ထိုင်းမှာ မြန်မာလုပ်သား ၁၄ ဦး ဖမ်းဆီးခံရ
ထိုင်းမှာ မြန်မာလုပ်သား ၁၄ ဦး ဖမ်းဆီးခံရ ဩဂုတ် ၁၉ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ ဖရာနခွန်စီအယုဒ္ဓယပြည်နယ်၊ ပါချီမြို့နယ်၊ ပါချီကျေးရွာအုပ်စုမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၄ ဦး မနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။စစ်ဆေးရေးဂိတ်ကနေ ဆက်တိုက်ဖြတ်သန်းသွားတဲ့ တိုယိုတာ ပစ်ကပ်ကားတွေဟာ ပုံမှန်ထက် အလေးချိန်ပိုနေဟန်ရှိတာကြောင့် ထိုင်းအာဏာပိုင်တွေက တားဆီးစစ်ဆေးခဲ့ရာ ကားပေါ်မှာ လိုက်ပါလာတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။ယာဉ်မောင်း မစ္စတာ Wicha ကိုလည်း ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဂျီရာဘောဖူရီဒက်က ပြောပါတယ်။ အခုဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေဟာ တာ့ခ်ပြည်နယ်ကတစ်ဆင့် သဘာ၀ တောလမ်းနဲ့ ထိုင်းနိုင်ငံထဲ ဝင်လာပြီး လမ်းတစ်ဝက်ကနေ လာကြိုတဲ့ကားနဲ့ လိုက်ပါလာစဥ် အယုဒ္ဓယပြည်နယ်မှာ
