September 26, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

မြန်မာအပါအဝင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားလုပ်သားတွေကို ​အလုပ် ရွှေ့​ပြောင်း လုပ်ကိုင်ခွင့်ကန့်သတ်

မြန်မာအပါအဝင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားလုပ်သားတွေကို ​အလုပ် ရွှေ့​ပြောင်း လုပ်ကိုင်ခွင့်ကန့်သတ် ဇူလိုင် ၆ ရက် အရုဏ်ဦး၊ Migrant Times မြန်မာအပါအဝင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားအလုပ်သမားတွေကို စက်တင်ဘာလကစကာ အလုပ်ရွှေ့ပြောင်းလုပ်ခွင့်ကန့်သတ်မယ်လို့ သိရပါတယ်။နိုင်ငံခြားသားလုပ်သားတွေရဲ့အလုပ်ပြောင်းရွှေ့လုပ်ကိုင်ခွင့်နဲ့ နိုင်ငံခြားသားအလုပ်သမားတွေနဲ့ပတ်သက်လို့ ကျင့်သုံးမယ့်မူဝါဒအသစ်တွေကို တောင်ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၅ ရက်မှာ အတည်ပြုထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။”အခုကျင့်သုံးမယ့်မူဝါဒတွေက အလုပ်သမားတွေအတွက်ကောင်းတာပါသလို၊ အကြပ်ရိုက်စေမယ့်အခြေအနေတွေလည်းတွေ့ရတယ်။ များသောအားဖြင့် သူ့နိုင်ငံစီးပွားရေးလုပ်ငန်းတွေအတွက်ကျင့်သုံးမယ့်သဘောတွေ့ရတယ်”လို့ တောင်ကိုရီးယားရောက်မြန်မာအလုပ်သမားအရေးကူညီနေသူတစ်ဦးကပြော​ပါတယ်။ အရင်က ဒေသမရွေး အလုပ် ပြောင်းရွှေ့ လုပ်ကိုင်ခွင့် ရရှိခဲ့တာကြောင့် နိုင်ငံခြားသား လုပ်သား အများစုဟာ မြို့ကြီးများမှာသာ အလုပ် ထပ်မံ ရှာဖွေ လုပ်ကြတဲ့အတွက် ဝေးလံတဲ့ ဒေသကအလုပ်ရုံတွေမှာ လုပ်သား လုံလောက်မှု အခက်အခဲများစွာ ကြုံတွေ့နေခဲ့ကြတာကြောင့် အခုလိုကန့်သတ်ရတာလို့ ကိုရီးယားအစိုးရက​ထုတ်ပြန်အသိပေးထားပါတယ်။ကိုရီးယားနိုင်ငံအတွင်းရှိ အလတ်စားနဲ့ အသေးစား စက်မှု လုပ်ငန်းများမှာ နိုင်ငံသားလုပ်သားတွေ

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ ဇူလိုင်လကုန် နောက်ဆုံးထား မှတ်ပုံတင်၊ အလုပ်ပါမစ် လျှောက်ဖို့သတိပေး

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ ဇူလိုင်လကုန် နောက်ဆုံးထား မှတ်ပုံတင်၊ အလုပ်ပါမစ် လျှောက်ဖို့သတိပေး ဇူလိုင် ၆ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ မွိုင်မြို့နယ် ပြည်နယ်အလုပ်အကိုင် ရှာဖွေရေးရုံးက ဦးဆောင်ကာ Grand Inter Hotel တွင် ကျင်းပပြုလုပ်သည့် အလုပ်သမားရေးရာ ခေါင်းစဥ်ဖြင့် အသိပညာ ဗဟုသုတများ ပေးဆောင်ခြင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်းတွင် အလုပ်အကိုင်ရှာဖွေရေးရုံး နိုင်ငံခြား အလုပ်သမားများ ညွှန်ကြားမှုရုံး ပြည်နယ်အလုပ်သမား သက်သာချောင်ချိရေးနှင့် ကာကွယ်ရေး ပြည်နယ်လူမှုဖူလုံရေး နှင့် လူဝင်မှုကြီးကြပ်ရေး ရဲများ၊ စက်ရုံပိုင်ရှင်များ နှင့် အလုပ်သမားများ ၃၀၀ ကျော် တက်ရောက်ကြောင်း စမွတ်စခွန်ပြည်နယ် အလုပ်အကိုင် ရှာဖွေရေးရုံး ညွန့်ကြားရေးမှူး Mr. Wanchai

Read More
အလုပ်သမား သတင်း

ထိုင်းစီးပွားရေးအကျပ်အတည်းမှာ လုပ်သားလျှော့ချမှု မဖြစ်စေဖို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ပြီး အစိုးရအမြန်ဖွဲ့ဖို့ FTI တောင်းဆို

ထိုင်းစီးပွားရေးအကျပ်အတည်းမှာ လုပ်သားလျှော့ချမှု မဖြစ်စေဖို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ပြီး အစိုးရအမြန်ဖွဲ့ဖို့ FTI တောင်းဆို ဇူလိုင် ၆ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းအောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် မစ္စတာ ၀မ်းမိုဟာမက် နော်မာထား အား ရွေးချယ်တင်မြှောက်ခံရပြီး အချိန်ဇယားအတိုင်း ဇူလိုင်လတွင် အစိုးရအပြီး ဖွဲ့စည်းနိုင်ရန် အရေးကြီးကြောင်း နှင့် သွင်းကုန် ထုတ်ကုန် ပို့ကုန်များ စီးပွားရေး ပြန်လည်ကောင်းမွန်ရေး အထောက်အကူပြုဖို့ အရေးကြီး လိုအပ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) ဥက္ကဋ္ဌ မစ္စတာ Kriangkrai Thiennukul က ပြောကြားပါတယ်။စီးပွားရေး စစ်တမ်းကောက်ယူမှုအရ လုပ်ငန်းများဖြစ်သည့် ပရိဘောဂလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း နှင့် သံမဏိလုပ်ငန်း အထည်အလိပ် စသည့် လုပ်ငန်း ၂၃ ခု

Read More
အလုပ်သမား သတင်း

ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီးထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ကလေးငယ် ထားကာထွက်ပြေး

ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီးထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ကလေးငယ် ထားကာထွက်ပြေး ဇူလိုင် ၅ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်၊ ဘန်ဖလီမြို့နယ်၊ ဘန်ဖလီယိုင်ရပ်ကွက်၊ Soi Chub Rung Rung လမ်းမှာ ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီး သူတို့ရဲ့ကလေးငယ်ကို ထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ထားကာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။မြန်မာရွှေ့ပြောင်းလုပ်သား လင်မယားဟာ ငှားရမ်းထားတဲ့ အခန်းက ဆင်းလာကာ ရန်ဖြစ်စကားများပြီး အမျိုးသမီးက လမ်းကြားမှာ ပြေးထွက်သွားပြီး အမျိုးသားက အပေါ်ထပ် အခန်းသို့ ပြန်သွားကာ ခဏအကြာတွင် ဆင်းလာပြီး ကလေးချီလာကာ သူ့ကလေးမဟုတ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်ထံ အပ်ကာ ထပ်တူ ထွက်ပြေးသွားကြောင်း သိရပါတယ်။ ကုန်စုံဆိုင်ပိုင်ရှင် Mr. Panithan Amarikawin ဟာ ဘန် ရဲစခန်းကို

Read More
အလုပ်သမား သတင်း

Kuala Kurau ရေကြောင်းဧရိယာအတွင်း ၇ မိုင်အကွာတွင် မြန်မာနိုင်ငံသား တရားမဝင်ငါးဖမ်းသမား ၃ဦးဖမ်းစီးခံခဲ့ရ

Kuala Kurau ရေကြောင်းဧရိယာအတွင်း ၇ မိုင်အကွာတွင် မြန်မာနိုင်ငံသား တရားမဝင်ငါးဖမ်းသမား ၃ဦးဖမ်းစီးခံခဲ့ရ ဇူလိုင် ၅ ရက် Migrant Times Kuala Kurau ရေကြောင်းဧရိယာအတွင်း ၇ မိုင်အကွာတွင် ဒေသခံငါးဖမ်းလှေတစ်စင်းနှင့်အတူ မြန်မာငါးဖမ်းသမား ၃ဦးအား မလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (မလေးရှားပင်လယ်ရေကြောင်း) မှ ဖမ်းဆီးခဲ့သည်။Pulau Terong ၏အနောက်ဘက် Perak တွင်ယမန်နေ့မွန်းလွဲ 12:50 နာရီခန့်တွင် Kuala Kurau ရေကြောင်းဇုန်ဒါရိုက်တာ၊ ရေကြောင်းတပ်မှူး Mohd Najhan bin Azman Hamid က ပုံမှန်ကင်းလှည့်နေစဉ် မလေးရှားရေကြောင်းကင်းလှည့်သင်္ဘောအဖွဲ့မှ လှေကို တွေ့ရှိပြီး စစ်ဆေးရန်အတွက် ချဉ်းကပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။စစ်ဆေးမှုရလဒ်များအရ လှေပေါ်တွင် အသက် ၂၁ နှစ်မှ ၄၀ နှစ်ကြား မြန်မာနိုင်ငံသား

Read More
ရုပ်သံ အလုပ်သမား သတင်း

Migrant Times ရဲ့ တနင်္လာနေ့ညပိုင်းသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Migrant Times ရဲ့ တနင်္လာနေ့ညပိုင်းသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဇူလိုင် ၃ရက်၊ Migrant Times  

Read More
အလုပ်သမား သတင်း

ထိုင်းနယ်စပ်မှာ မြန်မာအမျိုးသမီးတစ်ဦးဆီက ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ် ဖမ်းဆီးမိ

ထိုင်းနယ်စပ်မှာ မြန်မာအမျိုးသမီးတစ်ဦးဆီက ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ် ဖမ်းဆီးမိ ဇူလိုင် ၂ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ ချင်းရိုင်းပြည်နယ်၊ Mae Fah Luang မြို့နယ်၊ ထိုးထိုင်းကျေးရွာအုပ်စု အမှတ် (၉) Ban Hmong Kao Lang မုံ ကိုးအိမ်ရွာ ထိုင်းနယ်ခြားစောင့်တပ် စစ်ဆေးရေးဂိတ်မှာ မော်တော်ဆိုင်ကယ် မောင်းလာတဲ့ မိုင်းဆတ်မြို့သူ အသက် (၁၇)နှစ်အရွယ် မြန်မာ အမျိုးသမီးတစ်ဦးထံက​ေန ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ်ကိုဖမ်းဆီးရမိကြောင်း သိရပါတယ်။ကောက်ရိုးအိတ်ထဲက Sponsor ပုလင်း ၄ ပုလင်းအတွင်း အလေးချိန် ၃ ဒသမ ၅ ဂရမ်စီနဲ့

Read More
အလုပ်သမား သတင်း

Myanmar Posco သွပ်ပြားစက်ရုံက အလုပ်သမားတွေလစာပြည့် ပြန်ရဖို့ရှိတယ်လို့ဆို

Myanmar Posco သွပ်ပြားစက်ရုံက အလုပ်သမားတွေလစာပြည့် ပြန်ရဖို့ရှိတယ်လို့ဆို ဇွန် ၃၀ ရက် အရုဏ်ဦး၊ Migrant Times မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Posco သွပ်ပြားစက်ရုံကအလုပ်သမားတွေကို စက်ရုံဘက်က မူလအတိုင်းလစာအပြည့်ပြန်ပေးဖို့ရှိတယ်လို့ အဲဒီစက်ရုံအလုပ်သမားတချို့ထံကသိရပါတယ်။Myanmar Posco စက်ရုံမှာ အမြတ်ငွေမရလို့ဆိုပြီး အလုပ်သမားတွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကတည်းက လစာရဲ့ ၇၀ ရာခိုင်နှုန်းသာပေးတော့တာဖြစ်ပြီး အခုညှိနှိုင်းမှုတွေလုပ်ပြီးတဲ့အခါ လစာအပြည့်ပြန်ပေးမယ်ဆိုပြီး စက်ရုံဘက်ကပြောလာတယ်လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ “လစာကိစ္စအသံတွေထွက်တော့ ဌာနဆိုင်ရာကလာစစ်တယ်။ ပြီးတော့ မူလ လစာပေးဖို့ပြောကြတယ်လို့ပြန်ကြားတယ်”လို့ သူက ပြောပါတယ်။ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်ကလည်း Myanmar Poscoစက်ရုံကအလုပ်သမားတွေကို ဇူလိုင်လကစပြီး လစာအပြည့်ပြန်ပေးဖို့ရှိတယ်ဆိုတဲ့သတင်းကောင်းရထားတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။Myanmar Posco သွပ်ပြားစက်ရုံဟာ တောင်ကိုရီးယား Poscoလုပ်ငန်းစုနဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်တို့ဖက်စပ်ဖွင့်လှစ်လုပ်ကိုင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။

Read More
အလုပ်သမား သတင်း

MoU မြန်မာလုပ်သား ၈၀ ကျော်ကို ထိုင်းနိုင်ငံကို စေလွှတ်

MoU မြန်မာလုပ်သား ၈၀ ကျော်ကို ထိုင်းနိုင်ငံကို စေလွှတ် ဇွန် ၃၀ ရက် Migrant Times ထိုင်းနဲ့ မြန်မာအစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်နဲ့ခေါ်ယူမှုအဖြစ် မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၅ ဦးကို ကော့သောင်း- ရနောင်း ရေလမ်းကြောင်းကနေ ဒီနေ့ ခေါ်ယူခဲ့ပါတယ်။MoU မြန်မာအလုပ်သမား အမျိုးသမီး ၂၁ ဦးနဲ့အမျိုးသား ၆၄ ဦးကို ထိုင်းကုမ္ပဏီ ၉ ခုမှာ အလုပ်လုပ်ဖို့ Yangon Win Star General Services Co.,Ltd က စေလွှတ်ခဲ့တာပါ။အဆိုပါ MoU အလုပ်သမားတွေဟာ ရန်ကုန်မြို့မှာ Covid19- ATKနဲ့ RTD စစ်ဆေးပြီးသားဖြစ်တဲ့ အတွက် ထပ်မံစစ်ဆေးမှုတွေပြုလုပ်စရာမလိုတော့ဘူးလို့ သိရပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းမှာ စက္ကူဖြတ်စက်အတွင်းမှာ ခေါင်းညှပ်မိလို့ မြန်မာအလုပ်သမားတစ်ဦး ဒဏ်ရာရ

ထိုင်းမှာ စက္ကူဖြတ်စက်အတွင်းမှာ ခေါင်းညှပ်မိလို့ မြန်မာအလုပ်သမားတစ်ဦး ဒဏ်ရာရ ဇွန် ၃၀ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဖရသမွတ်စေတီမြို့နယ်၊ ခြောင်ဘန်ပါလာရပ်ကွက်မှာ ရှိတဲ့ စက္ကူဖြတ်စက်ရုံမှာ စက္ကူဖြတ်စက်အတွင်းမှာ ခေါင်းညှပ်သွားတဲ့ မြန်မာအလုပ်သမားတစ်ဦးကို ကူညီကယ်ဆယ်ရေးသမားတွေက ကူညီကယ်ဆယ်နိုင်ခဲ့တယ်လို့ ထိုင်းရုပ်သံ Channel-7 မှာ ဖော်ပြပါတယ်။အသက် ၃၂ နှစ်အရွယ် မြန်မာအလုပ်သမားဟာ စက္ကူဖြတ်စက် ချို့ယွင်းမှုကြောင့် စက်ကိုစစ်ဆေး ပြုပြင်အပြီးစက်ထိန်းဆရာက စက်ဖွင့်ချိန်မှာ စက်မှာ ညှပ်မိတာလို့ သိရပါတယ်။စက္ကူဖြတ်စက်မှာ ညှပ်မိနေတဲ့ သူ့ရဲ့ ဦးခေါင်းကို အချိန် ၁၅ မိနစ်ကျော်ကြာ ကူညီကယ်ဆယ်ပြီး ဖရသမွတ်စေတီမြို့နယ်ဆေးရုံမှာ ပို့ဆောင်ကုသထားကြောင်း သိရပါတယ်။

Read More