နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းမရအောင် တားဆီးနေ

စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းမရအောင် တားဆီးနေ ဩဂုတ် ၉ ရက် အရုဏ်ဦး၊ Migrant Times ရန်ကုန်မြို့က စက်ရုံတချို့မှာ အလုပ်သမားသမဂ္ဂဖွဲ့မရအောင် စက်ရုံဘက်က တားဆီးပိတ်ပင်နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။လက်ရှိမှာ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာလှုပ်ရှားခွင့်မရှိသလို သမဂ္ဂဖွဲ့မယ်ဆိုရင်လည်း ခြိမ်းခြောက်ဖိအားပေးမှုတွေရှိနေတာလို့ သူတို့က ဆိုပါတယ်။” သမဂ္ဂဖွဲ့ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်နဲ့ စက်ရုံဘက်က ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေ ရထားတယ်။ ဒါဟာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုတဲ့ အိုင်အယ်လ်အိုပြဌာန်းချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာ ” လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေပြည်သာမြို့နယ်ရှိ YFAအထည်ချုပ်စက်ရုံမှာ သမဂ္ဂဖွဲ့လိုတဲ့ အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူက ခေါ်ယူသတိပေးခြိမ်းခြောက်ခဲ့တယ်ဆိုပြီးတော့လည်း STUM က သတင်းထုတ်ပြန်ထားပါတယ်။” စက်ရုံတွေက အလုပ်သမားသမဂ္ဂတွေကို ဖိနှိပ်နေတာကိုအလုပ်သမားရုံးတွေကလည်း မျက်ကွယ်ပြုနေတယ် ” လို့ အထည်ချုပ်အလုပ်သမားသမဂ္ဂဝင်တစ်ဦးက

Read More
အလုပ်သမား သတင်း

အင်္ဂလန်မှာ ရွှေ့ပြောင်းအခြေချ အလုပ်သမား​တွေကို ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်ရင် ဒဏ်ငွေတိုးကောက်

အင်္ဂလန်မှာ ရွှေ့ပြောင်းအခြေချ အလုပ်သမား​တွေကို ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်ရင် ဒဏ်ငွေတိုးကောက် ဩဂုတ် ၉ ရက် ခွန်သောမတ်၊ Migrant Times ယူကေနိုင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချ နေထိုင်သူတွေကို ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်၊ နေထိုင်ခွင့် ပေးရင် လူဝင်မှုကြီးကြပ်ရေး အစီအမံ တစ်စိတ် တစ်ပိုင်းအနေနဲ့ ဒဏ်ကြေး တိုးကောက်မယ်လို့ ယူကေ အစိုးရက ကြေညာထားပါတယ်။ ယူကေနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို အလုပ်အကိုင်နဲ့ နှစ်ရှည်နေထိုင်ခွင့်ပေးခြင်းဟာ ရွှေ့ပြောင်းအခြေချသူ အများအပြားကို အန္တရာယ်ဖြစ်စေတာ​ကြောင့် အင်္ဂလိပ် ရေလက်ကြားကို လှေငယ်တွေနဲ့ တရားမဝင် ဖြတ်ကျော်တာကို တားဆီးပိတ်ပင်ဖို့ UK Home Office က ထုတ်ပြန်ကြောင်း AFP သတင်းအေဂျင်စီက ဖော်ပြပါတယ်။ အင်္ဂလိပ် ရေလက်ကြားကို

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၃၀ ရက်အထိ နိုင်ငံခြားသား နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ကာလထပ်တိုး

ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၃၀ ရက်အထိ နိုင်ငံခြားသား နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ကာလထပ်တိုး ဩဂုတ် ၉ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၃၀ ရက်အထိ နိုင်ငံခြားသား နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ကာလထပ်တိုးလိုက်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ယာယီအစိုးရအဖွဲ့ အစည်းအဝေးမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်အထိ နိုင်ငံခြားသား နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ကာလထပ်မံ တိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ၀န်ကြီးချုပ်ရုံး ဒုတိယ ပြောရေးဆိုခွင့်ရှိသူ မစ္စ Ratchada Thanadirekက ပြောပါတယ်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်၊

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၂ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၂ ဦး စေလွှတ် ဩဂုတ် ၈ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၂ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ စေလွှတ်တဲ့ကုန်ထုတ်လုပ်သားသစ် ၁၄၂ ဦးဟာ ဒီက​ေန ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။အခုနှစ် ဇွန်လအတွင်း မြန်မာလုပ်သား ၉၁၉ ဦး စေလွှတ်ခဲ့ပါတယ်။အခုလအတွင်း မြန်မာလုပ်သား ၄၃၃ ဦးကို တောင်ကိုရီးယားကို စေလွှတ်ထားပါတယ်။ ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့

Read More
နိုင်ငံတကာ နိုင်ငံရေး

ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးသည် သက်ဆင်၏ ခရီးစဉ်ကြောင့် ထိခိုက်မှု မရှိ

ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးသည် သက်ဆင်၏ ခရီးစဉ်ကြောင့် ထိခိုက်မှု မရှိ ဩဂုတ် ၈ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ၎င်း၏ညီမဖြစ်သူ ယင်လပ်တို့ ဩဂုတ် ၅ ရက်က ကမ္ဘောဒီးယားတွင် အံ့အားသင့်ဖွယ် ထွက်ပေါ်လာခြင်းမှာ ငြင်းခုန်မှုများစွာ ဖြစ်ပွားခဲ့သည်။၎င်းတို့နှစ်ဦးသည် ရာထူးမှ နှုတ်ထွက်သည့် ဝန်ကြီးချုပ် ဟွန်ဆန်၏ (၇၂) နှစ်မြောက် မွေးနေ့ပွဲကို ဖနွမ်းပင်တွင် တက်​ရောက်ရန် ရှိကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားကာ ၎င်းသည် နိုင်ငံရေးနှင့် မသက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။အခမ်းအနားဓာတ်ပုံများကို ပြည်တွင်းမီဒီယာ Fresh News နှင့် ဟွန်ဆန်ကိုယ်တိုင် ၎င်း၏ Telegram ချန်နယ်မှ မျှဝေခဲ့သည်။မြို့တော်အပြင်ဘက်ရှိ Kandal ပြည်နယ်၊ Takhmao မြို့ရှိ

Read More
အလုပ်သမား သတင်း

ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား တင်ဆောင်ပြီးမောင်းပြေးတဲ့ကားကို ရဲတပ်ဖွဲ့က ဖမ်းဆီး

ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား တင်ဆောင်ပြီးမောင်းပြေးတဲ့ကားကို ရဲတပ်ဖွဲ့က ဖမ်းဆီး ဩဂုတ် ၈ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ ချိုင်းနတ်ပြည်နယ်၊ ဆွန်အယာမြို့နယ်မှာမြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦး တင်ဆောင်ပြီးမောင်းပြေးတဲ့ကားကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။ဆွန်အယာမြို့နယ်၊ ဟတ်အာဆာကျေးရွာအုပ်စု၊ အဝေးပြေး အာရှလမ်းမကြီး အမှတ် ၃၂၊ ကီလိုမီတာ ၁၁၅ မှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ ဆင်ဘူရီပြည်နယ် အမြန်လမ်းရဲတပ်ဖွဲ့က တိုယိုတာကားတစ်စီးကို မသင်္ကာလို့ တားဆီးရာမှာ မောင်းပြေးခဲ့ပါတယ်။မောင်းပြေးတဲ့ကားကို ဆွန်အယာမြို့​နယ်၊ ခေါ၀်ကျော့ ကျေးရွာအုပ်စု၊ မူထိ ၃ အနီးရှိ တူးမြောင်းတစ်နေရာမှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ကားပေါ်မှာ လိုက်ပါလာတဲ့ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့် အထောက်အထားမရှိတဲ့ မြန်မာ ၉ ဦးနဲ့ သူတို့်ကိုPhra Nakhon Si Ayutthaya

Read More
အလုပ်သမား သတင်း

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရေလုပ်သားအတွက် နစ်နာကြေးရရှိရန်ကြိုးစားနေ

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရေလုပ်သားအတွက် နစ်နာကြေးရရှိရန်ကြိုးစားနေ ဩဂုတ် ၇ ရက် စကားဝါ၊ Migrant Times ထိုင်းနိုင်ငံမှာ ​ပုဇွန်ဖမ်းထွက်နေတုန်း လှေပေါ်ကပြုတ်ကျပြီးသေဆုံးခဲ့ရတဲ့ အလုပ်သမားအတွက် နစ်နာကြေးရရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ AAC (လက်တွဲကူညီ)အဖွဲ့ကနေသိရပါတယ်။ပြီခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က အသက် ၂၁ နှစ်အရွယ် ကိုချစ်မင်းသူဟာ ပုဇွန်ဖမ်းထွက်ရင်း လှေပေါ်ကနေ ချော်ပြီးပြုတ်ကျခဲ့ပါတယ်။ ရေတက်ချိန်ဖြစ်နေတာကြောင့် ပြုတ်ကျကျခြင်း ရှာဖွေမှုတချို့ပြုလုပ်ခဲ့ပေမယ့် မတွေ့ရှိခဲ့ကြပါဘူး။“ ညီလေးက ရေမကူးတတ်ဘူး။ ပြုတ်ကျကျခြင်းတော့ရှာကြသေးတယ် ခဏပေါ့။ ပြီးတော့ဆက်မရှာဘဲနဲ့ နောက်နေ့မှ ရေငုပ်သမားတွေနဲ့ထပ်ရှာကြတယ်။ ဒါပေမဲ့မတွေ့ဘဲနဲ့ သူ့အလောင်းက မြစ်ဝက ဆိပ်ကမ်းတစ်ခုမှသွားပေါ်နေတာကို အဲ့ကလူတွေက တွေ့တာပါ ” လို့ သေဆုံးသူရဲ့ အစ်ကိုဖြစ်သူက ရှင်းပြပါတယ်။ အလုပ်ရှင်ဘက်က ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်မယူသလို၊ လုပ်ငန်းခွင်နစ်နာကြေး ပေးဆောင်ဖို့ကိုလည်း

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

အမေရိကန် အလုပ်အကိုင်ဈေးကွက် အားကောင်းလာ

အမေရိကန် အလုပ်အကိုင်ဈေးကွက် အားကောင်းလာ ဩဂုတ် ၇ ရက် ခွန်သောမတ်၊ Migrant Times အမေရိကန်နိုင်ငံ၏ အလုပ်သမားစျေးကွက် နှင့် အလုပ်အကိုင်၏ ဝင်ငွေတိုးလာမှု နှစ်မျိုးလုံး အားကောင်းလာပြီး အတိုးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကြားတွင် ခံနိုင်ရည်ရှိ နေသည့် စီးပွားရေးကို ထောက်ပြကာ စားသုံးသူများ အပေါ် ယုံကြည်မှုကို ဖန်တီးပေး ကြောင်း Bloomberg ၏ အလုပ်သမား စာရင်းအင်းဗျူရိုက ဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံ အလုပ်သမားရေးရာဌာန၏ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အလုပ်အကိုင် ရာထူးပေါင်း ၁၈၇,၀၀၀ ကျော် အလုပ်သမားစျေးကွက်သို့ ပို့ဆောင်နိုင်ပြီး ခန့်မှန်းထား သည်ထက် နည်းပါးနေသော်လည်း အမေရိကန် အလုပ်သမားဈေးကွက်က စဉ်းစားစရာ၊ မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းလာကြောင်း ဖော်ပြထားပါတယ်။ တစ်နာရီလုပ်အားခသည် ပျမ်းမျှ ယခင်လမှ ၀

Read More
ရုပ်သံ အလုပ်သမား သတင်း

Migrant Times ရဲ့သောကြာနေ့ညပိုင်း သတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Migrant Times ရဲ့သောကြာနေ့ညပိုင်း သတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဩဂုတ် ၄ရက်၊ Migrant Times

Read More
အလုပ်သမား သတင်း

၀ယ်လိုအားများလာလို့ ဥရောပလက်နက်ကုမ္ပဏီ စက်ရုံ အလုပ်သမားရှားပါးမှုနဲ့ ရင်ဆိုင်နေရ

၀ယ်လိုအားများလာလို့ ဥရောပလက်နက်ကုမ္ပဏီ စက်ရုံ အလုပ်သမားရှားပါးမှုနဲ့ ရင်ဆိုင်နေရ ဩဂုတ် ၅ ရက် ခွန်သောမတ်၊ Migrant Times ဥရောပအလယ်ပိုင်းက လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး ဝန်ထမ်းအသစ်​ေတွကို မက်လုံးအမျိုးမျိုးပေးပြီး ဆွဲဆောင်ခေါ်ယူနေတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ လက်နက်ဝယ်လိုအား မြင့်တက်လာခဲ့ပြီး ပိုလန်နဲ့ ချက်သမ္မတနိုင်ငံက လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အလုပ်သမား ရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဝန်ထမ်းအသစ်တွေအတွက် တိုက်ခန်း ဆောက်လုပ်ပေးခြင်း၊ အငြိမ်းစား အလုပ်သမားတွေအတွက် စက်ရုံမှာ အခမဲ့ အစားအသောက် ​ေကျွးမွေးတာတွေနဲ့ ဆွဲဆောင်နေရကြောင်း သိရပါတယ်။ တိုင်းပြည်မှာ လုပ်သားအင်အားနဲ့ အရင်းအမြစ်တွေ အလုံအလောက်ရှိမယ်ဆိုရင် ထုတ်လုပ်မှု စွမ်းရည် ၂၀ ရာခိုင်နှုန်းခန့် တိုးမြင့်နိုင်မယ်လို့ ချက်သမ္မတနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး

Read More