September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း

ချင်းမိုင်ရှိ တရုတ်စားသောက်ဆိုင်တွင် မြန်မာ အလုပ်သမား ၇ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့လယ်ရှိ တရုတ်စားသောက်ဆိုင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၇ ဦးကို ဧပြီလ ၁၈ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့မှထုတ်ပြန်သည်။ အလုပ်သမား ၇ ဦးကို ဖမ်းဆီးခဲ့ပြီး စားသောက်ဆိုင်၏ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များအား ဆက်လက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ဌင်းဆိုင်သည် ထိုင်းနိုင်ငံသားများကို သူဌေးအမည်ခံကာ အသုံးပြုခြင်း ရှိမရှိကိုလည်း စစ်ဆေးသွားမည်ဟုဆိုသည်။ အဆိုပါဆိုင်သည် တရုတ်ခရီးသွားများကိုသာ ဦးစားပေးဝန်ဆောင်မှုပေးပြီး တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ အသုံးပြုနေသည်ဟု သတင်းရရှိခြင်းကြောင့် စစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးရာတွင် မြန်မာနိုင်ငံသား အလုပ်သမား ၇ ဦးကို တွေ့ရှိရပြီး အလုပ်လုပ်ခွင့်လိုင်စင်များမှာ တရားဝင်မဟုတ်ကြောင်း၊ ဆိုင်လိုင်စင်နှင့် အခြားလိုင်စင်များကို ထိုင်းနိုင်ငံသားအမည်ဖြင့် လျှောက်ထားထားသော်လည်း

Read More
သတင်း

မလေးရှားတွင် မြန်မာအပါ နိုင်ငံခြားသား ၅ဝဝ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ မေဒန်အင်ဘီရှိ စီးပွားရေးဧရိယာတစ်ခုတွင် စစ်ဆေးရေးပြုလုပ်ပြီးနောက် မြန်မာအပါအဝင် နိုင်ငံခြားသား ၅ဝ၆ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM)မှထုတ်ပြန်သည်။ ဧပြီလ ၁၇ ရက်နေ့ညတွင် စစ်ဆေးရေးပြုလုပ်ကာ ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၄၆ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၅ ဦး၊ နီပေါနိုင်ငံသား ၁၄၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁ဝ၉ ဦး၊ အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၉ ဦးတို့ ပါဝင်သည်။ စစ်ဆေးရေးအတွင်း လူပေါင်း ၈၉၅ ဦးကို စစ်ဆေးခဲ့ပြီး ယင်းတို့အနက် နိုင်ငံခြားသား ၇၄၉ ဦးနှင့် ပြည်တွင်းနေထိုင်သူ ၁၄၆ ဦး ပါဝင်ကြောင်း ဖော်ပြသည်။ စစ်ဆေးခဲ့သူများအနက်မှ နိုင်ငံခြားသား ၅ဝ၆

Read More
သတင်း

အွန်လိုင်းက ထိုင်းစကားသင်သည့် မြန်မာဆရာမကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ စမွတ်စခွန်မြို့နယ်တွင် အွန်လိုင်းမှ ထိုင်းဘာသာစကားသင်နေသည့် မြန်မာဆရာမတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း စမွတ်စခွန် လူဝင်မှုကြီးကြပ်ရေး ဌာန မှထုတ်ပြန်သည်။ နိုင်ငံခြားသားတစ်ဦးက Facebook နှင့် Zoom မှတဆင့် အွန်လိုင်းတွင် ထိုင်းဘာသာ သင်ကြားနေကြောင်း စုံစမ်းတွေ့ရှိခဲ့ပြီး စစ်ဆေး ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ နိုင်ငံခြားသူ (မြန်မာဆရာမ) ၏ Facebook စာမျက်နှာတွင် နောက်လိုက် (followers) ၁၂၇,ဝဝဝ ရှိကြောင်း သိရသည်။ ၎င်းဆရာမသည် Zoom အွန်လိုင်းမှ တဆင့် အဖွဲ့လိုက် ထိုင်းဘာသာစကား သင်ပေးနေသူဖြစ်ပြီး စုစုပေါင်းနှစ်လအကြာ ၈ နာရီစာ သင်တန်းအတွက် သင်တန်းကြေး တစ်ဦးလျှင် ဘတ် ၁,၅ဝဝ ဖြင့် သင်ကြားခဲ့ကြောင်း သိရသည်။ စမွတ်စခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က သူမ၏

Read More
သတင်း

ဘန်ကောက် ပြိုကျအဆောက်အအုံတွင် သေဆုံးမြန်မာများ လျော်ကြေးရဖို့ အထောက်အထားလိုနေ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချာတူချတ် ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့ နံနက်အထိ သေဆုံးသူ ၄၇ ဦး၏ ရုပ်အလောင်းများရရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဘန်ကောက်မြို့ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ရာတွင် စုစုပေါင်း လူ ၁ဝ၃ ဦး ထိခိုက်ခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) ကထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် ဧပြီလ ၁၉ ရက်နေ့ထိ ၄၇ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၅၇ ဦး မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ သေဆုံးသူ ၄၇ ဦး၏ ရုပ်အလောင်းများအနက် မြန်မာလူမျိုး ဘယ်နှစ်ဦးပါသည်ကို တိတိကျကျ အတည်မပြုနိုင်သေးဘဲ လျော်ကြေးရရှိဖို့

Read More
သတင်း

Compensation for deceased Myanmar workers remains uncertain

Families Facing Documentation Challenges to Receive Compensation April 17, Migrant Times. On March 28, a powerful earthquake caused the collapse of an Audit Office building near Chatuchak Market in Bangkok, Thailand. As of April 16, the Thai Fire and Rescue team reported recovering the bodies of 44 deceased individuals. Among the 44 casualties, the bodies

Read More
သတင်း

ဘန်ကောက် ပြိုကျအဆောက်အအုံတွင် သေဆုံးသည့် မြန်မာ ၂ ဦးအား သင်္ဂြိုဟ်

လျော်ကြေး လက်ခံမည့် မိသားစုဝင်များ အထောက်အထား အခက်အခဲဖြစ်နေ ။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချာတူချတ် ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့သည်။ ဧပြီလ ၁၆ ရက်နေ့ အထိ သေဆုံးသူ ၄၄ ဦး၏ ရုပ်အလောင်းများရရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ သေဆုံးသူ ၄၄ ဦး အနက် မြန်မာ ၂ ဦး၏ ရုပ်အလောင်းများ ထုတ်ယူကာ ဘုန်းတော်ကြီးကျောင်းတွင် သင်္ဂြိုဟ် ပြီးစီးပြီး ဖြစ်ကြောင်း ထိုင်း-မြန်မာ ဘာသာပြန်/ စကားပြန်များအသင်း (TMIA) ဝင်တစ်ဦးက Migrant Times ကိုပြောကြားသည်။ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံး ထိခိုက်ခဲ့သည့် မြန်မာများ၏ လျော်ကြေးရရှိရေး လက်ခံမည့်

Read More
သတင်း

မဲဆောက်တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပ

ထိုင်းနိုင်ငံ၊မဲဆောက်မြို့တွင် ဘာသာပေါင်းစုံ မေတ္တာပို့ ဆုတောင်းပွဲနှင့် စတုဒိသာ အလှူပွဲကို ယနေ့ကျင်းပခဲ့သည်။ ဆုတောင်းပွဲကို MOM တွင်ကျင်းပခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် ငလျင်ဒဏ် ကြောင့်အသက် သေဆုံးသူများ မိသားစု၀င်များအတွက် ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။ (ဓာတ်ပုံသတင်း) Photo-MOM

Read More
သတင်း

Interfaith Prayer Ceremony Held in Mae Sot

An interfaith prayer ceremony and charity event were held April 16 in Mae Sot, Thailand. The prayer ceremony was held at MOM, where attendees offered prayers and well-wishes for the families of those who lost their lives in the earthquake on March 28. Photo-MOM

Read More
သတင်း

ထိုင်း သင်္ကြန်တွင် AI ရဲစက်ရုပ် တာဝန်ထမ်းဆောင်

ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ နခွန်ပသုန်မြို့တွင် ဆုမ်ခရမ် သင်္ကြန်ပွဲတော်ကစပြီး AI ရဲစက်ရုပ်က တာဝန်ထမ်းဆောင်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်သည်။ ရဲစက်ရုပ်ကို “AI Police Cyborg 1.0” ဟု အမည်ပေးထားပြီး ၎င်း၏ ကိုယ်ထည်ပတ် လည်၌ အဆင့်မြင့် ၃၆ဝ ဒီဂရီလှည့်နိုင်သည့် AI ကင်မရာများ တပ်ဆင်ထားသည်။ ထိုင်းဒေသ (၇) ရဲတပ်ဖွဲ့ဌာနချုပ်နှင့် နခွန်ပသုန်ရဲတပ်ဖွဲ့က နခွန်ပသုန် မြို့တော်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ “AI Police Cyborg 1.0” ရဲစက်ရုပ် Robocop ကို ဆုမ်ခရမ် သင်္ကြန်ပွဲတော်တွင် မိတ်ဆက်ခြင်းပြုလုပ်ခဲ့သည်။ AI ရဲစက်ရုပ်သည် အနီးဝန်းကျင်ရှိ ပုံမှန် CCTV ကင်မရာများနှင့် လုံခြုံရေးစောင့်ကြပ်ရန် ပျံသန်းနေသော ဒရုန်းများမှ အချက်အလက်များကို

Read More
သတင်း

ထိုင်းသင်္ကြန် ၅ ရက်အတွင်း လမ်းမတော်တဆမှုကြောင့် ၁၇၁ ဦး သေဆုံး

ထိုင်းသင်္ကြန် (ဆွန်ခရမ်ပွဲတော်)ကျင်းပသည့် ၅ ရက်အတွင်း လမ်းမတော်မတော်တဆမှုကြောင့် သေဆုံးသူ ၁၇၁ ဦးရှိလာကြောင်း ထိုင်းသတင်းများတွင် ယနေ့ဖော်ပြသည်။ ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်းသင်္ကြန် ပထမငါးရက်အတွင်း ထိုင်းနိုင်ငံတစ်ဝှမ်း၌ လမ်းမတော်တဆမှု ၁,၂၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၇၁ ဦး သေဆုံးခဲ့ကာ ၁,၂ဝ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လမ်းလုံးခြုံရေးစင်တာက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံတွင် ဆွန်ခရန်ပွဲတော်ကျင်းပသည့် ဧပြီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိကာလအား လမ်းမတော်တဆမှု ဖြစ်ပွားနိုင်သည့်အတွက် “အန္တရာယ်ရှိသော ခုနစ်ရက်”အဖြစ်သတ်မှတ်ထားသည်။ လမ်းမတော်တဆမှုများတွင် အမြန်နှုန်းသတ်မှတ်ချက်ထက် ပိုမိုမောင်းနှင်ခြင်းနှင့် အရက်သောက်ပြီး ယာဉ်မောင်းခြင်းတို့က အဓိက အကြောင်းရင်းများဖြစ်ကြောင်း လမ်းလုံးခြုံရေးစင်တာက ထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင်

Read More