နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီးထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ကလေးငယ် ထားကာထွက်ပြေး

ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီးထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ကလေးငယ် ထားကာထွက်ပြေး ဇူလိုင် ၅ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်၊ ဘန်ဖလီမြို့နယ်၊ ဘန်ဖလီယိုင်ရပ်ကွက်၊ Soi Chub Rung Rung လမ်းမှာ ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီး သူတို့ရဲ့ကလေးငယ်ကို ထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ထားကာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။မြန်မာရွှေ့ပြောင်းလုပ်သား လင်မယားဟာ ငှားရမ်းထားတဲ့ အခန်းက ဆင်းလာကာ ရန်ဖြစ်စကားများပြီး အမျိုးသမီးက လမ်းကြားမှာ ပြေးထွက်သွားပြီး အမျိုးသားက အပေါ်ထပ် အခန်းသို့ ပြန်သွားကာ ခဏအကြာတွင် ဆင်းလာပြီး ကလေးချီလာကာ သူ့ကလေးမဟုတ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်ထံ အပ်ကာ ထပ်တူ ထွက်ပြေးသွားကြောင်း သိရပါတယ်။ ကုန်စုံဆိုင်ပိုင်ရှင် Mr. Panithan Amarikawin ဟာ ဘန် ရဲစခန်းကို

Read More
အလုပ်သမား သတင်း

Kuala Kurau ရေကြောင်းဧရိယာအတွင်း ၇ မိုင်အကွာတွင် မြန်မာနိုင်ငံသား တရားမဝင်ငါးဖမ်းသမား ၃ဦးဖမ်းစီးခံခဲ့ရ

Kuala Kurau ရေကြောင်းဧရိယာအတွင်း ၇ မိုင်အကွာတွင် မြန်မာနိုင်ငံသား တရားမဝင်ငါးဖမ်းသမား ၃ဦးဖမ်းစီးခံခဲ့ရ ဇူလိုင် ၅ ရက် Migrant Times Kuala Kurau ရေကြောင်းဧရိယာအတွင်း ၇ မိုင်အကွာတွင် ဒေသခံငါးဖမ်းလှေတစ်စင်းနှင့်အတူ မြန်မာငါးဖမ်းသမား ၃ဦးအား မလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (မလေးရှားပင်လယ်ရေကြောင်း) မှ ဖမ်းဆီးခဲ့သည်။Pulau Terong ၏အနောက်ဘက် Perak တွင်ယမန်နေ့မွန်းလွဲ 12:50 နာရီခန့်တွင် Kuala Kurau ရေကြောင်းဇုန်ဒါရိုက်တာ၊ ရေကြောင်းတပ်မှူး Mohd Najhan bin Azman Hamid က ပုံမှန်ကင်းလှည့်နေစဉ် မလေးရှားရေကြောင်းကင်းလှည့်သင်္ဘောအဖွဲ့မှ လှေကို တွေ့ရှိပြီး စစ်ဆေးရန်အတွက် ချဉ်းကပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။စစ်ဆေးမှုရလဒ်များအရ လှေပေါ်တွင် အသက် ၂၁ နှစ်မှ ၄၀ နှစ်ကြား မြန်မာနိုင်ငံသား

Read More
ရုပ်သံ အလုပ်သမား သတင်း

Migrant Times ရဲ့ တနင်္လာနေ့ညပိုင်းသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Migrant Times ရဲ့ တနင်္လာနေ့ညပိုင်းသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဇူလိုင် ၃ရက်၊ Migrant Times  

Read More
အလုပ်သမား သတင်း

ထိုင်းနယ်စပ်မှာ မြန်မာအမျိုးသမီးတစ်ဦးဆီက ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ် ဖမ်းဆီးမိ

ထိုင်းနယ်စပ်မှာ မြန်မာအမျိုးသမီးတစ်ဦးဆီက ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ် ဖမ်းဆီးမိ ဇူလိုင် ၂ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ ချင်းရိုင်းပြည်နယ်၊ Mae Fah Luang မြို့နယ်၊ ထိုးထိုင်းကျေးရွာအုပ်စု အမှတ် (၉) Ban Hmong Kao Lang မုံ ကိုးအိမ်ရွာ ထိုင်းနယ်ခြားစောင့်တပ် စစ်ဆေးရေးဂိတ်မှာ မော်တော်ဆိုင်ကယ် မောင်းလာတဲ့ မိုင်းဆတ်မြို့သူ အသက် (၁၇)နှစ်အရွယ် မြန်မာ အမျိုးသမီးတစ်ဦးထံက​ေန ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ်ကိုဖမ်းဆီးရမိကြောင်း သိရပါတယ်။ကောက်ရိုးအိတ်ထဲက Sponsor ပုလင်း ၄ ပုလင်းအတွင်း အလေးချိန် ၃ ဒသမ ၅ ဂရမ်စီနဲ့

Read More
အလုပ်သမား သတင်း

Myanmar Posco သွပ်ပြားစက်ရုံက အလုပ်သမားတွေလစာပြည့် ပြန်ရဖို့ရှိတယ်လို့ဆို

Myanmar Posco သွပ်ပြားစက်ရုံက အလုပ်သမားတွေလစာပြည့် ပြန်ရဖို့ရှိတယ်လို့ဆို ဇွန် ၃၀ ရက် အရုဏ်ဦး၊ Migrant Times မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Posco သွပ်ပြားစက်ရုံကအလုပ်သမားတွေကို စက်ရုံဘက်က မူလအတိုင်းလစာအပြည့်ပြန်ပေးဖို့ရှိတယ်လို့ အဲဒီစက်ရုံအလုပ်သမားတချို့ထံကသိရပါတယ်။Myanmar Posco စက်ရုံမှာ အမြတ်ငွေမရလို့ဆိုပြီး အလုပ်သမားတွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကတည်းက လစာရဲ့ ၇၀ ရာခိုင်နှုန်းသာပေးတော့တာဖြစ်ပြီး အခုညှိနှိုင်းမှုတွေလုပ်ပြီးတဲ့အခါ လစာအပြည့်ပြန်ပေးမယ်ဆိုပြီး စက်ရုံဘက်ကပြောလာတယ်လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ “ လစာကိစ္စအသံတွေထွက်တော့ ဌာနဆိုင်ရာကလာစစ်တယ်။ ပြီးတော့ မူလ လစာပေးဖို့ပြောကြတယ်လို့ပြန်ကြားတယ်” လို့ သူက ပြောပါတယ်။ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်ကလည်း Myanmar Poscoစက်ရုံကအလုပ်သမားတွေကို ဇူလိုင်လကစပြီး လစာအပြည့်ပြန်ပေးဖို့ရှိတယ်ဆိုတဲ့သတင်းကောင်းရထားတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။Myanmar Posco သွပ်ပြားစက်ရုံဟာ တောင်ကိုရီးယား Poscoလုပ်ငန်းစုနဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်တို့ဖက်စပ်ဖွင့်လှစ်လုပ်ကိုင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။

Read More
အလုပ်သမား သတင်း

MoU မြန်မာလုပ်သား ၈၀ ကျော်ကို ထိုင်းနိုင်ငံကို စေလွှတ်

MoU မြန်မာလုပ်သား ၈၀ ကျော်ကို ထိုင်းနိုင်ငံကို စေလွှတ် ဇွန် ၃၀ ရက် Migrant Times ထိုင်းနဲ့ မြန်မာအစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်နဲ့ခေါ်ယူမှုအဖြစ် မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၅ ဦးကို ကော့သောင်း- ရနောင်း ရေလမ်းကြောင်းကနေ ဒီနေ့ ခေါ်ယူခဲ့ပါတယ်။MoU မြန်မာအလုပ်သမား အမျိုးသမီး ၂၁ ဦးနဲ့အမျိုးသား ၆၄ ဦးကို ထိုင်းကုမ္ပဏီ ၉ ခုမှာ အလုပ်လုပ်ဖို့ Yangon Win Star General Services Co.,Ltd က စေလွှတ်ခဲ့တာပါ။အဆိုပါ MoU အလုပ်သမားတွေဟာ ရန်ကုန်မြို့မှာ Covid19- ATKနဲ့ RTD စစ်ဆေးပြီးသားဖြစ်တဲ့ အတွက် ထပ်မံစစ်ဆေးမှုတွေပြုလုပ်စရာမလိုတော့ဘူးလို့ သိရပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းမှာ စက္ကူဖြတ်စက်အတွင်းမှာ ခေါင်းညှပ်မိလို့ မြန်မာအလုပ်သမားတစ်ဦး ဒဏ်ရာရ

ထိုင်းမှာ စက္ကူဖြတ်စက်အတွင်းမှာ ခေါင်းညှပ်မိလို့ မြန်မာအလုပ်သမားတစ်ဦး ဒဏ်ရာရ ဇွန် ၃၀ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဖရသမွတ်စေတီမြို့နယ်၊ ခြောင်ဘန်ပါလာရပ်ကွက်မှာ ရှိတဲ့ စက္ကူဖြတ်စက်ရုံမှာ စက္ကူဖြတ်စက်အတွင်းမှာ ခေါင်းညှပ်သွားတဲ့ မြန်မာအလုပ်သမားတစ်ဦးကို ကူညီကယ်ဆယ်ရေးသမားတွေက ကူညီကယ်ဆယ်နိုင်ခဲ့တယ်လို့ ထိုင်းရုပ်သံ Channel-7 မှာ ဖော်ပြပါတယ်။အသက် ၃၂ နှစ်အရွယ် မြန်မာအလုပ်သမားဟာ စက္ကူဖြတ်စက် ချို့ယွင်းမှုကြောင့် စက်ကိုစစ်ဆေး ပြုပြင်အပြီးစက်ထိန်းဆရာက စက်ဖွင့်ချိန်မှာ စက်မှာ ညှပ်မိတာလို့ သိရပါတယ်။စက္ကူဖြတ်စက်မှာ ညှပ်မိနေတဲ့ သူ့ရဲ့ ဦးခေါင်းကို အချိန် ၁၅ မိနစ်ကျော်ကြာ ကူညီကယ်ဆယ်ပြီး ဖရသမွတ်စေတီမြို့နယ်ဆေးရုံမှာ ပို့ဆောင်ကုသထားကြောင်း သိရပါတယ်။

Read More
အလုပ်သမား သတင်း

အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကို ဖမ်းဆီး

အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကို ဖမ်းဆီး ဇွန် ၂၉ ရက် အရုဏ်ဦး၊ Migrant Times အလုပ်သမားအခွင့်အရေးတောင်းဆိုခဲ့ကြတဲ့ အထည်ချုပ်စက်ရုံနှစ်ရုံက အလုပ်သမား ၇ဦးနဲ့ ကူညီသူ ၃ဦးတို့ကို ဆူပူဆန္ဒပြအောင်သွေးထိုးလှုံ့ဆော်လို့ဖမ်းဆီးထားတယ်လို့ စကစ ဘက်ကထုတ်ပြန်ပါတယ်။ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံက အလုပ်သမား ၅ဦးနဲ့ Sun Apperal Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၂ဦးတို့ကို ဇွန်လ ၁၄ရက်နဲ့ ၁၇ ရက်တို့မှာဖမ်းဆီးလိုက်တာလို့ဆိုပါတယ်။ဒါ့အပြင် တရားဝင်အဖွဲ့အစည်းမဟုတ်တဲ့ Action Labor Rightsအလုပ်သမားအဖွဲ့ မှ နှစ်ဦးကိုလည်းဆူပူဆန္ဒပြမှုဖြစ်အောင် သွေးထိုးလှုံ ့ဆော်တယ်ဆိုပြီးဖမ်းဆီးခံထားရပါတယ်။ အဲဒီသူတွေကို ထိရောက်စွာအရေးယူဖို့ဆောင်ရွက်နေပြီး Action Labor Rightsမှ တိမ်းရှောင်နေသူနှစ်ဦးနဲ့နောက်ကွယ်ကသွေးထိုးလှုံ ့ဆော်ဝါဒဖြန့်နေသူတွေကိုဆက်လက်ဖော်ထုတ်အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုလိုဖမ်းဆီးခံထားရတဲ့သူတွေဟာ လုပ်ခလစာတိုးမြှင့်ပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်းရပိုင်ခွင့်တွေကိုသာတောင်းဆိုသူတွေဖြစ်လို့ နိုင်ငံရေးပြစ်မှုတွေနဲ့ဖမ်းဆီးတဲ့အပေါ်ဝေဖန်မှုတွေရှိနေပါတယ်။” အလုပ်သမားတွေရဲ့ကိုယ့်အခွင့်အရေးလွတ်လပ်စွာတောင်းဆိုခွင့်ကိုပါတားဆီးပိတ်ပင်ခံလိုက်ရတဲ့သဘောဖြစ်နေတယ်။လုပ်ငန်းခွင်ပြသနာကို ဝင်ရောက်မပါဝင်သင့်ဘူး” လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကပြောပါတယ်။ အခုလို အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကို ဖမ်းဆီးတာမလုပ်ဖို့နဲ့

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

တောင်ကိုးရီးယားနိုင်ငံသို့ ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက် ချဲ့ထွင်‌ရေး မူဝါဒကို ထိုင်း ဝန်ကြီးချုပ် အားပေး

တောင်ကိုးရီးယားနိုင်ငံသို့ ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက် ချဲ့ထွင်‌ရေး မူဝါဒကို ထိုင်း ဝန်ကြီးချုပ် အားပေး ဇွန် ၂၈ ရက် ခွန်သောမတ်၊ Migrant Times တောင်ကိုးရီးယားနိုင်ငံသို့ ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက် ချဲ့ထွင်‌ရေး မူဝါဒကို ထိုင်း ဝန်ကြီးချုပ်အနေနဲ့ အားပေးကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနုချာ ဘူရာပက်ချိုင်းဆရီက ပြောပါတယ်။ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက်သို့ ချမှတ်ဆောင်ရွက်သည့် မူဝါဒများနှင့်အညီ ပြည်ပလုပ်သားဈေးကွက် ချဲ့ထွင်နိုင်ရန် နည်းလမ်းရှာဖွေ ညှိနှိုင်းပြီး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကာ တောင်ကိုရီးယားနိုင်ငံသို့ ဒေသဆိုင်ရာမြို့များ၏ လုပ်သားစျေးကွက်ချဲ့ထွင်ကြောင်း မစ္စတာ အနုချာ ဘူရာပက်ချိုင်းဆရီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ထိုင်းအလုပ်သမားများ၏ တောင်ကိုရီးယားနိုင်ငံသို့ တရား၀င် E-8 ဗီဇာ (skilled visa) ဖြင့် ပိုမိုလွယ်ကူစွာ

Read More
နိုင်ငံရေး အလုပ်သမား သတင်း

မြန်မာမှာPGMF ချေးငွေလုပ်ငန်းရပ်ဆိုင်းလိုက်လို့အလုပ်သမား ထောင်နဲ့ချီအလုပ်အကိုင်ဆုံးရူံးဖို့ရှိ

မြန်မာမှာPGMF ချေးငွေလုပ်ငန်းရပ်ဆိုင်းလိုက်လို့အလုပ်သမား ထောင်နဲ့ချီအလုပ်အကိုင်ဆုံးရူံးဖို့ရှိ ဇွန် ၂၇ ရက် အရုဏ်ဦး၊ Migrant Times မြန်မာနိူင်ငံမှာ ချေးငွေလုပ်ငန်းအနေနဲ့လည်ပတ်နေတဲ့ PGMF အနေနဲ့ ရပ်ဆိုင်းလိုက်တဲ့အတွက် ဝန်ထမ်းထောင်ချီဟာအလုပ်လက်မဲ့ဖြစ်ရမယ့်အခြေအနေနဲ့ကြုံတွေ့လာရတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေကဆိုပါတယ်။အမေရိကန်အခြေစိုက် ချေးငွေလုပ်ငန်းစုဖြစ်တဲ့ Pact Myanmar လက်အောက်မှာရှိတဲ့ PGMFဟာ ဇွန်လကုန်မှာ လုပ်ငန်းအပြီးရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်တာဖြစ်ပါတယ်။Pact Myanmarမှာ ဝန်ထမ်းပေါင်း ၄၀၀၀ နီးပါးရှိပြီး သူတို့ PGMFကရပ်ဆိုင်းလိုက်တဲ့အတွက် ဝန်ထမ်းအစိတ်အပိုင်းတချို့ဟာလည်း အလုပ်အကိုင်အခွင့်အလမ်းဆုံးရူံးကြရဖို့ရှိနေတယ်လို့ နီးစပ်သူတစ်ဦးကဆိုပါတယ်။ “ တော်တော်များများကတော့ အလုပ်ပြုတ်မယ့်အထဲပါသွားဖို့ရှိတယ်။ တခြားလုပ်ငန်းစုတွေထဲပြောင်းထည့်တာရှိမလားတော့မပြောတတ်ဘူး” လို့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။PGMFအနေနဲ့ မှတ်ပုံတင်ပြန်တင်ရမှာ၊ အမြတ်ဝေဟုကိုမလိုအပ်ဘဲခွဲပေးရမှာ စတဲ့အချက်တွေနဲ့အဆင်မပြေတာကြောင့် လုပ်ငန်းရပ်ဆိုင်းရတာလို့ သတင်းတွေကဆိုပါတယ်။PGMFရပ်ဆိုင်းလိုက်ပေမယ့် Pact Myanmar ရဲ့ တခြားလုပ်ငန်းစီမံကိန်းတွေကဆက်ရှိနေဦးမှာဖြစ်ပြီး အဲဒီစီမံကိန်းလုပ်ငန်းတွေအပေါ်တိုက်ရိုက်သက်ရောက်မူမရှိဘူးလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။PGMFအနေနဲ့မြန်မာနိူင်ငံမှာ လုပ်ငန်းလည်ပတ်နေတဲ့ကာလအတွင်း ပြည်သူ ကိုးသိန်းနီးပါးကို ချေးငွေအမေရိကန် ဒေါ်လာ

Read More