နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

အေဂျင်စီတွေကို ပိုမိုတင်းကြပ်ထားတဲ့အချက်တွေ ထုတ်ပြန်

အေဂျင်စီတွေကို ပိုမိုတင်းကြပ်ထားတဲ့အချက်တွေ ထုတ်ပြန် ဇွန် ၁၈ ရက် စကားဝါ၊ Migrant Times ထိုင်းနိုင်ငံကို စေလွှတ်မယ့် အလုပ်သမားတွေမှအပ အခြားသော နိုင်ငံတွေကို အလုပ်သမားစေလွှတ်မယ့် အေဂျင်စီတွေ လိုက်နာရမယ့် အချက် ၇ ချက်ကို အလုပ်သမားညွှန်ကြားရေးဉီးစီးဌာနက ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ပြည်ပကိုစေလွှတ်မယ့် အလုပ်သမားတွေကို Demand Letter အတုတွေနဲ့ စုဆောင်းခြင်း၊ သင်တန်းတက်ရောက်စေပြီး ငွေကြေးကြိုတင်ကောက်ခံထားပြီး အလုပ်သမားစေလွှတ်မှု မပြုခြင်း စတဲ့ ပြဿနာတွေကြောင့် ယခုအချက်တွေကို ထုတ်ပြန်ရတာဖြစ်တယ်လို့ သိရပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာ ဇွန်လ ၂၆ ရက်ကစပြီး ထိုင်းနိုင်ငံမှအပ အခြားသောနိုင်ငံတွေကို အလုပ်သမားစေလွှတ်မယ်ဆိုရင် EC စာချုပ်တွေကို မန်နေးဂျင်းဒါရိုက်တာကိုယ်တိုင်လက်မှတ်ထိုးပြီး ချုပ်ဆိုရန်၊ Demand Letter များကို သက်ဆိုင်ရာနိုင်ငံများက မြန်မာသံရုံးရဲ့

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်နိုင်ဖို့ မလေးရှား ဗီဇာလျှောက်ထားမှု စနစ်သစ် စီစဥ်

ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်နိုင်ဖို့ မလေးရှား ဗီဇာလျှောက်ထားမှု စနစ်သစ် စီစဥ် ဇွန် ၁၇ ရက် ခွန်သောမတ်၊ Migrant Times မလေးရှားနိုင်ငံဟာ နည်းပညာမြင့် Xpats Gateway စနစ်သစ်နဲ့ အချက်အလက်ဒေတာကို ချိတ်ဆက်ပေးတဲ့ ဗီဇာလျှောက်လွှာ စနစ်သစ် တစ်ရပ် အကောင်အထည်ဖော်နေတယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။ဘဏ္ဍာရေး ၊ စွမ်းအင်နဲ့ တခြားကုမ္ပဏီတွေရဲ့ နိုင်ငံခြားသားဝန်ထမ်း​တွေအတွက် ဗီဇာလျှောက်ထားခြင်းကို ငါးရက်အပြီး လုပ်ဆောင်ပေးမယ့် စနစ်သစ်ဖြစ်တယ်လို့ ဆိုပါတယ်။ဒီစနစ်သစ်က ကျွမ်းကျင်လုပ်သားများနဲ့ လုပ်ငန်းစဉ်များကို အရှိန်မြှင့်ပေးရုံတင်မက ကုမ္ပဏီတွေဟာသူတို့ရဲ့ ဝန်ထမ်း​တွေအတွက် ဗီဇာ လျှောက်ထားရာမှာလည်း ပိုမိုလွယ်ကူစေမယ်လို့ ဆိုပါတယ်။အရင်က မလေးရှားနိုင်ငံ ဗီဇာလျှောက်ထားရာမှာ စာရွက်စာတမ်း အထောက်အထား၊ အေဂျင်စီများ၏ ထောက်ခံမှုမှ တစ်ဆင့် တင်သွင်းရပြီး အချိန်လည်း ၃

Read More
အလုပ်သမား သတင်း

စိတ်ကြွဆေးပြား သုံးသိန်းကျော် သယ်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦး ထိုင်းမြောက်ပိုင်းတွင် ဖမ်းမိ

စိတ်ကြွဆေးပြား သုံးသိန်းကျော် သယ်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦး ထိုင်းမြောက်ပိုင်းတွင် ဖမ်းမိ ဇွန် ၁၆ ရက်၊ Migrant Times ထိုင်း−မြန်မာနယ်စပ် ချင်းမိုင်ခရိုင်မှာ ဆေးပြား ၃၀၀,၀၀၀ ကျော် သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဇွန်လ ၁၅ ရက် ညပိုင်းက ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မြန်မာနယ်ခြားမျဉ်းအနီး လမ်းလျှောက်လာတဲ့ မသင်္ကာသူ ၃ ဦးကို တွေ့ရှိခဲ့လို့ လိုက်လံဖမ်းဆီးရာမှာ ၂ ဦး ဖမ်းမိခဲ့တာပါ။ သူတို့ကို စစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၃၄၂,၀၀၀ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ဖမ်းဆီးရမိသူတွေကို ချ​င်းဒေါင်းမြို့မ ရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးခိုးသွင်းမှုကို ဖမ်းဆီးနိုင်ဖို့

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

တောင်ကိုရီးယား အလုပ်လက်မဲ့နှုန်း စံချိန်တင် နိမ့်ပါးပြီး လုပ်သားဈေးကွက် အားကောင်းနေ

တောင်ကိုရီးယား အလုပ်လက်မဲ့နှုန်း စံချိန်တင် နိမ့်ပါးပြီး လုပ်သားဈေးကွက် အားကောင်းနေ ဇွန် ၁၆ ရက် ခွန်သောမတ်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ မေလတွင် အလုပ်လက်မဲ့နှုန်းစံချိန်တင်နိမ့်ကျသွားပြီး စီးပွားရေးတိုးတက်မှု နှေးကွေးသည့် အရိပ်အယောင်များရှိနေသော်လည်း အလုပ်သမား ဈေးကွက်သည် အားကောင်းနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အမျိုးသားစာရင်း အင်းရုံးက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။မေလတွင် လုပ်ငန်းခွင်သို့ ၀င်ရောက်သူ ဦးရေ ၃၅၁, ၀၀၀ မှ ၂၈ ဒသမ ၈၃ သန်းအထိ မြင့်တက်လာပြီး ဧပြီလတွင် လုပ်ငန်းခွင်သို့ ၀င်ရောက်သူ ၃၅၄,၀၀၀ ရှိခဲ့ကြောင်း သိရ ပါတယ်။ အလုပ်ရှင်ဦးရေကတော့ မတ်လမှ စပြီး နှစ်စဉ် တိုးလာခဲ့ကြောင်း သိရပါတယ်။ တောင်ကိုးရီးယားနိုင်ငံတွင် ကျန်းမာရေးနှင့် လူမှုဖူလုံရေး လုပ်ငန်းတွင် အလုပ်အကိုင်သူ

Read More
နိုင်ငံရေး အလုပ်သမား သတင်း

ဟိုစိမ့်စက်ရုံမှလုပ်ခတိုးတောင်းတဲ့အလုပ်သမား​တွေကိုအလုပ်ထုတ်လိုက်တဲ့အပေါ် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ထံတင်ပြထားတယ်လို့ဆို

ဟိုစိမ့်စက်ရုံမှလုပ်ခတိုးတောင်းတဲ့အလုပ်သမား​တွေကိုအလုပ်ထုတ်လိုက်တဲ့အပေါ် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ထံတင်ပြထားတယ်လို့ဆို ဇွန် ၁၆ ရက် အရုဏ်ဦး၊ Migrant Times ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့်အထည်ချုပ်စက်ရုံမှလုပ်ခတိုးပေးဖို့တောင်းဆိုခဲ့တဲ့ အလုပ်သမားသမဂ္ဂဝင် ၇ဦးကိုအလုပ်ထုတ်လိုက်တာနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ထံ တင်ပြတိုင်ကြားထားတယ်လို့ မြန်မာနိူင်ငံဆောက်လုပ်ရေး၊သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကထုတ်ပြန်ပါတယ်။မြန်မာနိူင်ငံက စက်ရုံလုပ်ငန်းခွင်တွေမှာ ဟို​စိမ့်စက်ရုံလို ပြုမူနေတာတွေရှိနေပြီးအရေးဆောင်ရွက်နိူင်ဖို့အတွက် တင်ပြထားတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ILOအထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ မြန်မာနိူင်ငံမှာ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ချိုး​ဖောက်​နေတာနဲ့ အဓမ္မစေခိုင်းမူတွေရှိနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေကို စစ်ဆေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။ဟိုစိမ့်အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ၅၆၀၀ကျပ်ပေးဖို့ မေလကုန်ပိုင်းကတောင်းဆိုခဲ့ကြတာဖြစ်ပြီး စက်ရုံဘက်ကတောင်းဆိုချက်ကိုလက်ခံလိုက်ပေမယ့် အလုပ်သမားသမဂ္ဂဝင် ၇ဦးကိုတော့ လုပ်ငန်းခွင်အတွင်းဆူပူအောင်လုပ်လို့ဆိုပြီးအလုပ်ကထုတ်လိုက်တာဖြစ်ပါတယ်။” အခုထိလည်းအလုပ်ထုတ်ခံရသူတွေပြန်လက်ခံတယ်မကြားဘူး။ကျန်အလုပ်သမားတွေလည်းမကျေနပ်ကြဘူး” လို့ အဲဒီစက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။ အဲဒီလို အလုပ်သမားသမဂ္ဂဝင် ၇ဦးကိုအလုပ်ထုတ်လိုက်တဲ့အပေါ် စက်ရုံလုပ်သားတွေကမကျေနပ်လို့ ဇွန်၁၃ရက်က လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။အဲဒီနောက် ဌာနဆိုင်ရာတာဝန်ရှိသူတွေရောက်လာပြီး ညှိနှိုင်းကာ နောက်တစ်နေ့မှာ အလုပ်ထုတ်ခံရတဲ့ကိစ္စဖြေရှင်းပေးမယ်ဆိုပြီးချိန်းဆိုလိုက်ပါတယ်။ချိန်းဆိုတဲ့နေ့မှာ အလုပ်ထုတ်ခံရတဲ့သူတွေဟာ ရွှေပြည်သာမြို့နယ်ထွေအုပ်ရုံးမှာ ညှိနှိုင်းပြီးအပြန်

Read More
အလုပ်သမား သတင်း

တစ်ရက်လုပ်အားခ ကျပ် တစ်သောင်း ရရှိရေးမူကိုလက်ကိုင်ထားဆဲဟု STUMဆို

တစ်ရက်လုပ်အားခ ကျပ် တစ်သောင်း ရရှိရေးမူကိုလက်ကိုင်ထားဆဲဟု STUMဆို ဇွန် ၁၅ ရက် အရုဏ်ဦး၊ Migrant Times စက်ရုံတချို့ဟာ အခြေခံအနည်းဆုံးအခကြေးငွေကို အနည်းငယ်တိုးပေးလာပေမယ့် တစ်ရက်လုပ်ခ ကျပ် တစ်သောင်း ရရှိရေးတောင်းဆိုချက်ကို လက်ကိုင်ထားဆဲလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ဆိုပါတယ်။STUMအနေနဲ့ ဒီနှစ်မေဒေးနေ့ကြေညာချက်ထဲမှာ အနည်းဆုံးတစ်ရက်လုပ်ခ ကျပ် တစ်သောင်း သတ်မှတ်ပေးဖို့ဆိုတဲ့အချက်ထည့်သွင်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ စက်ရုံတချို့က တစ်ရက်လုပ်ခ ၄၈၀၀ကျပ်ကနေ ၅၆၀၀ကျပ်တိုးပေးလာကြတာဖြစ်ပြီး ဒါဟာအလုပ်သမားတွေအမှန်တကယ်လိုချင်တဲ့ပမာဏမဟုတ်ဘူးလို့ STUMတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ ၅၆၀၀ဆိုပြီးဘယ်လိုဖြစ်လာတယ်ဆိုတာမသိဘူး။လုပ်ငန်းရှင်တွေဆီကတသံတည်းထွက်လာတာတော့သတိထားမိတယ်။ဒီလိုအကြောင်းဖြစ်လာဖို့နောက်ကွယ်က လက်မည်းကြီးရှိမယ်လို့ ယူဆရတယ်” လို့ သူကပြောပါတယ်။ဒီလို ၅၆၀၀ကျပ်သတ်မှတ်ပေးလာတာကိုအလုပ်သမားတွေကအခြေအနေအရလက်ခံနေကြရပေမယ့် STUMအနေနဲ့ကတော့ မူလတောင်းဆိုထားတဲ့နှုန်းအတိုင်းဆက်ရပ်တည်နေမယ်လို့လည်းဆိုပါတယ်။ အခုလို လုပ်ခအနည်းငယ်တိုးပေးလာတာဟာ နှစ်ကြိမ်တိုင်နှုန်းထားအသစ်ပြင်ဆင်သတ်မှတ်ဖို့ပျက်ကွက်ခဲ့တာကိုပြန်ဖာထေးတဲ့သဘောဖြစ်သလို အလုပ်ရှင်ဆန္ဒရှိသလောက်တိုးပေးလိုက်တဲ့ပမာဏကို အလုပ်သမားကမဖြစ်မနေလက်ခံပေးလိုက်ရစေမယ့်အခြေအနေမျိုးဖန်တီးတဲ့သဘောတွေ့ရတယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေကဆိုပါတယ်။” ၅၆၀၀ကျပ်နဲ့နှပ်ကြောင်းပေးတာပေါ့။ပြီးရင် အဲဒါအတည်ဖြစ်သွားပြီး နှုန်းထားအသစ်သတ်မှတ်ပါတယ်ဆိုပြီးရောချမယ်လို့မြင်တယ်” လို့အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကပြောပါတယ်။ရန်ကုန်မြို့က စက်ရုံအများစုဟာ တစ်ရက်လုပ်ခ ၅၆၀၀ကျပ်ကို ဇွန်လကစပြီးသတ်မှတ်ပေးနေပြီး

Read More
အလုပ်သမား သတင်း

ဖိလစ်ပိုင်အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ်စေခိုင်းခံနေရတဲ့မြန်မာနိုင်ငံသား ၆ ဦးကို ကယ်ဆယ်ပြီး နေ

ဖိလစ်ပိုင်အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ်စေခိုင်းခံနေရတဲ့မြန်မာနိုင်ငံသား ၆ ဦးကို ကယ်ဆယ်ပြီး နေရပ်ပြန်ပို့ ဇွန် ၁၅ ရက်၊ Migrant Times ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ်အတင်းအကြပ်စေခိုင်းခံနေရတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ကယ်ဆယ်ပြီး မနေ့က မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။လူကုန် ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး မေလ ၄ ရက်ညက အဲဒီအွန်လိုင်းကုမ္ပဏီကို ဝင်ရောက်စီးနင်းခဲ့ရာမှာ နိုင်ငံခြားသား ၁၁၃၇ ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီးမြန်မာနိုင်ငံသား ၄၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။မြန်မာသံရုံးနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင်လူဝင်မှု ကြီးကြပ်ရေးဌာနတို့နဲ့ ပူးပေါင်းကာ ပထမ အသုတ်အဖြစ် မြန်မာနိုင်ငံသား ၂၀ ဦး

Read More
အလုပ်သမား သတင်း

ဘန်ကောက်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးပြီး အလုပ်ရှင်မတူလုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား ၁၇ ဦးဖမ်းဆီးခံရ

ဘန်ကောက်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးပြီး အလုပ်ရှင်မတူလုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား ၁၇ ဦးဖမ်းဆီးခံရ ဇွန် ၁၄ ရက် ရန်၊ Migrant Times ထောက်လှမ်းရေးသတင်းပေးပို့မှုအရ ဘန်ကောက်မြို့ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ လူဝင်မှုကြီးကြပ်ရေးရဲတွေ သွားရောက်စစ်ဆေးမှုပြုလုပ်ရာ အလုပ်ရှင်ချင်းမတူလုပ်ကိုင်နေကြတဲ့ မြန်မာနဲ့ ကမ္ဘော့ဒီးယာလုပ်သား ၁၇ ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန mgronline ကဖော်ပြထားပါတယ်။လူဝင်မှုကြီးကြပ်ရေးရဲဌာနအကြီးကဲ ရဲ့ ထိုင်းနိုင်ငံတွင်းကိုတရားမဝင် ဝင်ရောက်မှုနဲ့ ရက်လွန် (Overstay) နေထိုင်သူများကို နှိမ်နင်းဖမ်းဆီးရန် ညွှန်ကြားကွပ်ကဲမှုဖြင့် ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့မှာ ထိုင်နိုင်ငံ၊ ဘန်ကောက်မြို့တော်၊ သရိမ်ချမ် အမှတ် ၃၄ စွမ်ဖက်လမ်းသွယ်ထဲမှာ ဆောက်လုပ်နေဆဲ လုပ်ငန်းခွင်ကို ထောက်လှမ်းရေးသတင်းပေးပို့မှုဖြင့် နယ်မြေခံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတွေက သွားရောက်စစ်ဆေးမှုလုပ်‌ဆောင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ အဆိုပါလုပ်ငန်းခွင်ထဲမှာ ဝပ်ပါမစ်ထဲကအလုပ်ရှင်နဲ့မတူဘဲလုပ်ကိုင်နေတဲ့

Read More
အလုပ်သမား သတင်း

အလုပ်သမားရှားပါးလို့ ဟောင်ကောင်က နိုင်ငံခြားအလုပ်သမား လက်ခံ

အလုပ်သမားရှားပါးလို့ ဟောင်ကောင်က နိုင်ငံခြားအလုပ်သမား လက်ခံ ဇွန် ၁၄ ရက် ခွန်သောမတ်၊ Migrant Times ဟောင်ကောင်မှာ အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ နိုင်ငံခြားအလုပ်သမားတွေအတွက် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ စည်းမျဉ်းကို ဖြေလျှော့ပေးမယ်လို့ ဇွန်လ ၁၃ ရက်က ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အမှုဆောင်အရာရှိချုပ် မစ္စတာ ဂျွန်လီက ပြောကြားခဲ့ပါတယ်။ဟောင်ကောင်ရဲ့ ခရီးသွားလာမှု၊ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ အနည်းဆုံး အလုပ်သမားဦးရေ ၁၀,၀၀၀ နဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အလုပ်သမားဦးရေ ၈,၀၀၀ ခန့် လိုအပ်နေကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပြည်တွင်းမီဒီယာမှာ ဖော်ပြထားပါတယ်။ “ လုပ်သားရှားပါးမှု ရင်ဆိုင်နေရတဲ့ ကဏ္ဍတွေမှာ အလုပ်သမားလိုအပ်မှု ပြဿနာ ပြင်းထန်လာတာကို မပြင်ဘူးဆိုရင် ဟောင်ကောင် စီးပွားရေး အသိုင်း

Read More
အလုပ်သမား သတင်း

ဟိုစိမ့်အထည်ချုပ်စက်ရုံမှာ အနည်းဆုံးလုပ်ခတိုးမြှင့်ဖို့တောင်းဆိုခဲ့တဲ့ လုပ်သား ၇ ဦးအလုပ်ထုတ်ခံရ

ဟိုစိမ့်အထည်ချုပ်စက်ရုံမှာ အနည်းဆုံးလုပ်ခတိုးမြှင့်ဖို့တောင်းဆိုခဲ့တဲ့ လုပ်သား ၇ ဦးအလုပ်ထုတ်ခံရ ဇွန် ၁၃ ရက် အရုဏ်ဦး၊ Migrant Times ရန်ကုန်တိုင်းဒေသကြီး၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့်အထည်ချုပ်စက်ရုံမှာ အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ အဲဒီစက်ရုံအလုပ်သမားသမဂ္ဂက အလုပ်သမား ၇ဦးအလုပ်ကထုတ်ခံလိုက်ရတယ်လို့ စက်ရုံလုပ်သားတွေထံကသိရပါတယ်။ဟိုစိမ့်စက်ရုံအလုပ်သမားသမဂ္ဂကဦးဆောင်ပြီး တစ်ရက်လုပ်ခ ၅၆၀၀ ကျပ်သတ်မှတ်ပေးဖို့ တစ်နာရီအချိန်ပိုကြေး ၁၄၀၀ ကျပ်ပေးဖို့ မေလကုန်ကတည်းက တောင်းဆိုခဲ့တာပါ။အဲဒီတောင်းဆိုချက်ကို စက်ရုံဘက်က သဘောတူလိုက်ပြီးနောက် ဇွန်လ ၁၀ ရက်မှာ ဦးဆောင်တောင်းဆိုခဲ့တဲ့အလုပ်သမား ၇ဦးကို အလုပ်ကထုတ်လိုက်တာဖြစ်တယ်လို့ စက်ရုံအလုပ်သမားတစ်ဦးက ဆိုပါတယ်။” အလုပ်သမား၇ယောက်အလုပ်ထုတ်ခံရတာကိုဒီနေ့သိလိုက်တော့ကျန်အလုပ်သမားတွေကမကျေနပ်ကြဘူး။အဲဒီလိုလုပ်တာကိုမကျေနပ်ကြောင်းပြတဲ့အနေနဲ့မနက်က လုပ်ငန်းခွင်မဝင်ဘဲ ထမင်းစားဆောင်မှာစုထိုင်ပြီးသပိတ်မှောက်ကြတယ်” လို့ သူကပြောပါတယ်။ အဲဒီနောက် တိုင်းနဲ့မြို့နယ်အလုပ်သမားရုံးမှ တာဝန်ရှိသူတွေရောက်လာပြီးဖြောင်းဖျကာ လုပ်ငန်းခွင်ပြန်ဝင်ဖို့ပြောပေမယ့် အလုပ်သမားတွေကငြင်းဆန်ခဲ့ကြတယ်လို့ဆိုပါတယ်။” နောက်တော့အလုပ်ထုတ်ခံရသူတွေကို အလုပ်ပြန်ခန့်၊ မခန့်ကို တာဝန်ယူဖြေရှင်းပေးမယ်ဆိုပြီး အလုပ်သမားရုံးကပြောသွားတယ်။မနက်ဖြန်သူတို့ညှိမယ်ပြောတယ်” လို့ အဲဒီစက်ရုံအလုပ်သမားတစ်ဦးက

Read More