နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း

မဲဆောက် မြို့တော်ဝန်ရုံးတွင် ဆယ်နှစ်ခံကဒ်မှ ရေရှည်နေထိုင်ခွင့်ကဒ်များပြုလုပ်ပေး

ဇူလိူင် ၂၅ ၊ Migrant Times ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြို့တော်ဝန်ရုံး (အမ်ဖေရုံး)တွင် ဆယ်နှစ်ခံကဒ်(နိုင်ငံမဲ့ကဒ်) မှ ရေရှည်နေထိုင်ခွင့် (PR) ဟုသတ်မှတ်နိုင်သည့် ထိုင်းအစိုးရလူဦးရေစာရင်းဝင်အထောက်အထားကဒ်ပြောင်းလဲခြင်းအား ယနေ့မှစတင်ကာ ပြုလုပ်နေပေးနေကြောင်း မြို့ခံအချို့မှသိရသည်။‌ဆယ်နှစ်ခံကဒ်သည် လူနည်းစု၊ တိုင်းရင်းသားများအတွက် ရိုက်နှိပ်ပေးသော ကဒ်အမျိုးအစားဖြစ်ပြီး ၈၉ နံပါတ်ဖြင့်စသည့် ဆယ်နှစ်ခံကဒ်ကိုင်ဆောင်ထားသည့် တိုင်းရင်းသားများ ယခုအစီအစဉ်တွင် လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းအစိုးရ လူဦးရေစာရင်းဝင်အထောက်အထားကဒ် ရရှိသူသည် ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်နိုင်ပြီး ခရီးသွားလာခွင့်အတွက် နယ်ကျော် အထောက်အထားတောင်းခံစရာ မလိုပဲ ရာသက်ပန်နေထိုင်ခွင့်ရမည်ဖြစ်သည်။ ထိုင်းအစိုးရ လူဦးရေစာရင်းဝင်အထောက်အထားကဒ် ရရှိသူသည် အစိုးရသတ်မှတ်ချက်များအတိုင်း ၃ နှစ်နှင့်အထက် နေထိုင်ပြီးပါက ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိကြောင်း သိရသည်။ “ ထိုင်းမှာမွေးပြီး ထိုင်းမွေးစာရင်းရှိသူတွေအနေနဲ့တော့ ထိုင်းနိုင်ငံသားအဖြစ် ရရှိဖို့

Read More
သတင်း

ထိုင်းရောက် မြန်မာများ လုံခြုံရေးသတိပြုရန် ဗန်ကောက် မြန်မာသံရုံးသတိပေး

ဇူလိူင် ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသသို့ ခရီးသွားလာခြင်း ရှောင်ရှားရန်နှင့် လုံခြုံရေး သတိပြုရန် ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကယနေ့(ဇူလိူင် ၂၅)တွင်သတိပေး ထုတ်ပြန်သည်။ နယ်စပ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများအား အန္တရာယ်ကင်းရာသို့ ရွေ့ပြောင်းရန် သတိပေးထားကြောင်း၊ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား မလိုလားအပ်သည့် ဖြစ်ရပ်များဖြစ်ပေါ်ခြင်း မရှိစေရန် ထိုင်းရောက် မြန်မာများ သတိပြုရန်လိုကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား တို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကပြောသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတွင်

Read More
သတင်း

ကမ္ဘောဒီးယားလုပ်သား ၂,ဝဝဝ ကျော် ထိုင်းနိုင်ငံမှ နေရပ်ပြန်

ဇူလိူင် ၂၅ ၊ Migrant Times ။ ကမ္ဘောဒီးယား အလုပ်သမား ၂ဝဝဝ ကျော်သည် ယနေ့ ဇူလိူင်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချန်သဘူရီပြည်နယ် ပုန်းနမ်ရွန်မြို့နယ်ရှိ ဘန်လဲမ် စစ်ဆေးရေးဂိတ်မှတစ်ဆင့် နေရပ်ပြန်နေကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ စစ်ဆေးရေးဂိတ်ဖွင့်ချိန် နံနက် ၈ နာရီမှစကာ ကမ္ဘောဒီးယား နိုင်ငံသားများသည် ကမ္ဘောဒီးယားသို့ တရွေ့ရွေ့ ပြန်ဝင်သွားကြောင့် ချန်သဘူရီနှင့် ထရက် နယ်စပ်ကာကွယ်ရေး ကွပ်ကဲမှုအဖွဲ့ ဒုတိယတပ်မှူး ရေတပ်ဗိုလ်မှူးချုပ် ချာရမ်က ပြောသည်။ ကမ္ဘောဒီးယားနိုင်ငံသား အများစုသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများဖြစ်ပြီး ကမ္ဘောဒီးယားရှိ ၎င်းတို့၏ သားသမီးများနှင့် ဆွေမျိုးများကို စိုးရိမ်သည့်အတွက် နေရပ်ပြန်ကြခြင်းဖြစ်သည်ဟု ထိုင်းသတင်းကရေးသားသည်။ ချန်သဘူရီပြည်နယ် မရိန်းတပ်ဖွဲ့သည် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လိုကြသော ထိုင်းနှင့်

Read More
သတင်း

ချင်းမိုင်တွင် ဒူးရင်းသီးရောင်းချသည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

ဇူလိူင် ၂၅ ၊ Migrant Times ထိုင်းနိုင်ငံမြောက်ပိုင်း၊ချင်းမိုင်မြို့တွင် လမ်းဘေး၌ ဒူးရင်းသီးလှည့်လည်ရောင်းသည့် မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖန်မြို့နယ်ခွဲ၊ ဝိယန့်ဒေသရှိ နေရာများကို စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၁ ဦးသည့် ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချနေသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ မြန်မာနိုင်ငံသားသည် ချင်းမိုင်မြို့၊ ဖန်နှင့် မဲ့အိုင်းမြို့နယ်များတွင် ဘေးတွဲဆိုင်ကယ်ဖြင့် ဒူးရင်းသီးများကို လှည့်လည်ရောင်းချခဲ့ပြီး ဘေးတွဲသုံးဘီးဆိုင်ကယ်မောင်းနှင်ခြင်း (ကုန်ပစ္စည်းလှည့်လည်ရောင်းချခြင်း) သည် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ထားရှိသော အလုပ်အကိုင်ဖြစ်သည့်အတွက် ဖမ်းဆီးခဲ့ကာ ဥပဒေအရ အရေးယူရန် ဖန်ရဲစခန်းထံ လွှဲပြောင်းခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ Migrant Times ၏သတင်းစုစည်းမှုအရ ပြီးခဲ့သည့် ဇူလိုင်လ ၇

Read More
သတင်း

ထိုင်းရှိ ကမ္ဘောဒီးယား ၂ သန်းကျော်ကို မမုန်းတီးရန် အတိုက်အခံ ခေါင်းဆောင်ဟောင်း စာရေးတောင်းဆို

ဇူလိူင် ၂၅ ၊ Migrant Times နယ်စပ်အငြင်းပွားမှုများကြောင်း ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြား ယမန်နေ့ ဇူလိူင် ၂၄ ရက်မှစကာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေပြီး ကမ္ဘောဒီးယား အတိုက်အခံ ပါတီခေါင်းဆောင်ဟောင်းက ထိုင်းရှိ ကမ္ဘောဒီးယားနိုင်ငံသား ၂ သန်းကျော်ကို မမုန်းတီးရန် စာရေးသားတောင်းဆိုလိုက်ကြောင်း ထိုင်း ch3plus သတင်းတစ်ခုတွင် ယနေ့ဖော်ပြသည်။ “ တူညီတဲ့ ဘာသာ ယဉ်ကျေးမှုကို အခြေခံပြီး ထိုင်းမှာ ရိုးရိုးသားသားနဲ့ အလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယားရွေ့ပြောင်းအလုပ်သမားတွေကို ကူညီစာနာဖို့တောင်းဆိုပါတယ်” ဟု Sam Rainsyကထိုင်းအစိုးရကို ရည်ရွယ်ရေးသားသည့် စာတွင်ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံသားများသည် ဟွန်ဆန်၏ အုပ်ချုပ်မှုအောက်တွင် ဆင်းရဲမွဲတေမှု၊ ဖိနှိပ်မှုနှင့် အကျင့်ပျက်ခြစားမှုများ၏ သားကောင်များဖြစ်ကြောင်းလည်း ရေးသားထားသည်။Sam Rainsy သည် ကမ္ဘောဒီးယားနိုင်ငံတွင် ၁၉၉၈ ခုနှစ်မှ ၂၀၁၇

Read More
သတင်း

မဲဆောက်တွင် နည်းပညာသုံး ငွေကြေးလိမ်လည်သည်ဆိုကာ မြန်မာ ၃ ဦးဖမ်းဆီးခံရ

ဇူလိူင် ၂၄ ၊ Migrant Times ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့တွင် နည်းပညာသုံး ငွေကြေးလိမ်လည်သည်ဟုဆိုကာ မြန်မာနိုင်ငံသား ၃ ဦးကိုဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ ယမန်နေ့ ၊ဇူလိုင်လ ၂၃ ရက်နေ့၊ နေ့လယ်တွင် အသက် ၅၇ နှစ်ရှိ မြန်မာနိုင်ငံသား(၂)ဦးနှင့် အသက် ၅၄ နှစ်ရှိ မြန်မာနိုင်ငံသားတစ်ဦးတို့ကို တာ့ဆိုင်းလွတ်ရပ်ကွက်၊ အိမ်တစ်အိမ်တွင် တရားရုံး၏ ဇူလိုင်လ ၁၈ ရက်စွဲပါ ဖမ်းဝရမ်းများဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်ချက်ကဆိုသည်။ ၎င်းတို့သည် အခြားအဖွဲ့အစည်းများနှင့်ပေါင်းကာ ကွန်ပျူတာတွင် ဒေတာအမှားများသွင်းခြင်း၊နည်းပညာဖြင့်လိမ်လည်လှည့်ဖြားခြင်းစသည့် ငွေကြေးခဝါချမှုပြစ်မှုများတွင် ပါဝင်မှုဖြင့်ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူရန် အမှတ် ၃ တပ်ရင်း၊ နည်းပညာပြစ်မှုနှိမ်နင်းရေးဌာနခွဲသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိူင် ၁၉ ရက်နေ့တွင်လည်း

Read More
သတင်း

ကမ္ဘောဒီးယားတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ထိုင်းတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်

နေအိမ်များထိခိုက်ပြီး အရပ်သားများ စစ်ဘေးရှောင်နေရ ဇူလိူင် ၂၃၊ Migrant Times ။ကမ္ဘောဒီးယားဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ အရပ်သားနေအိမ်ပေါ်ကျရောက်ကာ ၁ ဦးသေဆုံးပြီး ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် မိသားစုဝင် ၂ ဦးလည်းပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂျီရာယု ဟွန်ဆပ်ကယနေ့(ဇူလိူင် ၂၄)တွင် ပြောကြားသည်။ မစ္စတာဂျီရာယုက ယနေ့နံနက်တွင် ကျင်းပသည့် နယ်စပ်ဒေသဆိုင်ရာ အထူးစစ်ဆင်ရေးဌာနချုပ် – SSOC အစည်းအဝေးတွင်ပြောကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။နယ်စပ်အငြင်းပွားမှုများဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း ဘူရီရမ်ပြည်နယ်နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်ရှိ ထိုင်းတပ်ဖွဲ့များကို ကမ္ဘောဒီးယားတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ထိုင်းအရပ်သားနှင့်နေအိမ်များထိခိုက်ခဲ့ကြောင်း ထိုင်း Khaosod သတင်းကလည်း ရေးသားသည်။ ကမ္ဘောဒီးယားတပ်ဖွဲ့က ယနေ့(ဇူလိူင် ၂၄)ရက် နံနက်ပိုင်းတွင်

Read More
သတင်း

မဲဆောက်မြို့မှာ ရေကြီးနေ

ဇူလိူင် ၂၃၊ Migrant Times ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့တွင် ဝီဖာမုန်တိုင်း၏ သက်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး သောင်းရင်းမြစ်ရေတက်လာကာ ယနေ့ ဇူလိူင်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် မြို့တွင်း ရပ်ကွက်များ ရေကြီးနေကြောင်း မြို့ခံများမှသိရသည်။ ရေကြီးမှုကြောင့် မဲဆောက်လျှပ်စစ်ရုံးရှေ့လမ်း ၊မဲဆောက်တရုတ်ဘုရားကျောင်းလမ်းနှင့် ဝပ်ချမ်ဖွန်ခရီဘုန်းကြီးကျောင်းနောက်ဘက်လမ်း အပါအဝင် လမ်းများစွာ ရေလွှမ်းမိုးခဲ့ပြီး တစ်ပေခွဲခန့် နီးပါး ရေမြင့်တက်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ မဲဆောက်မြို့တွင်းတွင် ယာဉ်ငယ်များ သွားလာရန် ခက်ခဲသောကြောင့် လမ်းအချို့ကို ယာယီပိတ်ထားကြောင်း မဲဆောက်မြို့နေ မြန်မာတစ်ဦးကပြောသည်။ မဲဆောက်ခရိုင် မယ်ပမြို့နယ်ခွဲနှင့် မယ်တောင်မြို့နယ်ခွဲတို့တွင်လည်း ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားပြီး လူနေအိမ်များ အတွင်း ရေလွှမ်းမိုးခဲ့ကာ မဲဆောက်ခရိုင်ရှိ အစိုးရဌာနအဖွဲ့ဝင်များက ရေဘေးကူညီနေကြောင်းသိရသည်။ ဝိဖာမုန်တိုင်းမှ အားလျော့သွားသည့် လေဖိအားနည်းရပ်ဝန်း နှင့် အနောက်တောင်မုတ်သုန်လေတို့၏

Read More
သတင်း

မဟာချိုင်တွင် အလုပ်ရပ်နားခံရသည့် မြန်မာလုပ်သား ၁ဝဝ ကျော်၏ ခံစားခွင့် ဘတ် ၁ သန်းကျော်ပြန်ရ

ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့နယ်ရှိ ပလက်စတစ်ဖြင့်ပြုလုပ်သည့်ပရိဘောဂစက်ရုံတရုံတွင် အကြောင်းမဲ့ အလုပ်ရပ်နားခံရသည့် မြန်မာအလုပ်သမား ၁ဝဝ ကျော် ၏ ငွေကြေးအကျိုးခံစားခွင့် ဘတ် ၁ သန်းကျော် ပြန်လည်ရရှိခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့MWSC နှင့် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း – LRF တို့မှသိရသည်။ ပြီးခဲ့သည့် ဇူလိူင်လ ၁၅ ရက်နေ့တွင် ထိုစက်ရုံ အလုပ်ရှင်က အလုပ်ရုံကို ချွန်ဘူရီသို့ ပြောင်းရွှေ့မည်ဖြစ်ပြီး မလိုက်ပါလိုသည့် အလုပ်သမားများအား ဇူလိူင်လ ၁၆ ရက်နေ့တွင် အလုပ်လာရန်မလိုအပ်တော့ဟု ပြောဆိုခဲ့သည်။ ယင်းနောက် ဇူလိူင်လ ၁၆ ရက်နေ့တွင် မြန်မာအလုပ်သမားများက ပုံမှန်အတိုင်း အလုပ်သွားသည့်အခါ အလုပ်ရှင်က အလုပ်ရုံတံခါးကို ပိတ်ထားပြီး ထိုင်းလူမျိုးများကိုသာ အလုပ်ဝင်စေခဲ့သည်။ ထိုစက်ရုံတွင် မြန်မာအလုပ်သမားများသည် ဗီဇာ နှင့် ဝေါ့ပါမစ် သက်တမ်းတိုးရန်အတွက်

Read More
သတင်း

ထိုင်းတွင် ဒရုန်သုံးပြီး ခိုးမှုကျုးလွန်သည့် မြန်မာ ၄ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ဆူရတ်ဌာနီပြည်နယ်၊ ကိုဖန်ငန်မြို့နယ်တွင် ဒရုန်သုံးပြီး နေအိမ်များမှ ခိုးမှုများကျုးလွန်သည့် မြန်မာနိုင်ငံသား လူငယ် ၄ ဦးအား ခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိုင် ၂၂ ရက်) တွင် ကိုဖန်ငန်ခရီးသွားရဲတပ်ဖွဲ့အား မြန်မာနိုင်ငံသား လူငယ်အဖွဲ့သည် ကိုဖန်ငန်မြို့နယ်ခွဲ၊ ကျေးရွာ အမှတ် ၃ တွင် မသင့်လျော်သောအပြုအမူများပြုလုပ်ကာ ကျယ်လောင်စွာ အော်ဟစ်ခြင်းနှင့် အနှောင့်အယှက်များ ပေးနေကြောင်း ဒေသခံများက တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး အသက် ၁၉ နှစ်မှ ၂၅ နှစ်ဝန်းကျင်ရှိ မြန်မာနိုင်ငံသား လူငယ် ၄ ဦးအား ကိုဖန်ငန်မြို့နယ်ခွဲ၊ ကျေးရွာ အမှတ် ၅ ရှိ လမ်းဘေး သစ်တောတစ်ခုတွင်ဖမ်းဆီးခဲ့သည်။၎င်းတို့သည် ညဘက်တွင် ခိုးမှုများအတွက် လှည့်လည်သွားလာခဲ့ကြောင်း၊

Read More