နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

သတင်း အလုပ်သမား သတင်း

မြန်မာဘက် ကထိန်ခင်းသွားတဲ့ ထိုင်းရွာသူကြီး မြန်မာလုပ်သား ၃၆ ဦး ခေါ်ဆောင်လာမှုနဲ့ဖမ်းခံရ

အောက်တိုဘာ ၄ ၊ Migrant times ။ ထိုင်းနိုင်ငံတောင်ပိုင်း ၊ ချွန်ဖွန် (Chumphon) ခရိုင်မှ နာမည်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူး(ရွာသူကြီး) တစ်ဦးသည် ကထိန်သင်္ကန်းကပ်လှူရန်အတွက် မြန်မာဘက်သို့ ခွင့်ပြုချက်မရှိဘဲ နယ်စပ်ဖြတ်ကျော်သွားရောက်ခဲ့ပြီးအပြန်တွင် မြန်မာအလုပ်သမား ၃၆ ဦးအား တရားမဝင်ခေါ်ဆောင်လာမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့သည် နိုဝင်ဘာလ ၁ ရက်နေ့တွင် မြန်မာဘက်ရှိ ဘုန်းကြီးကျောင်းတွင် ကထိန်သင်္ကန်းကပ်လှူရန်အတွက် နယ်စပ်ဖြတ်ကျော်သွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းရွာသူကြီးသည် မြန်မာဘက်သို့ ခွင့်ပြုချက်မရှိဘဲ သွားရောက်စဉ် တားဆီးခဲ့သည့်တာဝန်ရှိသူများအား ကျိန်ဆဲပြောဆိုခဲ့ပြီး ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်၌ အပြန်လမ်းတွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ရွာသူကြီးသည် ချွန်ဖွန်ခရိုင်၊ သာဆဲမြို့နယ်၊ ရပ်ရို ကျေးရွာအုပ်စုမှ နာမည်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူဖြစ်ပြီး နယ်ခြားစောင့်ရဲတပ်ရင်း (၄၁၄)

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည် ၂ဝ၁ ဦး ကျန်ထပူရီ ခရိုင်သို့ အလုပ်လုပ်ရန် ထွက်ခွာ

အောက်တိုဘာ ၄ ၊ Migrant Times ။ ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနပူရီခရိုင်၊ ဆန်ခပူရီမြို့နယ်ရှိ ဘန်းတွန်ယမ် ဒုက္ခသည်စခန်းမှ ဒုက္ခသည် (၂၀၁) ဦးသည် ကျန်ထပူရီခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ထိုင်းအစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယမန်နေ့က ထွက်ခွာသွားကြောင်း ၎င်းစခန်းမှသိရသည်။ ဘန်းတွန်ယမ် ဒုက္ခသည်စခန်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ထိုင်းအစိုးရတို့မှ အသိအမှတ်ပြုထားသည့်စခန်းဖြစ်သည်။ ထိုင်းအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်အတွင်း ပြန်လည်စစ်ဆေးကောက်ခံခဲ့သည့် စာရင်းဝင် ဒုက္ခသည်များအား ထိုင်းနိုင်ငံတွင်းသို့ ရွှေ့ပြောင်း အလုပ်သမားများအဖြစ် တရားဝင်သွားရောက်လုပ်ကိုင်ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။ “ ကျွန်တော်တို့ အနေနဲ့ ဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၀ ကျော်နေခဲ့ရတာ။ အခုလို ထိုင်းအစိုးရက ကျွန်တော်တို့ကို ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးတာကို

Read More
သတင်း အလုပ်သမား သတင်း

“ တရက်တာ ရွှေ့ပြောင်းရေးရာသတင်း”

နိုဝင်ဘာ ၃ ၊ Migrant Times ။ – ထိုင်းနိုင်ငံ ၊ ချွန်ဖွန်ခရိုင်၊ မူးအန်မြို့နယ်၊ အာရှလမ်းပေါ်တွင် ကားတစီးအတွင်းမှ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်းမြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးသည် အောက်တိုဘာလ ၂၆ ရက်နေ့က ရတ္တဖူမ် အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သူများဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန်ချနာဘူရီခရိုင်ရှိ နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ – ရန်ကုန်တိုင်း Pepsi အချိုရည်စက်ရုံတွင် လုပ်သက် (၈)နှစ်ကြာခဲ့သည့် စီနီယာ လျှပ်စစ် အင်ဂျင်နီယာ (S1) ဦးသောင်းဟန်သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ (၃၁) ရက်နေ့တွင်

Read More
သတင်း အလုပ်သမား သတင်း

ကော့တောင်ကျွန်းမှာ မြန်မာရွှေ့ပြောင်းတွေ ကျွန်းသန့်ရှင်းရေး ပြုလုပ်

နိုဝင်ဘာ ၃ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ဆူရတ်ဌာနီခရိုင် ၊ ကော့တောင်ကျွန်းခေါ် လိပ်ကျွန်းတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများက နိုဝင်ဘာလ ၁ရက်နေ့၌ ကျွန်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။ ကျွန်းသန့်ရှင်းရေးကို လစဉ် ၁ ရက်နေ့တိုင်း ပြုလုပ်နေခြင်းဖြစ်ပြီး ဒေသခံထိုင်း လူမျိုးများ၊ စည်ပင်ဌာနတာဝန်ရှိသူများနှင့်အတူ ပြုလုပ်ခဲ့ကြောင်း ကော့တောင် မြန်မာကွန်မြူနတီ (Koh Tao Myanmar Community – KTMC) အဖွဲ့မှသိရသည်။ “ထိုင်းတွေနဲ့ ပူးပေါင်းပြီး လုပ်နေကြဖြစ်တဲ့ ကျွန်းမှာရှိတဲ့အမှိုက်တွေလိုက်ကောက်တယ်။ ပြီးတော့ ရေမြောင်းတွေမှာရှိတဲ့ သဲတွေအမှိုက်တွေကို ဆယ်ယူခဲ့ကြတယ်”ဟု KTMC အဖွဲ့ခေါင်းဆောင် ကိုဂျက်က Migrant Times ကိုပြောသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ကော့တောင်ကျွန်းသန့်ရှင်းရေးတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းက ပြန်ပို့လိုက်သည့် မြန်မာလုပ်သား ၁၆ ဦး တရားမဝင် ပြန်ဝင်ပြီး ထပ်ဖမ်းခံရ

နိုဝင်ဘာ ၃ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ချွန်ဖွန်ခရိုင်၊ မူးအန်မြို့နယ်၊ အာရှလမ်းပေါ်တွင် ကားတစီးအတွင်းမှ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်းမြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးသည် အောက်တိုဘာလ ၂၆ ရက်နေ့က ရတ္တဖူမ် အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သူများဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန်ချနာဘူရီခရိုင်ရှိ နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်ပို့ပြီး ၃ ရက်မြောက်နေ့တွင် ထိုင်းသို့တရားမဝင် ပြန်ဝင်ရောက်ခဲ့သည့်အတွက် ထပ်မံဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးနှင့်အတူ ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသား ယာဉ်မောင်းကိုပါ

Read More
သတင်း အလုပ်သမား သတင်း

ဘတ် ၃ဝ ပြန်မပေးလို့ ဓားဖြင့်ထိုးသတ်ခဲ့တဲ့ မြန်မာ ၂ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ နခွန်ရတ်ချ်စီမာခရိုင် ၊ ပတ်ချွန်းမြို့နယ်၊ ဝမ်ဆိုင်းရပ်ကွက်၊ ကျေးရွာအမှတ် (၄)တွင်ဘတ် ၃ဝ ပြန်မပေးသည့် ထိုင်းလူမျိုး (၁) ဦးအား ဓားဖြင့်ထိုးသတ်ခဲ့ပြီးထွက်ပြေးနေသည့် မြန်မာအလုပ်သမား ညီအကို (၂)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် ထိုကျေးရွာအမှတ်(၄)ရှိ အခန်းတစ်ခန်း၌ နေထိုင်သည့် ထိုင်းအလုပ်သမား (၁) ဦးထံသို့ မြန်မာအလုပ်သမား(၂)ဦးက အရက်သောက်ပြီး ဘတ်ငွေ ၃၀ အကြွေးတောင်းရန် သွားရောက်ခဲ့ရာမှ အချင်းချင်း စကားများရန်ဖြစ်ကာ ထိုင်းအလုပ်သမားအား ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်းနောက်မြန်မာအလုပ်သမား(၂) ဦးသည် ဘန်ကောက်မြို့သို့ ထွက်ပြေးပုန်းအောင်းခဲ့ပြီး ယနေ့ နိုဝင်ဘာလ (၂)

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းဘုံကထိန်ပွဲကျင်းပ

Photo News နို၀င်ဘာ ၁ ၊ Migrant Times ။ ထိုင်းတောင်ပိုင်း၊ဖန်ငခရိုင်၊ခီခက်တိုက်နယ်၊ ဘန်နင်းယားရပ်ကွက်အတွင်းက ထိုင်းဘုန်းကြီးကျောင်းတွင် ယနေ့ နေ့လယ်၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဦးဆောင်းကာ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပခဲ့သည်။ Photo – Migrant Times #Migranttimes #ရွှေ့ပြောင်း #ဘုံကထိန် #မြန်မာ #ထိုင်း #Thailand YouTube https://www.youtube.com/@migranttimes Website https://www.migranttimes.com/ Telegram https://t.me/migranttimes

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ CI စာအုပ်သက်တမ်းတိုးရာတွင် သတ်မှတ်နူန်းထက် ပိုပေးနေရ

နိုဝင်ဘာ ၁ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် – CI စာအုပ်လှဲလှယ် သက်တမ်းတိုးချိန်တွင် သတ်မှတ်နူန်းထက် အကျိုးဆောင်များအား ပိုပေးနေရကြောင်း ရွှေ့ပြောင်းအလုပ်သမား အချို့ကပြောကြားသည်။ CI စာအုပ် သက်တမ်းတိုးရန် လျှောက်ထားခ ဘတ် ၂,၆၇ဝ သာ ကုန်ကျမည်မည်ဟု အလုပ်သမားဌာနက ထုတ်ပြန်ထာသော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ပွဲစားများနှင့်သာပြုလုပ်ရသည့်အတွက် ပိုမိုကုန်ကြခြင်းဖြစ်သည်။ “CI လဲတာ အားလုံးပေါင်းစျေးကတော့ ဘတ် ၇,၅ဝဝ ကုန်တယ် ။ ပွဲစားနဲ့လုပ်တာ ဆုရတ်ဌာနီကိုသွားလုပ်ရတယ်။ ကျွန်တော်တို့ကတော့ နဲနဲမြန်တယ် ကျော်လုပ်လိုက်တော့ သိမ့်မစောင့်ရဘူး။ မိုးလင်းသွား ညနေပြန်ပဲ။အဲ့နေ့ကဆိုရင် လူ ၂ဝဝ ၊၃ဝဝ လောက်ရှိတယ် ”ဟု‌ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက Migrant Times ကိုပြောသည်။ နောက်ထပ်

Read More
သတင်း အလုပ်သမား သတင်း

“ တရက်တာ ရွှေ့ပြောင်းရေးရာသတင်း”

အောက်တိုဘာ ၃၁ ၊ Migrant Times ။ – မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်မှ တရားမဝင် ဝင်ရောက်ပြီး ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေရှိ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၂၈ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၂၀ ဦး၊ နီပေါနိုင်ငံသား ၂ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၁ ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၅၁ ဦးအား ထပ်မံထိန်းသိမ်းခဲ့ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ပြည်ပနိုင်ငံသား ၁၄၃ ဦးကို ထပ်မံစစ်ဆေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ – ထိုင်းနိုင်ငံ ၊ စူရတ်ဌာနီ ၊ကော့စမွီမြို့ Bo Phut ရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တွင် ထိုင်းရဲတစ်ဦးက

Read More
သတင်း အလုပ်သမား သတင်း

ဆံပင်ညှပ်ခံပြီးနောက် မြန်မာဆံသ ဆရာကို ထိုင်းရဲဖမ်း

အောက်တိုဘာ ၃၁ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ စုရတ်ဌာနီ ၊ကော့စမွီမြို့နယ် Bo Phut ရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တွင် ထိုင်းရဲတစ်ဦးက ဆံပင်ညှပ်ခံပြီးနောက် မြန်မာနိုင်ငံသား ဆံသဆရာကို ဖမ်းဆီးခဲ့သည်။ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင်သည် ဖောက်သည်ယောင်ဆောင်ကာ မြန်မာအမျိုးသားဆံပင်ညှပ်သမားရှိသည့် ဆံပင်ညှပ်ဆိုင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ဆံပင်ညှပ်ပြီးနောက်မှ အရာရှိဖြစ်ကြောင်း မိတ်ဆက်ပြီး မြန်မာဆံသဆရာ အား ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်အားလုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့တွင်ဖော်ပြသည်။ ကိုအောင်ဇော်ထွန်း အမည်ရ အသက် ၂၁ နှစ်ရှိ မြန်မာနိုင်ငံသားသည် ဆံသဆရာအဖြစ်၎င်းဆိုင်တွင် ထိုင်းပိုင်ရှင်တစ်ဦး၏ ဝန်ထမ်းဖြစ်လုပ်ကိုင်နေပြီး မြန်မာနှင့် ထိုင်းဖောက်သည်များသာမက နိုင်ငံခြားသားများအား တဦးလျှင် ဘတ် ၂၀၀ မှ ၃၀၀ ဖြင့် ဆံပင်ညှပ်ပေးကြောင်း ပြောကြားခဲ့သည်။

Read More