September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ထိုင်းကနေ မလေးရှားသွားမယ့် မြန်မာ ၂၁ ဦးကိုမူးယစ်ဆေးဝါး​တွေနဲ့ ဖမ်းမိ

ထိုင်းကနေ မလေးရှားသွားမယ့် မြန်မာ ၂၁ ဦးကိုမူးယစ်ဆေးဝါး​တွေနဲ့ ဖမ်းမိ မတ် ၁၃ ရက်၊ Migrant Times မလေးရှားကို သွားမယ့် မြန်မာ၂၁ ဦးကို မူးယစ်ဆေးတွေနဲ့ မတ်လ ၁၀ ရက်က ထိုင်းနိုင်ငံ၊ ပါကျွတ်ခိရိယမ်ခရိုင်မှာ ဖမ်းဆီးမိခဲ့ပါတယ်။အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၇ ဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့ကို ခေါ်လာတဲ့ အလုပ်သမားပွဲစား ၃ ဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ပွဲစားတွေက အလုပ်သမားတွေကို ပို့ဆောင်ခ ဘတ် လေးသောင်းရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူ​တွေထဲက တစ်ဦးက မေလးရှားသြားဖို့ လမ်းစရိတ်အတွက် မူးယစ်ဆေးဝါးရောင်းချဖို့ သယ်ဆောင်လာတယ်လို့လည်း သိရပါတယ်။မြန်မာလုပ်သားတစ်ဦးရဲ့ အဝတ်အစားထည့်ကျောပိုးအိတ်ထဲမှာ ယာဘစိတ်ကြွဆေးနဲ့ အိုက်စ်လို့အမည်ရှိတဲ့ ရေခဲမူးယစ်ဆေးဝါးကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။သူတို့ဟာ မွန်ပြည်နယ်၊

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာဂဟေလုပ်သား ၁၇ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာဂဟေလုပ်သား ၁၇ ဦး စေလွှတ် မတ် ၁၂ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို မြန်မာဂ​ဟေလုပ်သား ၁၇ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေကို ကျွမ်းကျင်ဂဟေလုပ်သားအဖြစ် E-7-3 ဗီဇာနဲ့ စေလွှတ်ဖို့ ဆောင်ရွက်ရာမှာ Samsung Heavy Industries မှာ လုပ်ကိုင်မယ့် မြန်မာဂဟေလုပ်သား ၁၇ ဦးဟာ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ (မတ်လ ၁၂ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာဂ​ေဟလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy, Seoul)

Read More
စီးပွားရေး အလုပ်သမား သတင်း

အလုပ်လိုအပ်နေတဲ့စက်ရုံလုပ်သားတချို့ ပွဲစားခပေးကာ အလုပ်ရှာနေရ

အလုပ်လိုအပ်နေတဲ့စက်ရုံလုပ်သားတချို့ ပွဲစားခပေးကာ အလုပ်ရှာနေရ မတ် ၁၁ ရက်၊ Migrant Times အလုပ်လိုအပ်နေတဲ့စက်ရုံလုပ်သားတချို့ဟာ ပွဲစားခပေးပြီး အလုပ်ရှာဖွေနေရတယ်လို့ ကာယကံရှင်အလုပ်သမားတချို့ဆီက သိရပါတယ်။အလုပ်လက်မဲ့ဖြစ်နေလို့ အခက်အခဲဖြစ်နေကြတဲ့အလုပ်သမားတွေအနေနဲ့ အလုပ်အမြန်ရဖို့လိုအပ်နေတာကြောင့် အလုပ်သမားသွင်းပေးနိုင်မယ့်သူတွေဆီ ပွဲစားခပေးပြီး ဆက်သွယ်ဆောင်ရွက်နေကြရတာလို့ဆိုပါတယ်။”အလုပ်သေချာပေါက်ရဖို့ဆိုရင် တစ်ယောက်ကို ကျပ် ၅၀၀၀၀ လောက်အထိ စျေးပေါက်နေတယ်။ အင်တာဗျူးဝင်ရရုံလောက်ဆိုရင်တော့ အဲဒီလောက်မကျဘူး” လို့ ကိုယ်တိုင်အလုပ်ရှာနေသူတစ်ဦးက ပြောပါတယ်။ တချို့စက်ရုံတွေက ဝန်ထမ်းခေါ်တဲ့ကြေညာစာတွေထုတ်ထားပေမယ့် ပွဲစားခပေးသွင်းထားသူအများစုသာအလုပ်ရကြတာတွေရှိနေတယ်လို့လည်း အဲဒီအလုပ်သမားအသိုင်းအဝိုင်းထံက သိရပါတယ်။”အလုပ်လက်မဲ့တွေများတဲ့အပေါ်အခွင့်ကောင်းယူပြီးအဲဒီလိုစျေးကွက်တွေဖြစ်လာတာ”လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။ပြည်တွင်းကစက်ရုံတချို့ဟာ လွန်ခဲ့တဲ့၂နှစ်လောက်ကစပြီး ပိတ်သိမ်းတာ၊ဝန်ထမ်းအင်အားလျှော့ချတာတွေကြောင့် အလုပ်လက်မဲ့ဦးရေက တိုးပွားနေတာဖြစ်ပါတယ်။ဒီနှစ်ထဲမှာ စက်ရုံနှစ်ရုံပိတ်သိမ်းလိုက်လို့အလုပ်သမား ၂၀၀၀ ကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ကြရပြီး အများစုကတော့အခုအထိအလုပ်ပြန်မရကြသေးဘူးလို့ အဲဒီအလုပ်သမားတချို့ကပြောပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းရောက် မြန်မာရေလုပ်သားတစ်ဦး ဝမ်းရောဂါနဲ့ ရုတ်တရက်သေဆုံး

ထိုင်းရောက် မြန်မာရေလုပ်သားတစ်ဦး ဝမ်းရောဂါနဲ့ ရုတ်တရက်သေဆုံး မတ် ၁၀ ရက်၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငါခရိုင်၊ ကူရဘူရီရေနယ်နမိတ်မီးထွန်းလှေပေါ်မှာ အလုပ်လုပ်နေတဲ့ ​မြန်မာလုပ်သားကိုသန်းထွေးဟာ ဒီနေ့ မနက်ပိုင်းက ဝမ်းရောဂါနဲ့ ရုတ်တရက်သေဆုံးသွားတယ်လို့ သိရပါတယ်။ကယ်ဆယ်ရေးအဖွဲ့က စစ်ဆေးရာမှာ ကိုထွန်းရွှေဟာ ဝမ်းသွားလျက် သေဆုံးနေကြောင်း တွေ့ခဲ့ရပြီးအသေးစိတ်သိရှိဖို့ အလောင်းကို ကူရဘူရီဆေးရုံဆီ ပို့ဆောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။ရုန်းရင်းဆန်ခတ် ဖြစ်ပွားထားတဲ့ပုံစံ မတွေ့ရသလို အလောင်းမှာ ဒဏ်ရာဒဏ်ချက် မရှိ​ပေမယ့် လတ်တလော သေဆုံးပုံမရဘဲ အလောင်းက အနည်းငယ်တောင့်တင်းနေပြီလို့ ကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။ ကွယ်လွန်သူရဲ့ အလောင်းကို ကူရဘူရီဆေးရုံရေခဲတိုက်မှာ လောလောဆယ်ထားရှိပြီး ဆွေမျိုးတွေကို ဆက်သွယ်စုံစမ်းနေပါတယ်။၂၀၂၃ ခုနှစ်အတွင်း ဖန်ငါပြည်နယ် ကူရဘူရီမြို့နယ်မှာ ရေလုပ်သားတွေ ငါးဖမ်းလှေပေါ်မှာ သေဆုံးတာ ၃ ကြိမ် ရှိပြီဖြစ်ပါတယ်။အကြောင်းရင်းသိရဘဲ သေဆုံးမှုတစ်ကြိမ်၊

Read More
အလုပ်သမား သတင်း

ဘန်ကောက် ပသူနမ်းမှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်

ဘန်ကောက် ပသူနမ်းမှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ် မတ် ၉ ရက်၊ Migrant Times ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပသူနမ်းနယ်မြေ ပလက်တီနမ်ဈေးဝယ်စင်တာ အပြင်ဘက်မှာ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက ဒီနေ့ နေ့ခင်းပိုင်းမှာ ဓားနဲ့ ထိုးသတ်ခဲ့တယ်လို့ သိရပါတယ်။ ဓားနဲ့ထိုးသတ်ခဲ့သူက အမျိုးသမီးဟာ သူ့ကိုအလုပ်ချောင်ခိုတယ်လို့ အလုပ်ရှင်ကိုတိုင်ကြားခဲ့လို့ ဒေါသထွက်ပြီး အခုလိုကျူးလွန်ခဲ့တာကို ရဲကို ထွက်ဆိုပါတယ်။ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ ဘန်ကောက်မြို့ ပလက်တီနမ်စျေးဝယ်စင်တာအပြင်ဘက်မှာ ဓားထိုးမှုဖြစ်ပွားခဲ့တယ်လို့ Phayathai ရဲစခန်းအရာရှိတွေထံ အကြောင်းကြားမှု လက်ခံရရှိခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် မဖြူမာအောင်ဟာ ပလက်တီနမ်အဆောက်အဦးအပြင်ဘက် လှေကားထစ်တွေပေါ်မှာ လဲကျနေပြီး သူမရဲ့အဝတ်အစားတွေဟာလည်း သွေးတွေ ရွှဲစိုနေခဲ့ပါတယ်။ မဖြူမာအောင်ဟာ ရင်ဘတ်၊ လက်မောင်းနဲ့ နောက်ကျောဘက်တွေမှာ

Read More
အလုပ်သမား သတင်း

မလေးရှားကို မြန်မာလုပ်သား ပို့တဲ့ ထိုင်းလူမှောင်ခိုခေါင်းဆောင် ဖမ်းဆီးခံရ

မလေးရှားကို မြန်မာလုပ်သား ပို့တဲ့ ထိုင်းလူမှောင်ခိုခေါင်းဆောင် ဖမ်းဆီးခံရ မတ် ၉ ရက်၊ Migrant Times မြန်မာလုပ်သားတွေကို ထိုင်းနိုင်ငံကတစ်ဆင့် မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းနဲ့ ပို့ဆောင်နေတဲ့ ထိုင်းလူမှောင်ခိုအဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးကို ဖမ်းမိတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။အသက် ၅၃နှစ်အရွယ် Che Mai လို့​ခေါ်တဲ့အမျိုးသမီးကို မတ်လ ၇ ရက်က နွန်ထဘူရီခရိုင်က နေအိမ်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းလဝကရဲတပ်ဖွဲ့ ရဲမှူးကြီးတစ်ဦးက ပြောပါတယ်။Che Mai ဟာ စကဲ့ဝိုခရိုင်က ပို့ဆောင်ရေးကုမ္ပဏီ မန်နေဂျာဖြစ်ပြီး ကိုဗစ်ကာလမတိုင်မီက ကမ္ဘောဒီးယားနယ်စပ်ကတစ်ဆင့် ထိုင်းကို ကုန်ပစ္စည်းနဲ့ ခရီးသည်ကို ပို့ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ကိုဗစ်ကပ်ရောဂါပြန့်ပွားလာတာကြောင့် နယ်စပ်ဂိတ်တွေပိတ်သွားချိန်မှာ ကုမ္ပဏီမှာ ထိခိုက်နစ်နာမှု ကြုံခဲ့ရလို့အလုပ်သမား တရားမဝင်

Read More
အလုပ်သမား သတင်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ၁၉၀၈ ခုနစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အထည်ချုပ်စက်ရုံကအမျိုးသမီးတွေက သူတို့ရဲ့အလုပ်ချိန်လျှော့ချဖို့ လုပ်ခ လစာတိုးပေးဖို့နဲ့ ဆန္ဒမဲပေးရဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ရာက အစပြုခဲ့ပါသည်။၁၉၁၀ အပြည်ပြည်ဆိုင်ရာလုပ်ငန်းခွင်မှ အမျိုးသမီးညီလာခံ ဒုတိယအကြိမ် မှာ ဂျာမဏီနိုင်ငံ ဆိုရှယ်လစ် ဒီမိုကရစ်တစ်ပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်လာတဲ့ ကလဲရာဇက်ခင် ကအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တစ်ကမ္ဘာလုံးမှာ တစ်ရက်တည်းသတ်မှတ်ပြီးကျင်းပဖို့၊ အဲဒီနေ့မှာ အမျိုးသမီးတွေရဲ့အခွင့်အရေးကို တောင်းဆိုကြဖို့အတွက် တင်ပြဆွေးနွေးတဲ့အခါ ညီလာခံတက်ရောက်သူများ အားလုံးက ကန့်ကွက်သူမရှိ သဘောတူခဲ့ကြပါသည်။၁၉၁၁ မတ်လ(၁၉) ရက်နေ့မှာ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ကိုကျင်းပခဲ့ပါတယ်။၁၉၇၅ မတ်လ (၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အ​ဖြစ် ပြောင်းလဲကျင်းပခဲ့ပါသည်။၂၀၀၀ မတ်လ ၈ရက်နေ့ကို နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ အစိုးရရုံးပိတ်ရက် အဖြစ်သတ်မှတ်ခဲ့ပါသည်။

Read More
အလုပ်သမား သတင်း

ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး လက်ကောက်ဝတ်ကို ဓါးနဲ့ လှီးဖြတ်လို့ ခွဲစိတ်ကုသနေရ

ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး လက်ကောက်ဝတ်ကို ဓါးနဲ့ လှီးဖြတ်လို့ ခွဲစိတ်ကုသနေရ မတ် ၈ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးဟာ ကိုယ့်လက်ကောက်ဝတ်သွေးကြောကို ကိုယ်တိုင်ဓားနဲ့လှီးဖြတ်ပြီးနောက် ခွဲစိတ်ကုသခံနေရတယ်လို့ အဲဒီနိုင်ငံရှိမြန်မာလုပ်သားအရေးဆောင်ရွက်နေသူတွေထံက သိရပါတယ်။အင်ချွန်းမြို့ စက်ရုံတစ်ခုက မြန်မာလုပ်သားဟာ မတ်လ ၇ ရက်က အလုပ်မဆင်းဘဲ အဆောင်နေအိပ်ခန်းမှာကျန်နေခဲ့ပြီး လုပ်ဖော်ကိုင်ဖက်တွေက လုပ်ငန်းခွင်ကပြန်လာမှ လက်ကောက်ဝတ်သွေးကြော လှီးဖြတ်ထားပြီး သွေးအိုင်ထဲ​လဲနေတာ တွေ့ကြရတာလို့ ဆိုပါတယ်။သူ့ကိုအချိန်မီဆေးရုံကိုပို့လိုက်နိုင်လို့အသက်မသေဆုံးပေမယ့် ခွဲစိတ်ကုသမှုတွေလုပ်ခဲ့ရတယ်လို့ ကိုရီးယားနိုင်ငံရှိမြန်မာအလုပ်သမားအရေးကူညီ​ပေးနေတဲ့ ကိုဇော်မိုးအောင်က ဆိုပါတယ်။ အဲဒီအလုပ်သမားဟာ တောင်ကိုရီးယားကိုရောက်နေတာ ၄နှစ်လောက်ရှိပြီဖြစ်ကာ မကြာခင်က ဇာတိဖြစ်တဲ့ စစ်ကိုင်းကို ပြန်ခဲ့သေးတယ်လို့သိရပါတယ်။အဲဒီလိုပြန်သွားပြီးတဲ့နောက်မှာ မြေပြင်အဖြစ်အပျက်တွေကိုကြည့်ပြီး စိတ်ထိခိုက်နေခဲ့ကာ အိပ်မပျော်တဲ့အခြေအနေမျိုးတွေဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတချို့ဟာ လုပ်ငန်းခွင်ဖိအားနဲ့မိသားစုအခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေပြီး မကြာခင်ရက်ပိုင်းကလည်း မြန်မာလုပ်သားတစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ဖြစ်ရပ်ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

Read More
အလုပ်သမား သတင်း

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲ၊ သေဆုံးသွားသည့် ၂ ဦးကို ဂျပန်နိုင်ငံမှာ မီးသဂြိုလ်

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲ၊ သေဆုံးသွားသည့် ၂ ဦးကို ဂျပန်နိုင်ငံမှာ မီးသဂြိုလ် မတ် ၆ ရက်၊ Migrant Times တောင်ကိုရီးယားရေပိုင်နက်အတွင်း ဇန်နဝါရီလ၂၅ ရက် က ဟောင်ကောင်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၈ ဦး ပျောက်ဆုံးသွားတဲ့အနက် ၂ ဦးကို သေဆုံးလျက်၊ တစ်ဦးကို အသက်ရှင်လျက် ရှာတွေ့ခဲ့ပေမယ့် ၅ ဦးဟာ ဒီနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား ၅ ဦးအတွက် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ရေပြင်/ဝေဟင် ရှာဖွေမှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ တိုကျိုမြို့၊ မြန်မာသံရုံးက ဒီ​နေ့သတင်းထုတ်ပြန်ပါတယ်။သေဆုံးသွားတဲ့ ၂ ဦးအနက် တစ်ဦးရဲ့ အလောင်းကိုနိုင်ငံတကာရေပိုင်နက်ထဲမှာ ရှာတွေ့ခဲ့တာကြောင့် ဂျပန်နိုင်ငံမှာ မီးသဂြိုလ်ဖို့ ဂျပန်နိုင်ငံဥပဒေအရ

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားရောက် မြန်မာတွေ လိုအပ်တဲ့ အထောက်အထားတွေ လုပ်ထားဖို့လို

တောင်ကိုရီးယားရောက် မြန်မာတွေ လိုအပ်တဲ့ အထောက်အထားတွေ လုပ်ထားဖို့လို မတ် ၆ ရက်၊ Migrant Times တောင်ကိုရီးယားမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရဖို့ ဗီဇာမဲ့ ဒုက္ခသည် လျှောက်ထားတဲ့ မြန်မာရွှေ့ပြောင်းတွေအနေနဲ့ လဝက က ထုတ်ပေးထားတဲ့ စာရွက်စာတမ်းတွေကို ပုံမှန်သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ တောင်ကိုရီးယားရောက် မြန်မာလူမှုရေး အသင်းအဖွဲ့တွေက သတိပေးနေကြပါတယ်။ယခု မတ်လနဲ့ ဧပြီလ နှစ်လအတွင်း ဗီဇာမဲ့နေထိုင်တဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ရှာဖွေဖမ်းဆီးဖို့ ရှိနေပြီး အခန့်မသင့်ရင် မြန်မာနိုင်ငံကို ပြန်ရတာမျိုးတွေဖြစ်လာနိုင်တာကြောင့် အခုလို သတိပေးမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ တောင်ကိုရီးယားရောက် မြန်မာရွေ့ပြောင်းတွေကို ကူညီပေးနေသူ ကိုဇော်မိုးအောင်က “ တရားဉပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံမှာ တတ်နိုင်သမျှ ဉပဒေကိုလိုက်နာဖို့လိုပါတယ်။ ဒါမှသာ လုံခြုံနိုင်မှာပါ ” လို့ ဆိုပါတယ်။လက်ရှိ နှစ်လတာ စီမံချက်မှာ

Read More