ရနောင်းမြို့တွင် အသက် ၁၇ နှစ်အရွယ် မြန်မာအမျိုးသမီး အဓမ္မပြုကျင့်ခံရ
◼ အဓမ္မပြုကျင့်သည့် မြန်မာကို ရနောင်းရဲတပ်ဖွဲ့ဖမ်းဆီးထား ဩဂုတ် ၃ ၊ Migrant Times ။ထိုင်းနိုင်ငံ၊ရနောင်းမြို့တွင် အသက် ၁၇ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး ဓားဒဏ်ရာ များစွာဖြင့် ရနောင်းဆေးရုံကြီးကို ရောက်ရှိနေကြောင်း ကူညီပေးသူတစ်ဦးထံမှသိရသည်။အသက် ၁၇ နှစ်အရွယ် အမျိုးသမီးသည် ရနောင်းမြို့ပေါက်ခေါင်းစီအိုင်ရုံးအနီး၌ အဓမ္မပြုကျင့်ခံရပြီး ဓားဒါဏ်ရာပေါင်းများစွာဖြင့် ရနောင်းဆေးရုံကြီးကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးသည် သူမ၏မိခင်ဖြင့် ဧရာဝတီတိုင်း၊မြောင်းမြမြို့မှ ပြီးခဲ့သည့် ၃ နှစ်ခန့်မှစကာ ရနောင်းမြို့သို့ရောက်ရှိနေထိုင်သူဖြစ်ကြောင်း သိရသည်။ အဓမ္မပြုကျင့်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များနှင့်တိုင်ပင်ကာ အမှုဖွင့်လှစ်ရန်ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီး၏ မိခင်က Migrant Times ကိုယနေ့(ဩဂုတ် ၃)ပြောကြားသည်။ “ ဖြစ်ချင်တာတော့ အမေကြီးသမီးလေး ဒီရောဂါတွေ အမြန်ကောင်းဖို့ပဲ၊ အဲဒီဥစ္စာတွေ သမီးလေးခံစားနေရတာတွေ ခံရအောင် အမေကြီးဖြစ်ချင်တယ်”
