မလေးရှားတွင် မြန်မာနိုင်ငံသား ၂၃၅ ဦး ဖမ်းဆီးခံရ
စက်တင်ဘာ ၃ ၊ Migrant Times ။ မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ ဘူကစ်ဘင်တန် (Bukit Bintang) တွင် ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ ညက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၇၇၀ ကို လူဝင်မှုကြီးကြပ်ရေးဌာန(JIM)က ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၂၃၅ ဦး ပါဝင်ကြောင်း မလေးရှားသတင်းတွင်ဖော်ပြသည်။ ဘူကစ်ဘင်တန်တွင် Ops Belanja ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို ည ၇ နာရီခွဲမှ ၉ နာရီခွဲအထိ နှစ်နာရီကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရာရှိ ၁၀၆ ဦး ပါဝင်ခဲ့ကြောင်း JIM ကထုတ်ပြန်သည်။ နိုင်ငံခြားသား ၁,၆၀၀ နှင့် ဒေသခံ ၈၄၅ ဦး အပါအဝင် စုစုပေါင်း
