နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း

ထိုင်းမှာ F4 နှင့်တူသည့် ရဲများက မူးယစ်ဆေးဝါးသုံးသူကိုဖမ်းဆီးပြီးနောက် ရေပန်းစား

ဇူလိူင် ၂၂ ၊ Migrant Times ထိုင်းရဲအရာရှိ ၄ ဦးသည်မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် တင်ခဲ့သည့်ဓာတ်ပုံသည် F4 မင်းသားများနှင့်တူသည်ဆိုကာ လူမှုကွန်ရက်သုံးသူများအကြားရေပန်းစားနေသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဘူရီရမ်ပြည်နယ်၊ ခရာဆန်ခရိုင်ရှိ လမ်ဒူအန်ရဲစခန်းမှ ရဲအရာရှိ ၄ ဦးသည် မက်သမ်ဖက်တမင်း သုံးစွဲသူကို ဖမ်းဆီးခဲ့ပြီး ရဲစခန်း၏ စုံစမ်းစစ်ဆေးရေးစာမျက်နှာတွင် “အချစ်ဆိုတာ မူးယစ်ဆေးဝါးနဲ့တူတယ်။ မင်းရယူပိုင်ခွင့်ရှိပေမယ့် ပိုင်ဆိုင်ခွင့်တော့ မရှိဘူး” ဟူသော စာသားနှင့်အတူ တင်ခဲ့သည်။ တရားခံနောက်တွင် ဆံပင်ရှည်များနှင့် မတ်တပ်ရပ်ထားသည့် ရဲအရာရှိ ၄ ဦး၏ ဓာတ်ပုံကြောင့် အွန်လိုင်းအသုံးပြုသူများက ၎င်းတို့ကို ထိုင်ဝမ်အမျိုးသား သရုပ်ဆောင် အဆိုတော်အဖွဲ့ F4 နှင့်တူသည်ဟု နောက်ပြောင်ကာ မျှဝေခဲ့ကြသည်။ ၎င်းနောက် ထိုင်းသတင်းထောက်များသည် လမ်ဒူအန်ရဲစခန်းသို့

Read More
သတင်း

ဖူးခက်ကမ်းခြေတွင် မုန်တိုင်းကြောင့် သစ်ပင်လဲကျပြီး တရုတ်ခရီးသွား သေဆုံ

ဇူလိူင် ၂၁ ၊ Migrant Times ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ ကိုဟေး (Coral Island) ကမ်းခြေတွင် မုန်တိုင်းကြောင့် သစ်ပင်လဲကျပြီး တရုတ်ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိူင် ၂ဝ)မွန်းလွဲပိုင်းတွင် ရုတ်တရက်လေပြင်းတိုက်ခတ်ကာ ကမ်းခြေကုလားထိုင်များပေါ်သို့ သစ်ပင်တစ်ပင်လဲကျခဲ့ပြီး တရုတ်ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးကာ သူမ၏ခင်ပွန်းလည်း ဒဏ်ရာရရှိခဲ့သည်။ ချာလုံရဲစခန်းမှ အရာရှိများ၏ ပြောကြားချက်အရ အဆိုပါဇနီးမောင်နှံသည် အပူပိုင်းမုန်တိုင်း “ဝိဖာ” ကြောင့် လေပြင်းများတိုက်ခတ်နေစဉ် ကမ်းခြေရှိ သစ်ပင်တစ်ပင်အောက်တွင် အနားယူနေခဲ့ကြသည်။ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သည် အမြစ်ပြတ်လဲကျကာ အသက် ၅၃ နှစ်အရွယ် တရုတ်အမျိုးသမီးဝမ်၏ လည်ပင်း၊ ရင်ဘတ်နှင့် ခန္ဓာကိုယ်အပေါ် တိုက်ရိုက်လဲကျခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများရရှိခဲ့သည်။ ဒေသခံ ခရီးသွားဝန်ထမ်းများက အဆိုပါဇနီးမောင်နှံကို လှေဖြင့် ချာလုံဆိပ်ခံတံတားသို့

Read More
သတင်း

ထိုင်းတောင်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ်၊ အဝေးပြေးလမ်းပေါ်ရှိ ချနားနာရီစင်ရှေ့ လမ်းဆုံမီးပွိုင့်တွင် ပစ်ကပ်ကားတစ်စီးပေါ်မှ တရားဝင်အထောက်အထားမပါရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရတ်သတင်းတစ်ပုဒ်တွင်ဖော်ပြသည်။ ယမန်နေ့ ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်တွင်ထိုကားအား ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို CIB အဖွဲ့မှဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပစ္စတိုတစ်လက်ကိုင်းဆောင်ထားသည့် ထိုင်းယာဉ်မောင်းနှင့် ခရီးသည်ထိုင်းလူမျိုး ၂ ဦး၊ မြန်မာအမျိုးသမီး ရွှေ့ပြောင်းလုပ်သား ၄ ဦးနှင့် မြန်မာအမျိုးသား ရွှေ့ပြောင်းလုပ်သား ၈ ဦးတို့အားတွေ့ရှိကြောင်း ထုတ်ပြန်သည်။ ဟတ်ယိုင်ခရိုင်မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ခရိုင်သုံးခုသို့ မှောင်ခိုပို့ဆောင်နေသည့် လုပ်ငန်းတစ်ခုနှင့် ပတ်သက်၍ သတင်းပေးပို့မှု ရရှိခဲ့ပြီးနောက် ဖမ်းမိခြင်းဖြစ်ကြောင်း CIB မှသိရသည်။ စစ်ဆေးမှုများအရ ရွှေ့ပြောင်းလုပ်သား ၉ ဦးတွင် ဇူလိုင်လ ၁၉ ရက်စွဲပါ ဘန်ကောက် မှ

Read More
သတင်း

ဝီဖာမုန်တိုင်းကြောင့် ထိုင်းမြောက်တွင် ဇူလိုင် ၂၂ မှ ၂၄ အထိ မိုးအလွန် သည်းထန်မည်

တရုတ်နိုင်ငံတောင်ပိုင်း ကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“ဝီဖာ” (WIPHA) ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဇူလိုင်လ ၂၂ ရက် မှ ၂၄ ရက်အထိ မိုးအလွန် သည်းထန်မည်ဖြစ်ကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ချရေး ဦးစီးဌာန (DDPM)က ယနေ့တွင်အရေးပေါ်ထုတ်ပြန် သတိပေးသည်။ မုန်တိုင်း၏ အရှိန်ကြောင့် ထိုင်းမြောက်ပိုင်းရှိ နန်၊ ဖယောင်၊ ချင်းရိုင်၊ လမ်ဖွန်၊ လမ်ပန်၊ ဖရဲ၊ အူထရာဒစ်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်နှင့် တာ့ခ်၊ နောင်ခိုင်၊ ဘွန်ကန်၊ နခွန်ဖနွန်၊ ဆာကွန်နခွန်၊ နောင်ဘူအာလမ်ဖူ၊ လိုအီ၊ အူဒွန်ဌာနီ၊ ကန်ချနာဘူရီ၊ ရာ့ချဘူရီ၊ အူထိုင်းဌာနီ၊ ချန်ထဘူရီ၊ တရတ် ပြည်နယ်များတွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြေင်း DDPM ကထုတ်ပြန်သည်။ ထိုဒေသများတွင် မိုးသည်းထန်ခြင်းကြောင့် ရုတ်တရက်

Read More
သတင်း

ထိုင်း ဖော့ဖရာတွင် မြန်မာ ၁၆ ဦး တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖော့ဖရာတွင် မြန်မာနိုင်ငံသား ၁၆ ဦး အား တရားမဝင်ဝင်ရောက်မှုဖြင့် ယနေ့ ဇူလိူင် ၁၉ ရက်နေ့ နံနက်တွင် ဖမ်းဆီးခဲ့ကြောင်း ရာဇမနူအထူးတပ်ဖွဲ့မှသိရသည်။ ယနေ့ နံနက် ၅ နာရီခန့်တွင် တာ့ခ်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ရာဇမနူအထူးတပ်ဖွဲ့ တို့သည် ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ကင်းလှည့်စဉ်အတွင်း ဖော့ဖရာ၊ ခွန်ဟွေး – ချောင်းကပ် လမ်းမပေါ်တွင် ကားတစ်စီးကိုတွေ့ရှိခဲ့ပြီး စာရွက်စာတမ်းမပါရှိသော မြန်မာနိုင်ငံသား ၅ ဦးနှင့်ယာဉ်မောင်းတို့ကိုဖမ်းဆီးခဲ့သည်။ ထို့အပြင် ယနေ့နံနက်တွင် ဖော့ဖရာ၊ ခွန်ဟွေး ချောင်းကပ်လမ်းရှိ အမှိုက်ပုံအနီးတွင် စာရွက်စာတမ်းမပါရှိသော မြန်မာနိုင်ငံသား ၁၁ ဦးကို ထပ်မံတွေ့ရှိခဲ့ကာ ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံသား ၁၆ ဦး အား ခွင့်ပြုချက်မရှိဘဲထိုင်း နိုင်ငံတွင်ဝင်ရောက်နေထိုင်ခြင့်ဖြင့် စွဲချက်တင်ပြီး ဥပဒေအရ အရေးယူရန်

Read More
သတင်း

မဲဆောက် ရွှေ့ပြောင်းကျောင်းတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်သည့် ဆရာကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ ၊မဲဆောက်မြို့နယ်ရှိ ရွှေ့ပြောင်းပညာရေးကျောင်းတစ်ကျောင်းမှ အသက် ၇၂ နှစ်အရွယ် ကျောင်း ဆရာဦးဇော်ငြိမ်းလတ်အား ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့သည့်အတွက် ရဲစခန်းက အချုပ်တွင်ထိန်းသိမ်းထားကြောင်း အမှုဖွင့်လှစ်ခဲ့သူတစ်ဦးကပြောကြားသည်။ “ ကျူးလွန်သူကိုရဲဘက်ကအချုပ်ထဲထည့်ထားပါပြီ။ တနင်္လာနေ့မှာ တရားရုံးမှာအမှုတင်ပါမယ်။ တရားသူကြီးက အမှုကိုလက်ခံတာနဲ့ ထောင်ကျတဲ့ အထိ ဆက်လက်ပြီး ရင်ဆိုင်သွားပါမယ်…” ဟုအမှုဖွင့်လှစ်ခဲ့သူတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ဇူလိူင်လ ၁၈ ရက်နေ့ညက အသိပေးခဲ့သည်။ ဦးဇော်ငြိမ်းလတ်အား ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့သည့်အတွက် ပြီးခဲ့သည့်ဇူလိူင်လ ၁၆ ရက်နေ့က လိင်အမြတ်ထုတ်ခံရသည့် ကျောင်းသားကလေးငယ်များ၏ မိဘများ၊ ကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့် ရှေ့နေတစ်ဦးတို့သည် မဲဆောက်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ တိုင်ကြားခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခုကဖော်ပြခဲ့သည်။ လူမှုကွန်ရက် မီဒီယာပေါ်တွင် ဖော်ပြနေကြသော ဝေဖန်မှုများနှင့်စပ်လျဉ်းပြီး ဦးဇော်ငြိမ်းလတ် အား

Read More
သတင်း

ချင်းမိုင်တွင် ဇူလိူင် ၁၇ ညနေပိုင်း ရေကြီးနိုင်ကြောင်း သတိပေး

◼ ထိုင်းမြောက်ပိုင်းတွင် ဆက်လက် မိုးသည်းထန်မည် ဇူလိူင် ၁၇ ၊ Migrant Times ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်တွင် ယမန်နေ့ ၌ ပင်းချောင်းရေလျှံကာ ရေကြီးခဲ့ပြီး ၎င်းရေများ ချင်းမိုင်မြို့ ရှိပင်းမြစ်အတွင်းသို့စီးဝင်နေသည့်အတွက် ယနေ့ ဇူလိူင်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် စိုးရိမ်ရေမှတ်ရောက်ကာ ရေကြီးနိုင်ကြောင်း ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးက သတိပေးချက်ထုတ်ပြန်သည်။ ယနေ့ နံနက် ၉ နာရီခန့်တွင် ချင်းမိုင်မြို့၊နဝရတ်တံတားထိပ် ပင်းမြစ် P.1 ရေတိုင်းအမှတ်တွင် မြစ်ရေသည် ၂.၁၃ မီတာကိုရောက်ရှိနေပြီး အစိမ်းရောင်အဆင့်သတ်မှတ်ထားသည်။ ပင်းမြစ်ရေသည် ဆက်လက်မြင့်တက်နေပြီး ယနေ့ ညနေ ၅ နာရီခန့်တွင် အနီရောင်အဆင့် စိုးရိမ်ရေမှတ် ၃.၇ ကိုကျော်လွန်ကာ ၃.၈၆ ကိုရောက်ရှိနိုင်ကြောင်း ၊ ပင်းမြစ်ရေသည်

Read More
သတင်း

မဲဆောက်မြို့ရှိ ရွှေ့ပြောင်းကျောင်းတွင် ကျောင်းဆရာတစ်ဦးက ကလေးငယ်များအား လိင်အမြတ်ထုတ်

ဇူလိူင် ၁၆ ၊ Migrant Times ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ် မယ်ပကျေးရွာအုပ်စုရှိ ရွှေ့ပြောင်းပညာရေး ကျောင်းတစ်ကျောင်းတွင် အမျိုးသားဆရာတစ်ဦးက ကျောင်းအတွင်းတွင် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ထိုင်း Newsshow32 သတင်းက ယနေ့ဖော်ပြသည်။ ၎င်းအမျိုးသားဆရာတစ်ဦးက ကျောင်းအတွင်း လိင်ပိုင်းဆိုင်ရာ မတော်မလျော်ပြုမူခဲ့ခြင်းကြောင့် ကလေးငယ်အများအပြား စိတ်ဖိစီးမှုများ ကြုံတွေ့ခဲ့ပြီး ရှက်ရွံ့ကာ ကျောင်းမတက်တော့သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ကာ မိဘများအား အသိပေးခဲ့ကြောင်း သိရသည်။ လိင်အမြတ်ထုတ်ခံရသည့် အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားရှိ ကျောင်းသားကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ၊ ကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့် ရှေ့နေတစ်ဦးတို့သည် မဲဆောက်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ တိုင်ကြားခဲ့ကြောင်း သတင်းကဆိုသည်။ အဆိုပါ အမျိုးသားဆရာသည် အသက် ၇ဝ နှစ်အရွယ်ရှိပြီး

Read More
သတင်း

ချင်းမိုင်တွင် ရေကြီးနိုင်ကြောင်း သတိပေး

ဇူလိူင် ၁၆ ၊ Migrant Times ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်တွင် ယနေ့ နံနက်၌ ပင်ချောင်းရေလျှံကာ ရေကြီးနေပြီး ချင်းမိုင်မြို့တွင်လည်း ရေကြီးနိုင်သည့်အတွက် ထုတ်ပြန်ချက်များကို သတိပြုသင့်ကြောင်း ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးကထုတ်ပြန်သည်။ ချင်းဒေါင်မြို့နယ်တွင် ဇူလိူင်လ ၁၅ ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ပင်ချောင်းရေလျှံကာ ဘန့်ဒေါင်ဒေသ ဝပ်အင်သာရမ်တံတားအနီး မောင်းနာနှင့် ထွန်းခေါဝ်ဖွမ်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်နေကြောင်း သိရသည်။ ယနေ့ ဇူလိူင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ချင်းဒေါင်ရှိ ပင်းချောင်းရေ P.20 တိုင်းတာရေးနေရာ၌ ရေမျက်နှာပြင်သည် ၂.၉၈ မီတာအထိ ရောက်ရှိနေပြီး ပင်းချောင်းစီးဆင်းရာ ချင်းမိုင်မြို့အတွက် စိုးရိမ်ရသည့်အခြေအနေကြောင့် ထုတ်ပြန်ချက်ကိုသတိပြုရန်နှင့် မြေနိမ့်ပိုင်းနေသူများ ရွှေ့ပြောင်းရန် ပြင်ဆင်ထားကြရန် ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးကထုတ်ပြန်သည်။

Read More
သတင်း

မဲဆောက်တွင် မြန်မာများကို ခြိမ်းခြောက်ကာ ငွေညှစ်ယူနေဟု HRW ထုတ်ပြန်

◼မြန်မာနိုင်ငံသားများကို “ သက်ရှိ ATM စက်များ” ဟု ခေါ်ဝေါ်ဟုဆို ဇူလိူင် ၁၅ ၊ Migrant Times ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်တွင် ရဲများက မြန်မာနိုင်ငံသားများကို မကြာခဏ စစ်ဆေးပြီး လာဘ်ငွေမပေးပါက ဖမ်းဆီးထိန်းသိမ်းမည်ဟု ခြိမ်းခြောက်ကာ ငွေညှစ်ယူလေ့ရှိကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch)က ယနေ့ ဇူလိူင် ၁၅ ရက်နေ့တွင်ထုတ်ပြန်သည်။ မဲဆောက်နယ်စပ်မြို့တွင် ခြိမ်းခြောက်မှုများနှင့် လာဘ်ငွေများမှတစ်ဆင့် အကျိုးအမြတ်များစွာရရှိနေပြီး အာဏာပိုင်များက မြန်မာနိုင်ငံသားများကို “ သက်ရှိ ATM စက်များ” ဟု ခေါ်ဝေါ်ကြသည်အထိ ဖြစ်လာခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများသည် ဖမ်းဆီးခံရခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့် နှင်ထုတ်ခံရနိုင်သည့် အန္တရာယ်တို့နှင့် ရင်ဆိုင်နေရကာ သတိထား သွားလာပြီး

Read More