နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ဩစတြေးလျနိုင်ငံမှာ လုပ်သားဈေးကွက် ပြန်ကောင်းလာ

ဩစတြေးလျနိုင်ငံမှာ လုပ်သားဈေးကွက် ပြန်ကောင်းလာ စက်တင်ဘာ ၁၄ ရက် ခွန်သောမတ်၊ Migrant Times ဩစတြေးလျနိုင်ငံမှာ လုပ်သားဈေးကွက် ပြန်ကောင်းလာပြီး ဩဂုတ်လအတွင်း မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်လာကြောင်း ဩစတြေးလျ စာရင်းအင်းဗျူရို (ABS) က ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။ABSက ကောက်ယူထားတဲ့ အချက်အလက်​ေတွအရ ဩဂုတ်လမှာ အလုပ်လက်မဲ့နှုန်းဟာ ၃ ဒသမ ၇ ရာခိုင်နှုန်းမှာ တည်ငြိမ်နေပြီး အလုပ်အကိုင်ပေါင်း ၆၄,၉၀၀ တိုးလာကာ စျေးကွက်မျှော်မှန်းထားတာထက် ပိုမိုမြင့်မားပြီး ပြန်လည်ကောင်းမွန်လာမှုကို ညွှန်ပြနေကြောင်း သိရပါတယ်။ဩစတေးလျနိုင်ငံ အလုပ်သမားဈေးကွက်ဟာ အလွန်ခိုင်မာနေဆဲဖြစ်ပြီး အလုပ်သမား ဈေးကွက်မှာ ပါဝင်မှုနှုန်းဟာ ဩဂုတ်လမှာ ၆၇ ရာခိုင်နှုန်းကို ခုန်တက်သွားပြီး စံချိန်တင် အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရပါတယ်။ ကိုးကား-www.infoquest.co.th

Read More
အလုပ်သမား သတင်း

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီတချို့သတ်မှတ်လုပ်သားဦးရေပြည့်မီအောင် မစေလွှတ်နိုင်

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီတချို့သတ်မှတ်လုပ်သားဦးရေပြည့်မီအောင် မစေလွှတ်နိုင် စက်တင်ဘာ ၁၄ ရက် အရုဏ်ဦး၊ Migrant Times ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီတချို့ သတ်မှတ်ထားတဲ့ အလုပ်သမားအရေအတွက်ပြည့်မီအောင် လုပ်သားစေလွှတ်နိုင်ခြင်းမရှိဘူးလို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းထံက သိရပါတယ်။အေဂျင်စီအကျိုးဆောင်လိုင်စင်စည်းကမ်းမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုချင်းအလိုက် နှစ်စဥ်စေလွှတ်ရမယ့် အလုပ်သမားဦးရေသတ်မှတ်ချက်ရှိနေတာဖြစ်ပါတယ်။” တချို့ကျတော့ အေဂျင်စီလိုင်စင်သာ ယူထားတာ။တကယ်မလုပ်တာတွေရှိတယ်။ တချို့ကျတော့ လုပ်တော့လုပ်တယ်။ အဆက်အသွယ်နဲ့ ခေါ်စာနည်းလို့အရေအတွက်မပြည့်ကြတာတွေလည်းရှိနေတယ်” လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်စည်းကမ်းချက်မှာ နိုင်ငံအလိုက်လုပ်သားပို့မယ့် အေဂျင်စီတစ်ခုချင်းအလိုက် တစ်နှစ်ကိုအနည်းဆုံး ထိုင်းကို ၁၅၀ဦး၊ မလေးရှားကို ၄၀ဦး၊ ဂျော်ဒန်ကို ၂၅ဦး၊ စင်ကာပူ၊ယူအေအီး၊ကာတာ၊ မကာအို ကို ၁၀ဦးစီနဲ့ ဂျပန်ကို ၆ဦး ပို့ပေးနိုင်ရမယ်ဆိုပြီးသတ်မှတ်ထားတာဖြစ်ပါတယ်။သတ်မှတ်အရေအတွက်မပြည့်တဲ့အေဂျင်စီတွေအနေနဲ့ လိုင်စင်သက်တမ်းတိုးချိန်မှာ ဘာကြောင့်မပြည့်ရတာလဲဆိုတဲ့ အကြောင်းပြချက်နဲ့အသနားခံစာတင်ကြရတယ်လို့ လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ “ ကိုယ်တိုင်တိုက်ရိုက် ခေါ်စာမရရင် တခြားသူကပြန်ဝယ်ပြီးပို့ရတာမျိုးအဲဒီလိုဖြေရှင်းတာတွေလည်းရှိတယ်” လို့ သူကပြော​ပါတယ်။လက်ရှိမှာ မလေးရှားနိုင်ငံက

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ တရားမ၀င် မြန်မာလုပ်သား ၁၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ တရားမ၀င် မြန်မာလုပ်သား ၁၃ ဦး ဖမ်းဆီးခံရ စက်တင်ဘာ ၁၃ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသ အန်ထောင် – အယုဒ္ဓယ အဝေးပြေး ကားလမ်းမမှာ တရားမ၀င် မြန်မာ အလုပ်သမား ၁၃ ဦးကို တင်ဆောင်လာပြီး မောင်းပြေးတဲ့ ပစ်ကပ်ကားကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ တာယာ ၃ လုံးကွဲတဲ့အထိ မောင်းပြေးခဲ့​ေပမယ့် ဖမ်းဆီးမိခဲ့ကြောင်း သိရပါတယ်။ဖမ်းဆီးခံရတဲ့အလုပ်သမားအားလုံးဟာ မဲဆောက်မြို့ကနေ ဘတ်ငွေ ၁၅,၀၀၀ စီ ပွဲစားခပေးပြီး အယုဒ္ဓယပြည်နယ်ကို လာ​စဥ် ဖမ်းဆီးခံရတာလို့ ကားမောင်းသမားက ထွက်ဆိုပါတယ်။သူတို့ကို တရားဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်မှာဖြစ်ကြောင်း အန်ထောင်းမြို့နယ် စုံစမ်းစစ်ဆေးရေး ရဲမှူးကြီး Rachan Petcharuchi က

Read More
အလုပ်သမား သတင်း

ဥရောပမှာ ထုတ်လုပ်တဲ့ LG ဘက်ထရီဟာ အရည်အသွေးလိုအပ်ချက်နဲ့ ကုန်ထုတ်လုပ်မှု နှောင့်နှေးတာတွေ ကြုံနေရတယ်လို့ဆို

ဥရောပမှာ ထုတ်လုပ်တဲ့ LG ဘက်ထရီဟာ အရည်အသွေးလိုအပ်ချက်နဲ့ ကုန်ထုတ်လုပ်မှု နှောင့်နှေးတာတွေ ကြုံနေရတယ်လို့ဆို စက်တင်ဘာ ၁၃ ရက် ခွန်သောမတ်၊ Migrant Times ပိုလန်နိုင်ငံ၊ Wroclaw မြို့မှာ ထုတ်လုပ်တဲ့ တောင်ကိုရီးယား LG ဘက်ထရီဟာ အရည်အသွေး လိုအပ်ချက်နဲ့ ကုန်ထုတ်လုပ်မှု နှောင့်နှေးမှုတွေ ရင်ဆိုင်နေရတယ်လို့ Bloomberg သတင်းဌာနမှာ ဖော်ပြထားပါတယ်။တောင်ကိုရီးယား LG Energy Solution ဘက်ထရီ ထုတ်လုပ်တဲ့ကုမ္ပဏီဟာ ပိုလန်နိုင်ငံမှာ ရှိပြီး ထုတ်ကုန် နှောင့်နှေးမှု ကြုံတွေ့နေရကြောင်း ဆိုးလ်မြို့မှာ ကျင်းပတဲ့ ကိုရီးယား ရင်းနှီးမြှုပ်နှံမှု ရက်သတ္တပတ် ညီလာခံမှာ LG နည်းပညာ အရာရှိချုပ် မစ္စတာ Yangjun Shin က ပြောပါတယ်။LG Energy Solution

Read More
အလုပ်သမား သတင်း

စက်ရုံတချို့ လုပ်ခ ၅၆၀၀ သတ်မှတ်ထားပေမယ့် အလုပ်ထုတ်ခံရသူတွေကို ၄၈၀၀ကျပ်နဲ့ပဲ ရှင်းပေးနေတယ်လို့ဆို

စက်ရုံတချို့ လုပ်ခ ၅၆၀၀ သတ်မှတ်ထားပေမယ့် အလုပ်ထုတ်ခံရသူတွေကို ၄၈၀၀ကျပ်နဲ့ပဲ ရှင်းပေးနေတယ်လို့ဆို စက်တင်ဘာ ၁၃ ရက် အရုဏ်ဦး၊ Migrant Times စက်ရုံတချို့က တရက်လုပ်ခကို ၅၆၀၀ ကျပ်သတ်မှတ်ပေးထားပေမယ့် အကြောင်းအမျိုးမျိုးနဲ့ အလုပ်ထုတ်ခံရသူတွေကို ၄၈၀၀ ကျပ်နဲ့ပဲ ရှင်းပေးနေတယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။အလုပ်ထုတ်ခံရသူတွေရဲ့ လုပ်ခနဲ့ ဥပဒေပါ နစ်နာကြေးတွေကို စက်ရုံဘက်က ၄၈၀၀ ကျပ်နဲ့ပဲ ရှင်းပေးနေတာကြောင့် အလုပ်သမားတွေ နစ်နာနေကြရတယ်လို့ ဆိုပါတယ်။” ၅၆၀၀သတ်မှတ်ထားရင် ၅၆၀၀ ပေးရမှာပေါ့။ အခုက မလိမ့်တပတ်နဲ့ ၄၈၀၀နဲ့ရှင်းပေးနေတာ။အလုပ်သမားတွေကပြဿနာရှည်မှာစိုးလို့ ငြိမ်ခံနေရတယ်” လို့ ရွှေပြည်သာမြို့နယ်မှ စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။ အဲဒီလို အလုပ်ထုတ်ခံရတဲ့လုပ်သားတွေကို လုပ်ခနှုန်းလျှော့ ထုတ်ပေးတဲ့သတင်းတွေထွက်နေပေမယ့် ဆက်သွယ်တိုင်ကြားသူတော့ရှိမနေသေးဘူးလို့ ပြည်တွင်းအခြေစိုက်အလုပ်သမားအဖွဲ့အစည်းတချို့ကဆိုပါတယ်။ရန်ကုန်မြို့ရှိစက်ရုံတချို့ဟာ ဇွန်လကစပြီး တစ်ရက်လုပ်ခကို ကျပ်၄၈၀၀ ကျပ်ကနေ ၅၆၀၀

Read More
အလုပ်သမား သတင်း

တရားမ၀င် နယ်စပ်ဖြတ်ကျော်မယ့် ဆိုင်ကယ်တွေဖမ်းဆီးခံရ

တရားမ၀င် နယ်စပ်ဖြတ်ကျော်မယ့် ဆိုင်ကယ်တွေဖမ်းဆီးခံရ စက်တင်ဘာ ၁၂ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းပြည်နယ်၊ Mae Fah Luang မြို့နယ်၊ Ban Pong Hai အနီး ထိုင်းနယ်စပ်မှာ မြန်မာကို ပို့ဆောင်မယ့် တရားမ၀င် ဆိုင်ကယ် ၄ စီးကို ဖမ်းဆီးရမိကြောင်း မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။ကနဦးစစ်ဆေးမှုအရ HONDA အမှတ်တံဆိပ် ယာဉ် ၄ စီးလုံးဟာ အခြေအနေအသစ်ဖြစ်ပြီး လိုင်စင်နံပါတ်ပြားမပါရှိဘဲ PCX မော်ဒယ် ၂ စီး၊ Wave 110 နဲ့ 125 မော်ဒယ်၂ စီးကို သိမ်းဆည်းရမိကြောင်း သိရပါတယ်။ထိုင်းဘုရင်တော်၀င်တပ် – ၃၁၀၇    ရိန်းဂျားတပ်ရင်း၊ အထူးတပ်ဖွဲ့ ၃၁ တပ်ရင်းနဲ့

Read More
အလုပ်သမား သတင်း

လုပ်ခတိုးတောင်းလို့ အလုပ်သမားတွေ ဖမ်း​ဆီးခံရတဲ့ စက်ရုံနှစ်ရုံကို အလုပ်သမားဝန်ကြီး ဝင်စစ်

လုပ်ခတိုးတောင်းလို့ အလုပ်သမားတွေ ဖမ်း​ဆီးခံရတဲ့ စက်ရုံနှစ်ရုံကို အလုပ်သမားဝန်ကြီး ဝင်စစ် ဩဂုတ် ၁၀ ရက် အရုဏ်ဦး၊ Migrant Times အနည်းဆုံးလခတိုးပေးဖို့တောင်းဆိုရာကနေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အလုပ်သမားတွေ လုပ်ကိုင်ခဲ့တဲ့ စက်ရုံနှစ်ရုံကို အလုပ်သမားဝန်ကြီးက သွားရောက်စစ်ဆေးခဲ့တယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ဝန်ကြီးဦးမြင့်နောင်ဟာ မနေ့က Sun Apperal Myanmar နဲ့ ဟိုစိမ့်(မြန်မာ)စက်ရုံတို့ကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီစက်ရုံနှစ်ရုံကို​ ရောက်ရှိစဥ် စက်ရုံတာဝန်ရှိသူတွေရဲ့ တင်ပြချက်​တွေအပေါ် ကုန်အမှာ စာရရှိမှု၊ ကုန်ထုတ်လုပ်မှု၊ လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ လုပ်ခလစာပေးချေမှုအခြေအနေကို မေးမြန်းခဲ့ပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနဲ့ ကုန်ထုတ်လုပ်မှုတိုးတက်စေရေး လမ်းညွှန်မှာကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အ​ပြင် အလုပ်သမားရေးရာ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီတို့နဲ့ တွေ့ဆုံခဲ့​ပြီး အလုပ်သမားတွေရဲ့ အခက်အခဲ၊

Read More
အလုပ်သမား သတင်း

စင်ကာပူနိူင်ငံကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် (NSSA)ရရှိသူများသာစေလွှတ်တော့မယ်လို့ဆို

စင်ကာပူနိူင်ငံကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် (NSSA)ရရှိသူများသာစေလွှတ်တော့မယ်လို့ဆို စက်တင်ဘာ ၉ ရက် အရုဏ်ဦး၊ Migrant Times စင်ကာပူနိူင်ငံရှိဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် (NSSA)ရရှိသူများသာစေလွှတ်တော့မယ်လို့ အလုပ်သမားဝန်ကြီးဦးမြင့်နောင်က ပြောပါတယ်။မနေ့ကပြုလုပ်တဲ့ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)မှာ ဖွင့်လှစ်တဲ့ကြွေပြားကပ်လုပ်သားအလုပ်အကိုင်သင်တန်းဖွင့်ပွဲမှာ သူကပြောကြားလိုက်တာဖြစ်ပါတယ်။အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် SOILBUILD CONSTRUCTION GROUP LTD တို့အကြား ဆောက်လုပ်ရေးလုပ်သားများအဖြစ် လေ့ကျင့်သင်ကြားရေး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ၊ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူတွေကို စင်ကာပူနိုင်ငံမှာ အလုပ်အကိုင်ရရှိရေး စီမံကိန်းအကောင်အထည်ဖော်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို ဇူလိုင်၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းသက်တမ်းကာလ (၂) နှစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ဦးမြင့်နောင်ကဆိုပါတယ်။ စင်ကာပူနိုင်ငံသို့ လုပ်သားစေလွှတ်ရာတွင် NSSA မှ စစ်ဆေးအကဲဖြတ်၍ အရည်အချင်း ပြည့်မီသူတွေကိုသာ စေလွှတ်မှာဖြစ်လို့ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ

Read More
အလုပ်သမား သတင်း

စမွတ်စခွန်ပြည်နယ်မှာ မြန်မာအလုပ်သမားအချင်းချင်း ဥပဒေမဲ့ သေနတ်ပစ်ခြိမ်းခြောက်

စမွတ်စခွန်ပြည်နယ်မှာ မြန်မာအလုပ်သမားအချင်းချင်း ဥပဒေမဲ့ သေနတ်ပစ်ခြိမ်းခြောက် စက်တင်ဘာ ၈ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ စမွတ်စခွန်မြို့၊ ထားဆိုင်ကျေးရွာအုပ်စု မူထိ (၇) ထားဆိုင် ယူနီယံလမ်းသွယ်မှာ မြန်မာအလုပ်သမား လူငယ်အချင်းချင်း စိုက်ကြည့်တာကို မကျေနပ်လို့ သေနတ်ကို ဆွဲထုတ်ပြီး ခြိမ်းခြောက် ပစ်ခတ်ခဲ့ပါတယ်။အခင်းဖြစ်တဲ့ အငှားအဆောက်အအုံရှေ့မှာ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးဟာ အပြန်အလှန် ငြင်းခုံပြီးအနက်ရောင် တီရှပ် ဝတ်ဆင်ထားသူဟာ ပစ်စတိုသေနတ်ဖြင့် ၂ ချက် ၃ ချက် ပစ်ဖေါက်ပြီး အခန်းကို ကျည်ထိ မှန်ကွဲသွားခဲ့ကြောင်းသိရပါတယ်။အခင်းဖြစ်တဲ့ နေရာမှာ ၃၅ ဒသမ ၇ ကျည်ခေါင်း ၃ လုံးကို သိမ်းဆည်းရမိခဲ့ပြီး အခင်းဖြစ်ပွားစဉ် မြန်မာအလုပ်သမား တရားခံနှစ်ဦးကို အဆောက်အအုံ၏ CCTV

Read More
အလုပ်သမား သတင်း

အလုပ်သမား ၁​ဒဿမ ၆ သန်းကျော်ကို ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC)ထုတ်ပေးထား

အလုပ်သမား ၁​ဒဿမ ၆ သန်းကျော်ကို ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC)ထုတ်ပေးထား စက်တင်ဘာ ၈ ရက် အရုဏ်ဦး၊ Migrant Times အလုပ်သမား ၁ဒဿမ၆ သန်းကျော်ကို ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC)ထုတ်ပေးထားပြီးဖြစ်တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းအရသိရပါတယ်။ပြည်ပကိုသွားရောက် လုပ်ကိုင်မယ့် အလုပ်သမားတွေကို အလုပ်သမားညွန်ကြားရေးဦးစီးဌာနက OWICကတ်ထုတ်ပေးနေတာဖြစ်ပြီး အလုပ်အကိုင်အမျိုးအစားနိူင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့အဲဒီလက်မှတ်ရှိမှ ပြည်ပသွားရောက်ခွင့်ရရှိတာဖြစ်ပါတယ်။လက်ရှိအချိန်အထိထိုင်းနိူင်ငံကိုသွားရောက်မယ့်အလုပ်သမားတွေကို OWICကတ်အများဆုံးထုတ်ပေးထားရပြီး ဦးရေ တစ်သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ချက်စာရင်းမှာဖော်ပြထားပါတယ်။မလေးရှားနိူင်ငံက ဦးရေ ၃၈၀၀၀၀ ကျော်နဲ့ဒုတိယအများဆုံးရပ်တည်နေပြီး တောင်ကိုရီးယားက ဦးရေ၆၃၀၀၀ ကျော်၊ ဂျပန်နိူင်ငံက ဦးရေ ၅၅၀၀၀ ကျော်၊စင်ကာပူနိူင်ငံက ဦးရေ ၄၉၀၀၀ ကျော်အသီးသီးရှိတယ်လို့ဆိုပါတယ်။ အဲဒီနိူင်ငံတွေအပါအဝင် ပြည်ပ ၈၉ နိူင်ငံကိုသွားရောက်မယ့် အလုပ်သမား ၁ဒဿမ၆ သန်းကျော်ကို OWICကတ်ထုတ်ပေးထားတာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။” OWICကတ်စနစ်က အရပ်သားအစိုးရလက်ထက်ကတည်းကကျင့်သုံးခဲ့တာ။နောက်ပိုင်း သိပ်မလုပ်ဖြစ်တော့ဘဲဒီနှစ်ပိုင်းထဲကြမှပြန်အကောင်အထည်ဖော်လာတာ။အေဂျင်စီနဲ့ဖြစ်ဖြစ်ကိုယ့်အစီအစဥ်နဲ့ဖြစ်ဖြစ်

Read More