ထိုင်းများ၏ အလုပ်လုပ်သည့် နိုင်ငံခြားသားများကို အရေးယူမည်ဟု အလုပ်အကိုင်ရှာဖွေရေးဌာနပြော
အောက်တိုဘာ ၂၈ ၊ Migrant Times ။ ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များကို လုပ်ကိုင်နေသည့် နိုင်ငံခြားသားလုပ်သားများနှင့် နိုမီနီ (Nominee) အမည်ခံအေးဂျင့် ပုံစံဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများကို စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးဌာန(DOE)ကထုတ်ပြန်သည်။ နိုင်ငံခြားသားများသည် နိုမီနီ (Nominee) အမည်ခံအေးဂျင့်များ၏ ကိုယ်စားလှယ်အဖြစ် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြပြီး ကားငှားခြင်း၊ ခရီးသွားလုပ်ငန်း၀န်ဆောင်မှုပေးခြင်းများ အား လုပ်ကိုင်နေသည်ဟု ထုတ်ပြန်သည်။ ၎င်းတို့သည် နယ်ပယ်အသီးသီးတွင် ထိုင်းနိုင်ငံသားများနှင့်ထပ်တူ တရားဝင်ယှဉ်ပြိုင်လုပ်ကိုင်နေပြီး ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များကို ထိခိုက်စေသည့်သတင်းများထွက်ပေါ်နေကြောင်း DOE ညွှန်ကြားရေးမှူးချုပ် မစ္စတာဖိချက် ထောင်ဖန်က ပြောကြားသည်။ စစ်ဆေးမှုများအား ဘန်ကောက်နှင့် အနီးတစ်ဝိုက်၊ ဖူးခက်၊ ချင်းမိုင်၊ ကော့စမွီနှင့် ပတ္တရားအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်နယ်များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း DOE ကထုတ်ပြန်သည်။
