နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ထိုင်းနိုင်ငံရေးပါတီတွေကြားထဲ မညပ်စေဖို့ အလုပ်သမားရေးလှုပ်ရှားသူတွေ သတိပေးနေ

ထိုင်းနိုင်ငံရေးပါတီတွေကြားထဲ မညပ်စေဖို့ အလုပ်သမားရေးလှုပ်ရှားသူတွေ သတိပေးနေ ဩဂုတ် ၅ ရက် စကားဝါ၊ Migrant Times ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအပြီး နှစ်လကျော်ကြာတဲ့အထိ ဝန်ကြီးချုပ်နဲ့ အစိုးရသစ်ဖွဲ့စည်းခန့်အပ်နိုင်ခြင်း မရှိသေးတာရဲ့ နောက်ဆက်တွဲ နိုင်ငံရေးရှုပ်ထွေးမှုတွေကြားမှာ အလုပ်သမားတွေအနေနဲ့ ကင်းအောင်နေဖို့ အလုပ်သမားရေးလှုပ်ရှားသူတွေက သတိပေးနေကြပါတယ်။လက်ရှိအချိန်မှာ ဖြူထိုင်းပါတီအပေါ် ဆန္ဒပြသပိတ်မှောက်မှုတွေ ပြင်းထန်နေတာကြောင့် ထိုင်းလူမျိုးတွေရဲ့ နိုင်ငံရေးကစားကွက်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အသုံးချသွားမှာ စိုးရိမ်ရတာဖြစ်ပါတယ်။“ ကျွန်တော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ အခြေအနေတွေကို ဆင်ခြင်တုံတရားနဲ့ဆုံးဖြတ်ဖို့လိုတယ်။ ကိုယ့်နေရာ မဟုတ်ဘူး၊ ကိုယ့်နိုင်ငံမဟုတ်ဘူးဆိုတာကို အမြဲသတိရနေဖို့လိုတယ်။ ထိုင်းနိုင်ငံရေးမှာ မြန်မာမှမဟုတ်ဘူး၊ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ခဏခဏ အသုံးချခံရတယ် ” လို့ Labour Rights Foundation (LRF)မှ ဉီးအောင်ကျော်က သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ မေဒေးနေ့က အထိမ်းအမှတ်အဖြစ်

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားမှာမြန်မာ လုပ်သား တစ်ဦးလုပ်ငန်းခွင်တွင် ရုတ်တရက် သေဆုံး

တောင်ကိုရီးယားမှာမြန်မာ လုပ်သား တစ်ဦးလုပ်ငန်းခွင်တွင် ရုတ်တရက် သေဆုံး ဩဂုတ် ၅ ရက် အရုဏ်ဦး၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးဒီနေ့မနက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တိုက်ပေါ်က ပြုတ်ကျသေဆုံးသွားတယ်လို့ အဲဒီနိုင်ငံရှိမြန်မာအသိုင်းအဝိုင်းထံကသိရပါတယ်။ဒီ​နေ့မနက် ၇ နာရီ အချိန်ခန့်က အင်ချွန်းမြို့ကြီး ဆုန်ဒိုအနီး အဆင့်မြင့် အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ၁၅ ထပ်မှ ​သေဆုံးသွားတာလို့ဆိုပါတယ်။ကွယ်လွန်သူဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမှိုင်းမြို့နေ ကလေး ၂ ယောက် ဖခင် အသက်၄၄နှစ်အရွယ် ကိုသိန်းထွန်း ဖြစ်တယ်လို့ မြန်မာလုပ်သားတွေအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က သူ့ရဲ့ဖေ့ဘွက်ခ်လူမှုကွန်ရက်မှာရေးသားအသိပေးထားပါတယ်။ ကိုသိန်းထွန်းဟာ လာမယ့် နိုဝင်ဘာလမှာ မြန်မာပြည်​ပြန်မယ်ဆိုပြီး ပြင်ဆင်ထားရာမှ အခုလိုရုတ်တရက် ကွယ်လွန်သွားခဲ့တာလို့လည်း သိရပါတယ်။ကွယ်လွန်သူရဲ့ ကျန်ရစ်သူမိသားစုနဲ့ ဆက်သွယ်ကာ အသုဘ ကိစ္စများကို ဆောင်ရွက်နေတယ်လို့ ကိုဇော်မိုးအောင်က

Read More
အလုပ်သမား သတင်း

နှစ်နှစ်ကျော်အတွင်း အလုပ်သမား ဝန်ကြီးသုံးဦးပြောင်းပေမယ့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေမကျ

နှစ်နှစ်ကျော်အတွင်း အလုပ်သမား ဝန်ကြီးသုံးဦးပြောင်းပေမယ့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေမကျ ဩဂုတ် ၄ ရက် အရုဏ်ဦး၊ Migrant Times နှစ်​နှစ်ကျော်ကာလအတွင်း စစ်ကောင်စီခန့်အလုပ်သမားဝန်ကြီး သုံးဦးအထိအပြောင်းအလဲရှိခဲ့ပေမယ့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေက ဆက်ပြီးကြီးထွားနေဆဲဖြစ်တယ်လို့ ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်။အလုပ်သမားဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာပွင့်ဆန်းဟာ ဩဂုတ်လ ၂ရက်က အနားပေးခံရပြီး သူ့မတိုင်ခင်က ဦးမြင့်ကြိုင်က အလုပ်သမားဝန်ကြီးတာဝန်ယူခဲ့တာဖြစ်ပါတယ်။ဦးမြင့်ကြိုင်ကို လဝက ဝန်ကြီးတာဝန်ပြောင်းလိုက်ပြီးနောက် ဒေါက်တာပွင့်ဆန်းက အလုပ်သမားဝန်ကြီးဖြစ်လာခဲ့ပြီး အခုဒေါက်တာပွင့်ဆန်းနေရာကို ဦးမြင့်နောင် အားကစားထိုးခန့်လိုက်တာဖြစ်ပါတယ်။ အခုလိုအလုပ်သမားဝန်ကြီးတွေ မကြာခဏပြောင်းခန့်ပေမယ့် ပြည်တွင်းအလုပ်သမားအခွင့်အရေးဆုံးရူံးမူတွေကဆက်လက်ဖြစ်ပေါ်နေသလို အလေးထားဖြေရှင်းပေးမှုတွေကအားနည်းနေဆဲဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကပြောပါတယ်။” အလုပ်သမားတွေကြုံတွေ့နေရတဲ့အခြေအနေမှန်ကိုမသိတာလား။ သိရဲ့နဲ့မသိကျိုးကျွံပြုတာလားတော့မပြောတတ်ဘူး။ လူသာပြောင်းတယ်၊ စနစ်ကမပြောင်းသွားဘူး” လို့ သူက ပြောပါတယ်။ပြည်တွင်းအလုပ်သမားတွေအနေနဲ့ အချိန်ပိုတွေမတန်တဆလုပ်နေကြရတာ၊ အချိန်ပိုကြေးအပြည့်မရတာ၊ အထည်စံချိန်ပြည့်အောင် လုပ်အားညှစ်ထုတ်ခံရတာ၊ သမဂ္ဂဝင်လုပ်သားတွေအလုပ်ထုတ်ခံရတာစတဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကြုံတွေ့နေရတာလို့ဆိုပါတယ်။ “ တိုင်လို့ အလုပ်သမားရုံးကလာစစ်ရင်လည်း အလုပ်ရှင်ဘက်ကလိုက်ပြီး ရပ်တည်ပေးတာတွေကြုံနေရတာ” လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။ပြီးခဲ့တဲ့

Read More
အလုပ်သမား သတင်း

ထိုင်းမှာ တရားဝင်နေထိုင်ခွင့်အတွက် ဘတ်ရိုက်ဖို့ Name List တင်မရတော့

ထိုင်းမှာ တရားဝင်နေထိုင်ခွင့်အတွက် ဘတ်ရိုက်ဖို့ Name List တင်မရတော့ ဩဂုတ် ၄ ရက် စကားဝါ၊ Migrant Times ထိုင်းအာဏာပိုင်တွေက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ တရားဝင်ဖြစ်လာဖို့အတွက် ပြုလုပ်ပေးတဲ့ ပန်းရောင်ကဒ်(ဘတ်) လုပ်ငန်းစဉ်အတွက် နာမည်စာရင်းကောက်ခံမှုဟာ ဇူလိုင်လ ၃၁ ရက်မှာ ယခုအကြိမ်အတွက် ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ VIP တွေအတွက် လုပ်ပေးနေတဲ့ လုပ်ငန်းစဉ်ရှိနေသေးတယ်ဆိုပြီး လိမ်လည်မှုတွေရှိလာသလို Name List တင်တာအတွက် ငွေကြေးမတောင်းခံပေမယ့် ပြန်ကျလာတဲ့ Name List ကိုထုတ်ယူဖို့ ဘတ်သောင်းဂဏန်းဝန်းကျင် ငွေကြေးတောင်းခံမှုတွေရှိနေတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနလက်အောက်မှာ အလုပ်လုပ်ကိုနေသူ တစ်ဉီးက “ အခုက အွန်လိုင်းကနေလည်း ဖောင်တင်တာကိုပိတ်လိုက်ပြီ။ ရုံးတွေမှာလည်း လက်မခံတော့ဘူး။ ၃၁ ရက်နေ့က

Read More
အလုပ်သမား သတင်း

မဲဆောက်အထွက် စစ်ဆေးရေးဂိတ်မှာ မြန်မာ ၅၃ ဦး ဖမ်းဆီးခံရ

မဲဆောက်အထွက် စစ်ဆေးရေးဂိတ်မှာ မြန်မာ ၅၃ ဦး ဖမ်းဆီးခံရ ဩဂုတ် ၄ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက် နယ်စပ်မြို့ အထွက် Huai Hin Fon ဘန်ဟွေဟင်ဖွန် စစ်ဆေးရေးဂိတ်မှာ တရားမ၀င် မြန်မာလုပ်သား အမျိုးသား၊ အမျိုးသမီး ၅၃ ဦးတင်ဆောင်လာတဲ့ ၆ ဘီးထရပ်ကားကို ဖမ်းဆီးရမိကြောင်း မန်နေဂျာ အွန်လိုင်း သတင်းဌာနမှာ ဖော်ပြပါတယ်။စိုက်ပျိုးလယ်ယာ ထွက်ကုန်တွေတင်ဆောင်လာတဲ့ ၆ ဘီး ကုန်တင်ယာဉ်​ပေါ်မှာ စိုက်ပျိုးရေးထုတ်ကုန်နဲ့အတူ တရားမ၀င် အလုပ်သမား​ေတွ တင်ဆောင်ပြီး ဘန်ကောက်ကို ပို့ဆောင်စဥ် ဖမ်းဆီးမိခဲ့တာလို့ သိရပါ တယ်။ ဖမ်းဆီးခံရတဲ့ တရားမ၀င် အလုပ်သမားတွေဟာ မြဝတီနယ်စပ်​ကနေ လာပြီး တချို့က နယ်စပ်

Read More
အလုပ်သမား သတင်း

မလေးရှားနိုင်ငံသားပတ်စပို့အတု ကိုင်ဆောင်ထားတဲ့ မြန်မာတစ်ဦးကို ထိုင်းရဲတွေ ဖမ်းဆီး

မလေးရှားနိုင်ငံသားပတ်စပို့အတု ကိုင်ဆောင်ထားတဲ့ မြန်မာတစ်ဦးကို ထိုင်းရဲတွေ ဖမ်းဆီး ဩဂုတ် ၃ ရက် Migrant Times မလေးရှားနိုင်ငံသားပတ်စပို့အတု ကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံမှာ နေထိုင်နေသူ မြန်မာအမျိုးသားတစ်ဦးကို ထိုင်းတောင်ပိုင်း၊ စုံခလာခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတွေက စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။ဩဂုတ်လ ၁ ရက်က မ‌လေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ်ဖြစ်တဲ့ စုံခလာခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတွေက ထိုင်းနိုင်ငံအထဲ နေထိုင်ခွင့်ရရှိရန် ဗီဇာတံဆိပ်တုံးထု‌‌ပေးရေး စီစစ်နေချိန်မှာ ပတ်စပို့ကိုင်ဆောင်ထားသူကို သံသယရှိမှုနဲ့ ယင်းနိုင်ငံသားဟုတ်၊ မဟုတ်ကို စစ်ဆေးရာမှာ ပတ်စပို့အတုနဲ့လိမ်လည်သုံးဆွဲထားကြောင်း သိရရပါတယ်။အဲဒီမလေးရှားနိုင်ငံသားပတ်စပို့ကိုင်ဆောင်ထားသူဟာ အသက် ၂၉ နှစ်ရွယ် မြန်မာလူမျိုးဖြစ်နေပါတယ်။ သူဟာ အရင် ထိုင်း-မြန်မာနယ်စပ်ကနေ သဘာဝလမ်းကြောင်းအသုံးပြုပြီး ဘန်ကောက်မြို့ထဲမှာ တရားမဝင် အလုပ်လာလုပ်နေသူဖြစ်ပါတယ်။ အဲဒီနောက် မ‌လေးရှားပွဲစားတစ်ဦးကနေ ဘတ်‌ငွေပေါင်း ကိုးသိန်းခွဲ သို့မဟုတ် မလေးရှားငွေ ၁၂၀,၀၀၀ ရင်းဂစ် တန်ဖိုးရှိတဲ့

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံထဲ တရားမ၀င်ဝင်လာတဲ့ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ တရားမ၀င်ဝင်လာတဲ့ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ ဩဂုတ် ၃ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်၊ ထာချန်မြို့နယ်၊ ထာချန်ကျေးရွာအုပ်စု၊ မူထိ ၃ လမ်းမကြီးပေါ်မှာ တရားမ၀င် နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မြန်မာလုပ်သား ၁၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။အဲဒီ မြန်မာလုပ်သားတွေဟာ Prachuap Khiri Khan ပြည်နယ်က​ေန Songkhla ပြည်နယ်ကို ကားနဲ့သွားရောက်စဥ်မှာ ဆူရတ်ဌာနီပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ကားတစ်စီးဟာ လိုင်စင်နံပါတ်ပြား တပ်ဆင်မထားတာမို့ တားဆီးစစ်ဆေးရာမှာ စာရွက်စာတမ်းမဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို မှောင်ခို တင်သွင်းလာတာ စစ်ဆေး​တွေ့ရှိခဲ့ကြောင်း ရဲမှူးကြီး Wachira Yaothaisong က ပြောပါတယ်။သူတို့ကို ပို့ဆောင်ခ ဘတ် ၃၀,၀၀၀

Read More
အလုပ်သမား သတင်း

ပြည်ပရောက်မြန်မာတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီဘဏ်က​ေနလွှဲဖို့ သတ်မှတ်မှု လက်တွေ့မှာအဆင်မပြေ

ပြည်ပရောက်မြန်မာတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီဘဏ်က​ေနလွှဲဖို့ သတ်မှတ်မှု လက်တွေ့မှာအဆင်မပြေ ဩဂုတ် ၃ ရက် စကားဝါ၊ Migrant Times ပြည်ပရောက်မြန်မာတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီဘဏ်က​ေနလွှဲဖို့ သတ်မှတ်မှု လက်တွေ့မှာအဆင်မပြေဘူးလို့ပြည်ပရောက် မြန်မာအလုပ်သမားတွေက Migrant Times ကိုပြောပါတယ်။ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့မိသားစုတွေဆီ ငွေလွှဲရာမှာ တရားဝင်ဘဏ်စနစ်ကနေ အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်းလွှဲဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဩဂုတ်လ ၂ ရက်က ပြောခဲ့ပါတယ်။“ ကျွန်မတို့က ဘဏ်စနစ်ကိုသုံးဖို့ခက်တယ်ဆိုတာက ကျွန်မတို့နယ်မှာ နဂိုကတည်းကဘဏ်မရှိဘူး။ အခုဆို တိုက်ပွဲတွေဖြစ်တော့ သွားရေးလာတာကအစခက်ခဲတယ်။ မလုံခြုံတာတွေရှိတယ်။ ဒီတော့ ဟွန်ဒီကနေလွှဲတာက ပိုအဆင်ပြေတယ်။ အရင်က K payသုံးသေးတယ်။ ဒါပေမဲ့

Read More
အလုပ်သမား သတင်း

ထိုင်းထီ ဘတ် ၆ သန်းဆု ကရင်အမျိုးသားတစ်ဦး ကံထူး

ထိုင်းထီ ဘတ် ၆ သန်းဆု ကရင်အမျိုးသားတစ်ဦး ကံထူး ဩဂုတ် ၃ ရက် စကားဝါ၊ Migrant Times နောက်ဆုံးထွက်ရှိထားတဲ့ ထိုင်းထီရဲ့ အမြင့်ဆုံးဆု ဘတ် ၆ သန်းဆုကို ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်းလူကျေးရွာက ရေခဲဆိုင်တခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ကရင်အမျိုးသားတစ်ဦး ဆွတ်ခူးရရှိခဲ့ပါတယ်။တစ်လမှာ နှစ်ကြိမ်ဖွင့်ပြီး အမြင့်ဆုံးဆု အဖြစ် ဘတ် ၆ သန်းချီးမြှင့်တဲ့ ထိုင်းထီကို ထိုင်းရောက်မြန်မာရွေ့ပြောင်းတွေသာမက ပြည်တွင်းကလူတွေပါ စိတ်ဝင်တစား ထိုးလာနေကြတာဖြစ်ပါတယ်။အမြင့်ဆုံးဆုအဖြစ် ထီလက်မှတ်တစ်စောင်တည်းကသာ ဆွတ်ခူးနိုင်တာမဟုတ်ဘဲ ပေါက်မဲနံပါတ်ပါဝင်တဲ့ ထီလက်မှတ်တိုင်း ဘတ် ၆ သန်းကို ရရှိနိုင်တာကြောင့် စိတ်ဝင်စားမှုများပြားနေကြတာပါ။ထီဝယ်ယူမှု များလာတာနဲ့အမျှ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကြားမှာ မကြာခဏ ထီဆုကြီးတွေ ဆွတ်ခူးနိုင်တဲ့ မင်္ဂလာသတင်းတွေလည်း ရှိလာနေပါတယ်။

Read More
အလုပ်သမား သတင်း

ဂျပန်နိုင်ငံက အလုပ်သင် လုပ်သားခေါ်ယူမှု လျှောက်ထားနိုင်

ဂျပန်နိုင်ငံက အလုပ်သင် လုပ်သားခေါ်ယူမှု လျှောက်ထားနိုင် ဩဂုတ် ၂ ရက် ခွန်သောမတ်၊ Migrant Times ဂျပန်နိုင်ငံမှာ ၃ နှစ်အတွင်း နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ပေးမယ့် အခွင့်အလမ်းသစ်ကို ဂျပန်အစိုးရက ခွင့်ပြုမှာဖြစ်ပြီး စွမ်းရည်ရှိ ကျွမ်းကျင်ထိုင်းအလုပ်သမားတွေ အနေနဲ့ နှစ်ရှည်၀င်ငွေ ကောင်းကောင်း ရရှိနိုင်တယ်လို့ ထိုင်း အလုပ်အကိုင်ရှာ‌ဖွေရေးရုံးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။သင်တန်းသား ရွေးချယ်ရေး စာမေးပွဲအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ ဂျပန် ဘာသာစကား ကျွမ်းကျင်မှုကို စစ်ဆေးမှာမို့ မည်သူမဆို စာမေးပွဲကို toea.doe.go.thဝက်ဘ်ဆိုက်မှာ အခမဲ့ လျှောက်ထားဖြေဆိုနိုင်တယ်လို့ သိရပါတယ်။ဂျပန်နိုင်ငံမှာ နည်းပညာဆိုင်ရာ အလုပ်သင်အနေနဲ့ သွားရောက်လုပ်ကိုင်ရမယ့် လုပ်ငန်းတွေကတော့ ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ သတ္တုတံဆိပ်ရိုက်လုပ်ငန်း၊ ဂဟေဆော်လုပ်ငန်း၊ အီလက်ထရွန်းနစ် တပ်ဆင်ခြင်းလုပ်ငန်း၊ စက်ထိန်းသိမ်းခြင်းလုပ်ငန်း၊ ဆေးသုတ်ခြင်းလုပ်ငန်း၊

Read More