မလေးရှားနိုင်ငံဘက်က အေဂျင်စီတွေက ပြည်တွင်းရှိပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို အလုပ်ခေါ်စာအတုလိမ်လည်ရောင်းချ
မလေးရှားနိုင်ငံဘက်က အေဂျင်စီတွေက ပြည်တွင်းရှိပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို အလုပ်ခေါ်စာအတုလိမ်လည်ရောင်းချ စက်တင်ဘာ ၃ ရက် အရုဏ်ဦး၊ Migrant Times မလေးရှားနိုင်ငံဘက်က အေဂျင်စီတွေက ပြည်တွင်းရှိပြည်ပအလုပ်အကိုင်အေဂျင်စီတွေကိုအလုပ်ခေါ်စာအတုလိမ်လည်ရောင်းချတာတွေ ရှိနေတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီဌာနက အသိပေးထားပါတယ်။ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ တင်ပြလာတဲ့ Demand Letter မှာပါရှိတဲ့ KSM Approval ပါလူဦးရေဟာ များပြားလွန်းနေလို့ မလေးရှားနိုင်ငံ တာဝန်ရှိသူတစ်ဦးကို စုံစမ်းခိုင်းရာ KSM Approval အတုဖြစ်နေတာကို စတင်တွေ့ရှိတာလို့ ဆိုပါတယ်။မလေးရှားနိုင်ငံရှိ တရားမဝင် အေဂျင်စီ ပွဲစားတွေက Quota အတုတွေပြုလုပ်ပြီး မြန်မာ ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် အေဂျင်စီတွေဆီ Demand လိမ်ရောင်းစားနေတယ်ဆိုတာ သိလိုက်ရတာလို့ အဲဒီဌာနရဲ့အသိပေးချက်မှာဖော်ပြထားပါတယ်။ Labour Market(အလုပ်သမားစျေးကွက်) အပေါ်မူတည်ပြီး အမြတ်ထုတ် လိမ်စားမယ့်သူတွေဟာ ပြည်တွင်းမှာသာမကဘဲ ပြည်ပကပါ လိမ်လာကြလို့ အေဂျင်စီတွေအနေနဲ့
