ချင်းမိုင်တွင် ဓားခုတ်မှုကျုးလွန်ခဲ့သည့် လူငယ် ဆိုင်ကယ်ဂိုဏ်းကို ရှာဖွေနေ
စက်တင်ဘာ ၁၇ ၊ Migrant Times ။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ညက ဓားခုတ်မှုကျုးလွန်ခဲ့သည့် လူငယ် ဆိုင်ကယ်ဂိုဏ်းကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ဘေးရှိ စတိုးဆိုင်ရှေ့၌ စက်တင်ဘာလ ၁၆ ရက်နေ့ည တွင် လူငယ် ဆိုင်ကယ်ဂိုဏ်းသည် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူငယ် (၃) ဦးကို ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းကဖော်ပြသည်။ ဓားခုတ်ခံရခြင်းကြောင်း မိန်းကလေးတစ်ဦးသည် လက်ကောက်ဝတ်ပြတ်သွားခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာကာ အခြား ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးမှာလည်း အရေးပေါ်ခန်းတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုဖြစ်စဉ်ကို ပြည်သူတစ်ဦးက
