နိုဝင်ဘာ 9, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း အလုပ်သမား သတင်း

ဖူးခက်တွင် ဖွင့်ထားသည့် မြန်မာစားသောက်ဆိုင်ကို ရဲဝင်ဖမ်း

စက်တင်ဘာ ၆ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာစားသောက်ဆိုင်ကို ဒေသခံများ၏ တိုင်ကြားမှုများကြောင့် ရဲတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့၌ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ၎င်းဆိုင်သည် မြန်မာနိုင်ငံသားတစ်ဦးက တရားမဝင်ဖွင့်လှစ်ပြီး မြန်မာအလုပ်သမားများသာ ဝန်ထမ်းအဖြစ်ထားရှိကြောင်း သိရသည်။ ဘန်ကောက်ပို့စ် သတင်း၏ ဖော်ပြချက်အရ သူငယ်ချင်းဆိုင် အမည်ရှိ အဆိုပါ စားသောက်ဆိုင်သည် ဖူးခက်မြို့ ဘန်ကောက်လမ်းရှိ ဈေး(၁) နောက်တွင် တည်ရှိသည်။ ဆိုင်၏ဆိုင်းဘုတ်များ၊ မီနူးများ၊ မှာယူမှုစာရွက်များနှင့် ဘောင်ချာများအားလုံးကို မြန်မာဘာသာဖြင့် ရေးထားပြီး ဖောက်သည်အများစုမှာလည်း မြန်မာအသိုင်းအဝိုင်းမှ ဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် ဆိုင်၏ တာဝန်ခံဖြစ်သော အသက် ၃၇ နှစ်အရွယ် ကိုဇော်မင်းလတ်ကို ဖမ်းဆီးခဲ့ပြီး

Read More
သတင်း

ကန်ချနာဘူရီတွင် မြန်မာနိုင်ငံသား ၁၁ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီ ဆိုင်ယုတ်ဒေသတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁ ဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း အဝေးပြေးရဲတပ်ဖွဲ့မှ ယနေ့ထုတ်ပြန်သည်။ ဆိုင်ယုတ်ဒေသရှိ အဝေးပြေးရဲတပ်ဖွဲ့သည် သောင်ဖာဖူ သုံးလမ်းဆုံဂိတ်တွင် လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခု ဖွင့်လှစ်ထားပြီး မသင်္ကာဖွယ်ကားတစ်စီးမောင်းပြေးသည်ကို လိုက်လံဖမ်းဆီးရာမှ မြန်မာနိုင်ငံသား များကိုတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။ ထိုကားအား သောင်ဖာဖူမီမြို့နယ်၊ ဟင်ဒတ်မြို့၊ အမှတ် ၅ ကျေးရွာရှိ ကျွဲကောခြံတစ်ခြံအတွင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ကားအတွင်းတွင် မည်သည့်စာရွက်စာတမ်းမှ မပါရှိသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၁ ဦးကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ၎င်းတို့ကို သောင်ဖာဖူမီရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ ပို့ဆောင်ကာ ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း အဝေးပြေးရဲတပ်ဖွဲ့မှသိရသည်။ စက်တင်ဘာ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊

Read More
နိုင်ငံရေး သတင်း

အနုတင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာ

စက်တင်ဘာ ၅ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ယနေ့ လွှတ်တော်တွင်း ကျင်းပသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲ၌ ဘုံဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်းထိုင်းသတင်းကဖော်ပြသည်။ အနုတင် ချာရန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာရန် လိုအပ်သော မဲအရေအတွက် ၂၄၇ မဲထက် ကျော်လွန်ပြီး မဲများရရှိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ပြည်သူ့ပါတီ၏ ထောက်ခံမှုရရှိထားသော အောင်မြင်သည့် ညွန့်ပေါင်းအဖွဲ့အား ဦးဆောင်ပြီးနောက် ဘုံဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါမဟာမိတ်အဖွဲ့သည် ဖျူထိုင်းပါတီမှ ကိုယ်စားလှယ်လောင်း ချိုင်းကာဆမ် နီတီဆီရီအား အနိုင်ယူခဲ့ပြီး အနုတင်အား အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရန် အခွင့်အရေးရရှိစေခဲ့ကြောင်း ထိုင်းသတင်းကရေးသားသည်။ အနုတင်အား

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃၆ ဦး အလုပ်ပြန်ရ

စက်တင်ဘာ ၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊စီလချာမြို့ရှိ ကားအဲယားပစ္စည်းစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃၆ ဦး အလုပ်ပြန်ရခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ ထုတ်ပြန်သည်။ CI နှင့် PJ စာအုပ်များ ကိုင်ဆောင်သည့် မြန်မာအလုပ်သမား ၃၆ ဦးသည် ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် သက်တမ်းမှာ ၂ လမှ ၈ လအထိအသီးသီးရှိကြပြီး အလုပ်သမား ရပိုင်ခွင့်များကို စက်ရုံတာဝန်ရှိသူများထံ တောင်းဆိုပြီးနောက် အလုပ်ထုတ်ခံလိုက်ရကြောင်း ထုတ်ပြန်သည်။ ၎င်းတို့ထဲမှအချို့သည် စာအုပ်သက်တမ်းတိုးရန် ပိုက်ဆံသွင်းထားပြီး လုပ်အားခ တစ်လစာရရန်ကျန်ရှိနေကြောင်း WAG အဖွဲ့ မှသိရသည်။ မြန်မာအလုပ်သမားများက အကူအညီတောင်းသည့်အတွက် ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် သွားရောက်ဖြေရှင်းပေးခဲ့ကြောင်း WAG

Read More
သတင်း

တာ့ခ်ခရိုင်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၇၁ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၄ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် Wang Prachop -Phran Kratai လမ်းမကြီးပေါ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇၁ ဦးကို အဖြူရောင် အလုံပိတ်ကား ၂ စီးပေါ်တွင် အမြန်လမ်းရဲတပ်ဖွဲ့က စက်တင်ဘာ ၃ ရက်နေ့၌ ဖမ်းဆီးခဲ့သည်။ ကြိုတင်သတင်းအရ ၄င်းလမ်းမကြီးပေါ်တွင် မသင်္ကာဖွယ် ပစ်ကပ်ထရပ်ကားနှစ်စီးကို ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ပထမကား၏ ရှေ့ထိုင်ခုံတွင် အမျိုးသမီး သုံးဦးပါ၀င်ပြီး ခရီးသွားစာရွက်စာတမ်း တစ်စုံတစ်ရာ မရှိကြောင်း၊ ကားနောက်ခန်းတွင် အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၈ ဦးပါဝင်သည့် မြန်မာနိုင်ငံသား ၃၇ ဦးကို ထပ်မံတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ အလားတူ ဒုတိယမြောက်ကားတွင်

Read More
သတင်း

ထိုင်းတွင် ခရီးဆောင်အိတ်အတွင်း အသတ်ခံထားရသည့် အမျိုးသမီးအလောင်း တွေ့ရှိ

စက်တင်ဘာ ၄၊ Migrant Times။ ထိုင်းနိုင်ငံ ၊ ချွန်ပူရီခရိုင်၊ ဟွိုင်ယိုင်(Hawai Yai)ရှိ ကန့်ဘိုင်းဖိုင် ရေလှောင်ကန်တွင် ကယ်ဆယ်ရေးလုပ်သားများသည် မျောပါလာသောခရီးဆောင်အိတ်အတွင်းမှ အသတ်ခံရသော အမျိုးသမီးတဦး၏အလောင်းကို တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက်တွင် ရေလှောင်ကန်၌ လှေလှော်အသင်းသားများက ပေါလောပေါ်နေသော ခရီးဆောင်အိတ်ကိုတွေ့ရှိခဲ့သည်။ ၄င်းအိတ်သည် ကြိုးများ သော့များဖြင့် တင်းကျပ်စွာချည်ထားပြီး အနံ့ဆိုးများထွက်နေသော ကြောင့် ကယ်ဆယ်ရေးလုပ်သားများက ကမ်းပေါ်သို့သယ်ကူကာ စစ်ဆေးခဲ့ကြသည်။ အိတ်အတွင်းတွင် မည့်သည့်နိုင်ငံသားမှန်းမသိရသေးသည့် အသက် (၃ဝ) အရွယ် အမျိူးသမီးအလောင်းကိုတွေ့ရှိခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။သေဆုံးသူအမျိူးသမီးမှာ တက်တူးအများအပြား ထိုးထားပြီး မိတ်ကပ်ရောင်ဘောင်းဘီ ဝတ်ဆင်ထားကြောင်း သတင်းကဖော်ပြသည်။ “ အဲ့ဒီ ခရီးဆောင်အိတ်ကို ကန့်ဘိုင်းဖိုင်ရေကန်မှာ တွေ့ရှိတယ်လို့ မနက် ၆

Read More
သတင်း

မြန်မာဒုက္ခသည်များအား ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်ပေးမည်ဟု ထိုင်းဝန်ကြီးပြော

စက်တင်ဘာ ၄ ၊ Migrant Times ။ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ခုနစ်ခုတွင် နေထိုင်သည့် မြန်မာဒုက္ခသည် ၇ သိန်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ကောင်းမွန်လာစေရန် ဘတ်ငွေ သန်း ၁၆ဝ ကို ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ခွဲဝေပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ အဆိုပါ စခန်းများတွင် နေထိုင်သူများ ကျန်းမာရေး ဝန်ဆောင်မှုရရှိစေရန် ဘတ်ဂျက်အစီအစဉ်ကို ဝန်ကြီးဌာနက ချမှတ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ၀န်ကြီး Somsak Thepsutin ကပြောကြားသည်။ အမေရိကန်သမ္မတ Trump ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် ထိုင်း-မြန်မာ ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ထိခိုက်ခဲ့သည်။ ထို့ကြောင့် ဒုက္ခသည်စခန်းများတွင်ရောဂါ အမျိုးမျိုးဖြစ်ပွားနိုင်ခြေ မြှင့်မားမည်ဖြစ်ကြောင်း ဝန်ကြီး Somsak Thepsutin က

Read More
သတင်း အလုပ်သမား သတင်း

ချင်းမိုင်မြို့ ကတ်လုံဈေးတွင် မြန်မာလုပ်သား ၆ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၄ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်ရှိ ဝရောရော့ဈေး(ကတ်လုံ)ဈေးတွင် တရားမဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမား ၆ ဦးအား စက်တင်ဘာလ ၃ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ မြန်မာနိုင်ငံသား ၆ ဦးသည် အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်ခြင်း ၊ ၎င်းတို့၏အလုပ်ရှင်နှင့်လုပ်ငန်းခွင်ကို မှတ်ပုံတင်အရာရှိထံ အသိပေးခြင်းမရှိခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ မြန်မာနိုင်ငံသား ၆ ဦးအား ဥပဒေအရ အရေးယူရန် ချင်းမိုင်မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း ချင်းမိုင်မြို့၊ မယ့်ရင်ရပ်ကွက်ရှိ စျေးတစ်ခုတွင် တရားမဝင်စျေးရောင်းခြင်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃

Read More
ဆောင်းပါး သတင်း

“ လူ့အဖွဲ့အစည်း ရှင်သန်ရင် – ငါတို့ သားသမီးတွေလည်း ရှင်သန်မယ်”

ထူးချစ် – ခွန်သောမတ်စ် ထိုင်းအစိုးရ၏ ပညာရေးမူဝါဒအရ နိုင်ငံခြားသား (ရွှေ့ပြောင်း)ကလေးများ ပညာသင်ယူခွင့်သည် ထိုင်းကလေးများကို မထိခိုက်စေဘဲ ရေရှည်လူမှုပြဿနာများ ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းကလေးငယ်အားလုံးအတွက် ပညာသင်ယူရန် နေရာအလုံအလောက်ရှိပြီး နိုင်ငံခြားသား ရွှေ့ပြောင်းကျောင်းသူကျောင်းသားများအား လက်ခံခြင်းသည် တရားမဝင် အလုပ်သမား ပြဿနာကို ဖြေရှင်းရန်နှင့် ရာဇဝတ်မှုလျှော့ချရန် ကူညီအထောက်ကူပြုနိုင်ကြောင်း ဘန်ကောက်မြို့တော် ဒုတိယ မြိုတော်ဝန် ခွန်စနွန် ဝမ်စံဘွန် (Sanont Wangsangboon) က ၎င်း၏လူမူကွန်ယက် (Facebook) စာမျက်နှာ “ Wangsangmuang” တွင် ရေးသားဖော်ပြခဲ့သည်။ အသက် (၁၃) နှစ်အရွယ် ကမ္ဘောဒီးယား ကျောင်းသားတစ်ဦး ကို ထိုင်းရဲများက ဖမ်းဆီးပြီးနေရပ်ပြန်ပို့ရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းနှင့်အတူ အွန်လိုင်းပေါ်တွင် ဘန်ကောက်မြို့တော်၏ ပညာရေးဆိုင်ရာ အခွင့်အလမ်းနှင့်မူဝါဒများနှင့်

Read More
သတင်း

ကန်ချနပူရီတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၄၃ ဦး ထပ်မံဖမ်းဆီးခံရ

စက်တင်ဘာ ၃ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ကန်ချနပူရီခရိုင်၊ ဖရန်ဖေးလ်မြို့နယ်၊ ဘန်ယန်ခေါင်းရွာအနီးတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၄၃ ဦးအား စက်တင်ဘာလ ၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း တောင်ဝင်ထိုင်းစစ်တပ်က ယနေ့ထုတ်ပြန်သည်။ ယမန်နေ့ ည ၈ နာရီတွင် စူရာသီ တပ်ဖွဲ့သည် ကင်းလှည့်နေစဉ် အတွင်း ဘန်ယန်ခေါင်းရွာရှိ အမှိုက်ပုံဘေး လမ်းဘေးတွင် ရပ်ထားသော ကားအတွင်း မြန်မာနိုင်ငံသား ၄၃ ဦး (အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂၀ ဦး) ပြည့်ကျပ်စွာရှိနေသည်ကို တွေ့ရှိခဲ့သည်။ ၎င်းတို့အားလုံးသည် သက်သေခံစာရွက်စာတမ်းများ မရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်သည်။ ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းမှ လာကြသူများဖြစ်ပြီး ဆန်ခလာဘူရီကို နယ်စပ်လမ်းကြောင်းမှ

Read More