နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

အလုပ်သမား ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ စာရွက်စာတမ်းများ တင်သွင်းချိန် ဇူလိုင် ၃၁ ရက်အထိ တိုးမြှင့်ထား

အလုပ်သမား ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ စာရွက်စာတမ်းများ တင်သွင်းချိန် ဇူလိုင် ၃၁ ရက်အထိ တိုးမြှင့်ထား ဇွန် ၂၁ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဘက်စုံပြန်လည်ကောင်းမွန် တိုးတက်ဖို့ လုပ်သားရှားပါးမှု ပြဿနာဖြေရှင်းရေးတွင် တရားမျှတမှုနှင့် အခွင့်အရေးများဆိုင်ရာ သာတူညီမျှ ရရှိဖို့ မူဝါဒတစ်ရပ် ချမှတ်ခဲ့ပြီး အလုပ်သမားများကို အကာအကွယ်ပေးနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန နှင့် အေဂျင်စီများ အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်၏ အတွင်းရေးမှုး ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနုချာ ဘူရာပါချိုင်းဆရီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ ရွေ့ပြောင်းအလုပ်သမားတို့၏ အလုပ်အကိုင် သက်တမ်း ၄ နှစ် ကုန်ဆုံးပြီး ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်

Read More
အလုပ်သမား သတင်း

ဥရောပနိုင်ငံများဆီ မြန်မာလုပ်သားတွေ သွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားလာ

ဥရောပနိုင်ငံများဆီ မြန်မာလုပ်သားတွေ သွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားလာ ဇွန် ၂၁ ရက် အရုဏ်ဦး၊ Migrant Times မြန်မာလုပ်သားတွေအနေနဲ့ ​အာရှဒေသတွင်းနိုင်ငံတွေအပြင် ဥရောပနိုင်ငံတွေကိုသွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားမှုတွေရှိလာတယ်လို့ ပြည်ပကိုသွားရောက်ဖို့ပြင်ဆင်နေသူတချို့ထံကသိရပါတယ်။လက်ရှိမှာ ဥရောပနိုင်ငံတချို့က မြန်မာလုပ်သားတွေကိုခေါ်ယူဖို့ကမ်းလှမ်းမှုတွေရှိလာသလို အလုပ်သမားတွေအနေနဲ့လည်း နယ်မြေအသစ်အပေါ် စိတ်ဝင်တစားရှိနေတာလို့ဆိုပါတယ်။” ဂျပန်ဆိုဂျပန်ပဲ စုပြုံနေတော့ ဥရောပဘက်လုပ်သားစျေးကွက်ပွင့်ရင် အဲဒီဘက်ပြောင်း   မယ့်သူတွေတော်တော်များများရှိနေတယ်။အခုလည်းအေဂျင်စီတချို့က ပို့ဖို့ရှိတယ်ဆိုလို့လေ့လာနေတယ်” လို့ ပြည်ပကိုအလုပ်သွားလုပ်ဖို့လေ့လာနေသူတစ်ဦးကပြောပါတယ်။ ဥရောပနိုင်ငံတခုဖြစ်တဲ့ ပိုလန်နိုင်ငံက မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး အလုပ်လျှောက်လွှာတွေလက်ခံနေပြီဆိုပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုဖြစ်တဲ့ Royal Gateကုမ္ပဏီက ကြေညာထားပါတယ်။ဒါဟာ ဥရောပ အလုပ်အကိုင်စျေးကွက်အတွက် ပထမခြေလှမ်းဖြစ်ပြီး နောက်ပိုင်းဆက်တိုက်ခေါ်ယူမှုတွေရှိလာနိုင်တယ်လို့ အေဂျင်စီအသိုင်းအဝိုင်းကဆိုပါတယ်။Royal Gateကုမ္ပဏီကအလုပ်လျှောက်လွှာခေါ်တဲ့အပေါ် စိတ်ဝင်တစားသွားရောက်လျှောက်ထားသူအများအပြားရှိနေတယ်လို့လည်း ကိုယ်တိုင်သွားရောက်လျှောက်ထားခဲ့သူတစ်ဦးကပြောပါတယ်။ “ ကိုယ့်လိုပဲ လာလျှောက်ကြတဲ့သူတွေအများကြီးတွေ့ရတယ်။အဲဒီနိုင်ငံကိုအလုပ်သမားကပထမဆုံးပို့မှာဆိုတော့တချို့ကမရဲတရဲနဲ့ပေါ့” လို့ သူကပြောပါတယ်။အခုလို ဥရောပနိုင်ငံတွေဆီသွားရောက်ဖို့ စိတ်ဝင်စားသူအများစုကတော့

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၇ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၇ ဦး စေလွှတ် ဇွန် ၂၁ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၇ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် ၁၄၇ ဦးဟာ ဒီက​ေန ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မေလက ​မြန်မာလုပ်သား ၂၉၉ ဦးကို တောင်ကိုရီးယားကို စေလွှတ်ခဲ့ပါတယ်။ အခုလအတွင်း ပထမအကြိမ်အနေနဲ့ မြန်မာလုပ်သား ၄၄၁ ဦး စေလွှတ်ထားပြီဖြစ်ပါတယ်။ ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့

Read More
အလုပ်သမား သတင်း

ထိုင်းကို MoU စနစ်နဲ့ စေလွှတ်တဲ့မြန်မာလုပ်သားတွေအတွက် ဗီဇာကြေး ၇၅ ရာခိုင်နှုန်း လျှော့ချပေးဖို့

ထိုင်းကို MoU စနစ်နဲ့ စေလွှတ်တဲ့မြန်မာလုပ်သားတွေအတွက် ဗီဇာကြေး ၇၅ ရာခိုင်နှုန်း လျှော့ချပေးဖို့ မြန်မာအစိုးရ တောင်းဆို ဇွန် ၂၁ ရ​က် ခွန်သောမတ်၊ Migrant Times ထိုင်းကို MoU စနစ်နဲ့ စေလွှတ်တဲ့မြန်မာလုပ်သားတွေအတွက် ဗီဇာကြေး ၇၅ ရာခိုင်နှုန်း လျှော့ချပေးဖို့မြန်မာအစိုးရက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ထိုင်း – မြန်မာ အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံဆွေးနွေးပွဲမှာ လုပ်သား တင်သွင်းမှု စရိတ်နဲ့ အချိန်ကို လျှော့ချဖို့၊ အလုပ်ရှင်များဟာ တရားဝင် လုပ်သားများခန့်ထားဖို့၊ ဗီဇာကြေး ဘတ် ၂၀၀၀ အစား ဘတ် ၅၀၀ အထိ လျှော့ချဖို့၊ အလုပ်သမားများကို စောင့်ရှောက်ဖို့နဲ့အကာအကွယ်ပေးဖို့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ရနောင်းနဲ့ ချွန်ဖော်မှာ တရားမဝင်နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲဝင်လာတဲ့ မြန်မာ ၁၁ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ၊ရနောင်းနဲ့ ချွန်ဖော်မှာ တရားမဝင်နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲဝင်လာတဲ့ မြန်မာ ၁၁ ဦးကို ဖမ်းမိ ဇွန် ၂၀ ရက် ရန်၊ Migrant Times ရနောင်းနဲ့ ချွန်ဖော်ခရိုင်ထဲက ထိုင်းစစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းနိုင်ငံအထဲတရားမဝင်လမ်းကြောင်းနဲ့ဝင်လာပြီး အလုပ်လုပ်ကြမယ့် မြန်မာနိုင်ငံသား ၁၁ ဦးကို စစ်ဆေးဖမ်းဆီးမိခဲ့တယ်လို့ ရနောင်းအခြေစိုက် အမှတ်- ၂၅ ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။မနေ့က နေ့လယ် ၁ နာရီမှာ ရနောင်းခရိုင်ထဲက စစ်ဆေးရေးတစ်ခုဖြစ်တဲ့ စိလာလပ် (ကျော်ပေါ်လော်) စစ်ဆေးရေးဂိတ်ကတပ်ဖွဲ့တွေနဲ့ ပါ့က်ကျန်ရဲစခန်းက ရဲတွေပူးပေါင်းပြီး ဂိတ်တွင်းစစ်ဆေးမှုပြုလုပ်ရာမှာ လိုင်းကားအသေးနဲ့ လိုက်ပါလာတဲ့ တရားမဝင်မြန်မာလုပ်သမား ကျား ၁ ဦးနဲ့ မ ၅ ဦး စုစုပေါင်း ၆ ဦးတို့ကို စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ အထောက်အထားပြသစစ်ဆေးမှုလုပ်ဆောင်ချိန် ဝင်ရောက်လာသူနဲ့

Read More
အလုပ်သမား သတင်း

မြန်မာ ၇၀၀ ဦး ကို ဆယ်နှစ်ခံကဒ်ထုတ်ပေးခဲ့တဲ့ ထိုင်းအစိုးရဝန်ထမ်း ၃ ဦးကို အပြစ်ပေး

မြန်မာ ၇၀၀ ဦး ကို ဆယ်နှစ်ခံကဒ်ထုတ်ပေးခဲ့တဲ့ ထိုင်းအစိုးရဝန်ထမ်း ၃ ဦးကို အပြစ်ပေး ဇွန် ၂၀ ရက် ရန်၊ Migrant Times မဲဆောက်မြို့နယ်စည်ပင်သာယာရေးရုံးမှာ မြန်မာ ၇၀၀ ဦး ကို ထိုင်းနိုင်ငံထဲ တရားဝင်နေထိုင်ခွင့်အထောက်အထားတစ်ခုဖြစ်တဲ့ ဆယ်နှစ်ခံကဒ် သို့မဟုတ် တောင်ပေါ်သားကဒ်ကို အခကြေးငွေများစွာရယူပြီး ထုတ်ပေးခဲ့တဲ့ ထိုင်းဝန်ထမ်း ၃ ဦးကို အလုပ်နေရာရွှေ့ပြောင်းခြင်းဖြင့် အပြစ်ပေးခဲ့တယ်လို့ ထိုင်း Matichon သတင်းဌာနက ဖော်ပြပါတယ်။မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့စည်ပင်သာယာရေးရုံးမှာ အလုံးအရင်းနဲ့ မြန်မာလူမျိုးတွေကို ဆယ်နှစ်ခံကဒ်ထုတ်ပေးနေတဲ့ သတင်းများပေါက်ကြားပြီးနောက် မဲဆောက်မြို့စည်ပင်ဥက္ကဌ မစ္စတာ Prasert Puangkhon ကစစ်ဆေးကာ ပြည်သူ့စာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးတဲ့ရုံးခန်းက အစိုးရဝန်ထမ်း ၃ ဦးကို အလုပ်နေရာရွှေ့ပြောင်းခြင်းဖြင့် အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၅ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၅ ဦး စေလွှတ် ဇွန် ၂၀ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၅ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် (၁၁၄) ဦး၊စိုက်ပျိုးရေးနှင့် ‌မွေးမြူရေးလုပ်သားသစ် (၃၁) ဦးဟာ ဒီက​ေန ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မေလက ​မြန်မာလုပ်သား ၂၉၉ ဦးကို တောင်ကိုရီးယားကို စေလွှတ်ခဲ့ပါတယ်။ အခုလအတွင်း ပထမအကြိမ်အနေနဲ့ မြန်မာလုပ်သား ၂၉၆ ဦး စေလွှတ်ထားပြီဖြစ်ပါတယ်။ ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့

Read More
နိုင်ငံတကာ

ထိုင်းကနေ မြန်မာနိုင်ငံထဲ သွင်းမယ့် မှောင်ခိုကား ဖမ်းဆီးခံရ

ထိုင်းကနေ မြန်မာနိုင်ငံထဲ သွင်းမယ့် မှောင်ခိုကား ဖမ်းဆီးခံရ ဇွန် ၂၀ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မဲဖာလုံမြို့နယ်၊ ထွတ်ထိုင်းကျေးရွာအုပ်စု၊ မုံရှစ်အိမ်ရွာ ဧရိယာမှာ မြန်မာနိုင်ငံထဲ သွင်းမယ့် မှောင်ခိုကားတစ်စီး မနေ့ကဖမ်းဆီးခံခဲ့ရပါတယ်။ဘန်ကောက်လိုင်စင် နံပါတ်ပြားနဲ့ ကားတစ်စီးဟာ တရားမဝင်လမ်းကြောင်းကတစ်ဆင့် မဲဖာလုံမြို့နယ်မှ မြန်မာနိုင်ငံကို ပို့ဆောင်စဥ် ဖမ်းဆီးမိခဲ့တာပါ။ဖမ်းဆီးစဥ်မှာ ယာဥ်မောင်းထွက်ပြေး လွတ်မြောက်သွားပြီး ကားကိုတော့ ရေချောင်းအနီးမှာ ထားခဲ့တယ်လို့ သိရပါတယ်။ဖမ်းဆီးမိခဲ့တဲ့ကားကို Mae Fah Luang ရဲစခန်းမှာ ထိန်း သိမ်းထားပြီး ကားမှောင်ခိုသွင်းသူကို တရားဥပဒေအရဖော်ထုတ်အရေးယူမယ်လို့ သိရပါတယ်။ ကိုးကား၊ ဓာတ်ပုံ-MAESAIPRESS

Read More
နည်းပညာ နိုင်ငံတကာ အလုပ်သမား သတင်း

အလုပ်သမားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန် စားသောက်ဆိုင်များ AI ကို အသုံးပြု

အလုပ်သမားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန် စားသောက်ဆိုင်များ AI ကို အသုံးပြု ဇွန် ၁၉ ရက် ခွန်သောမတ်၊ Migrant Times အမေရိကန် Pizza Hut၊ Chipotle၊ Carl’s Jr စတဲ့ စားသောက်ဆိုင်တွေဟာ ချက်ပြုတ်ခြင်း၊ ပို့ဆောင်ခြင်း၊ နဲ့ ကော်ဖီဖျော်တဲ့ အဆင့်ထိ လုပ်သားရှားပါးမှု ပြဿနာကို ကိုင်တွယ် ဖြေရှင်းဖို့ AI ကို အသုံးပြုနေပြီဖြစ်ကြောင်း CNBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။အမေရိကန်ပြည်ထောင်စုရှိ Pizza Hut တည်နေရာ တစ်ထောင်ကျော်နဲ့ ကမ္ဘာတစ်ဝှမ်းရှိ ၃၀၀၀ ကျော်မှာ AI ကို စတင်အသုံးပြုလျက်ရှိပြီး McDonald’s နည်းပညာကုမ္ပဏီကြီးဟာ IBM နဲ့ ပူးပေါင်းကာ အမေရိကန်ပြည်ထောင်စုရှိ တချို့စတိုးဆိုင်တွေမှာ AI စမ်းသပ်မှု

Read More
အလုပ်သမား သတင်း

တရားမဝင်မြန်မာလုပ်သား ၈ ဦး ထိုင်းမှာ ဖမ်းဆီးခံရ

တရားမဝင်မြန်မာလုပ်သား ၈ ဦး ထိုင်းမှာ ဖမ်းဆီးခံရ ဇွန် ၁၈ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံအလယ်ပိုင်း၊ Bueng Sam Phan မြို့နယ်၊ သီရီမုန်ခွန် ကျေးရွာအုပ်စုရှိ ချိုင်းယာဖွန် နခွန်ဆာ၀န် လမ်းမကြီးပေါ်မှာ တရားမ၀င် မြန်မာလုပ်သား ၈ ဦး တင်ဆောင်လာတဲ့ ကားနှစ်စီးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။အဲဒီ ကားနှစ်စီးကို တားဆီးစစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသား ယာဉ်မောင်း မစ္စတာ Anuram နဲ့ ​မစ္စတာ Pongkon၊ တရားမဝင် နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မြန်မာ ၈ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းဘုရင့် ရဲတပ်ဖွဲ့ ရဲမှူးကြီး Jaroonkiat Pankaew က ပြောပါတယ်။တရား၀င် စာရွက်စာတမ်းမရှိတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား

Read More