နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း

ချင်းမိုင်တွင် ဓားခုတ်မှု ကျုးလွန်သည့် ရှမ်းလူငယ်အဖွဲ့ကိုဖမ်း

စက်တင်ဘာ ၁ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်အစောပိုင်း၌ ဓားခုတ်မှု ကျုးလွန်ခဲ့သည့် အသက် ၂ဝ နှစ်အရွယ် ရှမ်းလူမျိုး လူငယ် ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၉ ရက်၊ နံနက် ၃:၂၀ နာရီခန့်တွင် ချင်မိုင်မြို့၊ ဝရောရော့ဈေး(ကတ်လုံ)ရှေ့ ချန်စွမ်တံတားအနီး၌ ရန်ဖြစ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သွားရောက်စစ်ဆေးခဲ့သည်။ ချန်စွမ်တံတားအနီးတွင် အသက် ၁၉ နှစ်အရွယ် ကို Sutithipan (အမည်လွဲ) နှင့်သူငယ်ချင်းများကို တွေ့ရှိခဲ့ပြီး Sutithipan ၏ ခန္ဓာကိုယ်တွင် မပြင်းထန်သော ဓားဒဏ်ရာ ရရှိထားကြောင်းတွေ့ရှိခဲ့သည်။ ဒဏ်ရာရသူ ရဲတပ်ဖွဲ့ထံထွက်ဆို အဆိုအရ

Read More
သတင်း အလုပ်သမား သတင်း

ဘန်ကောက်တွင် ကားပေါ်မှ ပြုတ်ကျပြီး မြန်မာအလုပ်သမားတစ်ဦး သေဆုံး

ဩဂုတ် ၃၁ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ Vibhavadi Rangsit လမ်းမပေါ်တွင် ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့၌ အသက် ၃ဝ အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ငါးတင် ပစ်ကပ်ကားတစ်စီးပေါ်မှ ပြုတ်ကျခဲ့ပြီး ယင်းနေရာတွင် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ Vibhavadi ရဲစခန်း၏ ကနဦးစစ်ဆေးမှုအရ ပစ်ကပ်ကားသည် အမြန်လမ်းမှ ထွက်သည့်လမ်းပေါ်တွင် အရှိန်လွန်ကာ လမ်းဘေးအတားအဆီးကို ဝင်တိုက်ခဲ့ပြီး ကားပေါ်မှ မြန်မာအလုပ်သမားသည် လမ်းမပေါ်သို့ လွင့်စင်ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ကပ်ကားယာဉ်မောင်းနှင့် အခြားအလုပ်သမား လေးဦးမှာလည်း မတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကာ ရဲတပ်ဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းတွင်ဖော်ပြသည်။ Photo – Khaosod #Migranttimes

Read More
သတင်း

ထိုင်းတွင် မြန်မာ အလုပ်သမားတစ်ဦး ဓာတ်လိုက်သေဆုံး လျော်ကြေးရဖို့ဆောင်ရွက်နေ

သြဂုတ် ၂၉ ၊ Migrant Times ။ ထိုင်းနိုင်ငံ ခွန်ကဲန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့၌ MဝU စနစ်ဖြင့်လာရောက်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားမောင်ထွန်းလင်းအောင်သည် ဓါတ်လိုက်သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်နာကြေးရရှိရန် ကျန်ရှိသည့် အမျိုးသမီးနှင့်အတူလိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။ “သူရဲ့မိဘတွေ တက်လာတဲ့အချိန်မှာ အလည်ဗီဇာဖြစ်တာကြောင့် ဖုန်းဆင်းကဒ်ဝယ်မရဘူး ဘဏ်လဲဖွင့်မရဘူး အနေအထားဖြစ်သွားတယ်။ ဘဏ်ဖွင့်လို့မရတဲ့အတွက် ထိုင်းအစိုးရသက်မှတ်ထားတာက ဘတ် ၅ သိန်းထပ် မပိုတဲ့ပိုက်ဆံကို ချက်စ်လက်မှတ်ပဲရထားတယ်။ ကျန်ရှိတဲ့ ပိုက်ဆံကိုတော့ နောက် ၁ နှစ်အတွင်းမှပြန်ထုတ်လို့ရမယ်။ ဘဏ်လုပ်လို့မရတဲ့အတွက် လက်ရှိဒီလိုမျိုးအခက်အခဲတွေတော့ ကြုံတွေ့နေရတယ်” လို့ WAG အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းကပြောသည်။ ထိုအမှုသည် နစ်နာကြေးရရှိရန် တစ်လနီးပါးကြာမြှင့်ခဲ့ပြီး နစ်နာကြေး

Read More
သတင်း

ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ကို ရာထူးမှ ဖယ်ရှား

သြဂုတ် ၂၉ ၊ Migrant Times ။ ထိုင်းဝန်ကြီးချုပ် ပေထောင်တန် ရှင်နာဝပ်ကို ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုသည် ကျင့်ဝတ်ဆိုင်ရာဥပဒေများကို ချိုးဖောက်သည်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ယနေ့ သြဂုတ်လ ၂၉ ရက်တွင် စီရင်ချက်ချပြီး ရာထူးမှ ဖယ်ရှားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက သူမသည် စွပ်စွဲခံထားရသော စွဲချက်များအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်၏ ကက်ဘိနက်အဖွဲ့ဝင်အားလုံးကို ရာထူးမှ ရပ်စဲခဲ့သည်။ ဘီလျံနာ သူဌေးဟောင်း ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သူ ပေထောင်တန် သည် နိုင်ငံနှစ်ခုစလုံးက ပိုင်ဆိုင်ကြောင်း အငြင်းပွားနေသည့် နယ်မြေနှင့် ပတ်သက်ပြီး တင်းမာမှုများကို ဆွေးနွေးရန်အတွက် ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ဇွန်လ ၁၅ ရက်နေ့တွင် ဖုန်းပြောဆိုရာ၌ နိုင်ငံအတွက်

Read More
သတင်း

ပေထောင်တန်ကို အသံဖိုင်အတွက် အပြစ်ရှိကြောင်း ဥပဒေရုံးဆုံးဖြတ်

သြဂုတ် ၂၉ ၊ Migrant Times ။ ဇူလိူင်လအတွင်းတွင် ရာထူးမှယာယီရပ်ဆိုင်းခံထားရသည့် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်(Paetongtarn Shinawatra)အား ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့တွင် အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက စီရင်ချက်ချမှတ်ခဲ့သည်။ ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တရားသူကြီး ၉ ဦးက ပေထောင်တန်အား ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အခြေအနေနှင့် ပတ်သက်၍ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ဖုန်းပြောဆိုသည့် အသံဖိုင် ပေါက်ကြားခဲ့မှုနှင့်ပတ်သက်ပြီး စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။ ယနေ့ ဆုံးဖြတ်ချက်တွင် တရားရုံးက ဝန်ကြီးချုပ်ပေထောင်တန်သည် ဟွန်ဆန်ကို ကတိကဝတ်တွေ အဆုံးမသတ်ဘဲ ပေးခဲ့ကြောင်း၊ သူမ၏ လူကြိုက်များမှုကို ပြန်လည်ရရှိရန် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထည့်မတွက်ဘဲ ဟွန်ဆန်ကို အကျိုးအမြတ်ဖြစ်စေခဲ့ကြောင်း၊ သူမ၏ ကိုယ်ကျိုးစီးပွားကို

Read More
သတင်း

ဖူးခက်မှာ သေနတ်ပစ်ပြခဲ့တဲ့ မြန်မာတစ်ဦးကို ရဲဖမ်း

ဩဂုတ် ၂၉ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် သေနတ်ပစ်ပြခဲ့သည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်တင်ခဲ့သည့်မြန်မာနိုင်ငံသားနှင့် နောက်ထပ်မြန်မာနိုင်ငံသား တစ်ဦးတို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကယနေ့ဖော်ပြသည်။ ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်တွင် လူမှုကွန်ရက်ပေါ်၌ မြန်မာနိုင်ငံသားတစ်ဦး သေနတ်ပစ်ခတ်နေသည့်ဗီဒီယိုဖိုင် ပျံ့နှံ့နေပြီး ဗီဒီယိုပါနေရာသည် ဖူးခက်မြို့၊ ရပ်ဆဒါမြို့နယ်ခွဲ၊ ဒီရေတောထဲတွင် သေနတ်ပစ်နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့က CCTV ကင်မရာများမှတစ်ဆင့် သေနတ်ပစ်ခတ်ပြီး ထွက်သွားသူ၏ ဆိုင်ကယ်နံပါတ်ကို သိရှိပြီးနောက်တွင် ချလောင်းမြို့နယ်ခွဲရှိအိမ်တွင် ငှားရမ်းနေထိုင်သည့် မြန်မာနိုင်ငံသားကိုဖမ်းဆီးနိုင်ခဲ့သည်။ ရဲတပ်ဖွဲ့က အသက် ၃၄ နှစ်ရှိ မြန်မာနိုင်ငံသားကိုဖမ်းဆီးစဉ်တွင် အသက် ၃၂ နှစ်ရှိ အခြားမြန်မာနိုင်ငံသားတစ်ဦးကိုပါတွေ့ရှိပြီး အခန်းအတွင်း၌ ရှာဖွေရာ စိတ်ကြွဆေးပြား၊ ရေခဲ၊ သေနတ်၊ ကျည်ဆံနှင့် ငွေသားများကိုတွေ့ရှိကြောင်း

Read More
သတင်း အလုပ်သမား သတင်း

ထိုင်း ကြက်သားဆော့စက်ရုံတွင် ရေနွေးအိုးပေါက်ပြီး မြန်မာအလုပ်သမားသေဆုံး

သြဂုတ် ၂၉ ၊ Migrant Times ။ ထိုင်းနိုင်ငံ ဆာလာပူလီမြို့ရှိ ကြက်သားဆော့ စက်ရုံတွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက်၌ ကြက်သားအိုးကျိုသည့် ရေနွေးအိုး ပွင့်ပေါက်ကာ ထိမှန်မှုကြောင့် မြန်မာ အလုပ်သမားတစ်ဦး မေ့လဲသွားခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။ အသက် ၂၂ အရွယ် မြန်မာအလုပ်သမား ကိုအောင်ဇော်လင်းသည် သြဂုတ်လ ၂၅ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဆာလာပူလီဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ပြီး သြဂုတ်လ ၂၇ရက်နေ့ နံနက် ၈ နာရီအချိန်တွင် သေဆုံးခဲ့ကြောင်းသိရသည်။ သြဂုတ် ၂၇ ရက်နေ့တွင် သေဆုံးသူ၏ဆွေမျိုးများမှ အကူညီတောင်းခံခြင်းကြောင့် ကူညီမှုများပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက ပြောကြားသည်။ “သူရဲ့ မိဘတွေ တက်လာဖို့စီစဉ်နေတယ် ကောင်လေးက

Read More
သတင်း

ထိုင်းတွင် ဖမ်းဆီးခံရသည့် အသက် ၁၃ နှစ်အရွယ် ကမ္ဘောဒီးယားကျောင်းသား ပြန်မပို့ရေး ဆွေးနွေးနေ

ဆူရင်ပြည်နယ်ရှိ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာတစ်ခုတွင် ပို့ဆောင်ထား ဩဂုတ် ၂၈ – Migrant Times ထိုင်းနိုင်ငံ ဆူရင်ပြည်နယ်ရှိ စာသင်ကျောင်းတခုတွင်တက်ရောက်နေသည့် အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးကို တရားမဝင် ကမ္ဘောဒီးယား နိုင်ငံခြားသားတစ်ဦးဖြစ်သည်ဟုဆိုကာ ဒေသခံတစ်ဦးက ဖမ်းဆီးရန် ရဲတပ်ဖွဲ့ထံတိုင်ကြားစာပေးပို့ခဲ့သည်။ ထို့နောက် ယမန်နေ့ သြဂုတ်လ ၂၇ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ကျောင်းအတွင်းဝင်ရောက်ကာ ဖမ်းဆီးခဲ့ပြီး ကမ္ဘောဒီးယားသို့ ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်းကလေးသည် ကင်းထောက်၀တ်စုံဖြင့် ကျောင်းတွင် ထိုင်းနိုင်ငံတော်သီချင်း သီဆိုပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းကဖော်ပြသည်။ အဆိုပါကျောင်းသားသည် ထိုင်းမွေးစားဖခင်နှင့် ကမ္ဘောဒီးယားမိခင်တို့မှ မွေးဖွားလာသူဖြစ်ကြောင်း၊ မွေးကင်းစအရွယ်မှစ၍ ထိုင်းနိုင်ငံတွင် နေထိုင်လာခဲ့သူဖြစ်ကာ ထိုင်းဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ကမ္ဘောဒီးယားဘာသာစကားကို မဖတ်နိုင်ကြောင်း၊ထို့အပြင် ပညာရေးတွင်လည်း ၄.၀၀

Read More
သတင်း

ချင်းမိုင်တွင် ရေကြီးမှုကြောင့် လူနှစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ပျောက်ဆုံး

ဩဂုတ် ၂၇ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့က အပူပိုင်းမုန်တိုင်း Kajiki ကြောင့် မိုးသည်းထန်ခဲ့ပြီး မယ်ဂျမ်မြို့နယ်(Mae Chaem)၊ ပန်အွန်း၊ မူး ၁ ကျေးရွာရှိ နေအိမ်များအတွင်းရေဝင်ရောက်‌ခဲ့သည်။ ထို့နောက်မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ပျောက်ဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ကယ်ဆယ်ရေးအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ပျောက်ဆုံးသူနှစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ပြီး ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ ဒဏ်ရာရရှိသူများကို မယ်ဟောင်ဆောင်ခရိုင်ရှိ ခွန်ရွမ်ဆေးရုံနှင့် ချင်းမိုင်ရှိ မယ်ဂျမ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ယမန်နေ့မှ စတင်ရွာသွန်းခဲ့သော မိုးသည်းထန်မှုကြောင့် ပန်အွန်း၊ မူး ၁ ကျေးရွာအတွင်း မြေကြီးနှင့် ရွှံ့များ ညတွင်းချင်း နေအိမ်များထဲသို့ ရောက်ရှိလာပြီး အိမ်များစွာကို

Read More
သတင်း

ထိုင်းတွင် ပန်းရောင်ကဒ် CI စာအုပ်ဖြင့် ဖုန်းဆင်းကဒ်ဝယ်မရဟုဆို

သြဂုတ် ၂၆ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုင်ဆောင်ထားသည့် ပန်းရောင်ကဒ် ၊ CI စာအုပ်ဖြင့် ယခုရက်ပိုင်းအတွင်း ဖုန်းဆင်းကဒ်ဝယ်မရဖြစ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူက Migrant Times ကိုပြောကြားသည်။ “ကျွန်တော် တနင်္ဂနွေနေ့က ဖုန်းဆိုင်သွားပြီး ဆင်းကဒ်သွားဝယ်တာ ။ ဆိုင်ရှင်ကဘာရှိလဲမေးတော့ ပန်းရောင်ကဒ်ရှိတယ် ဒါဆိုရင် မရဘူးတဲ့ CI စာအုပ်ရောဆို‌တော့ အဲ့ဒါလဲမရဘူး ၊ ပတ်စပိုစ်အနီပဲရတယ်လို့ပြောတယ်” ဟု ၎င်းကပြောသည်။ ထိုင်းနိုင်ငံတွင် သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအားလုံးအား မျက်နှာစကင်ဖတ်သော Liveness Detection စနစ်သစ် နည်းပညာဖြင့် တစ်နိုင်ငံလုံးတွင် စတင် အကောင်အထည်ဖော်မည်ဟု အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) က ထုတ်ပြန်ခဲ့သည်။ အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန်အတွက်

Read More