နိုဝင်ဘာ 9, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း

ထိုင်းမှာ စက်တင်ဘာ ၂၁ ထိမိုးသည်းထန်ပြီး ရေကြီးနိုင်ကြောင်း သတိပေး

စက်တင်ဘာ ၁၅ ၊ Migrant Times ။ထိုင်းနိုင်ငံတဝှမ်းတွင် မုတ်သုံလေအားကောင်းသည့် ဖြတ်သန်းမှုများကြောင့် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ မိုးသည်းထန်ပြီး ရေကြီးနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထားသည်။မိုးလေဝသဌာနနှင့် ရေအရင်းအမြစ်ဆိုင်ရာ သတင်းအချက်အလက်ဌာနတို့၏ ခန့်မှန်းချက်များအရ စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ထိုင်းမြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသရှိ အချို့ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်။ စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဘန်ကောက်နှင့် ဒေသများစွာတွင် မိုးအလွန်သည်းထန်နိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ပြင် စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလအစောပိုင်းကြားတွင် အပူပိုင်းမုန်တိုင်း တစ်လုံး သို့မဟုတ် နှစ်လုံးကြောင့် မိုးရေချိန်ကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း ခန့်မှန်းချက်ထုတ်ထားသည်။ ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၇ ရက်

Read More
သတင်း

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၃ ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံ ၊ကန်ချနဘူရီပြည်နယ်၊ ဆန်ခလဘူရီဒေသရှိ ရေလှောင်တမံတစ်ခုတွင် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး (အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး)၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်းထိုင်းသတင်းကဖော်ပြသည်။ ဒေသခံများသည် ယမန်နေ့ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ထိုင်းအာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။ ထိုင်းအာဏာပိုင်များအဆိုအရ သေဆုံးသူ ၃ ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ည၌ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာအလုပ်သမား ၂၂ ဦးအနက်မှ ဖြစ်နိုင်ကြောင်းသိရသည်။ မြန်မာအလုပ်သမားများအား လူမှောင်ခိုသမားများက ဝါဂျီရာလောင်ကွန်းဆည်ရေလှောင်တမံကို ဖြတ်ကျော်၍ ထောင်းဖဖုံခရိုင်ကမ်းခြေဘက်သို့ လှေဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဖြတ်သန်းစဉ်အတွင်း လှေသည် ရေအောက်ရှိ သစ်ငုတ်ကို တိုက်မိခဲ့ပြီး အလုပ်သမား ၃

Read More
သတင်း

ဘန်ကောက်မြို့ရှိ မြန်မာလုပ်သား ၄၃ ဦး လစာ ဘတ် ၁ဝ သိန်းကျော်မရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊စူကိုဝစ်ဆွယ်(၁)တွင်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား ၄၃ ဦး၏ လုပ်ခနှစ်လစာ ဘတ် ၁ဝ သိန်းကျော်အား အလုပ်ရှင်မှပေးချေခြင်းမရှိကြောင်း အလုပ်သမားများကပြောသည်။ “ ပိုက်ဆံထွက်မယ့်ရက်က ဟိုရက်ရွေ့ဒီရက်ရွေ့နဲ့ခု ၂ လဖြစ်သွားပြီ။ ကျနော်တို့လိုချင်တာက လုပ်အားခ နှစ်လစာရယ် စာအုပ်စာတမ်းတွေရယ် သူဌေးလက်မှတ်ပါတဲ့ ဘိုက်ကျန့်အော်ရယ်လိုချင်ပါတယ်” ဟု မြန်မာအလုပ်သမားတစ်ဦးကပြောသည်။ မြန်မာအလုပ်သမားများသည် MoU ဖြင့်လာရောက်သည့်အလုပ်သမား၊ CI စာအုပ်နှင့် ပန်းရောင်ကတ်(ဘတ်)အသစ် ကိုင်ဆောင်ထားကြသူများဖြစ်ပြီး ထိုလုပ်ငန်းတွင်လုပ်ကိုင်နေသည်မှာ ၂ နှစ်မှ ၆ နှစ်ခန့်အထိရှိနေပြီဖြစ်ကြောင်း သိရသည်။ အလုပ်ရှင်သူဌေးက ဇူလိူင်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိနှစ်လစာ လစာမပေးဘဲပြုလုပ်နေပြီး မြန်မာအလုပ်သမား ၄၃ ဦး၏ လစာမှာ (၁)ဦးလျှင် ဘတ် ၂၅,ဝဝဝ နှုန်းဖြင့်

Read More
သတင်း

မဲဆောက်တွင် မြန်မာ၂ ဦးအား လက်နက်မျိုးစုံနှင့်ဖမ်းမိ

ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ် Ban Ruam Rang ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်နေထိုင်သည့်မြန်မာနိုင်ငံသား ၂ ဦးအား လက်နက်မျိုးစုံ၊ လက်ပစ်ဗုံး၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ထိုင်း aec news သတင်းက ယနေ့(စက်တင်ဘာ-၁၁) ဖော်ပြသည်။ ထိုင်းစစ်တပ်၊ ရာ့ခ်ျမာနူ တပ်ဖွဲ့၊ နရဲဆွမ်း တပ်ဖွဲ့၊ မဲဆောက်ရဲနှင့် အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းပြီး ထိုနေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့စဉ်ဖမ်းမိခဲ့ကြောင်းသိရသည်။ မဲဆောက်မြို့ခံမြန်မာတစ်ဦကလည်း ယမန်နေ့ စက်တင်ဘာလ ၁ဝ ရက်နေ့တွင် ဆာသူးလေကျောင်းနားရှိရပ်ကွက်အတွင်းဖမ်းမိခြင်းဖြစ်ကြောင်းပြောကြားသည်။ မဲဆောက်မြို့ခံထိုင်းအမျိုးသမီးတစ်ဦးကလည်း “ ဒီသတင်းကို ကြားတယ့်အခါမှာတော့ ဒါဟာအမှန်တကယ်ဆိုရင်တော့ အန္တရာယ်ရှိတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အဲ့ဒီအရာတွေကို သူတို့တွေ ဘယ်နေရာမှာ သွားအသုံးပြုမလဲဆိုတာကို မသိပေမယ့် ဘာဘဲဖြစ်ဖြစ် အန္တရာယ်ရှိတယ်လေ။ အခုလိုဖမ်းဆီးလို့ရသွားတာဟာလဲ ကောင်းပါတယ်။

Read More
သတင်း

မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာ ၆၉ ဦးဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ ဒနောင်းကိုတာ(Danau Kota) ဧရိယာရှိ ၁၉ ထပ်တိုက်ခန်းတစ်ခုကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM)က ယနေ့ နံနက်အစောပိုင်း၌ ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၅ ဦးအား ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းကဖော်ပြသည်။ ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား (၆၉) ဦး၊ အိန္ဒိယ (၂၅) ဦး၊ ပါကစ္စတန် (၁၄) ဦး၊ အင်ဒိုနီးရှား (၁၂) ဦးနှင့် ဘင်္ဂလားဒေ့ရှ် (၅) ဦးတို့ဖြစ်ပြီး အမျိုးသား ၈၁ ဦးနှင့် အမျိုးသမီး ၄၄ ဦး ပါဝင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ကထုတ်ပြန်သည်။ JIM ကွာလာလမ်ပူ ညွှန်ကြားရေးမှူး ဝမ်မိုဟာမက်က “နှစ်ပတ်ကြာ ထောက်လှမ်းပြီးနောက် တိုက်ခန်း ၃၈ဝ

Read More
သတင်း

ဘန်ကောက်နှင့် စမွတ်ပရာကန်နေရာအချို့ကို ခွေးရူးပြန်ရောဂါ ကူးစက်ဇုန်အဖြစ် အရေးပေါ်ကြေညာ

ထိုင်းနိုင်ငံ ဘန်ကောက်နှင့် စမွတ်ပရာကန်ရှိ အချို့သောနေရာများကို ခွေးရူးပြန်ရောဂါ ယာယီကူးစက်ဇုန်အဖြစ် အရေးပေါ် ကြေညာခဲ့ပြီး ခွေး၊ ကြောင်နှင့် အခြားနို့တိုက်သတ္တဝါများ ရွှေ့ပြောင်းခြင်းကို ရက် ၃ဝ ပိတ်ပင် လိုက်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဘန်ကောက်၊ ဖရာဝတ်ခရိုင်၊ နွန်ဘွန်ရပ်ကွက်တွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုများ တွေ့ရှိပြီးနောက် တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနကထုတ်ပြန်ခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါသည် လူ၊ ခွေး၊ ကြောင်၊ နွား၊ ကျွဲနှင့် အခြားနို့တိုက်သတ္တဝါများထံ ကူးစက်နိုင်သည့် အန္တရာယ်ရှိသောခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ထိုနေရာများတွင် အရေးပေါ်စောင်ကြည့်ရေးဇုန်အဖြစ်သတ်မှတ်ထားကြောင်းထုတ်ပြန်သည်။ သတ်မှတ်ထားသည့်ဇုန်အတွင်း တိရစ္ဆာန်ဆေးကုဆရာဝန်၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ခွေး၊ ကြောင် သို့မဟုတ် ၎င်းတို့၏ အသေကောင်များကို အပြင်သို့ ရွှေ့ပြောင်းခြင်းမပြုရန်၊ တိရစ္ဆာန်ပိုင်ရှင်များသည် ဖျားနာသော တိရစ္ဆာန်များကို

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည်များကို အောက်တိုဘာလ ၁ ရက်ကစပြီး ထိုင်းအလုပ်လုပ်ခွင့်ပြု

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များအား အောက်တိုဘာလ ၁ ရက်ကစပြီး အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ သီရရတ်ဆမ်ရက်ဝါနစ်က စက်တင်ဘာလ ၉ ရက်နေ့တွင်ပြောကြားသည်။ ထိုင်းအစိုးရသည် ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း နယ်စပ် ယာယီခိုလှုံရာစခန်းများ၌ ၄၁ နှစ်ကျော်ကြာ နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်လာသူများကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။ ယာယီခိုလှုံရေးစခန်းမှ မြန်မာဒုက္ခသည်များသည် အောက်ပါ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း အလုပ်လုပ်ကိုင်ရန်လျှောက်ထားနိုင်ကြောင်း ထိုင်းအစိုးရကထုတ်ပြန်သည်။ ၁။ ခရိုင်အုပ်ချုပ်ရေးမှူး (သို့မဟုတ်) လက်ထောက်အုပ်ချုပ်ရေးမှူးထံမှ ထိန်းချုပ်ထားသည့် ဧရိယာပြင်ပသို့ ထွက်ခွာခွင့်တောင်းခံခြင်း။ ၂။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးမှုခံယူပြီး နိုင်ငံခြားသားလုပ်သားများအတွက် ကျန်းမာရေးအာမခံစနစ်တွင် ဝင်ရောက်ခြင်း။ ၃။ သတ်မှတ်ထားသည့်

Read More
နိုင်ငံရေး သတင်း အလုပ်သမား သတင်း

အလုပ်သမားအရေး လုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အာမခံလျှောက်ထားမှုအပေါ် တရားရုံးပလပ်

စက်တင်ဘာ ၉ ၊ Migrant Times ။ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချူပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့် အဖွဲ့ဝင် ၇ ဦး တို့၏ သီးခြား တစ်မှုစီ အာမခံလျှောက်ထားမှုအပေါ် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်တိုင်း ၊ ရွှေပြည်သာ မြို့နယ်တရားရုံးက ပလပ်လိုက်ကြောင်း STUM ကထုတ်ပြန်သည်။ အာမခံလျှောက်ထားမှုအပေါ် ရုံးထိုင်တရားသူကြီးက ကြားနားပြီး ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး ရုံးရှေ့အမှုမှ တရားလိုအား အမှု ၈ မှုအတွက် စစ်ဆေး ကြားနာခဲ့ကြောင်း သိရသည်။ ရုံးထုတ်မှု အား STUM အဖွဲ့ကို Migrant Times ကဆက်သွယ်မေးမြန်းခဲ့ပြီး ဒေါ်မျိုးမျိုးအေး ၏ ရှေ့နေကပေးပို့သည့် အချက်များကိုသာသိကြောင်း STUM တာဝန်ရှိသူကပြောသည်။

Read More
သတင်း အလုပ်သမား သတင်း

မလေးရှားတွင် မြန်မာနိုင်ငံသား ၄၁ ဦး ထပ်မံဖမ်းဆီးခံရ

စက်တင်ဘာ ၉ ၊ Migrant Times ။ မလေးရှားနိုင်ငံ ၊ ဆလန်ဂေါ (Selangor)ပြည်နယ် ၊ ပူချုန်ရှိ အစားအသောက်ဆိုင်တန်းတစ်ခုတွင် မြန်မာနိုင်ငံသား ၄၁ ဦး အပါအဝင် နိုင်ငံခြားသား ၅၅ ဦးကို စက်တင်ဘာလ ၈ ရက်နေ့ကဖမ်းဆီးခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာန-JIM ကထုတ်ပြန်သည်။ ပူချုန်မြို့ရှိ အစားအသောက်ဆိုင်တန်းတစ်ခုတွင် ယမန်နေ့ ညနေ ၆:၃၀ မှ ၇:၃၀ အထိ စီးနင်းရှာဖွေခဲ့ပြီး နိုင်ငံခြားသား ၆၀ ဦးနှင့် ပြည်တွင်းနိုင်ငံသား ၂၇၄ ဦး စုစုပေါင်း ၃၃၄ ဦးကို စစ်ဆေးခဲ့ကြောင်း JIM ကဆိုသည်။ စစ်ဆေးမှုရလဒ်အရ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုအမျိုးမျိုးကြောင့် နိုင်ငံခြားသား ၅၅ ဦးကို ထိန်းသိမ်းခဲ့ပြီး

Read More
နိုင်ငံရေး သတင်း

သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ပြန်ကျခံရန် အမိန့်ချ

စက်တင်ဘာ ၉ ၊ Migrant Times ။ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာကို ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် တရားရုံးချုပ်၏ နိုင်ငံရေးရာထူးတာဝန်ထမ်းဆောင်သူများဆိုင်ရာ ရာဇဝတ်မှုဌာနခွဲက “ ရဲဆေးရုံ ၁၄ လွှာ” အမှုနှင့်ပတ်သက်ပြီး ထောင်ဒဏ်တစ်နှစ် ပြန်ကျခံရန် အမိန့်ချခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ယမန်နေ့တွင် ဒူဘိုင်းမှပြန်လာပြီးနောက် ယနေ့ နံနက်တွင် “ ရဲဆေးရုံ ၁၄ လွှာ” အမှုနှင့်ပတ်သက်ပြီး တရားရုံးသို့လာရောက်ခဲ့သည်။ သက်ဆင်သည် မူလက အဂတိလိုက်စားမှု ၃ မှုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသူဖြစ်သည်။ နောက်ပိုင်းတွင် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ် တစ်နှစ်သို့ လျှော့ချခံခဲ့ရသည်။ သို့သော် သက်ဆင် အကျဉ်းထောင်တွင် တစ်ညတာမျှ

Read More