဲ့ စက်ပစ္စည်းတွေဖြစ်တဲ့ လက်ကိုင်ဖုန်း၊ကတ်ဆက်၊ MP3၊ လျှပ်စစ်လက်ကိုင်အဘိဓာန်၊ Apple Watch၊ Smart Watchတွေ ယူဆောင်ခွင့်ကိုလည်းတားမြစ်ထားပါတယ်။” ဖြေဆိုခွင့်ပိတ် အရေးယူမယ့်ကာလက အရင်စာမေးပွဲတွေထက် ပိုတယ်။ ဖြေမယ့်သူတွေ သတိထားရမယ်။ မှန်မှန်ကန်ကန် ဖြေဖို့ကို အကြံပြုချင်တယ် ” လို့ ကိုရီးယားဘာသာသင်တန်းနည်းပြတစ်ဦးက ပြောပါတယ်။အဲဒီစာမေးပွဲကို အောက်တိုဘာလ ၄ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဖြေဆိုခွင့်ရှိသူတွေရဲ့ဖြေဆိုရမယ့်ရက်နဲ့ အချိန်တွေကိုလည်း POEAက ကြေညာထားပါတယ်။

Read More
အလုပ်သမား သတင်း

ပတ္တရားမြို့မှာ မြန်မာအလုပ်သမား အချင်းချင်း ခိုက်ရန်ဖြစ်မှုများတာကြောင့် ထိုင်းရဲတွေ ပုံမှန်စစ်ဆေးဖို့ လိုနေတယ်လို့ဆို

ပတ္တရားမြို့မှာ မြန်မာအလုပ်သမား အချင်းချင်း ခိုက်ရန်ဖြစ်မှုများတာကြောင့် ထိုင်းရဲတွေ ပုံမှန်စစ်ဆေးဖို့ လိုနေတယ်လို့ဆို စက်တင်ဘာ ၂၇ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ အရှေ့ဘက် ခရီးသွားမြို့တော်လို့ နာမည်ကြီးတဲ့ ပတ္တယားမြို့လယ် တောင်ပတ္တရား ရပ်ကွက်မှာ မြန်မာအလုပ်သမားတွေ ဥပဒေမဲ့ မကြာခဏ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဥ်ကို ဒေသခံထိုင်းများက မပြောရဲကြကြောင်း ပတ္တယားမြို့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါတယ်။လွန်ခဲ့တဲ့ ၂ ရက်က မြန်မာအလုပ်သမားအချင်းချင်း ခိုက်ရန်ဖြစ်ပြီး ဥပဒေမဲ့စွာ သေနတ်နဲ့ ခြိမ်းခြောက် ပစ်ခတ်လို့ ြဖတ်သန်းသွားလာနေသူတွေကိုအထိတ်တလန့် ဖြစ်​စေခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ Soi Pattaya Sai 2၊ Soi 17 ခေါ် Soi VC၊ တောင်ပတ္တရားရပ်ကွက်က အရှေ့အလယ်ပိုင်း နိုင်ငံသားတွေနေထိုင်တဲ့ နေရာမှာ

Read More
အလုပ်သမား သတင်း

တရုတ်နိုင်ငံသို့ မြန်မာအလုပ်သမား ၁၄၀၀ ကျော် နေ့စဉ်သွားရောက် အလုပ်လုပ်

တရုတ်နိုင်ငံသို့ မြန်မာအလုပ်သမား ၁၄၀၀ ကျော် နေ့စဉ်သွားရောက် အလုပ်လုပ် စက်တင်ဘာ ၂၆ ရက် ခွန်သောမတ်၊ Migrant Times တရုတ်နိုင်ငံ နယ်စပ်ဒေသရှိ ဥယျာဉ်ခြံ၊ စက်ရုံ၊ အလုပ်ရုံတွေကို မြန်မာလူမျိုး​ေတွ နေ့စဥ် သွားရောက် အလုပ် လုပ်ကိုင်​နေကြောင်း သိရပါတယ်။တရုတ်နိုင်ငံ ပီကင်း ဗဟိုအစိုးရရဲ့ ( ၇ ) ရက်သက်တမ်းရှိ ၀င်ထွက်သွားလာမှု အထူးခွင့်ပြုချက်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီးနောက် မူဆယ်မြို့ နယ်စပ်၀င်ပေါက်မှာ မြန်မာအလုပ်သမား ၁၄၀၀ ကျော် နေ့စဉ် သွားရောက် အလုပ် လုပ်ကိုင်​ေနကြောင်း သိရပါတယ်။တရုတ်နိုင်ငံဘက်ကို သွားရောက်ကြသူတွေဟာ စစ်ဘေးရှောင် ဒုက္ခသည် အများစုဖြစ်ပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ် ကျေးရွာတွေက ဖြစ်ပါတယ်။ ကိုးကား-board.postjung.com

Read More
အလုပ်သမား သတင်း

ကိုရီးယားမှာ ရွှေ့ပြောင်းလုပ်သားကူညီထောက်ပံ့ရေးစင်တာတွေကို ဘတ်ဂျတ်ဖြတ်လိုက်လို့ မြန်မာနိုင်ငံသားတချို့အလုပ်လက်မဲ့ဖြစ်နိုင်

ကိုရီးယားမှာ ရွှေ့ပြောင်းလုပ်သားကူညီထောက်ပံ့ရေးစင်တာတွေကို ဘတ်ဂျတ်ဖြတ်လိုက်လို့ မြန်မာနိုင်ငံသားတချို့အလုပ်လက်မဲ့ဖြစ်နိုင် စက်တင်ဘာ ၂၅ ရက် အရုဏ်ဦး၊ Migrant Times တောင်ကိုရီးယားအစိုးရက ရွှေ့ပြောင်းလုပ်သားကူညီထောက်ပံ့ရေးစင်တာတွေကို ထောက်ပံ့မှုဖြတ်မယ့်အစီအစဥ်ကြောင့် အဲဒီစင်တာတွေမှာလုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတချို့အလုပ်လက်မဲ့ဖြစ်နိုင်တယ်လို့ အဲဒီနိုင်ငံရှိမြန်မာအလုပ်သမားအရေးကူညီနေသူတချို့က ပြောပါတယ်။တောင်ကိုရီးယားအစိုးရအနေနဲ့နှစ်စဥ်အဲဒီစင်တာတွေကို ဝမ် ၈ ဘီလီယံနီးပါး ထောက်ပံ့နေရာကနေ လာမယ့်နှစ်ကစပြီးထောက်ပံ့ပေးနေမှုဖြတ်တောက်မယ်ဆိုပြီးကြေညာထားတာဖြစ်ပါတယ်။ထောက်ပံ့ငွေမရှိတော့တာကြောင့် စင်တာတွေအနေနဲ့ပိတ်သိမ်းရမယ့်အခြေအနေရှိနေပြီး အဲဒီစင်တာတွေမှာဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာစကားပြန်ဝန်ထမ်းတွေအလုပ်ရပ်စဲခံရဖို့ရှိနေတာလည်းဖြစ်ပါတယ်။ “ ရိုက်ခက်မှုကတော့တော်တော်များနိုင်တယ်။ စင်တာတွေမရှိတော့ရင်အလုပ်သမားတွေလည်း အကူအညီတောင်းဖို့ခက်ခဲသွားမယ်။စင်တာမှာလက်ရှိလုပ်နေသူတွေကလူလျှော့တဲ့အထဲပါတာလည်းဖြစ်နိုင်သလို အပြီးရပ်စဲခံရမယ့်အခြေအနေတွေလည်းရှိနေတယ်” လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီနေသူတစ်ဦးကပြောပါတယ်။အဲဒီလို စင်တာတွေကိုထောက်ပံ့ငွေဖြတ်တောက်မယ့် အစိုးရရဲ့လုပ်ရပ်အပေါ် ကိုရီးယားနိုင်ငံသားတွေအပြင် နိုင်ငံခြားသားလုပ်သားတွေကကန့်ကွက်ကြောင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ်နေပြီးအဲဒီအစီအစဥ်မှာ မြန်မာလုပ်သားတွေလည်းပူးပေါင်းပါဝင်နေတယ်လို့သိရပါတယ်။ရွှေ့ပြောင်းလုပ်သားကူညီထောက်ပံ့ရေးစင်တာတွေဟာ နိုင်ငံခြားသားလုပ်သားတွေရဲ့ အလုပ်သမားအခွင့်အရေး၊ကျန်းမာရေးနဲ့ တခြားအလုပ်သမားရေးရာကိစ္စတွေကိုကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စင်တာ ၄၀ ကျော်ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

Read More
အလုပ်သမား သတင်း

နယူးဇီလန်မှာ အလုပ်သမားရှားပါးမှု ဖြေရှင်းဖို့ အလုပ်အကိုင် ၁၇ ခုအတွက် အမြန်လျှောက် ဗီဇာခွင့်ပြု

နယူးဇီလန်မှာ အလုပ်သမားရှားပါးမှု ဖြေရှင်းဖို့ အလုပ်အကိုင် ၁၇ ခုအတွက် အမြန်လျှောက် ဗီဇာခွင့်ပြု စက်တင်ဘာ၂၄ ရက် ခွန်သောမတ်၊ Migrant Times နယူးဇီလန်နိုင်ငံမှာ အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ Green List မှာ အလုပ်အကိုင် ၁၇ ခုကို ပေါင်းထည့်ပြီး နိုင်ငံခြားသား​ေတွအတွက် အမြန်လျှောက်ဗီဇာ ခွင့်ပြုပေးမှု တိုးချဲ့မယ်လို့ Bloomberg သတင်း အေဂျင်စီက ဖော်ပြပါတယ်။လေယာဉ် အင်ဂျင်နီယာ၊ ရေတပ်ဗိသုကာ/ရေတပ် ဒီဇိုင်နာ၊ စက်မှုအင်ဂျင်နီယာ နည်းပညာရှင်၊ သတင်းအချက်အလက်နည်းပညာ ဒေတာဘေ့စ် စီမံခန့်ခွဲသူနှင့် စနစ်စီမံခန့်ခွဲသူ၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာ၊ လမ်းကြိတ်စက် ကျွမ်းကျင်မောင်းနိုင်သူ၊လမ်းခင်း လမ်းလုပ်ငန်း ကြီးကြပ်ရေးမှူး၊ သတ္တုမျိုးစုံထုတ်လုပ်မှုနှင့် သတ္တုစက်ပြင်သူ၊ ဂဟေဆော်သူ Fitter (အထွေထွေ)၊ ကားဘော်ဒီ စက်ပြင်၊ ကားပန်းချီ ဆရာစတဲ့အလုပ်အကိုင်တွေကို

Read More