နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း

ချင်းမိုင်တွင် ရေကြီးနိုင်ကြောင်း သတိပေး

ဇူလိူင် ၁၆ ၊ Migrant Times ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်တွင် ယနေ့ နံနက်၌ ပင်ချောင်းရေလျှံကာ ရေကြီးနေပြီး ချင်းမိုင်မြို့တွင်လည်း ရေကြီးနိုင်သည့်အတွက် ထုတ်ပြန်ချက်များကို သတိပြုသင့်ကြောင်း ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးကထုတ်ပြန်သည်။ ချင်းဒေါင်မြို့နယ်တွင် ဇူလိူင်လ ၁၅ ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ပင်ချောင်းရေလျှံကာ ဘန့်ဒေါင်ဒေသ ဝပ်အင်သာရမ်တံတားအနီး မောင်းနာနှင့် ထွန်းခေါဝ်ဖွမ်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်နေကြောင်း သိရသည်။ ယနေ့ ဇူလိူင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ချင်းဒေါင်ရှိ ပင်းချောင်းရေ P.20 တိုင်းတာရေးနေရာ၌ ရေမျက်နှာပြင်သည် ၂.၉၈ မီတာအထိ ရောက်ရှိနေပြီး ပင်းချောင်းစီးဆင်းရာ ချင်းမိုင်မြို့အတွက် စိုးရိမ်ရသည့်အခြေအနေကြောင့် ထုတ်ပြန်ချက်ကိုသတိပြုရန်နှင့် မြေနိမ့်ပိုင်းနေသူများ ရွှေ့ပြောင်းရန် ပြင်ဆင်ထားကြရန် ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးကထုတ်ပြန်သည်။

Read More
သတင်း

မဲဆောက်တွင် မြန်မာများကို ခြိမ်းခြောက်ကာ ငွေညှစ်ယူနေဟု HRW ထုတ်ပြန်

◼မြန်မာနိုင်ငံသားများကို “ သက်ရှိ ATM စက်များ” ဟု ခေါ်ဝေါ်ဟုဆို ဇူလိူင် ၁၅ ၊ Migrant Times ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်တွင် ရဲများက မြန်မာနိုင်ငံသားများကို မကြာခဏ စစ်ဆေးပြီး လာဘ်ငွေမပေးပါက ဖမ်းဆီးထိန်းသိမ်းမည်ဟု ခြိမ်းခြောက်ကာ ငွေညှစ်ယူလေ့ရှိကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch)က ယနေ့ ဇူလိူင် ၁၅ ရက်နေ့တွင်ထုတ်ပြန်သည်။ မဲဆောက်နယ်စပ်မြို့တွင် ခြိမ်းခြောက်မှုများနှင့် လာဘ်ငွေများမှတစ်ဆင့် အကျိုးအမြတ်များစွာရရှိနေပြီး အာဏာပိုင်များက မြန်မာနိုင်ငံသားများကို “ သက်ရှိ ATM စက်များ” ဟု ခေါ်ဝေါ်ကြသည်အထိ ဖြစ်လာခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများသည် ဖမ်းဆီးခံရခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့် နှင်ထုတ်ခံရနိုင်သည့် အန္တရာယ်တို့နှင့် ရင်ဆိုင်နေရကာ သတိထား သွားလာပြီး

Read More
သတင်း အင်တာဗျူး

မဲဆောက်တွင် အထောက်အထားမရှိသည့် မြန်မာ ၅ ဦး ဖမ်းဆီးခံရ

ဇူလိူင် ၁၅ ၊ Migrant Times ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်တွင် စာရွက်စာတမ်း အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၅ ဦး ကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့၊ ည ၇နာရီခွဲခန့်တွင် မယ်ပမြို့နယ် ၊အမှတ် ၆ ရပ်ကွက်၊ ဘန့်ဟိုင်ဖွန်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးစစ်ဆေးစဉ်အတွင်းဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ဆေးစဉ်အတွင်း မဲဆောက် ၊တာ့ဆိုင်းလွတ်မြို့နယ်၊ အမှတ် ၄ ရွာတွင်နေထိုင်သည့် အသက် ၃၆ နှစ်အရွယ်နေထိုင်သူနှင့် အသက် ၁၈ နှစ်မျှ ၃ဝ နှစ်အတွင်းရှိ မြန်မာနိုင်ငံသား ၃ ဦးအားတွေ့ရှိခဲ့ပြီး ထိုသူများအနက် မြန်မာနိုင်ငံသား ၃ ဦးအား ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာပြီး နေထိုင်ခြင်း ဖြင့်

Read More
သတင်း

အယုဒ္ဓယတွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၁ ဦးဖမ်းဆီးခံရ

ဇူလိူင် ၁၄ ၊ Migrant Times ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ အဝေးပြေးလမ်းမတစ်နေရာတွင် ကားတစ်စီးပေါ်၌ ပြွတ်သိပ်ကာ လိုက်ပါလာသော တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား ဖမ်းဆီးခဲ့ကြောင်းအယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့မှသိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့သည် ခရီးရှည်ပိတ်ရက်အပြီး ပြန်လာသည့် ကားများအား စောင့်ကြည့်ခဲ့ပြီး အနက်ရောင် Toyota Wish ကားတစ်စီးသည် ရုတ်တရက် လမ်းကြောပြောင်းလဲ မောင်းနှင်ခဲ့သည့်အတွက် ရပ်တန့်ခိုင်းခဲ့သည်။ ထိုကားအားရပ်တန့်ခိုင်းပြီး စစ်ဆေးရာ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား ဇင်လင်းအောင်အားယာဉ်မောင်းအဖြစ်တွေ့ရှိခဲ့ပြီး ကားအတွင်းတွင် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦးသည် ပြွတ်သိပ်ထိုင်နေသည်ကို တွေ့ရှိခဲ့သည်။ အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့က

Read More
သတင်း

ထိုင်းတွင် မြန်မာရွှေ့‌ပြောင်း အလုပ်သမား အချင်းချင်း ဓားထိုးမှုဖြစ်

မောင်ဘုန်း ဇူလိူင် ၁၄ ၊ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ နကော့ပထုံမြို့နယ်၊စန်ဖန်တွင် ဇူလိူင်လ ၈ ရက်နေ့က မြန်မာရွှေ့‌ပြောင်း အလုပ်သမားတစ်ဦးအား မြန်မာတစ်ဦးက ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း အမှုလက်ခံကူညီပေးနေသည့် WAG -အလုပ်သမားမဟာမိတ် အဖွဲ့မှသိရသည်။ CI စာအုပ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ကိုဟိန်းကိုကိုသည် ယင်းနေ့ ည ၉ နာရီအချိန်တွင် ဈေးဆိုင်တစ်ဆိုင်တွင် ရေခဲသွားဝယ်ရာ ဈေးဆိုင်ပိုင်ရှင် မြန်မာပွဲစား ပုလိပ်စကားပြန် ၅ဝဝ ဘတ်စား ကိုဇော်လတ်ဆိုသူက ရန်ညှိုးရန်စမရှိဘဲ (၆)လက်မခန့်ရှိသော ဓါးဖြင့် ဦးခေါင်းအား လိုက်လံထိုးခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ ကိုဟိန်းကိုကိုသည် အခင်းဖြစ်ပွားပြီးနောက် ည ၁ဝ နာရီခန့်တွင် နီးစပ်ရာဆေးရုံသို့သွားရောက်ပြသခဲ့ပြီး ဦးခေါင်းမှ ဘယ်ဘက်ပုခုံးထိ ဓါးထိုးဒဏ်ရာအား အချက်(၂ဝ)ချုပ်ခဲ့ရပြီး

Read More
သတင်း

မလေးရှားတွင် ပြည့်တန်ဆာ လုပ်ကိုင်သည့် ထိုင်း အင်ဒိုနီးရှား ဗီယက်နမ် လာအို နှင့် မြန်မာ လုပ်သားများကိုဖမ်းဆီး

ဇူလိူင် ၁၂ ၊ Migrant Times မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ရှိ ကူချိုင်း၊ သီရိပီတာလင်းနှင့် ချီရပ်စ်တစ်ဝိုက်ရှိ နေရာသုံးခုတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ဗီယက်နမ်၊ လာအို နှင့် မြန်မာနိုင်ငံမှ အမျိုးသမီး လုပ်သား ၈၉ ဦးနှင့် ဒေသခံလေးဦးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) မှထုတ်ပြန်သည်။ JIM ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့ ညနေတွင် နိုင်ငံခြားသူများဖြင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သည်ဟု သံသယရှိသော အဆောက်အအုံနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ထိုင်းအမျိုးသမီး ၆ ဦး၊ အင်ဒိုနီးရှားအမျိုးသမီး ၈ ဦး၊ ဗီယက်နမ်အမျိုးသမီး ၁၁ ဦးနှင့် မြန်မာအမျိုးသမီး ၁ ဦး အပါအဝင် နိုင်ငံခြားသူ ၂၆

Read More
သတင်း

ထိုင်းနယ်စပ်ဆေးရုံတွင် မြန်မာရွှေ့ပြောင်းတစ်ဦး ၁၁ ပေါင်ခွဲရှိကလေးမွေးဖွား

ဇူလိူင် ၁ဝ၊ Migrant Times ထိုင်းနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ ယာယီခိုလှုံရာစခန်းတွင်နေနိုင်သည့် မြန်မာရွှေ့ပြောင်းအမျိုးသမီးတစ်ဦးသည် ၅,၂၉၅ ဂရမ် အလေးချိန် (၁၁ ပေါင်ခွဲခန့်)ရှိကလေးမွေး ဖွားခဲ့ကြောင်း ထာ့ဆောင်ယန်းဆေးရုံမှထုတ်ပြန်သည်။ ထိုင်း-မြန်မာနယ်စပ် ဘာအေကော် ယာယီခိုလှုံရာစခန်းတွင် နေထိုင်သည့် မြန်မာနိုင်ငံသား မိခင် “ အေ” (အမည်လွှဲ) သည် ဇူလိုင်လ ၈ ရက်နေ့တွင် ထာ့ဆောင်ယန်းဆေးရုံ၌ အံ့ဖွယ်ကောင်းသော ကလေးငယ်တစ်ဦး မွေးဖွားခဲ့ပြီး မွေးစအလေးချိန်မှာ ၅,၂၉၅ ဂရမ် ရှိခဲ့ကြောင်း ဆေးရုံကထုတ်ပြန်သည်။ “ ဒီကလေးငယ်က ပုံမှန်မဟုတ်ဘဲ ကိုယ်အလေးချိန် အရမ်းများတယ်၊ မွေးဖွားဖို့ အန္တရာယ်များတယ်။ ကလေးအမေက မွေးပြီးချိန်မှာ သွေးအရမ်းထွက်ခဲ့တယ်။ ကလေးကလည်း သွေးတွင်းသကြားဓာတ်နည်းနေလို့ချက်ချင်း NICU ထဲကို ခေါ်သွားခဲ့ရတယ်” ဟု မွေးဖွားပေးခဲ့သည့် ထာ့ဆောင်ယန်းဆေးရုံမှ

Read More
သတင်း

ထိုင်းကို တရားမဝင်ဝင်ရောက်သည့် မြန်မာ ၂၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ကချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၇ ဦးအား ယနေ့ ဇူလိူင်လ ၇ ရက်နေ့ နံနက်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ယနေ့နံနက်အစောပိုင်း ၁ နာရီခန့်တွင် ထောင်ဖာဖုမ် သုံးလမ်းဆုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးရေးအဖွဲ့မှ ဆန်ခလာဘူရီခရိုင်မှ ထောင်ဖာဖုမ်ခရိုင်ဘက်သို့ မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် ပစ်ကပ်ကား ကားတစ်စီးကိုတွေ့ရှိပြီး ကားကို ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း မောင်းနှင်ထွက်ပြေးခဲ့သည်။ ထိုကားအား လိုက်လံရှာဖွေရာ ထောင်ဖာဖုမ်ခရိုင်၊ ဆဟကွန်နီခွန်မြို့နယ်၊ အမှတ် ၁ ကျေးရွာ၊ ဆဟကွန်နီခွန် ကျေးရွာအုပ်စုရှိ လမ်းဘေးတွင် ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့သည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား ၂၇ ဦး (အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၈ ဦး)

Read More
အင်တာဗျူး

“ ရွှေ့ပြောင်း ကလေးတွေရဲ့ မျက်နှာကြည့်ပြီး ပညာရေးကို ရဲရဲဝံဝံ လုပ်စေချင်တယ်”

ကချင်ပြည်နယ် ဝိုင်းမော်မြို့သူတစ်ယောက်ဟာ လွန်ခဲ့တဲ့ ၂၁ နှစ်လောက်က နယ်စပ်ဖြတ်ကျော်လမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့ပါတယ်။ ထိုင်းမှာ ရွှေ့ပြောင်း အလုပ်သမားဘဝကိုရောက်ရှိခဲ့ပြီး အထောက်အထားမရှိခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ အိမ်ဖော် ၊ ထမင်းချက်လုပ်ရာကနေ ကိုယ်ထူကိုယ်ထ ကြိုးစားရုန်းကန်ပြီး Thinking Classroom Foundation မှာ သင်တန်းဆရာမ ဖြစ်လာခဲ့တဲ့ အစိုင်းကို Migrant Times ကတွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး၊တည်းဖြတ် – Migrant Times

Read More
အင်တာဗျူး

“ သဘာဝဘေးအန္တရာယ် ကျရောက်ရင် အရေးပေါ်ခိုလှုံရာနေရာ ပြင်ဆင်ပေးထားတယ်”

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငပြည်နယ်တွင် ဆူနာမီ၊ ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အရေးပေါ်ခိုလှုံရာနေရာ တစ်ခုပံ့ပိုးရန် အသင့်ပြင်ဆင်ထားကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။ ဒေသတွင်း ထိုင်းအစိုးရဌာနများ၏ မေတ္တာရပ်ခံချက်အရ ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ခီးခတ်တိုက်နယ်တွင် တည်ရှိသော FED/ULC မြန်မာရွှေ့ပြောင်းကလေးငယ်များ၏ သင်ကြားရေးစင်တာကို ယာယီအရေးပေါ်ခိုလှုံရာနေရာအဖြစ် အသုံးပြုခွင့်ပြုမည် ဖြစ်သည်။ ထိုင်းအစိုးရမှ အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ပါက လူတိုင်းအား အသုံးပြုခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းစပ်တွင် နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အဖိုးတန်ပစ္စည်းများ၊ အရေးကြီးသော စာရွက်စာတမ်းများကို သတိရှိရှိဖြင့် စနစ်တကျ ထိန်းသိမ်းထားကြရန် လိုအပ်ကြောင်း ဦးထူးချစ်ကပြောသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ခိုလှုံရာနေရာအဖြစ် အသုံးပြုမည့် အစီအစဉ်ကို တကွာပါမြို့နယ်၊ ခီးခတ်တိုက်နယ် စည်ပင်သာယာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊

Read More