နိုဝင်ဘာ 11, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ရွှေပြည်သာမြို့နယ်က အလုပ်သမားတွေမကြာခဏ လုယက်ခံနေရတယ်လို့ဆို

ရွှေပြည်သာမြို့နယ်က အလုပ်သမားတွေမကြာခဏ လုယက်ခံနေရတယ်လို့ဆို မေ ၁၃ရက် ​အရုဏ်ဦး၊ Migrant Times ရွှေပြည်သာမြို့နယ်စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်သွား၊အလုပ်ပြန်ချိန်မှာ လုယက်ခံရတာတွေမကြာခဏကြုံနေရတယ်လို့ အဲဒီအလုပ်သမားတွေဆီကသိရပါတယ်။စက်မူဇုန်အတွင်း လူရှင်းတဲ့လမ်းတွေမှာ အလုပ်သွား၊အလုပ်ပြန်လုပ်တဲ့သူတွေကို ပစ်မှတ်ထားလုယက်မှုတွေလုပ်နေတာဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။” ဒီလထဲမှာကို အလုခံရတဲ့အလုပ်သမား ငါးယောက်လောက်ရှိပြီ၊စက်ဘီးပါရင်စက်ဘီးလုတာ။ရွှေပြည်သာထဲမှာတော်တော်ဆိုးဆိုးဖြစ်နေတာ” လို့ အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးဖြစ်တဲ့ မခိုင်ဇာကပြောပါတယ်။လုယက်သူတွေဟာ စက်ရုံလစာထုတ်ရက်တွေမှာ ပိုပြီးကျူးလွန်တတ်ကြပြီး တစ်ယောက်တည်းပြန်တဲ့သူတွေဟာ အန္တရာယ်ပိုများတယ်လို့အလုပ်သမားတွေကဆိုပါတယ်။ “ အဆောင်ကအစ်မတစ်ယောက်ဆို မရှိမဲ့ရှိမဲ့ရွှေနားကပ်အလုခံရတာသိပ်မကြာသေးဘူး” လို့ ရွှေပြည်သာမြို့နယ်၊မြင်းလှည်းဂိတ်အနီးနေထိုင်သူတစ်ဦးကပြောပါတယ်။အဲဒီလို လုယက်မှုတွေများနေပေမယ့် ဘယ်သူမှ စောင့်ကြည့်၊ဖမ်းဆီးအရေးယူတာမရှိတဲ့အတွက် ကျူးလွန်သူတွေကပိုပြီးအတင့်ရဲလာကြတယ်လို့ သူတို့ကဆိုပါတယ်။အဲဒီမြို့နယ်အတွင်းနေထိုင်သူအများစုဟာ အလုပ်နဲ့သိပ်မဝေးတဲ့အတွက်ဖယ်ရီမစီးဘဲ ပြန်ကြတာတွေရှိနေတာဖြစ်တယ်လို့သိရပါတယ်။

Read More
အလုပ်သမား သတင်း

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို ထိုင်းရဲ ဖမ်းဆီး

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို ထိုင်းရဲ ဖမ်းဆီး မေ ၁၃ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ နာခွန်နာယုတ်ပြည်နယ်၊ မွိုင်မြို့နယ်၊ ဟိန်တန်ကျေးရွာအုပ်စုက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ထိုင်းရဲတွေက ​မနေ့က စစ်ဆေးရာမှာ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။သူတို့နဲ့အတူ ဆောက်လုပ်ရေး ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ အလုပ်ရှင် မစ္စတာ ဖုန် (၃၉ နှစ်)ကိုပါ ထိုင်းရဲက ဖမ်းဆီးခဲ့တယ်လို့ Nakhon Nayok လူဝင်မှုကြီး ကြပ်ရေးအရာရှိ ဒု ရဲမှူးကြီး Pasin Laothong က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။လက်ရှိ အစိုးရရဲ့ ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ နိုင်ငံခြားသားအလုပ်သမားတွေကို ရှာဖွေစစ်ဆေး ဖမ်းဆီးအရေးယူဖို့ သက်ဆိုင်ရာအစိုးရဌာနပေါင်းစုံက ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း Muang

Read More
အလုပ်သမား သတင်း

မြန်မာလုပ်သားတွေကို လုပ်အားခမပေးဘဲ သေနတ်နဲ့ ခြိမ်းခြောက်ပြီး စေခိုင်းမှုမှာ ပါဝင်သူ ၉ ဉီးကိုဖမ်းမိ

မြန်မာလုပ်သားတွေကို လုပ်အားခမပေးဘဲ သေနတ်နဲ့ ခြိမ်းခြောက်ပြီး စေခိုင်းမှုမှာ ပါဝင်သူ ၉ ဉီးကိုဖမ်းမိ စကားဝါ မေလ ၁၂ ရက်၊ Migrant Times မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေခဲ့တဲ့ အလုပ်ရှင်အပါအဝင် ပူးပေါင်းပါဝင်သူ ၉ ဉီးကို ထိုင်းအာဏာပိုင်တွေက မေလ ၉ ရက်နေ့မှာ ဖမ်းမိခဲ့ပြီး ပွဲစားဖြစ်သူ မြန်မာတစ်ဉီးပါဝင်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံသား ၁၄ ဉီးကို ထိုင်းနိုင်ငံက နွားခြံမှာ အလုပ်လုပ်ရမယ်ဆိုပြီး ပွဲစားကခေါ်ဆောင်လာခဲ့ပေမယ့် အမှန်တကယ်မှာတော့ ကန်ချနဘူရီခရိုင်အတွင်းက ကြံစိုက်ခင်းတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့ရတာဖြစ်ပါတယ်။ဒါကိုအလုပ်ရှင်က အလုပ်သမားတွေရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းဆည်းထားရုံသာမက သေနတ်နဲ့ပါ ခြိမ်းခြောက်ပြီး အတင်းအဓမ္မစေခိုင်းမှုတွေ၊ စိတ်ရောကိုယ်ပါ နှိပ်စက်ညှင်းပန်းမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို တိုင်ကြားချက်ရတာကြောင့် မတ်လ

Read More
အလုပ်သမား သတင်း

တရားမ၀င် မြန်မာအလုပ်သမား ၃၃ ဦးနဲ့ ထိုင်းအလုပ်ရှင်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲက ဖမ်းဆီး

တရားမ၀င် မြန်မာအလုပ်သမား ၃၃ ဦးနဲ့ ထိုင်းအလုပ်ရှင်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲက ဖမ်းဆီး ခွန်သောမတ်စ်၊ Migrant Times ထိုင်းနိုင်ငံ ၊ Nakhon Ratchasima ပြည်နယ်၊ Pak Chong District Pak Chong ကျေးရွာအုပ်စု၊ မူထိ ၄ က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ တရားမ၀င် မြန်မာအလုပ်သမား ၃၃ ဦးနဲ့ အလုပ်ရှင်အား လူဝင်မှုကြီးကြပ်ရေး ရဲမှူးကြီး Col. Monphob Ratanadilok Na Phuke ဦးဆောင်တဲ့ အဖွဲ့က မေလ ၁၀ ရက်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးမှုအရ မြန်မာနိုင်ငံသား အလုပ်သမား ၃၃ ဦးဟာ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့်လက်မှတ်မရှိတာကို တွေ့ရှိခဲ့ပြီး အလုပ်ရှင်က တရားမ၀င်

Read More
အလုပ်သမား သတင်း

ထိုင်းမှာ မြန်မာမိန်းကလေးကို အလုပ်ရှင်က ၇ လကြာ အဓမ္မပြုကျင့်

ထိုင်းမှာ မြန်မာမိန်းကလေးကို အလုပ်ရှင်က ၇ လကြာ အဓမ္မပြုကျင့် ခွန်သောမတ်စ်၊ Migrant Times ထိုင်းနိုင်ငံမှာ အသက် ၁၆ နှစ်အရွယ် မြန်မာမိန်းကလေးကို အလုပ်ရှင်က ၇ လကြာ အဓမ္မပြုကျင့်ခဲ့လို့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။မဲဆောက်ခရိုင်၊ ဖုတ်ဖရမြို့နယ်၊ ချောင်း‌ကော်ကျေးရွာ အုပ်စု၊ မူထိ(၇) ဆိုအိုရွာမှ ခေါက်ဆွဲဆိုင် ပိုင်ရှင် မစ္စတာ ယုတ္တနာကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မုဒိမ်းမှု၊ ခြိမ်းခြောက်မှု၊ ထောင်ချမှု၊ စိတ်ပိုင်းဆိုင်ရာ စော်ကားမှု (​ကျေအေးမှုမရှိဘဲ)တို့နဲ့ ထိရောက်စွာ အရေးယူပေးဖို့ကာယကံရှင်မြန်မာမိန်းကလေးက ဖေဖော်ဝါရီလ ၆ ရက်မှာ အမှုဖွင့် တိုင်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။ အလုပ်ရှင်မှ ပထမအကြိမ် ဘတ်ငွေ ၈ဝဝဝ၀ ၊ ဒုတိယ အကြိမ်မှာ ဘတ်ငွေ ၁

Read More
အလုပ်သမား သတင်း

ခိုးဝင်ခ တစ်ဦး ၁,၂၀ဝဝ ပေးဆောင်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို Saraburi လူဝင်မှုကြီးကြပ်ရေးရဲက ဖမ်းဆီးရမိ

ခိုးဝင်ခ တစ်ဦး ၁,၂၀ဝဝ ပေးဆောင်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို Saraburi လူဝင်မှုကြီးကြပ်ရေးရဲက ဖမ်းဆီးရမိ ခွန်သောမတ်စ်၊ Migrant Times ထိုင်းနိုင်ငံ၊ Saraburi ပြည်နယ်၊ မူးယစ်ဆေးဝါးထိန်းချုပ် နှိမ်နှင်းရေးဘုတ်အဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့တို့က ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၈ ဦး နဲ့အတူ သူတို့ကို တင်ဆောင်လာတဲ့ ထိုင်းလူမျိုးကားဆရာကို ပါဆတ်ရွာ၊ ဘန်ခိုမွန်ကျေးရွာအုပ်စု၊ ဘန်မော်မြို့နယ်၊ ဆာရဘူရီပြည်နယ်တွင် ဖမ်းဆီးရမိကြောင်း လူဝင်မှုကြီးကြပ်ရေး ဒု-ရဲမှူးကြီး Natee Khumluanlom က ပြောပါတယ်။ တရားမ၀င် နိုင်ငံတွင်း ခိုး၀င်မှုဖြင့် မြန်မာနိုင်ငံသား (၈)ဦးအား တရားစွဲခံရမှာဖြစ်ပြီး မူလနိုင်ငံသို့ ဆက်လက် ပြန်ပို့ခံရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံသားကိုလည်း “ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားတွေကို တင်သွင်းလာခြင်း နှင့် ကူညီခြင်း၊ ဖမ်းမိခြင်းမှ လွတ်မြောက်အောင်

Read More
အလုပ်သမား သတင်း

လုပ်ငန်းခွင်ဘေးကင်းခြုံရေးနေ့ ယဉ်ကျေးမှုကို ဖန်တီးဖို့​နှိုးဆော်

လုပ်ငန်းခွင်ဘေးကင်းခြုံရေးနေ့ ယဉ်ကျေးမှုကို ဖန်တီးဖို့​နှိုးဆော် ခွန်သောမတ်စ်၊ Migrant Times ထိုင်းနိုင်ငံက လုပ်ငန်းခွင်တွေမှာ လုပ်ငန်းခွင်ဘေးကင်းခြုံရေးနေ့ ယဉ်ကျေးမှုကို ဖန်တီးဖို့​ ထိုင်းအလုပ်သမားဝန်ကြီးဌာနက နှိုးဆော်လိုက်ပါတယ်။ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Miracle Grand Hotel မှာ အလုပ်သမားဝန်ကြီးဌာနက မနေ့က ကျင်းပတဲ့ အမျိုးသားလုပ်ငန်းခွင် ဘေးကင်းရေးနေ့ ဖွင့်ပွဲအခမ်းအနားမှာ အခုလို တိုက်တွန်းနှိုး​ဆော်ခဲ့တာပါ။နှစ်စဉ် မေလ (၁၀) ရက်နေ့အား “ အမျိုးသား လုပ်ငန်းခွင်ဘေးကင်းရေးနေ့” သတ်မှတ်၍ အထိမ်းအမှတ်အဖြစ် နှစ်စဥ်ကျင်းပခဲ့ပြီး အစိုးရသက်ဆိုင်ရာ ဌာနပေါင်းစုံမှ “ အလုပ်ခွင် အန္တရာယ်ကင်းရှင်းရေးနေ့” ကို ကဏ္ဍအသီးသီးမှ အသိပညာပေးကာ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုများနှင့် ရောဂါဘယများ ကြိုတင်ကာကွယ် နိုင်စေရန် စေတနာကောင်းဖြင့် တိုက်တွန်း နှိုးဆော်ကြောင်း အလုပ်သမားကာကွယ်ရေး နှင့် လူမှုဖူလုံရေးဦးစီးဌာန (DLP)က

Read More
အလုပ်သမား သတင်း

မလေးရှားအလုပ်အကိုင်စျေးကွက်မှာ လိမ်လည်ခံရတာတွေများနေ

မလေးရှားအလုပ်အကိုင်စျေးကွက်မှာ လိမ်လည်ခံရတာတွေများနေ အရုဏ်ဦး၊ Migrant Times မလေးရှား အလုပ်အကိုင်စျေးကွက်မှာ လိမ်လည်ခံရမူတွေများပြားလာနေတယ်လို့ အဲဒီနိုင်ငံကိုအလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီအသိုင်းအဝိုင်းထံက သိရပါတယ်။လိမ်လည်သူအများစုက ပွဲစားနဲ့ အဲဒီလုပ်သားစျေးကွက်နဲ့ နီးစပ်သူတွေဖြစ်ပြီး မလေးရှားကိုအမြန်သွားရောက်လုပ်ကိုင်လိုသူတွေကိုပစ်မှတ်ထားလိမ်လည်တာတွေရှိနေတာလို့ သူတို့ကဆိုပါတယ်။” တလောလေးကမှ အလုပ်သမား တစ်ရာကျော်အလိမ်ခံလိုက်ရသေးတယ်။ တစ်ယောက်ကို ၁၂သိန်းလောက်ပါသွားတယ်။ဘယ်မှလိုက်မရဘူး” လို့ အေဂျင်စီကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။ လိမ်လည်သူတွေဟာ မလေးရှားနိုင်ငံကို ဝန်ဆောင်ခတစ်ဝက်နဲ့ပို့ပေးမယ်၊အလုပ်ကောင်းတယ်၊ ကနဦး ငွေဘယ်လောက်သွင်းရမယ်ဆိုပြီး ယုံကြည်အောင်ဆွဲဆောင်မှုတွေလုပ်နေကြတာလို့ဆိုပါတယ်။သူတို့ဟာ ​ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲ မြေပြင်မှာလိမ်လည်တာရှိသလို၊ ရုံးခန်းငှားရမ်းဖွင့်ပြီးလုပ်နေတာတွေလည်းရှိတယ်လို့ သိရပါတယ်။” အလုပ်သမားတွေအနေနဲ့ပိုက်ဆံသွင်းတဲ့အခါမှာသက်သေအထောက်အထားတွေစစ်ကြဖို့လိုတယ်။အစကတည်းက တရားဝင်အေဂျင်စီဟုတ်မဟုတ်စစ်ကြည့်ရမှာ။ အင်တာဗျူးဖြေစရာမလိုဘူး၊ ဝန်ဆောင်ခတစ်ဝက်လို့ပြောတာနဲ့လိမ်တာပဲ” လို့ အေဂျင်စီလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။ လိမ်လည်သူတွေဟာ ပတ်စ်ပို့ရုံးတွေ၊ အလုပ်အကိုင်သင်တန်းကျောင်းတွေမှာ ေ​​ခြရှုပ်နေတတ်ပြီး တောရွာတွေအထိ ဆင်းကာ စည်းရုံးတာတွေရှိတယ်လို့သူတို့ကဆိုပါတယ်။အဲဒီလိုလိမ်လည်သူတွေကလိမ်ပြီးရင်နေရာရွှေ့ဖျောက်သွားတတ်ကြပြီး အေဂျင်စီလိုင်စင်မရှိတာကြောင့် လိုက်ပြီးရှာဖွေဖမ်းဆီးအရေးယူဖို့ခက်တယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။လက်ရှိမှာ မလေးရှားနိုင်ငံက လုပ်သားအသစ်ခေါ်ယူမှုနည်းနေပြီးသွားရောက်လိုသူများနေတဲ့အပေါ်အခွင့်ကောင်းယူကာ လိမ်လည်မှုတွေများလာတာလို့လည်း သူက ဆိုပါတယ်။

Read More
အလုပ်သမား သတင်း

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းဖြန့်ဝေမှုတွေ ရပ်တန့်ဖို့ တောင်းဆို

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းဖြန့်ဝေမှုတွေ ရပ်တန့်ဖို့ တောင်းဆို စကားဝါ၊ Migrant Times ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့တွေ စုဖွဲ့ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့ (MWG)က ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းဖြန့်ဝေမှုတွေကို ရပ်တန့်ပေးဖို့ ပြည်တွင်းမီဒီယာတချို့ကို တောင်းဆိုလိုက်ပါတယ်။မေဒေးနေ့က ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမားအခွင့်အရေးတောင်းဆိုချီတက်ပွဲကို အသုံးချပြီး နိုင်ငံရေးလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ မေလ ၉ ရက်နေ့မှာ အချက် ၃ ချက်ပါ တောင်းဆိုချက်တစ်စောင်ကို MWG က ထုတ်ပြန်ခဲ့တာပါ။မေဒေးနေ့ကဖြစ်ပေါ်ခဲ့တဲ့ ပုဒ်မ ၁၁၂ ထိုင်းဘုရင်စနစ်ကို ထိပါးစော်ကားတဲ့ လှုပ်ရှားမှုဟာ ထိုင်းနိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်မှုသာဖြစ်သော်လည်း ပြည်တွင်းမီဒီယာတချို့က ရွှေ့ပြောင်းအလုပ်သမားတွေက ပြုလုပ်တယ်လို့ ရေးသားဖော်ပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီတောင်းဆိုချက်ထဲမှာ “ မီဒီယာတွေအနေနဲ့ ယခုလို သတင်းအမှန်ကို မလေ့လာဘဲ စွပ်စွဲရေးသားခြင်းတွေဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့

Read More
အလုပ်သမား သတင်း

စိတ်ကြွဆေးပြားကို လုပ်အားခနဲ့လဲပြီး လူပို့တဲ့ပွဲစားတစ်ဉီးအပါအဝင် တရားမဝင်မြန်မာ ၁၀ ဉီးကို ထိုင်းစစ်တပ်ဖမ်းဆီးမိ

စိတ်ကြွဆေးပြားကို လုပ်အားခနဲ့လဲပြီး လူပို့တဲ့ပွဲစားတစ်ဉီးအပါအဝင် တရားမဝင်မြန်မာ ၁၀ ဉီးကို ထိုင်းစစ်တပ်ဖမ်းဆီးမိ နိုင်၊ Migrant Times ထိုင်းလို (ယာဘား) ခေါ် စိတ်ကြွဆေးပြားကိုလုပ်အားခအစား ရရှိပြီး တရားမဝင်အလုပ်သမားပို့ဆောင်ရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်သူတစ်ဉီးနဲ့ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၀ ဉီးကို ရနောင်းခရိုင်ခြေစိုက် ထိုင်းစစ်သားတွေက မနေ့ကဖမ်းမိခဲ့ပါတယ်။ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ခြေစိုက် စု(က်)စမ်ရမ်စစ်ဆေးရေးဂိတ်က ထိုင်းတပ်ဖွဲ့ဝင်တို့က ကြိုတင်သတင်းရရှိမှုကြောင့် ကပေးမြို့နယ်၊ အုပ်စု ၄ မွမ့်ကလွမ်ကျေးရွာထဲက ဆိပ်ကမ်းနားမှာ နောက်ထပ်တစ်နေရာကိုဆက်သွားဖို့စောင့်စိုင်းနေကြတဲ့ တရားမဝင်မြန်မာအလုပ်သမား ( ကျား ၃ ဉီး၊ မ ၃ ဦး) တို့နဲ့ လိုက်ပို့ပေးပွဲစားတစ်ဉီးကို မနေ့ကဖြစ်တဲ့ မေလ ၇ ရကိနေ့မှာ စစ်ဆေးဖမ်းဆီးမိခဲ့တယ်လို့ အမှတ် ၂၅ ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ လူပို့ပေးတဲ့ပွဲစားကို

Read More