နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

စီးပွားရေး အလုပ်သမား သတင်း

ရန်ကုန်မြို့က စက်ရုံ၊အလုပ်ရုံတွေမှာ လျှပ်စစ်တစ်ယူနစ် ၄၀၀-၅၀၀ကျပ်​​ပေး​ဆောင်​ပြီးအချိန်ပြည့်မီးရရှိရေးတင်ပြထား

ရန်ကုန်မြို့က စက်ရုံ၊အလုပ်ရုံတွေမှာ လျှပ်စစ်တစ်ယူနစ် ၄၀၀-၅၀၀ကျပ်​​ပေး​ဆောင်​ပြီးအချိန်ပြည့်မီးရရှိရေးတင်ပြထား ဇွန် ၈ ရက် အရုဏ်ဦး၊ Migrant Times ရန်ကုန်မြို့က စက်ရုံ၊အလုပ်ရုံတွေအနေနဲ့ လျှပ်စစ်မီးအချိန်ပြည့်ရမယ်ဆိုရင် တစ်ယူနစ်ကို ၄၀၀-၅၀၀ ကျပ်ပေးဆောင်မယ်ဆိုပြီး သက်ဆိုင်ရာဌာနဆီစုပေါင်းအဆိုပြုထားတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းထံကသိရပါတယ်။ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ တစ်ရက်ကို လျှပ်စစ်မီးနာရီပိုင်းလောက်သာရရှိနေပြီး မီးပျက်ချိန်မှာမီးစက်နဲ့လုပ်ငန်းလည်ပတ်နေရတာကြောင့် ကုန်ကျစရိတ်ပိုများနေတဲ့အတွက် လျှပ်စစ်သုံးစွဲခပိုပေးပြီးမီးမှန်မှန်ရရှိရေးကြိုးစားနေတာဖြစ်ပါတယ်။” ပြီးခဲ့တဲ့ရက်ပိုင်းကမှ စက်မှုဇုန်ကော်မတီကတစ်ဆင့် အဆိုပြုချက်တွေတင်လိုက်တာ။ရလဒ်ကတော့ဘယ်လိုဖြစ်လာမယ်မပြောတတ်သေးဘူး” လို့ ရွှေပြည်သာမြို့နယ်ကအထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ လက်ရှိမှာ စက်ရုံ၊အလုပ်ရုံတွေအနေနဲ့ လုပ်ငန်းသုံးအဖြစ် လျှပ်စစ်တစ်ယူနစ်ကို အမြင့်ဆုံး ၁၇၅ကျပ်ပေးဆောင်နေရတာကနေ အဆိုပြုချက်အောင်မြင်မယ်ဆိုရင် နောက်ထပ် ၃၀၀ ကျပ်ကျော်ထပ်တိုးပေးဆောင်ကြရမှာဖြစ်ပါတယ်။ဒီလိုအဆိုပြုတင်ပြဖို့အတွက်ကို မေလအတွင်းလုပ်ငန်းရှင်တွေစုပေါင်းဆွေးနွေးခဲ့ကြပြီး အခုမှအဆိုပြုလိုက်ကြတာလို့ ဆိုပါတယ်။အဲဒီလို လျှပ်စစ်ဓါတ်အားတိုး​မြှင့်ပေးဆောင်လိုက်လို့ စက်ရုံလုပ်ငန်းတွေမီးအချိန်ပြည့်ရမယ်ဆိုရင်လုပ်ငန်းတွေပိုပြီးလည်ပတ်လို့ကောင်းလာမယ်ဆိုပြီးတော့လည်း လုပ်ငန်းရှင်တွေကသုံးသပ်ထားပါတယ်။ဒါပေမဲ့ အခြေခံစားသောက်ကုန်ထုတ်လုပ်ငန်းတွေအနေနဲ့ ပိုပြီးကုန်ကျလာမယ့်လျှပ်စစ်သုံးစွဲခကုန်ကျငွေကို ထုတ်ကုန်တွေဆီထည့်လိုက်မယ်ဆိုရင် ကုန်စျေးနှုန်းတွေထပ်ပြီးမြင့်တက်လာနိုင်တယ်ဆိုပြီးစားသုံးသူတွေက ပြောပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ ကမ္ဘောဒီးယားအလုပ်သမား ၉ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ ကမ္ဘောဒီးယားအလုပ်သမား ၉ ဦးကို ဖမ်းဆီး ဇွန် ၈ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ အရှေ့ဘက်၊ Sa Kaeo ပြည်နယ်၊ Aranyaprathet မြို့နယ်၊ Thap Prik Sub ကျေးရွာအုပ်စု၊ Khlong Somboon ရွာအနီး စစ်ဆေးရေးဂိတ်မှာကမ္ဘောဒီးယားနိုင်ငံသား တရားမဝင် ​ေရွှ့ပြောင်းအလုပ်သမား ၉ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲ ၁၊ နယ်ခြား စောင့်ရဲ ကွပ်ကဲမှု အဖွဲ့ ၁၂ က ကြံတောဧရိယာအတွင်း ကမ္ဘောဒီးယားအလုပ်သမား ၉ ဦးကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်း ရဲမှူးကြီး Thapanon Nongpong နဲ့ ရဲမှူးကြီး Sarawut Iamsamang အဖွဲ့ထံက သိရပါတယ်။

Read More
ရုပ်သံ အလုပ်သမား သတင်း

ဂျပန်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေအတွက်

ဂျပန်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေအတွက် သင်တန်းတက်ရောက်မှုကနေစလို့ လုပ်ငန်းခွင်အထိ ရှောင်ရန်၊ ဆောင်ရန်တွေ၊ ကြိုတင်ပြင်ဆင်ထားသင့်တာ​တွေနဲ့ပတ်သက်လို့ Silver Crane Services Co,LTD Oversea Employment Agency ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဦးကိုဦးကို Migrant Times က တွေ့ဆုံမေးမြန်းထားပါတယ်။ ပြည်ပရောက် မြန်မာအလုပ်သမားတွေ လုပ်ငန်းခွင်ဘေး ကင်းရှင်းကြပါစေ။

Read More
နည်းပညာ အလုပ်သမား သတင်း

AI နည်းပညာဟာ အလုပ်သမားဈေးကွက်ကို ခြိမ်းခြောက်နိုင်ကြောင်း IMF သတိပေး

AI နည်းပညာဟာ အလုပ်သမားဈေးကွက်ကို ခြိမ်းခြောက်နိုင်ကြောင်း IMF သတိပေး ဇွန် ၇ ရက် ခွန်သောမတ်၊ Migrant Times အနာဂတ်စီးပွားရေးကဏ္ဍမှာ အလုပ်သမားတွေရဲ့ နေရာမှာ AI နည်းပညာတွေ အစားထိုးဝင်ရောက်ခြိမ်းခြောက်လာနိုင်တာကြောင့် မူဝါဒချမှတ်သူတွေဟာ AI နည်းပညာကို ထိန်းညှိဖို့စည်းမျဉ်း​တွေကို အမြန်ဆုံး ဖန်တီးဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) လက်ထောက် မန်နေဂျင်း ဒါရိုက်တာ Kita Gopinath က တိုက်တွန်းလိုက်ပါတယ်။AI နည်းပညာ၏ စွမ်းပကားကို သတိထားဖို့ မူဝါဒချမှတ်သူများကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးထားပါတယ်။ “ အစိုးရတစ်ခုလိုတယ်။ အဖွဲ့အစည်းတွေလိုတယ်။ ပြီးတော့ မျက်နှာစာအားလုံးမှာ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ဖို့ မူဝါဒချမှတ်သူတွေ လိုအပ်တယ်။ အလုပ်သမားဈေးကွက်မှာ ကောင်းမွန်ပြည့်စုံတဲ့ စည်းမျဉ်းစည်းကမ်း

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၅၀ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၅၀ ဦး စေလွှတ် ဇွန် ၇ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၅၀ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၉)ဦးဟာ ဒီ​ေန့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မေလက ​မြန်မာလုပ်သား ၂၉၉ ဦးကို တောင်ကိုရီးယားကို စေလွှတ်ခဲ့ပါတယ်။ ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့

Read More
အလုပ်သမား သတင်း

အထည်အော်ဒါပြန်တက်လာလို့ လုပ်သားခေါ်ယူတာ များလာတယ်လို့ဆို

အထည်အော်ဒါပြန်တက်လာလို့ လုပ်သားခေါ်ယူတာ များလာတယ်လို့ဆို ဇွန် ၆ ရက် အရုဏ်ဦး၊ Migrant Times ပြည်တွင်းက အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ ပြည်ပအပ်ထည်အော်ဒါတွေ ပြန်တက်လာတာကြောင့် လုပ်ငန်း​တိုးချဲ့မှုတွေနဲ့အတူ လုပ်သားခေါ်ယူစုဆောင်တာတွေများလာတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းထံက သိရပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အော်ဒါကျဆင်းလို့ဆိုပြီး အထည်ချုပ်လုပ်ငန်းတွေရပ်နားခဲ့တာတွေရှိခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ အသစ်တိုးချဲ့ဖွင့်လှစ်တာတွေပြန်များလာနေတယ်လို့ အလုပ်သမားအဖွဲ့တွေက ဆိုပါတယ်။” ကျွန်တော်တို့ Brandတွေနဲ့ စကားပြောကြည့်တော့လည်း အော်ဒါအသစ်တွေထပ်ချပေးနေတယ်လို့ သိရတယ်။လုပ်ငန်းရှင်တချို့ဆီကလည်း အဲဒီမက်ဆေ့ရတယ်” လို့ မြန်မာနိုင်ငံစက်မှု လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခုလို လုပ်ငန်းအသစ်တိုးချဲ့လာမှုနဲ့ပတ်သက်လို့ စာရင်းအတိအကျကိုတော့ မသိရသေးပေမယ့် မြေပြင်မှာလုပ်သားခေါ်ယူစုဆောင်းတဲ့စက်ရုံတွေများလာနေတယ်လို့လည်း အလုပ်သမားအရေးလူပ်ရှားသူတွေက ဆိုပါတယ်။ဒီလို လုပ်ငန်းတိုးချဲ့မှုတွေရှိလာတာဟာ အော်ဒါတိုးမြင့်လာမှုအပြင် မြန်မာနိုင်ငံမှာ နည်းပါးတဲ့လုပ်အားခနဲ့ အလုပ်သမားပေါများစွာ ခိုင်းစေနိုင်တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။” ဒီကာလမှာစျေးပေါပေါနဲ့ ခိုင်းလို့ရနေတာ လုပ်ငန်းရှင်တွေအကြိုက်ဖြစ်နေတယ်” လို့ သူကပြောပါတယ်။မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ထုတ်ပြန်ချက်အရ လက်ရှိမှာ

Read More
အလုပ်သမား သတင်း

ပင်စင်သက်တမ်းမတိုးဖို့ ပြင်သစ်အလုပ်သမားများ ဆန္ဒပြ

ပင်စင်သက်တမ်းမတိုးဖို့ ပြင်သစ်အလုပ်သမားများ ဆန္ဒပြ ဇွန် ၆ ရက် ခွန်သောမတ်၊ Migrant Times ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ ပင်စင်ပြုပြင်ပြောင်းလဲရေးဥပဒေမှာ ပြင်သစ် အလုပ်သမားတို့ရဲ့ အငြိမ်းစားယူမယ့် အသက် ၆၂ နှစ်အစား ၆၄ နှစ်အထိ တိုးမြှင့်ဖို့ စီစဉ်ထားတာကို ပြင်သစ်အလုပ်သမားသမဂ္ဂက ဒီနေ့ ဦးဆောင် ဆန္ဒပြခဲ့ပါတယ်။ပြင်သစ်သမ္မတ Emmanuel Macron အစိုးရဟာ ပင်စင်ပြုပြင်ပြောင်းလဲရေး ဥပဒေအသစ်ကို ပြဌာန်းဖို့ လုပ်ဆောင်နေတာပါ။” ဒီဆန္ဒပြပွဲဟာ ခြောက်လလောက် ကြာလာခဲ့ပြီး ဒါဟာ မကြုံစဖူးပါပဲ။ ပြင်သစ်လူထုက အလွန်ကို ဒေါသထွက်ခဲ့ပြီး အခုတော့ အားနည်းသွားပြီ ”လို့ CGT အလုပ်သမားသမဂ္ဂ ခေါင်းဆောင်အသစ် Sophie Binet က BFM TV သို့

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားကို လူမိုက်ဂိုဏ်းက ပြန်ပေးဆွဲ သတ်ဖြတ်

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားကို လူမိုက်ဂိုဏ်းက ပြန်ပေးဆွဲ သတ်ဖြတ် ဇွန် ၆ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ ကရထုန်ဘဲန်မြို့နယ်၊ ခယ်ရိုင်ရပ်ကွက်က မြန်မာလုပ်သားတစ်ဦးကို မြန်မာလုပ်သားလူမိုက်ဂိုဏ်းက ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။Krathum Baen မြို့၊ Khae Rai ရပ်ကွက်ရှိ ပြန်ကျစျေး ဆိုင်ခန်းကနေ မြန်မာလုပ်သား ကိုစောအောင်ကို မြန်မာလူမိုက်ဂိုဏ်းအဖွဲ့ဝင် ၅ ဦးက ခေါ်ဆောင် ဖမ်းဆီးသွားကာ ကိုစောအောင်ရဲ့ ကားနဲ့ ထွက်ပြေးသွားခဲ့တာကို လုံခြုံရေးကင်မရာမှတ်တမ်းကတစ်ဆင့် သိရှိခဲ့ပြီး ကိုစောအောင်ရဲ့ အလောင်းကို စမွတ်ဆွန်ခရမ်ပြည်နယ်၊ စမွတ်ဆွန်ခရမ်မွိုင့်မြို့၊ ဘန်ကျကရိန်ကျေးရွာအုပ်စုရှိ ရွာအမှတ်-၄ ပုဇွန်ကန်မှာ တွေ့ရှိခဲ့တယ်လို့ ရဲမှူးချုပ် Thanayut Wutcharathamrong က ပြောကြားပါတယ်။ အဲဒီမြန်မာလူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေကို ဇွန်လ ၅

Read More
ရုပ်သံ အလုပ်သမား သတင်း

Migrant Times ရဲ့ တနင်္လာနေ့ ညပိုင်းသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Migrant Times ရဲ့ တနင်္လာနေ့ ညပိုင်းသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဇွန် ၅ ရက် ၊ Migrant Times

Read More
အလုပ်သမား သတင်း

ပြည်တွင်းအလုပ်အကိုင်အေဂျင်စီအရေအတွက်အနည်းငယ်ပြန်တိုးလာပေမယ့် စျေးကွက်မကောင်းဘူးလို့ဆို

ပြည်တွင်းအလုပ်အကိုင်အေဂျင်စီအရေအတွက်အနည်းငယ်ပြန်တိုးလာပေမယ့် စျေးကွက်မကောင်းဘူးလို့ဆို ဇွန် ၅ ရက် အရုဏ်ဦး၊ Migrant Times ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအရေအတွက်ဟာ ဒီနှစ်ထဲအနည်းငယ်ပြန်တိုးလာပေမယ့် အလုပ်အကိုင်ရှာဖွေရေးစျေးကွက်ကတော့သိသိသာသာတက်လာတာမရှိဘူးလို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းထံကသိရပါတယ်။လက်ရှိမှာ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလိုင်စင်ရယူထားတဲ့ကုမ္ပဏီ ၇၅ ခုရှိကာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကထက် ကုမ္ပဏီ ၃ခု တိုးလာတာဖြစ်ပါတယ်။အဲဒီလို အေဂျင်စီအရေအတွက်တိုးလာပေမယ့် အလုပ်ခေါ်ယူမှုက ကျဆင်းနေပြီး အလုပ်ရှာဖွေပေးနိုင်ဖို့ခက်ခဲနေသေးတယ်လို့ အမည်မဖော်လိုတဲ့အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။” တချို့ကစျေးကွက်ကောင်းလာမလားဆိုပြီးပြန်ဝင်လာသူနဲ့၊ ဟန်မပျက်ဆက်လုပ်သူတွေနဲ့ဆက်သွားနေကြတာ။ လုပ်သားစျေးကွက်ကတော့ အခြေအနေဆိုးနေတုန်းပဲ” လို့သူကပြောပါတယ်။ ပြည်တွင်းအလုပ်အကိုင်ရှားပါးလာမှုနဲ့ လုပ်ငန်းတွေရပ်တည်ဖို့ခက်ခဲတာကြောင့် ၂၀၂၁ နှစ်လယ်ပိုင်းကစလို့ ရပ်နားသွားတဲ့အေဂျင်စီတွေဆက်တိုက်ရှိနေခဲ့တာဖြစ်ပါတယ်။​၂၀၂၁နှစ်လယ်ပိုင်းမတိုင်ခင်က အေဂျင်စီ ၉၀နီးပါးရှိခဲ့ရာကနေ အခုဆို ၇၅ခုသာရှိတော့တာဖြစ်ပြီး ဒီနှစ်ထဲကျမှ နောက်ထပ် အေဂျင်စီ ၃ခုပြန်တိုးလာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ အေဂျင်စီတွေအနေနဲ့လည်း ကုမ္ပဏီ၊လုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီး အလုပ်ရှာဖွေပေးနေပေမယ့် ခေါ်ယူလိုတဲ့ပမာဏနဲ့ အလုပ်လိုအပ်သူအရေအတွက်မမျှတတဲ့အနေအထားမျိုးကြုံတွေ့နေရတယ်လို့ အလုပ်ရှာဖွေနေသူတွေကဆိုပါတယ်။ “ အလုပ်ရမလားဆိုပြီး အေဂျင်စီတွေမှာ လျှောက်လွှာတင်ထားတာမရသေးဘူး။ကိုယ့်ရှေ့မှာလည်း လျှောက်ထားတဲ့သူတွေကပုံနေရော” လို့ အလုပ်လိုအပ်နေသူတစ်ဦးကပြောပါတယ်။ပြည်တွင်းမှာ

Read More